ဘိုကိုဟရမ်အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရာ၌ အကူအညီပေးရန် OIC ကတိပြု

ကမ္ဘာ့အကြီးဆုံး အစ္စလာမ့်အဖွဲ့အစည်းဖြစ်သော အစ္စလာမ့်နိုင်ငံများ ပူးပေါင်းဆောင်ရွက်အဖွဲ့ (OIC )၏ အတွင်းရေးမှူးချုပ်က နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်း၌ ဥပဒေမဲ့ရာဇ၀တ်မှုများကျူးလွန်ခဲ့သော ဘိုကိုဟရမ်အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရန် အကူအညီပေးသွားမည်ဖြစ်ကြောင်း ကတိပြုလိုက်သည်။ ဘိုကိုဟရမ်၏ လုပ်ရပ်မှာ အစ္စလာမ်ကို ကိုယ်စားမပြုကြောင်းလည်း ၎င်းက ပြောကြားသည်။

“ဘိုကိုဟရမ်သူပုန်အဖွဲ့ရဲ့ လုပ်ရပ်ဟာ အစ္စလာမ်နဲ့ မပတ်သက်ပါဘူးဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းနဲ့ ခိုင်ခိုင်မာမာ ပြောချင်ပါတယ်”ဟု OIC အတွင်းရေးမှူးချုပ် အိုင်ယဒ်အမီးန်မဒနီက ဇွန်လ ၂ ရက်နေ့က ဆိုသည်။

“သူတို့ အခုလို ဥပဒေမဲ့ ရာဇ၀တ်မှုတွေလုပ်နေတာတွေကို ကျွန်တော် ပြောချင်တယ်၊ အစ္စလာမ်ဟာ ကလေးငယ်တွေကို ပြန်ပေးဆွဲတာ၊ မြင်မြင်သမျှ တရားမဲ့ သတ်ဖြတ်မှုတွေကို ကျင့်သုံးတဲ့ သာသနာမဟုတ်ဘူး ဆိုတာပါပဲ” ဟု ၎င်းက ဆိုသည်။

“ကုရ်အာန်ကျမ်းမြတ်ကပြောတာ ရှင်းပါတယ်၊ အပြစ်မဲ့တဲ့သူတစ်ဦးကို သတ်ဖြတ်မယ်ဆိုရင် လူသားမျိုးတစ်ခုလုံးကို သတ်ဖြတ်တာနဲ့ တူညီတယ်လို့ ဆိုထားပါတယ်”ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

အလားတူ နိုင်ငံတကာအသိုင်းအ၀ိုင်းများ၏ နိုင်ဂျီးရီးယားမှ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးများတွင် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကတိပြု ပြောကြားသည်။

အနောက်တိုင်း ပညာရေးသည် အပြစ်ဖြစ်ကြောင်း အဓိပ္ပာယ်ရသည့် “ဘိုကိုဟရမ်”အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလက ဘော်နိုပြည်နယ် ချိက်ဘုခ်ဒေသရှိ ကျောင်းတစ်ကျောင်းတွင် ကျောင်းသူ ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပြီး ၎င်းတို့တပ်ဖွဲ့မှ ဖမ်းဆီးခံ တပ်သားများနှင့် လဲလှယ်ရန်တောင်းဆိုသည်။ ထိုသို့ မဆောင်ရွက်ပါက ကျောင်းသူများကို ရောင်းစားပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ကမ္ဘာ့ခေါင်းဆောင်များနှင့် မွတ်စလင်အဖွဲ့အစည်းတော်တော်များများက ဆန့်ကျင်ရှုတ်ချခဲ့သည်။
ထို့ပြင် နိုင်ဂျီးရီးမြို့တော်အပါအ၀င် နေရာအနှံ့အပြား၌ ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ၁၁၈ ဦး သေဆုံးခဲ့ကာ ၄၅ ဦးထက်မနည်း ထိခိုကဒဏ်ရာရာခဲ့သည်။

အခုနောက်ဆုံး ဂျာမအသ်သုလ်နစီးရ်အစ္စလာမ်(JNI)အဖွဲ့၏ နိုင်ဂျီးရီးယားမြောက်ပိုင်းမှ အမီရ်ဖြစ်သူ စူလ်တန်အလ်ဟာဂျီရှေဟူ မွတ်စတာဖာအီဒရီးစာတင်မ်တာ ကို ဘိုကိုဟရမ်အဖွဲ့မှဟု ယူဆရသော သေနတ်သမားတို့၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရကြောင်း JNI အဖွဲ့က ဇွန်လ ၂ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Onislam တွင်ဖော်ပြသော “Muslim Group Slams “Criminal” Boko Haram”ကို စိုင်ဖုလ္လာဟ်(Myanmar Muslim Media) က ကောက်နုတ်ဘာသာ ပြန်ဆိုသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: