ကျောက်ဖြူမြို့၊ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ဒုက္ခသည်များရိုက်နှက်ခံရ

ရိုက်နှက်ခံရသည်ဒဏ်ရာကို ကျောကုန်း၌ မြင်တွေ့ရပုံ

၂၀၁၄ခုနှစ် ၊ ဇွန်လ (၁၀)ရက်နေ့ တွင် ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှမွတ်စ်လင်မ်(၄)ဦးအားအုန်းတော်ကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်သို့ခေါ်ဆောင်ကာအဆိုပါ ရွာသားများမှဝိုင်းဝန်းရိုက်နှက်မှုတစ်ခုဖြစ်ခဲ့ကြောင်းသိရသည်။

ယင်းသို့ရိုက်နှက်ခဲ့ပြီးနောက်မြို့မရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်ကာချုပ်နှောင်ထားခဲ့ပြီး ဝန်ခံကတိ လက်မှတ်ရေးထိုးစေ ကာ ကျောက်တစ်လုံးဒုက္ခသည်စခန်းသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

” ကျွန်မတို့ မနက် ၄ နာရီလောက်မှာ စခန်းကထွက်လာပြီး အုန်းတောရွာ ရောက်တော့ ရွာသားတွေက၀ိုင်းပြီး ဥက္ကဌအိမ်ကိုခေါ်သွားပါတယ်။ပြီးတော့ကျွန်မတို့ကိုရိုက်ပါတယ်။ မနက် ၇ နာရီလောက် မှာရဲ (၂)ယောက်က ကျွန်မတို့ကိုလာခေါ်ပြီးရဲစခန်းကိုခေါ်သွားတယ်။ ပြီးတော့ရဲတွေကစစ်ဆေးပါတယ်။ လက်ထိပ်ခတ်ပြီး ဆိုင်ကယ်စီးသလိုလုပ်ခိုင်းပါတယ်။ လ၀ကမှာတော့ ကျွန်မသား တင်မင်းဌေးကို ဖိနပ်နဲ့ရိုက်ပါတယ်” ဟု ရိုက်နှက်ခံရသူ ဒေါ်သန်းသန်းဌေးမှ မြန်မာမွတ်စ်လင်မ်မီဒီယာသို့ ပြောသည်။

“အနာဆုံးကတော့ ဒေါ်သန်းသန်းဌေးပါ။ သူကရခိုင်ဗုဒ္ဓဘာသာကနေအစ္စလာမ်ဘာ သာကိုကူးပြောင်းလာသူပါ။
အဲဒီတော့ ရခိုင်ကနေ အစ္စလာမ်ဘာသာ ကိုကူးပြောင်းသွားတဲ့သစ္စာဖောက်ဆိုပြီး သူ့ကို ပိုလို့ရိုက်နှက်တာပါ”ဟု ဒေသခံတစ်ဦးကပြောသည်။

ယင်းကဲ့သို့ရိုက်နှက်ခံရသူများမှာဒေါ်သန်းသန်းဌေး ၄၉ နှစ် ၊ ခင်ဇော်မျိုး ၁၈နှစ် ၊တင်မင်းဌေး ၂၂နှစ် နှင့်အောင်ကြီး ၁၉နှစ်တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၀ိုင်းဝန်းရိုက်နှက်သူများအားဒေသအာဏာပိုင်နှင့် သက်ဆိုင်ရာရဲစခန်းမှ အရေးယူမှုတစ်စုံတစ်ရာမျှမပြုလုပ် ကြောင်းလည်း သိရသည်။

မောင်ရေအေး(M.M.M)

ပုံစာ ။ အရိုက်နှက်ခံရသူဒေါ်သန်းသန်းဌေး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: