နတ်တလင်းတွင် သမီးရည်းစားကိစ္စ ဘာသာမတူမှု မကျေနပ်၍ ဒေသခံများမှ ဗုဒ္ဓဘာသာဝင်အိမ် ၃ လုံးကို ဖျက်ဆီး


ဧပြီလ ၁၆ ရက်နေ့၌ နတ်တလင်းမြို့နယ် ကံစုကျေးရွာတွင် ဘာသာမတူသူ နှစ်ဦး လူငယ်သဘာဝ ချစ်ကြိုက်နေမှုကို ဒေသခံများမှ သဘောမတူကြောင်း ပြဿနာရှာရာမှ မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ကံစုရွာနေ မအိရွှေစင်နှင့် နတ်တလင်းမြို့နေ ကျော်လင်းနိင် (ခ)အငယ်လေး တို့မှ လူငယ်သဘာဝ ချစ်ကြိုက်နေပြီး မိဘများမှာလဲ လက်ထပ်ပေးရန် သဘောတူထားကြောင်း သို့ပေမယ့် ကောင်လေးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်မှုကို အကြောင်းပြုပြီး ဒေသခံများမှ ကြားဝင်ပြဿနာ ဖန်တီးနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါအုပ်စုများမှာ လူငယ်အား မိန်းကလေးအား လက်ထပ်ရန် သိန်း (၁၀၀၀) တင်တောင်း ရမည်ဖြစ်ကြောင်း အကြပ်ကိုင်ခဲ့ပြီး လူငယ်၏ မိသားစုမှ မိမိတို့တွင် အဲလောက်များပြားသည့် ငွေပမာဏ မရှိကြောင်းပြောကြားရာ အတင်းအကြပ်ဖိအားပေးမှုကြောင့် သိန်း (၃၀၀) ရှာဖွေပြီး တောင်းရမ်းပါမည်ဟု သဘောတူလိုက်ရသည်။

အဆိုပါ အဖွဲဝင်များ၏ ဖိအားပေးမှု အတိုင်း ကောင်မလေးနေအိမ်ကို သွားရောက် တောင်းရမ်းရာ ကောင်မလေး မိဘ များမှ လက်မခံကြောင်း အကြောင်းအရင်းမှာ ကံယံကံရှင် အမျိုးသမီးမှ လက်တလော လက်ထပ်ရန် ဆန္ဒမရှိသေးကြောင်း၊ တောင်းရမ်း ရမည့် ငွေကြေးကိစ္စကိုလည်း ၄င်းတို့ အတွက် မလိုအုပ်ကြောင်း ၊ မိမိတို့ ဆန္ဒ မဟုတ်ကြောင်း ပြောကြား ခဲ့ပါသည်။

ယခုကဲ့သို့ မိန်းကလေး ဘက်မှ တုံ့ပြန်မှုကြောင့် အဆိုပါ ဒေသခံ အဖွဲ့ဝင်များမှ ဒေါသထွက်ခါ အဆိုပါ ရွာမှ ဗုဒ္ဓဘာသာဝင်အိမ် (၃) လုံးကို ဖျက်ဆီးလိုက်ကြောင်း၊ မြို့နယ် အာဏာပိုင်များကို အဆိုပါကိစ္စအား သွားရောက်ပြီး ဖိအားပေးမှုကြောင့် ကျော်လင်းနိင်(ခ)အငယ်လေး ကို ခြေချူပ်နှင့် ထောင် ၂ လ ကျခံဖို့ အာဏာပိုင်များမှ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

အခြေအနေ မတည်မငြိမ်ဖြစ်နေရာ ယမန်နေ့ည ပိုင်းတွင် အနီးအနားရွာများမှ လူများ နတ်တလင်းမြို့ပေါ်သို့တက်ရန် ကြိုးစားခဲ့ကြောင်း ယနေ့ မနက်တွင်မူ အခြေအနေတည်ငြိမ်လာခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီးလဲ ရောက်ရှိနေကြောင်း သိရှိရပါသည်။

၂၀၁၃ ခုနှစ် မေလ ၂၆ ရက်နေ့တွင် နတ်တလင်းမြို့မှ အစ္စလာမ်ဘာသာဝင်များ၏ နေအိမ်နှင့် ဗလီများ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ နတ်တလင်းမြို့တွင် အစ္စလာမ်ဘာသာဝင် နေအိမ် ၂၀၀ ခန့် ရှိကြောင်း သိရှိရသည်။

M-Media Link =>http://www.m-mediagroup.com/news/26753

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: