မွတ်စလင်က တိုင်းပြည်ကို မချစ်ဘူးလို့ ထင်နေလားဗျ။ (သူအမြင်)


M-Media
ရေးသူ- ကျော်စွာ

မနှစ်ကတင်ခဲ့ဘူးတဲ့ ကျနော့်ကိုယ်တွေ့ အဖြစ်အပျက် ပို့စ်လေးကို ပြန်သတိရမိလို့ ပြန်လည်မျှဝေလိုက်ပါတယ်၊

ကျနော်တို့မိသားစု ထိုင်းသွားလည်တဲ့ အချိန်က ဘန်ကောက် MBK ကုန်တိုက်မှာ ဓါတ်ပုံလေးတွေကို ဖန်တုံးလေးတွေထဲ ထည့်ပေးတဲ့ဆိုင်မှာ အလုပ်လုပ်နေတဲ့ ရုပ်ရည်သန့်သန့် နဲ့ အင်္ဂလိပ် စကားကောင်းကောင်းပြော တတ်တဲ့ မြန်မာမလေး တစ်ယောက်ကို တွေ့ပါတယ်၊

ကျနော်တို့ကိုတွေ့တာနဲ့ ဟလိုဆိုပြီး စနှုတ်ဆက်ပါတယ် ကျနော်က ထိုင်းလိုပြောတော့ သူကောင်းကောင်း မပြောတတ်ပါ၊ ကျနော်က သူ့ကို ဘယ်နိုင်ငံကလဲ လို့မေးတော့ ဖိလစ်ပိုင် ကလို့ ပြောပါတယ်၊ သူစကားပြောတဲ့ လေယူလေသိမ်းအရ မြန်မာ တစ်ယောက်ဆိုတာ ကျနော်သိနေပါတယ်၊ ကျနော်က သူ့အလုပ်ရှင်ထံမှာ ငွေသွားချေတော့ ဆိုင်ရှင်က မိနစ်နှစ်ဆယ်နေရင် ပြန်လာယူပါလို့ ပြောပါတယ်၊ ဒါနဲ့ကျနော်က အထဲပြန်ဝင်ပြီး သူ့ကို ဘယ်လောက်ကြာမလဲလို့ အင်္ဂလိပ် လိုမေးတော့ သူက နာရီဝက်နေရင် ပြန်လာပါလို့ အင်္ဂလိပ်လို ပြန်ဖြေပါတယ်၊ ကျနော်က ရုတ်တရက် သူ့ကို မိနစ်နှစ်ဆယ် မဟုတ်ဘူးလားလို့ မြန်မာလိုမေးလိုက်တော့ သူကကျနော့်ကို No… No… Not Twenty minutes ဆိုပြီး အင်္ဂလိပ်လို ချက်ချင်းပြန်ပြောတော့ ကျနော်က မိပြီမိပြီလို့ မြန်မာလိုပြော လိုက်ပါတယ်၊

အဲတော့မှ သူက “ဆောရီးပါ မြန်မာလို့ပြောရင် ဝယ်သူတွေက အထင်သေးမှာစိုးလို့ပါ ပြီးတော့ အစ်ကိုတို့ကိုလည်း မြန်မာမှန်း မသိလို့ပါ” တဲ့၊

ကျနော့် ရင်ထဲမှာတော့ ခိုးလို့ခုလု…

နောက်အဖြစ်အပျက်တစ်ခုက ကျနော်ဆော်ဒီရောက်တုန်းကပါ၊

ပစ္စည်းသွားဝယ်တဲ့ ဆိုင်က ကောင်လေးက ကျနော်က ကချင်လွယ်အိတ် လွယ်ထားတာတွေ့တော့ ဈေးလျှော့ပေးတယ်၊ ပြီးတော့ သူတို့လည်း မြန်မာပြည်က ဖြစ်ကြောင်း သူ့အဖေက မြန်မာ စကားတတ်ကြောင်း ပြောပြီး သူတို့အိမ်ကို လာလည်ဘို့ပြောပါတယ်၊ ကျနော်လည်း သွားကြည့်ချင်တာနဲ့ နောက်နေ့ လာခေါ်ဘို့ ပြောလိုက်ပါတယ်၊

နောက်နေ့ သူတို့နေတဲ့ နာကာစာလို့ခေါ်တဲ့ ရပ်ကွက်ကြီးရောက်တော့ မြန်မာပြည်က မွတ်စလင်တွေ သိန်းနဲ့ချီပြီး နေတာ သိရပါတယ်၊ ဖေါ်ရွေလှတဲ့ မြန်မာ့ ဓလေ့ကိုလည်း တွေ့ ရပါတယ်၊ ကောင်လေးအဖေက ရန်ကုန်တက္ကသိုလ်က ဘွဲ့ရပညာတတ်တစ်ယောက် ဖြစ်ပါတယ်၊ အခြေအနေအရ ဘင်္ဂလားဒေ့ရှ်မှ တဆင့် ဆော်ဒီရောက် လာကြောင်း အလာပ သလာပ ပြောရင်း အိမ်ရှေ့ဘက်က ဆူဆူညံညံသံကြားလို့ ထွက်ကြည့်မိတော့ ပါကစ္စတန်နိုင်ငံသား တက္ကစီမောင်းတဲ့လူကို မြန်မာနွယ်ဖွား မုတ်ဆိတ်နဲ့ လူတစ်ယောက်က ဒေါသနဲ့ ပြောနေတာ အဓိပ္ပါယ်က “ဟေ့ကောင် ငါ့အကြောင်းသိချင်ရင် စမ်းကြည့်လိုက်၊ သတ္တိ မကြောင်ဘူး မြန်မာပြည် သားကွ မယုံရင်သွေးဖေါက်ကြည့်လိုက် လို့ ပြောတာကို ကြားလိုက်မိတဲ့ ကျနော်က ဘန်ကောက်က မြန်မာလို့ ပြောဘို့ ရှက်နေတဲ့ မြန်မာအမျိုးသမီးလေးကို ချက်ချင်း သတိရလိုက်မိပါတယ်။

မိမိနိုင်ငံအပေါ် ဂုဏ်ယူနိုင်ကြပါစေ။

(ကျော်စွာ)

ဓါတ်ပုံအညွှန်း- ၂၀၁၃ ခုနှစ် ဟဂ်ျ ခရီးစဉ်တွင် ဆော်ဒီနိုင်ငံ ၌ တွေ့ရသော မြန်မာမွတ်စလင်တို့၏ ပုံရိပ်များ
Images via Soe Thu Moe

M-Media Link =>http://www.m-mediagroup.com/news/27875

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: