ကအ်ဗာကျောင်းတော်အတွင်းသန့်ရှင်းရေး အခမ်း အနားပြု လုပ်

ကအ်ဗာကျောင်းတော်အတွင်းသန့်ရှင်းရေး အခမ်း အနားပြု လုပ်

 

ကအ်ဗာကျောင်းတော်အတွင်း သန့်ရှင်းရေးကို ယနေ့တွင် ပြုလုပ်ခဲ့ရာ မြင့်မြတ်သော ကျောင်းတော် ၂ ခု၏ ဂေါပက ဘုရင် အဗ္ဗဒုလ္လာဟ်၏ ကိုယ်စား မက္ကာမြို့အုပ်ချုပ်ရေး မင်းသား မစ်ရှားဘင် အဗ္ဗဒုလ္လာဟ်က ဦးဆောင်ပြုလုပ်ခဲ့သည်။ ကအ်ဗာကျောင်တော်အတွင်းကို သန့်ရှင်းရေး ပြုလုပ်ရာတွင် ရှေ့ဆောင်အီမာမ် ရှိုတ်ခ်အဗ္ဗဒုလ်ရဟ်မန်းအလ်စုဒိုင်းစ်၊ ယဉ်ကျေးမှုနှင့်   ပြန်ကြားရေး  ၀န်ကြီး အဗ္ဗဒုလ်အဇီးဇ် ခိုဂျာ တို့ပါဝင်ပြီး အစ္စလာမ်နိုင်ငံများမှ သံတမန်များလည်း တက်ရောက်ခဲ့သည်။

ကအ်ဗာကျောင်းတော်အတွင်းကို ဇမ်ဇမ်ရေနှင့် နှင်းဆီရေတို့ ရောဆွတ်ထားသော ရေစိုအ၀တ်နှင့် သန့်ရှင်းမှုများပြုလုပ်ခြင်းကို ရမသွာန်လမတိုင်မီ နှစ်စဉ်ပြုလုပ်လေ့ရှိသည်။

ယခုနှစ်တွင် ဆွီယာမ်ဥပုသ်သီလစောင့်ထိန်းရသော ရမသွာန်လသည် ဇွန်လနောက်ဆုံးပတ်၌ ကျရောက်မည်ဖြစ်သည်။

ကအ်ဗာကျောင်းတော်ကို သန့်ရှင်းရခြင်းမှာ တမန်တော်မြတ်(ဆွ)၏ မက္ကာမြို့ကို အောင်နိုင်ပြီးနောက် ပြုလုပ်သော ဓလေ့တော်ဖြစ်ကြောင်း ရှိုတ်ခ်အဗ္ဗဒုလ်ရဟ်မန်းစုဒိုင်းစ်က ရှင်းပြသည်။

Source : Arab News
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)
Photo : Ahmad Hashad
‪#‎KaabaWashing‬

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: