ဧပြီလ (၁) ရက်နေ့သန်းခေါင်းစာရင်းနှင့်ပါတ်သက် သည့် သ တင်း ပေးခပို့ ချက် များ

ယနေ့ ဧပြီ (၁) ရက်နေ့ဟာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုရဲ့ တတိယမြောက်နေ့ ဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူမှုအတွက် အနယ်နယ်အရပ်ရပ်မှ ကောက်ယူနေခြင်းများတွင် အဆင်မပြေ လွဲချော်မှုများ လည်း ရှိနေသလို အဆင်ပြေစွာ ဖြေဆိုမှုများလည်း ရှိခဲ့တယ်လို့ အလင်းမျက်ဝန်းကို သတင်းများ အသီးသီး ပေး ပို့ထားကြ ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမှာနေထိုင်တဲ့ ကရင်တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တစ်ဦးဟာ ကိုးကွယ်ရာ ဘာသာ ကို ခရစ်ယာန်လို့ ဖြေဆိုမှုကြောင့် စာရင်းကောက်က Code နံပါတ် 914 လို့ ရေးသွင်းခံရတယ်လို့ အလင်း မျက်ဝန်း ကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။ ကရင်လူမျိုးစုအတွက် သတ်မှတ်ပေးထားတဲ့ ကုတ်နံပါတ်ကတော့ 301 မှ 311 အတွင်းသာရှိပြီး၊ စာရင်းကောက်များအနေနဲ့ ဘာသာမတူခြင်းအပေါ် လူမျိုးကွဲပြားတယ်လို့ အထင်မှားခဲ့၍ ယခုလို ထည့်သွင်းသွားခြင်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။

ယခုလို ဖြစ်စဉ်များ ပေါ်ပေါက်လာပါက စာရင်းကောက်ဆီကို ပြန်လည်လိုက်လံပြီး မှားယွင်းမှုကို ပြင်ဆင်ခွင့်ရှိသလို၊ 1840 နံပါတ်ကို ခေါ်ကာ ဖြစ်စဉ်အား တင်ပြ၍ မှားယွင်းမှုကို ပြန် လည်ပြင်ဆင်စေဖို့ တောင်းဆိုသင့်တယ်လို့ အဆိုပါ ကျွမ်းကျင်သူက အကြံပြုလိုက်ပါတယ်။

ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာကဖြစ်စဉ်တွေနဲ့ပါတ်သက်ပြီး ဒေသခံတစ်ဦးကတော့ အလင်းမျက်ဝန်း Hotline ကို အခုလို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

“ကျမတို့ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ရာတွင် တရားဝင် ပန်းရောင်စာရွက်နှင့် ဆရာမ မပါဘဲနဲ့ ရာအိမ်မှူးမှ စာရွက်အဖြူဖြင့် လာကောက်သွားပါသည်။
ကျမတို့ လူမျိုးနေရာမှာ ကုတ်နံပါတ် ၉၁၄ နှင့် ရေးလိုသည်ကို ပြောပြသော်လည်း သူမသိဘူးဆိုပြီး အဲဒီအဖြူ စာရွက်မှာလဲ မရေးတော့ဘဲ ပြန်ထွက်သွားခဲ့ပါသည်။ စတေကာလဲ မပေးခဲ့ပါ။ အခု ဒါအပြီးဘဲ။ ဆရာမတွေလာမေးရင် ကောက်ပြီးပြီလို့ ပြောဟု ပြောခိုင်းသွားသည်။”

တောင်ငူမြို့က မြန်မာမွတ်စ်လို့ ဖြေဆိုသူတစ်ဦးကတော့ မနက်အစောပိုင်းမှာပဲ အလင်းမျက်ဝန်းကို ဆက်သွယ်ပြီး အဆင်ပြေစွာ ဖြေကြားပေးခဲ့ပြီး စာရင်းကောက်များကလည်း ဖြေကြား ချက်များ ကိုပဲ ကောင်းမွန်စွာနဲ့ စာရင်းများကို ကောက်ယူသွားကြတယ်လို့ အခုလို ပြောပြခဲ့ပါတယ်။

“အဓိကကတော့ ဖြေကြားသူပေါ်မှာလည်း မူတည်မယ်လို့ ထင်တယ်။ ဖြေကြားသူတွေက မိမိဖြေဆိုမယ့်အရာတွေနဲ့ပါတ်သက်ပြီး ကျွမ်းကျင်ပိုင်နိုင်စွာ နားလည်သိရှိဖို့ လိုပါတယ်။ မြန်မာ မွတ်စ်လင်မ်လို့ ဖြေတော့ သူတို့က ဘယ်ကုတ်နဲ့ထည့်ပေးရမလဲ ပြန်းမေးတာရှိတယ်။ သူတို့ကို နားလည်အောင် ရှင်းပြပေးခဲ့တယ်လေ။ လွတ်လပ်ရေးမော်ကွန်းဝင် တိုင်းရင်းသားအဖြစ် ပါဝင်ခဲ့ပြီး အခုချိန်မှာ ၁၃၅ ထဲ မပါဝင်လို့ သန်းခေါင်စာရင်း ပြန်လည် ဆန်းသစ်တဲ့အခါ ပါဝင်စေချင်လို့ 914 ကို ထည့်ပေးပါလို့ ရှင်းပြလိုက်တော့ ထည့်ပေးပါတယ်။ ဖြေဆိုသူကလည်း အသေအချာ စာရင်းကောက် နားလည်အောင် ရှင်းပြဖို့ လိုပါတယ်။ နောက်တစ်ခုလဲ ဗဟုသုတ ရစပါ။ အိမ်က ကလေးက လသားလေးပဲ ရှိသေးတယ်။ နာမည်မပေးရသေးဘူး။ ဒီတော့ သူတို့ (စာရင်းကောက်) က သန်းခေါင်စာရင်းဟာ စီမံကိန်းအတွက် ကောက်တာပါ။ နာမည်ကို တစ်ခုခု ထည့်လိုက်ပါ။ သားသားဖြစ်သားသား၊ မီးမီးဖြစ်မီးမီး ဆိုတာမျိုးပေါ့လို့ အကြံပေးတာနဲ့ သားလေးဖြစ်လို့ သားသားလို့ ထည့်ပေးလိုက်ပါတယ်” တောင်ငူမြို့ခံတစ်ဦး အလင်းမျက်ဝန်းကို ဆက်သွယ် ပြောကြားခဲ့တာပါ။

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့က ဒေသခံတစ်ဦးကလည်း သန်းခေါင်စာရင်းမှာ ဖြေဆိုပြီးစီးခဲ့မှုနဲ့ပါတ်သက်ပြီး ယခုလို ဆက်သွယ် သတင်းပေးပို့ခဲ့ပါတယ်။

“သန်းခေါင်းစာရင်း ဖြေဆိုရတာ လွတ်လပ်စွာ ဖြေဆိုရပါတယ်။ အခက်အခဲ မရှိခဲ့ပါဘူး။ မိမိနှစ်သက်ရာ တိုင်းရင်းသားကို ထည့်ခွင့်ပေးပါတယ်။ ဘာမှ ထူးထူးခြားခြား မေးမြန်ခြင်း မရှိပါဘူး။   မြန်မာ မွတ်စ်လင်းများ ရဲရဲဝံ့ဝံ့ ဖြေးဆိုပေးပါလို့ အလင်းမျက်ဝန်မှတဆင့် ပြောပေးပါ။ ကျေးဇူး အများကြီး တင်ပါတယ်။ အလင်းမျက်ဝန်း ဝိုင်းတော်သားများအပေါ် အလ္လာဟ်အရှင်မြတ် ထံမှ ကောင်းခြင်း မင်္ဂလာ အဖြာဖြာ ကျရောက်ပါစေ”

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့ရဲ့ အချို့နေရာများမှာတော့ ရိုဟင်ဂျာဟု ဖြေဆိုမည့်သူများထံသို့ စာရင်းကောက်များအပြင် ရဲများ၊ မီးသတ်များ၊ သတင်းထောက်များနှင့် ယခင် 969 ဂိုဏ်းဝင်များအဖြစ် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည့် ရပ်မိရပ်ဆိုသူများ လိုက်ပါ၍ လွတ်လပ်စွာ ဖြေဆိုခွင့်မပေးဘဲ သန်းခေါင်စာရင်း ကောက်ခံမှုများ ကို ပြုလုပ်ခဲ့ တယ်လို့ ဒေသခံများက ဆက်သွယ်ပြောဆိုကြပါတယ်။

မန္တလေးမြို့ရဲ့ အချို့ဒေသများမှာတော့ ယမန်နေ့က ရိုဟင်ဂျာလူမျိုးဟု ဖြေဆိုခြင်းကြောင့် ဆက်လက်ကောက်ခံမှုမပြုတော့ဘဲ ပြန်လည် ထွက်ခွာသွားကြသည့် စာရင်းကောက်များနှင့်အတူ မီးသတ်များ၊ ရဲများနှင့် ရယကများပါ လိုက်ပါ၍ ယနေ့အချိန်တွင် ကောက်ခံမှုများ ပြုလုပ်ခဲ့သော်လည်း အသေးစိတ်ကို မသိရှိရသေးပါဘူး။

တောင်ဒဂုံမြို့နယ်ဘက်မှာတော့ ယနေ့ သန်းခေါင်စာရင်းကောက်ယူမှုများအတွင်း ရိုဟင်ဂျာဟု ဖြေဆိုမှုကို လက်ခံရေးသားခဲ့တယ်လို့ သိရပေမယ့် စာရင်းစစ်များက ပြန်လည် စစ်ဆေးပြီးနောက်   လိုသလို ပြင်ဆင်မည့် မသမာမှု အရိပ်အယောင်များကို မြင်တွေ့နေရတယ်လို့ စာရင်းစစ်များရဲ့ ပြောကြားချက်များကို ကြားသိ၍ ကိုးကားပြီးတော့ ပြောဆိုတဲ့ ဒေသခံ တစ်ဦးရဲ့   သတင်းပေး မှုအရ သိရပါတယ်။

ပုဇွန်တောင်မြို့နယ်မှာလည်း ရိုဟင်ဂျာဟု ဖြေဆိုမှုအား လက်ခံရေးသွင်းပေးတယ်လို့ သိရပေမယ့် မင်္ဂလာတောင်ညွန့်မြို့နယ်မှာတော့ ငြင်းဆန်မှုများ ရှိနေတယ်လို့ သိရပါတယ်။ လှိုင်သာယာ မှာတော့ ရိုဟင်ဂျာဟု ဖြေဆိုမှုကြောင့် ဆက်လက်ကောက်ယူခြင်းမရှိတော့ဘဲ ရိုဟင်ဂျာဟု ဖြေဆိုသူအား သီးခြားပါရှိလာသည့် စာရွက်ပေါ်တွင် စာရင်းကောက်နှင့် နယ်မြေမှူးတို့က ရေး မှတ် ကာ ထပြန်သွားခဲ့ကြတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ သန်းခေါင်စာရင်းကောက်ယူမှုနှင့်ပါတ်သက်ပြီး ဒေသခံတစ်ဦးရဲ့ သတင်းပေးပို့ချက်ကတော့ ယခုလို ဖြစ်ပါတယ်။

“ကျနော်တို့ ​ကျောက်​​တော်​မြို့နယ်​မှာ ရခိုင်​ဆရာများ သန်းခေါင်​စာရင်း ​ကောက်​ရန်​ ဝင်​လာခဲ့ပါသည်​။ အိမ်​တိုင်​ရာ မ​ရောက်​ဘဲ လမ်းထိပ်​ဆုံး၌​ နေရာလုပ်​​ပေးရသည်​။ အိမ်​​ထောင်​စု တစ်​စုမှ ဦးစီကို ​ခေါ်​ပေးရသည်​။ ဦးစွာ အမည်​ကို ဗလာစာအုပ်​မှာ မှတ်​​နေသည်​။ စပြီး လူမျိုးအမည်​ ​မေးသည်​။ ​ဖြေဆိုသူက ၉၁၄ ရိုဟင်​ဂျာ ဟု ​ဖြေဆိုလျှင်​ မ​ရေးနိုင်​ပါ။ နိုင်​ငံ​တော်​အမိန့်​ မရှိသဖြင့်​ မ​ရေးနိုင်​ပါဟု ​ပြော​နေသည်​။ ​ကျောက်​​တော်​မြို့နယ်မှာ ရိုဟင်​ဂျာ ရွာ​ပေါင်း ၁၇ ရွာရှိပြီး ၇ ရွာကို ဝင်​ပြီးပါပြီ။ အိမ်​​ထောင်​ဦစီးအမည်​များကို မှတ်ယူ သွား​နေသည်​။ ကျနရှိ​ရွာများသို့ ဝင်​မည်​ဟု သိရသည်​။”


ဘူးသီးတောင်မြို့နယ်ဘက်က အကျဉ်းထောင်တွင်း ရိုဟင်ဂျာ တိုင်းရင်းသားများအပေါ် သန်းခေါင်စာရင်းကောက် ယူမှုနှင့် ပါတ် သက်ပြီး သတင်းပေးပို့ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ဘူးသီး​ တောင်​မြို့ရှိ အကျဉ်း​ထောင်​တွင်​ (၃၁.၃.၂၀၁၄) ရက်​​နေ့ သန်း ​ခေါင်​စာရင်း​ကောက်​ယူရာတွင် အကျဉ်းသား ရိုဟင်​ဂျာတို့က သန်း​ခေါင်​စာရင်း ​ဖြေဆိုရာ၌ ​မေးခွန်​နံပါတ်​ (၈) တွင်​ ရိုဟင်ဂျာ ​ပြောဆို​သော​ကြောင့်​ ​မေးခွန်​နံပါတ်​ (၈) ကို ကွက်​လပ်​ထားပြီး ကျန်​​မေးခွန်​​တွေကို အတင်းအဓမ္မ ကောက်ယူသွားခဲ့​ကြောင်း အကျဉ်​သား ရိုဟင်​ဂျာတစ်​ဦးက ​ပြောလိုက်​ပါသည်။”

ယနေ့ ရိုဟင်ဂျာများနဲ့ပါတ်သက်ပြီး အလင်းမျက်ဝန်းရဲ့ Viber Hotline ကို မေးမြန်းမှုအများဆုံး ဖြစ်ခဲ့တယ်လို့ သိရပါ တယ်။ ရိုဟင်ဂျာဟု ဖြေဆိုမှုတွေကို စာရင်းကောက်များက လက်မခံမှုများ ရှိခဲ့သည့်အပေါ် ရိုဟင်ဂျာလူမျိုး အကြီးအကဲတစ်ဦးအား အလင်းမျက်ဝန်းက ဆက်သွယ်မေးမြန်းခဲ့သည့်အပေါ် ပြန်လည် ဖြေကြားချက်ကို အနှစ်ချုပ် တင်ပြလိုက်ပါတယ်။

“သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလူမျိုးလို့ ဖြေဆိုမှုအပေါ် လက်မခံမှုတွေဟာ ဥပဒေနဲ့ ညီညွတ်တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတော် အကြီးအကဲတချို့ရဲ့ ဟိုမရောက် ဒီမရောက် ပြော စကားတွေကြောင့် အခုလို အခြေအနေတွေ ရှုပ်ထွေးသွားရတာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း ကောက်ခံမှုကို ပြည်သူပြည်သားတိုင်း လွတ်လပ်စွာ ဖြေဆို ခွင့်ပေးရ မှာဖြစ်ပြီး ဖြေတဲ့အတိုင်း ရေးမှတ်ရမှာ စာရင်းကောက်တွေရဲ့ တာဝန်ပါ။ ရိုဟင်ဂျာလူမျိုးတွေအနေနဲ့ လူမျိုးနေရာမှာ မိမိတို့ဖြေဆိုမှုကို ငြင်းဆန်ခံရတဲ့အတွက် ဆက်ပြီးမဖြေဘဲ သပိတ်မှောက်တာတွေ ရှိတာကြောင့် နစ်နာမှုတွေရှိပေမယ့် မတတ်နိုင်ပါဘူး။ ကျနော်တို့လူမျိုးအတိုင်းပဲ ဖြေဆိုတာကို လက်ခံမှသာ ဖြေဆိုရမှာပဲ ဖြစ်ပါတယ်။”

ရန်ကုန်တိုင်းအပါအ၀င် ဒေသအချို့မှာတော့ ပသီလူမျိုးကိုသာ ထည့်သွင်းဖို့ စာရွက်စာတမ်း ဝေငှခြင်းနဲ့ ဟောပြောစည်းရုံးမှုများ ရှိနေသော်လည်း ပသီဖြေဆိုသူများ နည်းပါးနေတယ်လို့ ပသီလူငယ်များ စာမျက်နှာမှ ပြောကြားချက်အရ သိရပါတယ်။ အချို့နေရာများတွင် ပသီဟုမဖြေဆိုသူများ နောင်တမရနှင့်ဟူသော ခြိမ်းခြောက်ပြောဆိုသံများ ထွက်ပေါ်နေပြီး၊ ပသီထည့်လျှင် အကျိုး ကုသိုလ် ရသည်၊ ဗမာထည့်လျှင် အပြစ်ကြီးသည်ဟူသော ၀ါဒဖြန့် ပြောဆိုမှုတစ်ခုဟာလည်း အင်တာနက်ဖေ့စ်ဘွက်စာမျက်နှာများတွင် ရယ်စရာအဖြစ် ပျံ့နှံ့နေပြီး၊ ပသီရွေး ချယ်ခြင်းဟာ ဂျေဟာဒ်ဖြစ်တယ်ဆိုပြီး အင်တာနက် လူမှုကွန်ယက်ပေါ်မှာ စည်းရုံးမှုတွေဟာလဲ အရှိန်အဟုန်မြင့်စွာ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာတော့ ယမန်နေ့က ဒေသခံတစ်ဦးအား အစ္စလာမ်ဘာသာဝင်ဖြစ်သောကြောင့် 914 ပသီဟု စာရင်းကောက်မှ မိမိသဘောဖြင့် ရေးမှတ်ခဲ့ခြင်းကြောင့် ကန့်ကွက်မှုတစ်ခု ဖြစ်ခဲ့ရာ ကရင်လူမျိုးအဖြစ် ပြန်လည် ပြင်ဆင်ပေးခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်းက တိုင်းရင်းသား မွတ်စ်လင်မ်အများစုနေထိုင်ရာ ဒေသများဖြစ်တဲ့ ကျောက်ဆည် လက်ပန်ကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ပျဉ်းမနားမြို့ ဦးကျေးရွာတွေ မှာတော့   မိမိတို့ မူလဗီဇမျိုးရိုးများဖြစ်တဲ့ ဗမာလူမျိုး 501 အဖြစ် ရေးသွင်းဖြေဆိုနေကြတယ်လို့ သိရပါတယ်။

မြင်းခြံမြို့က အာလင်မ်သာသနာ့ပညာရှင်တစ်ဦးကတော့ ၎င်းနေထိုင်ရာ ဒေသတွင်းမှ သန်းခေါင်စာရင်းနှင့်ပါတ်သက်သည့်အတွေ့အကြုံကို ယခုလို ရင်ဖွင့်ထားပါတယ်။

“ဒီနေ့ သန်းခေါင်စာရင်းနဲ့ပက်သက်လို့ တော်တော်များများ နေရာတွေမှာ စိတ်တိုင်းမကျမှုတွေ ကြားနေရတော့ တော်တော်အံသြမိတယ်။ ကျနော်တို့မြို့မှာ အလ္လာဟ်အရှင်မြတ်ရဲ့ အသနားတော် နဲ့ မွတ်စလ်မာန်တွေအားလုံး အဆင်ပြေချောမွေ့စွာ ဖြေဆိုခွင့် ရကြပါတယ်။ ဘာအခက်ခဲမှ မရှိခဲ့ကြဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ကျနော့် အထင်ပြောရရင် သန်းခေါင်စာရင်း ကိစ္စမှာ အောက်လက်ငယ်သားတွေ ချယ်လှယ်နေတယ်လို့ ထင်ပါတယ်။ မဖြေရသေးတဲ့ မိတ်ဆွေများကို အကြံတခုပေးချင်ပါတယ်။ အလင်းမျက်ဝန်းက သန်းခေါင်စရင်းနဲ့ ပက်သက်လို့ အကြံပြုချက်ဆိုတာလေးကို သေချာဖတ်ပြီး လက်တွေ့လုပ်ကြည့်ပါ။ အထူးသဖြင့် အလ္လာဟ်အရှင်မြတ်ကို အာရုံပြုဖို့ အချက်လေးပါ။ တကယ် ထူးခြားပါတယ်။ ကျမ်းမြက်ကုရ်အာန်မှာ ومن يتو كل علي الله فهو حسبه အကြင်သူ အလ္လာဟ် အရှင်မြတ်အပေါ် (ကိစ္စအဝဝကို) အားကိုး အားထားပြုပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အဖို့ လုံလောက်စေတော်မူမည်။”

သန်းခေါင်စာရင်းအတွက် အလင်းမျက်ဝန်းမှ Viber Hotline Phone No. +66944241879 နံပါတ်ကို ဖွင့်ပေးထားပြီး အလင်းမျက်ဝန်း ၀ိုင်းတော်သားများက စုပေါင်း၍ နံနက် (၈) နာရီမှ ည(၈) နာရီအတွင်း သန်းခေါင်စာရင်းနှင့်ပါတ်သက်၍ ဆက်သွယ်လာသည်များကို စိတ်ရှည်လက်ရှည်ဖြင့် ဖြေကြားပေးနေကြတယ်လို့ အလင်းမျက်ဝန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: