တိုက်ရိုက်ဝေဖန်ပြောဆိုမှုများကြောင့်သမ္မတ၏ ပူးပေါင်းဆောင် ရွက်မည့် စိတ်စေတနာ ပြောင်း လဲသွား မည်မဟုတ်ဟု ပြောရေးဆိုခွင့်ရ ဦးရဲထွဋ်ပြောကြား

နိုင်ငံတော်သမ္မတအပေါ် တိုက်ရိုက်ဝေဖန်ပြောဆိုမှုများကြောင့် သမ္မတကြီးအနေဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် အကျိုးရှိမည့် ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မည်ဆိုသော စိတ်ကောင်းစေ တနာ ထားမှုမှာ ပြောင်းလဲသွားမည်မဟုတ် ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲထွဋ်က ဒီမိုကရေစီတူဒေး သတင်းစာ သို့ ပြောကြား သည်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ လူထုအစည်းအဝေးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတအား တိုက် ရိုက်ဝေ ဖန် ပြောဆိုခဲ့ခြင်းများအား ရည်ညွှန်းကာ ဦးရဲထွဋ်က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

̏ နိုင်ငံတော်သမ္မတက ရာထူးတာဝန် စတင်ထမ်းဆောင်စဉ်ကတည်းက ပထမဆုံးပြောခဲ့တဲ့မိန့်ခွန်းထဲမှာ မတူကွဲပြားတဲ့ သဘောထားတွေကို လက်ခံတယ်ဆိုတာကို အတိအလင်းဖော်ပြ ခဲ့ပြီးဖြစ်ပါ တယ်။ ဒီလိုဝေဖန်ပြောဆိုမှုတွေကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးရှိမယ် ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ စိတ်ကောင်း စေတနာထားမှု ပြောင်းလဲသွားမှာမဟုတ် ပါဘူး˝ဟု ဦးရဲထွဋ်ကပြောသည်။

ထို့အပြင် ပုဒ်မ၄၃၆နှင့်ပတ်သက်ပြီး လူထုအစည်းအဝေးများ ကျင်းပနိုင်ခြင်းကိုက လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီဖော်ဆောင်နိုင်ရန်အတွက် စွမ်းဆောင်ပေးနိုင်ပြီး နိုင်ငံ သားများ၏အခွင့်အရေးကို အာမခံပေးထားသည်ဆိုခြင်းကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်း သူကဆက်လက်ပြောဆိုသည်။

ထို့ပြင်အာမခံချက်များကို မည်ကဲ့သို့အကျိုးရှိအောင်အသုံးချမည်ကို သက်ဆိုင်သူများကဆုံးဖြတ်ရန်သာဖြစ်ကြောင်းလည်း သူကပြောသည်။

̏ ဒီကနေ့မြင်တွေ့နေရတဲ့ နိုင်ငံရေးပြောင်းလဲမှုများရဲ့အစဟာ တပ်မတော်ကချမှတ်ခဲ့တဲ့ လမ်းပြမြေပုံ (၇)ချက်ကနေ ပေါ်ထွက် လာတယ်ဆိုတာ ဘယ်သူမှငြင်းလို့မရပါဘူး။ လက်ရှိအခြေ အနေကနေ ပိုမိုကောင်းမွန်တဲ့ဒီမိုကရေစီဖော်ဆောင်ရေးမှာလဲ တပ်မတော်က တစ်ခန်းတစ်ဏ္ဍကပါဝင်နေဦးမှာပါ˝ဟု ဦးရဲထွဋ်က ဒီမိုကရေးစီတူဒေး၏အမေး ကိုဖြေကြား သည်။

̏ တပ်မတော်က အခြေခံဥပဒေပြင်ဆင်ရေးကို သဘောတူတယ်လို့ ပြောပြီးသားပါ။ ဘာတွေဘယ်လိုပြင်ဆင်မယ်ဆိုတာသာ ညှိနှိုင်းဖို့လိုပါတယ်။ အဲဒါကြောင့် တပ်မတော်ကို အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်မှာ လုပ်ဖော်ကိုင်ဖက်အနေနဲ့မြင်စေချင်ပါ တယ်˝ဟု သူက တပ်မတော်အပေါ်သုံးသပ်ဝေဖန်ပြောကြားခဲ့သည့် ဒေါ်အောင်ဆန်းကြည်၏မိန့်ခွန်းအပေါ် မှတ်ချက်ပေး သည်။

ထို့အပြင် ယခုကဲ့သို့ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုများသည် ညှိနှိုင်းမှု၊ ပူးပေါင်းဆောင်ရွက်မှုကို ရနိုင်မည်လား၊ ပြောင်းပြန် အကျိုးသက်ရောက်သွားမလားဆိုသည်ကို သက်ဆိုင်သူများ ဆင်ခြင်ကြ ရန်လည်း သူကတိုက်တွန်းပြောကြားသည်။ ပြီးခဲ့သည့် မေ ၁၇ရက်နှင့် ၁၈ရက်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့အဖွဲ့ အစည်း) တို့ ပူးပေါင်း ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ပြင်ဆင်ရေးဆိုင်ရာလူထုဆန္ဒဖော်ထုတ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတနှင့်တပ်မတော်အား တိုက်ရိုက်ဝေ ဖန်ပြော  ဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

DEMOCRACY today ၊ အတွဲ (၁)၊ အမှတ် (၇၄)၊ မေ (၂၂)ရက်၊ ကြာသပတေးနေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: