အော်ရီးဒူးမှလူဦးရေ(၁၇၀၀၀၀)ထိကုသပေးမည့်ရွေ့လျား ကျန်း မာ ရေး စောင့် ရှောက် မှု ပြင် ဆင် ပြီ

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အော်ရီးဒူးကုမ္ပဏီမှ တိုင်းဒေသကြီးလေးခုဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ရှိ မြို့ပြ၊ ကျေးလက်ဒေသများတွင် ရွေ့လျားစောင့်ရှာက်မှုစနစ်များကို မကြာမီစတင်တော့မည်ဖြစ်ကြောင်း အူးရီးဒူးမြန်မာ၏အမှုဆောင်အရာရှိချုပ် Mr. Ross Cormackက ၂၅-၅-၂၀၁၄ ရက် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် အထူးသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

ထိုသို့ ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုများကို ကမ္ဘာကျော်ဘောလုံးသမား Leo Messi နှင့်လက်တွဲဆောင်ရွက်ခြင်းဖြစ် သည်ဟု သိရသည်။
̏ ကမ္ဘာကျော်ဘောလုံးသမား Leo Messi ကတော့ လတ်တလောဘောလုံးကိစ္စတွေနဲ့ရှုပ်နေတော့ မြန်မာနိုင်ငံကိုလာနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုဆေးခန်းတွေ စတင်လုပ်ဆောင်နိုင်ဖို့ပြင်ဆင်နေပါပြီ။ ခုလိုလုပ်ဆောင်မှုကို ဒီနှစ်ကစပြီး ၂၀၁၅ ခုနှစ်အထိ လုပ်ဆောင်သွားမှာပါ။ လူဦးရေကိုတော့ ၁၇၀,၀၀၀ ဦး ထိကုသပေးနိုင်ဖို့ ရည်မှန်းထားပါတယ်˝ဟု ယင်းကပြောသည်။

ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုများကို ရန်ကုန်နှင့်မန္တလေးမြို့ပြဒေသများတွင် FHI 360 အဖွဲ့နှင့်ပူးပေါင်းပြီး ၄၄ဦးဆံ့ကားကြီးနှစ်စီးဖြင့် လူဦးရေ သုံးသောင်းခြောက်ထောင်ခန့်အထိ ကူညီကုသပေးနိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။ ဆေးခန်းကားတစ်စီးတွင် ဆရာဝန်တစ်ဦး၊ သူနာပြုတစ်ဦး၊ ဓာတ်ခွဲခန်းကျွမ်းကျင်သူတစ်ဦးစီပါဝင်မည်ဖြစ်ပြီး ရောဂါရှာဖွေရေး၊ ကုသရေး၊ ကာကွယ်ဆေးထိုးခြင်းနှင့် ရောဂါကာကွယ်ခြင်းနှင့်ကျန်းမာရေးပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးမည် ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မြို့နယ်နှစ်ဆယ်၊ ရွာပေါင်း ၁၈၀၀ကျော်နေ ပြည်သူခြောက်သောင်းကျော်ကို နှစ်နှစ်အတွင်း ကူညီကုသပေးနိုင်ရန်အတွက် ကားငယ်ခြောက်စီးဖြင့်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုအစီအစဉ်ကို PACT မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မိခင်နှင့်ကလေးကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ရောဂါရှာဖွေကုသပေးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရှိန်းဝင်းထိုက်

ပြည်မြန်မာသတင်းဂျာနယ်၊အမှတ် (၉၂၃)၊ ၂၉ – ၅ – ၂၀၁၄)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: