ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ် ယှဉ်တွဲဝတ်ပြုနိုင်မယ့် ၀တ်ကျောင်းတော်တစ်ခု ဂျာမနီတည်ဆောက်ဖို့ စီစဉ်

ဘာသာတရားအသီးသီးက အတူယှဉ်တွဲနေထိုင်ရေးကို ထိန်းသိမ်းတဲ့အနေနဲ့ တမန်တော်အီဗရာဟင်မ်နဲ့ ဆက်နွယ်တဲ့ ဘာသာတရား ၃ ခု ယှဉ်တွဲဝတ်ပြုကြ မယ့် ကမ္ဘာ့ပထမဆုံး ဘာသာစုံ ၀တ်ကျောင်းတော်ကြီးတစ်ခုကို ၂၀၁၈ ခုနှစ်မှာ ဂျာမနီနိုင်ငံမှာ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ကလေးတွေကို မတူညီကွဲပြားမှုမှာ စံသတ်မှတ်ချက်တွေရှိ တယ်ဆိုတဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင် စေချင်တာပါ ”လို့ အဲဒီအစီအစဉ်ရဲ့ မွတ်စလင်ခေါင်းဆောင် အီမာမ် ကာဒရ်ဆန်စီက အင်ဒီပန်းဒန့်ကို ဇွန် ၈ ရက်နေ့က ပြောပါတယ်။

“House of One”လို့ အမည်ပေးထားတဲ့ ဘာသာပေါင်းစုံ ၀တ်ကျောင်းမှာ ဗလီ၊ ချပ်ခ်ျနဲ့ ရဟူဒီဘုရားကျောင်းတွေ ပါဝင်မှာဖြစ်ပါတယ်။ အဲဒီမှာ တာဝန်ခံ မွတ်စလင်ခေါင်းဆောင် အီမာမ်၊ ခရစ်ယာန်ဘုန်းတော်ကြီးနဲ့ ရဟူဒီ ဘုန်းတော်ကြီးတို့လည်း ထားရှိသွားမှာဖြစ်ပါတယ်။

ဝတ်ပြုဆောင်တွေနဲ့အတူ ဘာသာတရားတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နိုင်ဖို့ ကြီးမားကျယ်ပြန့်တဲ့ ခန်းမဆောင်ကြီးလည်း ပါဝင်မှာဖြစ်ပါတယ်။

ဘာလင်မြို့မှာ တည်ဆောက်မယ့် “House of One”ဟာ ယုံကြည်ချက်ပေါင်းစုံ ဆွေးနွေးပွဲတွေအတွက် “သတိပေး”နှိုးဆော်မှုတစ်ခု၊ အစ္စလာန်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ၊ သွေးထိုးမှုတွေအတွက် တွန်းလှန်မှုတစ်ခု ဖြစ်လာဖို့ မျှော်လင့်ကြောင်း အီမာမ်ကာဒရ်ဆန်စီက ပြောပါတယ်။

ဂျူးတွေအတွက်ကလည်း ဟော်လိုကုတ်ကို မျက်မြင်ဖြစ်ခဲ့တဲ့ ဘာလင်မြို့မှာ ဘာသာ ၃ခု စုပေါင်းဝတ်တက်နိုင်မယ့် အဆောက်အဦးဟာ မယုံနိုင်စရာဖြစ်နေပါတယ်။

“ဘာလင်ဟာ ဒဏ်ရာအနာတရတွေနဲ့ အံ့ဖွယ်တန်ခိုးတွေ ပြည့်လျှံနေတဲ့ မြို့ပါပဲ ”လို့ ဂျူးဘုန်းတော်ကြီး ရဗ္ဗီတိုဗန် ဘန်ချော်အင်က ပြောပါတယ်။

“ထာဝရဘုရားသခင်ကို ယုံကြည်ကြသူတဲ့ ဘာသာတရားတွေအတွက် အံ့သြစရာ အဆောက်အဦဖြစ်လာမယ့် စိတ်ကူးပါ၊ ညီညွတ်တဲ့ ကမ္ဘာကြီးအဖြစ် မကြာခင် ဒီနေ့ရာမှာ မြင်တွေ့ရပါတော့မယ်”ဟု ခရစ်ယာန်ဘုန်းတော်ကြီး ဟားဘတ်ဂ်က ဆိုပါတယ်။

အဲဒီ ဆောက်လုပ်ရေး ပရောဂျက်ကို ၂၀၁၆ ခုနှစ်မှာ စတင်ပြီး ၂၀၁၈ ခုနှစ်မှာ အပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။

အဲဒီ ၀တ်ပြုဆောင်ပရောဂျက်ကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ တည်ဆောက်မှာဖြစ်ပြီး ပေါင် ၃၅ သန်း ကုန်ကျမည်လို့ ခန့်မှန်းထားပါတယ်။

ဂျာမနီနိုင်ငံဟာ ဥရောပမှာ ပြင်သစ်နိုင်ငံပြီးရင် ဒုတိယ မွတ်စလင်အများဆုံး နိုင်ငံဖြစ်ပြီး အစ္စလာမ်ဘာသာဝင်တွေဟာ ဂျာမနီနိုင်ငံအတွင်းမှာ ပရိုတက်စတင့်နဲ့ ကတ်သိုလစ်ပြီးရင် တတိယအများဆုံး ဘာသာဝင်အုပ်စုဖြစ်ပါတယ်။

ဂျာမနီနိုင်ငံက မွတ်စလင်ဦးရေဟာ ၃.၈ သန်းမှ ၄.၃ သန်းအကြားရှိပြီး နိုင်ငံလူဦးရေ ၈၂ သန်းရဲ့ ၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

Source : Onislam
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: