“မြန်မာ့သန်းခေါင်စာရင်း – သေရေးရှင်ရေးတမျှ အရေး မကြီး” ဟု Burma Campaign UK ထုတ်ပြန်

AP Photo
By Bill O’Toole  
April 07, 2014

သန်းခေါင်စာရင်းအတွက် ထောက်ပံ့ကူညီနေသော ကုလသမဂ္ဂနှင့် အလှူရှင်နိုင်ငံ များ ပြန်လည်ရုတ်သိမ်းသင့် ကြောင်း Burma Campaign UK တိုက်တွန်း မြန်မာ့ သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာတို့အား ကျင့်သုံးခဲ့သော ခွဲခြားဆက်ဆံသည့် ပေါ်လစီကို ဆက်လက် ထောက်ခံအားပေးမှု မပြုဘဲ ရှောင်ရှားရန်အတွက် ကုလသမဂ္ဂ၊ ဗြိတိသျှနိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)နှင့် အခြား အလှူရှင်နိုင်ငံများအနေနှင့် သန်းခေါင်စာရင်းကောက်ယူရေးအစီအစဉ်တွင် ၎င်းတို့၏ ငွေကြေး အထောက်အပံ့၊ နည်းပညာအထောက်ပံ့နှင့် နိုင်ငံရေးပါဝင်ပတ်သက်နေမှုများကို ရုတ် သိမ်းပေးရန် Burma Campaign UK အဖွဲ့က ဧပြီလ ၂ ရက်နေ့က တောင်းဆိုလိုက်သည်။
 

သန်းခေါင်စာရင်းက လူမျိုးရေး တင်းမာမှုများကို တိုးပွားစေပြီး အကြမ်းဖက်မှုစနက် တံ ဖြစ်စေနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၏ သန်းခေါင်စာရင်းအန္တရာယ် သတိပေးချက် များ ပေါ်ထွက်ခဲ့သော်လည်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့(UNFPA)နှင့် နိုင်ငံတကာအလှူရှင်များက ဆက်လက်ထောက်ပံ့ ကူညီ ခဲ့သည်။ ပြီးခဲ့သည့် အပတ်က ယင်း သတိပေး ချက်များ မှန်ကန်ကြောင်း သက်သေထွက်ပေါ်လာခဲ့သည်။ ရခိုင်ပြည်နယ်တွင် သန်းခေါင်စာရင်းကိစ္စကြောင့် တင်းမာမှုများ မြင့်တက်လာပြီး အကြမ်းဖက်ဆန္ဒပြမှုများပြုလုပ်လာသဖြင့် လေး ငယ် တစ်ဦး သေဆုံးခဲ့ရသည်။ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ တိုက်ခိုက်ခံရသည့်အပြင် ၀န်ထမ်းများကိုလည်း ဇွတ်အတင်း ပြည်နယ်မှ ထွက်ပြေးစေခဲ့သည်။

အကျိုးဆက်အားဖြင့် ဒုက္ခသည်စခန်းများ တွင် နေထိုင်ရသည့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတို့မှာ အစာရေစာ ပြတ်လပ်မည့် အန္တရာယ်ဖြင့် ရင်ဆိုင်နေရသည်။ အကူ အညီပေးရေးအေ ဂျင်စီ တို့အား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပေါ်လာရခြင်းမှာ သန်းခေါင်စာရင်း၏ စနက်တံဖောက်ခွဲလိုက်ခြင်းကြောင့်ဖြစ်သည်။ မြန်မာအစိုးရက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာတို့အား မိမိကိုယ် ကိုယ် “ရိုဟင်ဂျာ”ဟု ထည့်သွင်းခွင့်ပေးမည်ဆိုသော ကတိအာမခံချက်ကို ချိုးဖျက်လိုက်ပြီး သန်းခေါင် စာရင်းကောက်ခံရာတွင် ရိုဟင်ဂျာလူမျိုး စာရင်းကောက်များ ကိုပါ ထည့်သွင်း အသုံးပြုမည်ဆိုသော သဘောတူညီချက်ကိုပါ ပယ်ဖျက်လိုက်သည်။ ထို့ကြောင့် အဆိုပါ သန်းခေါင်စာရင်း သည် နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမည်မဟုတ်ပေ။

“ဗြိတိသျှ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)၊ ကုလသမဂ္ဂနဲ့ အခြား အလှူရှင်တွေဟာ သမ္မတသိန်းစိန်ရဲ့ ဒီပုံ ဒီအချိုးအတိုင်း လိမ်လည်လှည့်ဖျားတာကို ခံရလောက်အောင် မကြုံစဖူး ညံ့ဖျင်း ကြ တာ လား၊ ဒါမှမဟုတ်ရင် အံ့သြစရာ ကောင်းလောက်အောင် အယုံလွယ်ကြတာလား”ဟု Burma Campaign UK ၏ ဒါရိုက်တာဖြစ်သူ Mark Farmaner က ဆိုသည်။ “မြန်မာ အစိုးရက အလှူရှင်တွေ ကို သူတို့ကြားချင်တာလေးတွေပြောပြီး တကယ်တမ်း သန်းခေါင်စာရင်း ရာသီလည်းရောက်ရော ငွေရေးကြေးရေးနဲ့ နည်းပညာအကူအညီကလည်း ရပြီးပြီဆိုတော့ သူတို့ စကားတွေကို ပြန်ရုတ်သိမ်းပြီး ရိုဟင်ဂျာတွေ ပထုတ်လိုက်တာပေါ့”ဟု မာ့က်ဖာမနာ က ဆိုသည်။

မြန်မာအစိုးရသည် ဗြိတိသျှနိုင်ငံတကာဖွံ့ဖြိုးရေးဌာန၏ အလှူငွေ ပေါင် ၁၀ သန်း(ဒေါ်လာ ၁၆ သန်း) အပါအ၀င် နိုင်ငံတကာအလှူရှင်များ၏ ငွေကြေးအထောက်အပံ့နှင့် ကုလသမဂ္ဂ၏ နည်း ပညာ အကူအညီတို့ မရရှိဘဲ သန်းခေါင်စာရင်းကောက်ယူနိုင်စွမ်း မရှိပေ။ ယင်းမှာ သန်းခေါင်စာရင်းတွင် မသမာမှုများပေါ်ပေါက် လာပါက ၎င်းတို့၏ တာဝန်ခံရမည့်အတိုင်း အတာ ကို   ဖော်ပြနေခြင်းပင်ဖြစ်သည်။ ငွေကြေးအထောက်အပံ့ အများစုကို ဖြန့်ဝေသုံးစွဲထားပြီးဖြစ်သော်လည်း ဗြိတိသျှအစိုးရနှင့် အခြားအလှူရှင်များက သန်းခေါင်စာရင်း ကိစ္စတွင် နိုင်ငံရေးအရ အင် တိုက်အားတိုက် ဆက်လက်ထောက်ခံနေဆဲဖြစ်သည်။

၎င်းတို့၏ အားပေး ထောက်ခံနေမှုက အများလက်ခံယုံကြည်လာနိုင်စရာရှိသည်။ “ကုလသမဂ္ဂ၊ ဗြိတိသျှ နိုင်ငံတကာဖွံ့ဖြိုးရေးဌာနနဲ့ တခြားအလှူရှင်တွေဟာ မြန်မာ့သန်းခေါင်စာရင်းကိစ္စ စိုး ရိမ် ပူပန်မိပါတယ်လို့ ပြောဆိုနေရုံတင်မကဘဲ ထောက်ပံ့နေမှုကို လူသိရှင်ကြား ပြန်ရုတ်သိမ်းဖို့လိုပါမယ်”ဟု မာ့က်ဖာမနာက ဆိုသည်။ “ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံစေတဲ့ သန်းကောင် စာရင်းအတွက် ဗြိတိန်နဲ့ နိုင်ငံတကာအကူအညီတွေက ထောက်ပံ့ပေးသလို ဖြစ်သွားတာနဲ့တင် တော်ပါပြီ။ ဒီ့ထက်ပိုပြီး အများယုံကြည်လက် ခံနိုင်အောင် နိုင်ငံရေး အရ ထောက်ပံ့နေ တာတွေ   မလုပ်သင့်တော့ပါဘူး”ဟု ၎င်းကဆိုသည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် Burma Campaign UK က “မြန်မာ့သန်းခေါင်စာရင်း – သေရေးရှင်ရေးတမျှ အရေးမကြီး”ဆိုသည့် စာတမ်းငယ်တစ်စောင်ကို ထုတ်ပြန်ကာ မြန်မာ့ သန်းခေါင် စာရင်းက လူမျိုးရေး တင်းမာမှုများ တိုးပွားစေပြီး အကြမ်းဖက်စနက်တံဖြစ်လာနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့သည်။ အဆိုပါ စာတမ်းတွင် အန္တရာယ်ရှိသော အချက်(၇)ချက် ကို ထောက်ပြထားသည်။ ယင်းတို့မှာ –
၁။ မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်မှု ခေါင်းပြန်ထောင်လာနိုင်ခြင်း
၂။ တိုင်းရင်းသားတို့အကြား တင်းမာမှုကို မီးလောင်ရာ လေပင့်ဖြစ်စေခြင်း
၃။ လူနည်းစု မျိုးနွယ်ဝင်တို့အကြား တရားမျှတမှု မရနိုင်ခြင်း
၎။ အချက်အလက် မှားယွင်းနိုင်ခြင်း
၅။ ရိုဟင်ဂျာတို့အား နိုင်ငံမဲ့ ခိုးဝင်လာသူများအဖြစ် တွန်းပို့ရာရောက်ခြင်း
၆။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အနုတ်လက္ခဏာဆောင်ခြင်း
၇။ ၂၀၁၅ ရွေးကောက်ပွဲအတွက် အနုတ်လက္ခာဆောင်ခြင်း တို့ဖြစ်သည်။


Burma Campaign UK ၏ “UNFPA, DFID & Other Donors Should Withdraw Burma Census Support” ဆိုသည့် သတင်းထုတ်ပြန်ချက်အား စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်
မီဒီယာ)က ဘာသာပြန်ဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: