နယ်စပ်ရေးရာဒုတိယ၀န်ကြီးဦးဆောင်သည့် ECC အဖွဲ့ရခိုင်ပြည်နယ်ရှိကမန် ဒုက္ခသည်စခန်းများသို့ သွားရောက်၊ကမန်များအား ဧည့်သည်များဖြစ်သည် ဟုနယ်စပ်ရေးရာဒု-၀န်ကြီးကသုံးနှုန်းပြောဆိုခဲ့


နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း ခေါင်းဆောင်သည့် အရေးပေါ် ပူးပေါင်းဆောင်ရွက်ရေး စင်တာ ECC အဖွဲ့မှာ ကုလနှင့် အန်ဂျီအိုမှ ကိုယ်စားလှယ်များနှင့်အတူ ရခိုင်ပြည်နယ် ဒုက္ခသည် စခန်းများသို့ မေလ ၁၆ ရက်နေ့က သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

အဆိုပါအဖွဲ့မှာ ကမန်ဒုက္ခသည် စခန်းများ ရှိသည့် မြေပုံမြို့နှင့် ပေါက်တောမြို့များသို့ သွားရောက်ကာ စခန်း အခြေအနေများကို လေ့လာခဲ့သည်။ မြေပုံမြို့ရှိ ဒုက္ခသည် စခန်းတွင် ဒုက္ခသည် သုံးထောင်ခန့်ရှိပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာ လက ဖြစ်ပွားခဲ့သည့် မွတ်စလင် ဆန့်ကျင်ရေး တိုက်ခိုက်မှု အတွင်း အိုးအိမ် ဖျက်ဆီးခံရကာ ထွက်ပြေးလာရသည့် ကမန် တိုင်းရင်းသား များဖြစ်ကြသည်။

ထိုစခန်းမှ တာဝန်ခံ ကမန်အမျိုးသား ဦးအောင်လွင်က စခန်းအတွင်းခံစားနေရသည့် အကျပ်အတည်းများနှင် ပတ်သက်၍ ထိုအဖွဲ့အား ပြောကြားခဲ့သည်။

“ကျွန်တော်တို့ကို စခန်းထဲက ထွက်ခွင့်မပေးပါဘူး။ ၁၅ ဧက လောက်သာရှိတဲ့ ဒီစခန်းထဲမှာ ကျွန်တော်တို့ဟာ အလုပ်မရှိ၊ ၀င်ငွေမရှိဘဲ အကျယ်ချုပ်လို နေ နေရပါတယ်။ ပြီးတော့ အဓိက အစားသောက် ပြတ်လတ်တာ မျိုးကိုလည်း ကျွန်တော်တို့ ကြုံတွေ့နေရပါတယ်” ဟု ပြောကြားခဲ့သည်။

စခန်းအတွင်းမှ ဒုက္ခသည်များ ငါးဖမ်းထွက်နိုင်ရန်အတွက် စခန်းဥက္ကဌက ထိုအဖွဲ့အား တောင်းဆိုထားကြောင်း၊ ကလေးများအတွက်ပြုလုပ်ထားသည့် စာသင်ကျောင်းမှာလည်း နွားတင်းကုပ် သာသာဖြစ်ကြောင်း ဦးအောင်လွင်က ဆိုသည်။

နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချူပ် မောင်မောင်အုန်းကမူ ရခိုင်ပြည်နယ်ရှိ ကမန်များမှာ ဧည့်သည်သာဖြစ်ပြီး ဧည့်သည်အဖြစ် ပြုမူနေထိုင် သင့်သည်ဟုဆိုကာ ရခိုင်ဗုဒ္ဓဘာသာများကို ရည်ညွှန်း၍ အိမ်ရှင်များအား မကျေမနပ် မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ ထိုမှတ်ချက်အတွက် ကမန်တိုင်းရင်းသားများမှ ၀မ်းနည်းမိကြောင်း ဦးအောင်လွင်က ထပ်လောင်းပြောကြား ခဲ့သည်။

“သူက ကျွန်တော်တို့ကို ဧည့်သည်တွေလို့ ပြောပါတယ်။ ကျွန်တော်တို့ မျိုးဆက်ပေါင်း များစွာ ဒီမှာနေလာခဲ့တာပါ။ မနေ့တနေ့ကမှ ပြောင်းလာတာ မဟုတ်ပါဘူး။ သူဒီလိုပြောတဲ့ အတွက် ကျွန်တော်တို့ သိပ်ကိုနာကျင်ရပါတယ်”

အဆိုပါ ECC အဖွဲ့မှာ မြေပုံမြို့ရှိ အဆိုပါ ဒုက္ခသည်စခန်းတွင် နာရီဝက်ခန့် လှည့်လည်ကြည့်ရှုပြီးနောက် ပေါက်တောရှိ ဒုက္ခသည်စခန်းသို့ ဆက်လက် ထွက်ခွာခဲ့သည်။

ECC အဖွဲ့အား ဗဟိုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရ အရာရှိများနှင့် ဒေသတွင်း ဗုဒ္ဓဘာသာ ခေါင်းဆောင်များဖြင့် မကြာသေးခင်က ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုအဖွဲ့မှာ ကုလနှင် အန်ဂျီအိုအဖွဲ့များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်းများသို့ အကူအညီပြန်ပေးရေး ဆောင်ရွက်ရန် ဖွဲ့ထားခြင်းဖြစ်သည်။

Ref: DVB English

ဓါတ်ပုံ အညွှန်း
၁) နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချူပ် မောင်မောင်အုန်း Photo- RFA
၂) စစ်တွေ မြို့ပြင် ပေါက်တော ဒုက္ခသည်စခန်း မြင်ကွင်း ၂၀၁၃ ခုနှစ် မေလ (PHOTO: Reuters)

M-Media Link =>http://www.m-mediagroup.com/news/27947

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: