မိုးရာသီအတွင်းရိုဟင်ဂျာတို့ ရောဂါအန္တရာယ်ကျရောက်နိုင်

ရိုဟင်ဂျာထောင်ပေါင်းများစွာ နေထိုင်ရာ မြန်မာနိုင်ငံအနောက်ဘက်က ဒုက္ခသည်စခန်းတွေမှာ မုတ်သုံမိုး ရွာသွန်းနေတဲ့အတွက် ရေကြောင့်ကူးဆက်ပျံ့နှံ့တဲ့ ရောဂါကျရောက်နိုင်မှု အန္တရာယ် စိုးရိမ်ဖွယ် ရာ ဖြစ်ပါတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကို မောင်းထုတ်ပြီး ၁ လကြာမှာ အဲဒီဒေသအတွက် ရောဂါအန္တရာယ် ခြိမ်းခြောက်မှုတွေ ပြင်းထန်လာပါတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှု သတင်းလွှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လမှာ အစွန်းရောက်ဗုဒ္ဓဘာသာဝင်တွေက စစ်တွေမြို့က အကူအညီပေးရေး အေဂျင်စီတွေရဲ့ ရုံးတွေ၊ အစားအသောက် ဂိုထောင်တွေကို တိုက်ခိုက်ခဲ့ကြပြီး ၀န်ထမ်း ၃၀၀ ကျော် ကို မောင်းထုတ် ခဲ့ပါတယ်။
ဘာသာရေးနဲ့ဆက်နွှယ်တဲ့ အမျိုးသားရေးဝါဒီတွေက ရိုဟင်ဂျာတွေကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်မှ တရားမ၀င်ခိုးဝင်လာသူတွေလို့ မှတ်ယူထားသလို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ရိုဟင်ဂျာ ဘက်လိုက်တယ်လို့ စွပ်စွဲပါတယ်။

၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းလောက်ကစ နှစ်ဘက်အသိုင်းအ၀ိုင်းကြားမှာ အကြမ်းဖက်ပဋိပက္ခတွေဖြစ်ခဲ့ရာကနေ လူပေါင်း ၁သိန်း၎သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ အများစုက ရိုဟင်ဂျာမွတ် စလင်တွေဖြစ် ပါတယ်။

…. မွတ်စလင်နဲ့ ဗုဒ္ဓဘာသာဝင် ဒုက္ခသည် စခန်းချင်း ကွာဟချက် …

လူပေါင်းများစွာ သတ်ဖြတ်ခံရပြီး ရွာတွေ မီးရှို့ခံရလို့ ထွက်ပြေးရသူ အများစုကတော့ ရိုဟင်ဂျာတွေ ဖြစ်ပါတယ်။ သူတို့တွေကို စစ်တွေမြို့ပြင် ဆင်ခြေဖုံးမှာ ပေရေဆုတ်ချာတဲ့ စခန်းတွေထဲက ရွက်ဖျင် တဲတွေနဲ့  နေထိုင်ရပြီး စခန်းကနေ ထွက်ခွာလို့မရအောင် ရဲအစောင့်အကြပ်နဲ့ ထားရှိပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ စခန်းကတော့ အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ကိရိယာတန်ဆာပလာစုံလင်ပြီး လွတ်လွတ် လပ်လပ်သွားလာခွင့်ရှိပါတယ်။ သူတို့နေထိုင်ရတာက တဲမဟုတ်ဘဲ သစ်သားအိမ်တွေ ဖြစ် တဲ့အတွက် မိုးရာသီမှာ ရေကြီးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။

ကုလသမဂ္ဂသတင်းလွှာမှာ ဖော်ပြထားတာကတော့ လူပေါင်း ၂၃၀၀၀ ကျော်ဟာ သန့်ရှင်းတဲ့ရေ မရှိတဲ့အတွက် အကူအညီပေးရေးအေဂျင်စီတွေရဲ့ အကူအညီကို နေ့စဉ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ အေဂျင်စီတွေကို ဆိုင်းငံ့ထားတဲ့အတွက် အိမ်သာတွေနဲ့ ရေပိုက်လိုင်းတွေဟာ ပြုပြင်ထိန်းသိမ်းမှု မရှိတော့ဘဲ ရေကြောင့် ကူးဆက်ပျံ့နှံ့တဲ့ရောဂါ အန္တရာယ် ကျရောက်နိုင်ပါတယ်။

မတ်လ အကြမ်းဖက်မှုကြောင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်သားတွေက ၀က်သက်နဲ့အခြားရောဂါ ကာကွယ် ဆေးတွေလည်း မထိုးပေးနိုင်တဲ့အတွက် အနာဂတ်ကျန်းမာရေးကပ်ဘေးနဲ့ ရင်ဆိုင်ရနိုင်ပါ တယ်။

ရခိုင်ပြည်နယ်မှာ ဧပြီလ ၂၄ ရက်နေ့က အေဂျင်စီအများစု အလုပ်ပြန်စပေမယ့် အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကတော့ ဒေသခံ မြေနေရာငှားရမ်းသူတွေဟာ အစွန်းရောက်အကြမ်းဖက် သမား တွေရဲ့ လက်တုံ့ပြန်တာကို ကြောက်ရွံ့ပြီး အေဂျင်စီနဲ့ စီးပွားရေးလက်တွဲလုပ်ဖို့ ၀န်လေးနေကြပါတယ်။

“လူသားချင်းစာနာထောက်ထားရေး လှုပ်ရှားမှုတွေဟာ တဖြည်းဖြည်း အချိုးကျ ချဲ့ထွင်လာပါတယ်၊ ဒါပေမယ့် မတ်လတိုက်ခိုက်မှုအပြီး ထွက်ခွာခဲ့ရတဲ့ ၀န်ထမ်းအဖွဲ့အစည်းတွေရဲ့ ၅၀ ရာခိုင်နှုန်းဟာ ဧပြီလကုန်မှာ ပြန်လာပြီး သင့်တော်တဲ့ နေရာထိုင်းခင်းကို အခုထိ ရှာဖွေလို့မရနိုင်သေးဘူး”လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလထိ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ အေဂျင်စီတွေက ဒုက္ခသည်စခန်းတွေမှာ တစ်လကို လူနာ ၁၈၀၀၀ အထိ စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပေမယ့် ဧပြီလမှာတော့ လူနာ ၆ ထောင်အထိပဲ စစ်ဆေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂသတင်းလွှာမှာ ဖော်ပြထားပါတယ်။

အခုလို အကူအညီပေးရေး အေဂျင်စီတွေ တားဆီးပိတ်ပင်ခံရတဲ့အတွက် လူတွေဘယ်လောက် သေဆုံးသွားမယ်ဆိုတာ တွက်ချက်ဖို့ ခက်ခဲပါလိမ့်မယ်၊ ဒါပေမယ့် ၀မ်းပျက်ဝမ်းလျှောလို ကုသလို့ရနိုင်တဲ့ ရောဂါမျိုးနဲ့ သေဆုံးသူတွေရှိခဲ့တယ်လို့ မတ်လအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Anadolu Agency တွင် ဖော်ပြသော Joshua Carroll ၏ “Rohingya at risk of disease during Myanmar monsoon”ကို စိုင်ဖုလ္လာဟ်(မြန်မာမွတ်စလင်မီဒီယာ)က ဘာသာပြန်ဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: