အလ်အက္ကဆာဗလီ ကာကွယ်ရေး ဆန္ဒပြသူများကို အစ္စရေးတပ် ၀င်ရောက်တိုက်ခိုက် ဖမ်းဆီ

 

ဂျေရုစလင်မြို့ရှိ အလ်အက္ကဆာဗလီကို ကျူးကျော်ဝင်ရောက်ခဲ့သော ဂျူးအစွန်းရောက်များအား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသည့် ၀တ်ပြုသူများကို အစ္စရေးတပ်ဖွဲ့ဝင်များက ၀င်ရောက်နှိမ်နှင်းခဲ့သည့်အတွက် အများစုမှာ ထိခိုက်ဒဏ်ရာရှိပြီး အဖမ်းအဆီးခံခဲ့ရကြောင်း သိရှိရသည်။

`အလ်အက္ကဆာဗလီကို သိမ်းပိုက်ချင်နေတဲ့ အစ္စရေးကို ရင်ဆိုင်ဖို့ အာရပ်နဲ့ အစ္စလာမ်နိုင်ငံတွေကို တိုက်တွန်းပါတယ်´ဟု ဗလီကြီး၏ တာဝန်ရှိသူ ရှိုက်ခ်နဂျီယာက Anadolu Agency သတင်းဌာနကို ဧပြီလ ၁၃ ရက်နေ့က ပြောဆိုသည်။

အစွန်းရောက် ဂျူးအုပ်စု၏ နောက်ဆုံးကျူးကျော်စော်ကားမှုအတွက် ဗလီအတွင်း စခန်းဖွင့်ပြီး ကန့်ကွက်ဆန္ဒပြရန် အလ်အက္ကဆာဗလီ၏ မုဖ်သီ ရှိုက်ခ်မုဟမ္မဒ်ဟူစိန်က နောက်လိုက်များကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က တိုက်တွန်းခဲ့သည်။

အစ္စရေးရဲတပ်ဖွဲ့၏အဆိုအရ ဆန္ဒပြသူများက ကျောက်ခဲများဖြင့် စတင်ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့က မူးဝေမေ့လဲစေသော လက်ပစ်ဗုံးများအသုံးပြုကာ ဗလီကျောင်းတွင်းသို့ ၀င်ရောက်ခဲ့သည်ဟု သတင်း ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက်နေ့က အစ္စရေးကာကွယ်ရေးတပ်အနီးရှိ ယဇ်ဟာအခြေချအိမ်ရာမှ အစွန်းရောက် ဂျူးများက ပါလက်စတိုင်းဆန္ဒပြသူများကို ကျူးကျော်သူများအဖြစ်စွပ်စွဲကာ ၀င်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ယင်းဖြစ်ရပ်ကို အစ္စရေးအစိုးရက `အကြမ်းဖက်´မှုအဖြစ် ဖော်ပြသည်။
`၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေ၊ သမ္မတတွေက ဒါဟာ အမုန်းတရားကျူးလွန်မှုပါ၊ ဒါဟာ ဆိုးဝါးတဲ့ အပြုအမူပါ၊ ဘာပါ ညာပါ ဆိုတဲ့ အဓိပ္ပာယ်မဲ့တဲ့ စကားတွေဘဲ ပြောနေတာပဲ၊ သူတို့လုပ်နိုင်ပေမယ့် ဒီပြဿနာကို ဖြေရှင်းလိုစိတ်မရှိပါဘူး´ဟု အစ္စရေးထောက်လှမ်းရေး အေဂျင်စီ၏ အကြီးအကဲဟောင်းဖြစ်သူ အေမီအယာလွန်က အစ္စရေးသတင်းဌာနကို ပြောဆိုသည်။

ဂျေရုစလင်မြို့ရှိ အလ်အက္ကဆာဗလီဝတ်ကျောင်းတော်သည် မွတ်စလင်တို့အတွက် ပထမဆုံး မျက်နှာမူ ၀တ်ပြုရာ ကျောင်းတော်ဖြစ်ပြီး တမန်တော်မြတ်မုဟမ္မဒ်၏ ညဥ့်ကောင်းကင်ယံခရီးစဉ်တွင် မက္ကာမြို့ရှိ ကအ်ဘာကျောင်းတော်မှ ဂျေရုစလင်မြို့ရှိ အလ်အက္ကဆာကျောင်းတော်သို့ သွားရောက်ခဲ့ချိန်မှစ၍ မွတ်စလင်တို့အတွက် တတိယအမြတ်ဆုံး ၀တ်ကျောင်းတော်ဖြစ်သည်။

မူရင်း – Onislam.net
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: