ကိုးကွယ်ယုံကြည်မှုမတူလို့မခွဲခြားနဲ့၊ကျူပ်တို့လည်း တိုင်း ရင်း သား ဖြစ် တယ်

လွတ်လပ်ရေးရယူခဲ့တဲ့ ၁၉၄၈ ခုနှစ် အခြေခံဥပဒေ ရဲ့ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေ (Union Citizenship Act) အရလည်း ပြည်ထောင်စုမြန်မာနိုင်ငံတော် ရဲ့ တိုင်းရင်းသားလူမျိုးများ ဆိုသည် မှာ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယား စသည့် လူမျိုးကြီးများ အပြင် ၁၈၂၃ ခုနှစ် မတိုင်မီကာလများ ကတည်းက ပြည်ထောင်စုမြန်မာနိုင်ငံ ရဲ့ နယ်မြေအ၀န်းအ ၀ိုင်း တွင်း နေထိုင်လာခဲ့သူများ အားလုံး ဟာ တိုင်းရင်းသား ဖြစ်တယ်လို့ ဆိုထားတာ ဒီမှာ ရှင်းရှင်းလင်းလင်း မြင်ကြရမှာပါ။ 

ဒီတော့ လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန၀န်ကြီး ဦးခင်ရီက စကားလုံးတွေလှည့်ပတ် ပြီး မလိမ့် တစ်ပတ် လုပ်သွားသလို တိုင်းရင်းသားလူမျိုး ဆိုတာ ” ဒီတိုင်းရင်းသား မျိုးနွယ်စုကြီး ရှစ် ခု ခေါင်းစဉ်အောက် မှာ နှီးနွယ်သူတွေကိုပဲ (တစ်နည်းအားဖြင့်) ၁၉၈၂ ခုနှစ် မှာ တစ်ဖက် သတ် ပြန်လည်ပြင်ဆင်ခဲ့ပြီး အခုလက်ခံထားတဲ့ လူမျိုး ၁၃၅ မျိုးး ကို သာ ဆိုလိုတယ် ” လို့ သဘောမျိုး ဖြစ်နေတဲ့ အယူအဆဟာ မှားယွင်းချွတ်ချော် ပြီး အဂတိတရား လေးပါး မကင်း တဲ့ သဘောတရားတစ်ခု သာ ဖြစ်တယ် လို့ ပြောချင်ပါတယ်။

နှစ် ၆၀ နီးပါး စိတ်ဓါတ်စစ်ဆင်ရေးတွေ နဲ့ မျက်စေ့အပိတ်ခံထားရသူ၊ ကြောက်စိတ်ဝင်အောင် ဘရိန်းဝါ့ရှ် အလုပ်ခံထားရသူ ရိုဟင်ဂျာ အပါအ၀င် မြန်မာမွတ်စလင်မ် များ မျက်စေ့ပွင့်ကြပါေ စ။ အိပ်ပျော်နေရာကနေ ငေါက်တောက်ထထိုင်ကြပါတော့၊ မတ်တပ်ထရပ်ပြီး ခင်ဗျား တို့ မွေး ရာပါအခွင့် အရေး အတွက် တိုက်ပွဲဝင်ရန် သတ္တိရှိ နိုးကြားကြပါလော့။

ဓာတ်ပုံကို D Myo Chit ထံမှ တစ်ဆင့် ယူသုံးပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: