သံတွဲမြို့နယ် အိုလမာဥက္ကဋ္ဌနှင့် သံတွဲမြို့ ဂျာမေဗလီကြီး၏ ဂေါပကဥက္ကဋ္ဌတို့အား မတရားထောင်ဒဏ်ချမှတ်

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က သံတွဲမြို့ ဂျာမေဗလီကြီးတွင် လက်နက်များ ရှာဖွေတွေ့ရှိသည်ဟု စွပ်စွဲကာ လက်နက်အက်ဥပဒေပုဒ်မ ၁၉(က) ဖြင့် သံတွဲမြို့တွင် တရားစွဲဆိုခြင်းခံထားရသော သံတွဲမြို့နယ် အိုလမာအဖွဲ့ခွဲဥက္ကဋ္ဌ၊ သံတွဲမြို့ ဂျာမေဗလီကြီး၏ ရှေ့ဆောင်အီမာမ်ဆပ်ဖြစ်သူ ဦးချစ်ဦး(ခ)မော်လ၀ီအဒူဝါဟစ်နှင့် ဂျာမေဗလီဂေါပကဥက္ကဋ္ဌ ဦးတင်အောင်တို့အား သံတွဲမြို့နယ် တရားရုံးက ယနေ့တွင် ထောင်ဒဏ် (၂)စီ ချမှတ်လိုက်ကြောင်း သိရသည်။

မူလတရားစွဲဆိုစဉ်က ၎င်းတို့ နှစ်ဦးအပါအ၀င် မောင်မောင်ကြီးနှင့် ဘိုဘိုအောင်တို့ နှစ်ဦးကိုပါ ထိန်းသိမ်းတရားစွဲဆိုခဲ့ခြင်း ဖြစ်သော်လည်း အာမခံဖြင့် တရားရင်ဆိုင်နေစဉ်အတွင်း မောင်မောင်ကြီးနှင့် ဘိုဘိုအောင်တို့မှာ စီရင်ချက်မချမီ တိမ်းရှောင် သွားခဲ့သည်။ အဖမ်းခံရစဉ်က မောင်မောင်ကြီးမှာ အသက် (၁၇)နှစ်ပင် မပြည့်သေးကြောင်း သိရသည်။

“ဒီအမှုက မတရားသက်သက် အကွက်ဆင်ပြီးတော့ သံတွဲမြို့ရဲ့ အစ္စလာမ်လူထုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဆရာဝါဟစ်ကို ဒုက္ခရောက်အောင် တမင်လုပ်တာပါ၊ ပြီးတော့ သူတို့ ဖမ်းတယ်ဆိုတဲ့ရက်ကလည်း သမ္မတရုံးကနေပြီး ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ ဓါး၊ လှံ၊ လက်နက်တွေကို အောက်တိုဘာလ ၃၀ ရက်နေ့က စပြီး နိုဝင်ဘာလ ၃ ရက်နေ့အတွင်းမှာ သက်ဆိုင်ရာကို လာအပ်ဖို့အတွက် အမိန့်ကြေညာထုတ်ထားရက်သားနဲ့၊ အဲဒီ ၃ ရက်ဟာ လက်နက်အက်ဥပဒေ အကျုံးမ၀င်တဲ့ နေ့ရက်တွေ ဖြစ်ရဲ့သားနဲ့ တမင် ယုတ်မာတာပါ၊ ”ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

“အောက်ခြေက လူတွေက သမ္မတအမိန့်ကို မျက်ကွယ်ပြုပြီး သူတို့ လုပ်ချင်ရာ လုပ်နေတာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါအမှုအား သံတွဲခရိုင်တရားသို့ ဆက်လက်အယူခံတင်သွင်း မည်ဖြစ်ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

ယခုအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာန/တရားရုံး အဆင့်ဆင့်သို့ အမှုမှာ မှားယွင်းကြောင်းကို တင်ပြခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: