“ကျားကိုသက်သက်လွတ်စားဖို့မျှော်လင့်ရင်ကျားရဲ့အပြစ် မဟုတ်ပါဘူး” အလ်ဟဂ်ျ ဦးအေးလွင် နှင့် တွေ့ဆုံခြင်း

ဇွန်လ ၁၆ ရက် ၊ ၂၀၁၄
M-Media
.ကျော်စိုးဝင်း (M-Media CJ တွေ့ဆုံမေးမြန်းသည်။)

10439347_784288934928639_8723977431767846747_n

၁၅/၀၆/၂၀၁၄ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ ထိပ်သီး အစည်းအဝေးသို့ မြန်မာနိုင်ငံမှ အစ္စလာမ် ဘာသာဝင်များ ကိုယ်စားပြု တက်ရောက်ရန် လန်ဒန်မြို့ သို့ ခေတ္တရောက် ရှိနေသော အလ်ဟဂ်ျ ဦးအေးလွင်နှင့် ယူကေရောက် မြန်မာ မိသားစုများ တွေ့ဆုံပွဲ အခမ်းအနားကို ဇွန်လ (၁၅) ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန်ရောက်   မြန်မာမွတ် စလင်မ် မိသားစုဝင် (၆၀) ခန့် တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ အခမ်းအနားမှာ အလ်ဟဂ်ျ ဦးအေးလွင်ကို အမ်မီဒီယာမှ တွေ့ဆုံပြီး မေးခွန်း အချို့ မေးမြန်းခွင့်ရခဲ့ပါတယ်။

မေး- အလ်ဟဂ်ျ ဆရာ ဦးအေးလွင် ခင်ဗျာ….
*  ဒီနေ့ အစ္စလာမ်မုန်းတီးရေး ပေါ်ပေါ်ထင်ထင်ဟောပြောမှုတွေ ပပျောက်အောင် အစိုးရ အသိအမှတ်ပြု ဘာသာရေး အဖွဲကြီးတွေ ဘယ်လိုများ လုပ်ဆောင်သင့်ပါသလဲ?

* ၂၀၁၅ ရွေးကောက်ပွဲမှာ မွတ်စလင်တွေ ဘယ်လို ပါတီမျိုးကို မဲပေးသင့်သလဲ။?

*  မွတ်စလင် လူထုကို ရွေးကောက်ပွဲမှ မှန်ကန်တဲ့ေ၇ွးချယ်မှု (ရပိုင်ခွင့်နဲ့ အခွင့်အရေး၊ တာဝန်) တွေကို အာမခံနိုင်မယ့် ပါတီကို ရွေးချယ်နိုင်ဖို့ အောက်ခြေလူထုကို ဘယ်လို ပညာပေး လှုံဆော်မလဲ။?

* ဒုက္ခသည်စခန်းက လူတွေ နေအိမ်ပြန်နိုင်ဖို့ ၊ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေတဲ့ မွတ်စလင် လူထုအတွက် အခွင့်အရေးတွေ တောင်းယူ တိုက်ယူဖို့ အစ္စလာမ် အဖွဲ့ကြိး (၅) ဖွဲ့မှာ တာဝန်ရှိပါ သလား ။ သူတို့လုပ်ဆောင်မှုများ လုံလောက်ပြီလို့ ထင်ပါသလား ၊ဘာတွေ ထပ်ပြီး လုပ်ဆောင်သင့်ပါလဲ။ သူတို့ လုပ်ဆောင်ဖို့ အခွင့်အရေး မပေးရင် လုပ်ဆောင်နိုင်ဖို့ မွတ်စလင် လူထု အားလုံးကို အသံထုတ်ဖို့ ဘာလုပ်သင့်ပါသလဲ။?

10410655_784289034928629_3716273772674787466_n

အလ်ဟဂ်ျ  ဦးအေးလွင် ဖြေကြားမှု

ဥက္ကဌမရှိ၊ ညီညွတ်မှုမရှိ၊ ရွေးချယ်ပဲမရှိ၊ ညီလာခံ မရှိ၊ ဘုရားကျွန်တွေ အဖြစ် အလုပ်အကျွေးပြုတယ်ဆိုတဲ့ ကျွန်တွေလို ဆိုတဲ့ အဖွဲ့မှာ ကျွန်တော် လုပ်နေပါတယ်။ အဖွဲ့ကြီးငါးဖွဲ့ကိုလည်း ကျွန်တော်က မျက်စိမှိတ်ပြီး ထောက်ခံနေတာ မဟုတ်ပါဘူး။

အဲဒီတော့ အဖွဲ့ကြီးငါးဖွဲ့က ဘာလုပ်နေသလဲဆိုတော့ အခုန ညီလေးကို ကျွန်တော်မေးချင်တာက ခင်များက အွန်လိုင်းမီဒီယာက။ မီဒီယာက In Touch ဖြစ်နေ ရမယ်လေ။ ငါးဖွဲ့က သူတို့ ရဲ့ လှုပ်ရှားမှု မှန်သမျှတိုင်းကို တင်ပါတယ်။ဘာလို့မကြည့်တာလဲ။ ကျွန်တော်သူတို့ဘက်က ရပ်တည်ပြီးပြောနေတာ မဟုတ်ပါဘူး။ ခင်များ Record တွေ ရှိတယ် ပြန်ကြည့်ပါ။ ငါးဖွဲ့   ဘာတွေ လုပ်ခဲ့လဲ။ဘယ် ဗလီကို သိမ်းဖို့ အချိန်မှာ ဘာလုပ်သလဲ။ဘယ် မဒါရ်ဆာကို ဖျက်မဲ့ အခါမှာ ဘာလုပ်သလဲ။ ဘယ်မြို့ကိုဝိုင်းရံထားတဲ့ အချိန်မှာ ဘာလုပ်လဲ။ ဓာတ်ပုံတွေနဲ့ တကွ သူတို့ တင်နေပါတယ်။ အဲဒါကို ဘာကြောင့်မကြည့်တာတုန်း။ အခုလည်း တောက်လျှောက်သူတို့သည် Hate Speech အတွက်နဲ့ ပတ်သက်ပြီးတော့ သမ္မတ ဆီကိုစာတင်ပါသည်။

ပထမတော့ သက်ဆိုင်ရာ ပြန်ကြားရေး ဝန်ကြီးဆီ တင်ပါတယ်။ သမ္မတက ပြန်ကြားရေး ဆီကို ပို့လိုက်ပါတယ်။ပြန်ကြားရေးက စာနယ်ဇင်းကောင်စီကို ပို့ပါတယ်။ စာနယ်ဇင်းကောင်စီက စာပြန်တယ်။ ကျွန်တော်တို့သည် အဲဒီ အောင်ဇေယျတု မှာပါတဲ့၊ သာကီသွေးမှာပါတဲ့ လူတွေကို ခေါ်တွေ့ပြီးပါပြီ၊ ဘာပြောပြီးပါပြီ၊ ညာပြောပြီးပါပြီ။ သို့သော် နောက်တစ်ပါတ်ထုတ်မှာ ပိုဆိုးလာပါတယ်။အဲတော့ သူတို့ လုပ်နိုင်တာကို သူတို့လုပ်နေပါတယ်။

ဒါဖြင့်ရင် သူတို့မလုပ်နိုင်တဲ့ အတွက် တို့ဘာလုပ်မလဲ။ လမ်းပေါ်ကိုထွက်မလား။ဒို့အရေးအော်မလား။အဲဒီလို ဥပဒေဘောင် အတွင်းက လုပ်လို့ အကျိုး မဖြစ်ထွန်းဘူးဆိုရင် အဲလို ထွက်မယ် လို့ ကြုံးဝါးတဲ့လူတွေရှိတယ်။ လုပ်လို့ ရနိုင်လား အခြေအနေပေးသလား။ကျွန်တော် အခုနပြောနေတာ သူရဲဘောကြောင်တဲ့ စကားပြောနေတာမဟုတ်ပါဘူး။ လုပ်နိုင်တဲ့နည်းရှိ သလား။အဲသလိုအော်နေတဲ့လူတွေ လူပါ အရိုးဆွေးတော့မယ်။ ဒီ ကျူးးတွေကို နှင်နှင်ထုတ်တာ၊ တကယ်ကို ထိုက်တန်တဲ့ လူတွေတောင်မှ နေရာတွေ ပြောင်းပြောင်းပြီးတော့ ဆန္ဒပြပွဲတွေ လုပ်နေတယ်။ အစာငတ်ခံပွဲတွေ လုပ်နေတယ်။

ကျွန်တော် တစ်ခါတစ်ခါ သူတို့ရဲဘော်တွေကိုပြောတယ်။ ကျားကို သက်သက်လွတ်စားဖို့ မျှော်လင့်ရင် ကျားရဲ့ အပြစ် မဟုတ်ပါဘူး။ မျှော်လင့်တဲ့လူတွေရဲ့ အပြစ်ပဲ ။အဲဒီတော့ နည်းဗျူဟာတွေ ရှာဖို့လိုတယ်။သူများ တစ်ယောက်ကို အပြစ်ပုံချတာက အင်မတန်လွယ်တယ်။ Very easy to push your problem to other people’s shoulder။ ကိုယ်ဘာလုပ်လဲပြောပါ။ အကြံဉာဏ်တွေပေး ခိုင်းပါ။အဲဒီငါးဖွဲ့ကို ခိုင်း ခင်များပြောလိုက်၊ ကျွန်တော်သူတို့ကိုပြန်ပြီး ဒီမက်စေ့တွေ ပေးလိုက်ပါ့မယ်။ ခင်များတို့ဘာလုပ်ဆိုပြီးပြောမယ်။ သူတို့ဘာလုပ်နေတယ် ဆိုတာလည်း ကိုယ်ကသိဖို့လိုတယ်နော်။ To be Fair,i’m not defending them.။

သူတို့ဘာလုပ်နေသလဲ ။ အကျိုးသက်ရောက်မှု ဘယ်လောက်ရှိသလဲ။ကဲကောင်းပြီ။

၂၀၁၅ ရွေးကောက်ပွဲ အတွက် ကျွန်တော်တို့ မွတ်စလင်ပါတီတွေရှိပါတယ်။ ရိုဟင်ဂျာပါတီလည်းရှိတယ်။ ပသီပါတီလည်း ရှိတယ်။ အဲဒီပါတီတွေကလည်းပဲ သူတို့ ရွေးကောက်ပွဲဝင်မလား။ အခုနပြောသလို မွတ်စလင့် အရေးကို ဦးစားပေးပြီးဆောင်ရွက်ပေးမယ့် အင်အားတောင့်တင်းသော Super ပါတီကြီးတွေကို ဝိုင်းရံမလား။ သူတို့လေ့လာစောင့်ကြည့်နေတယ်။ အဲတော့ ကျွန်တော်တို့အနေနဲ့ကလည်းပဲ ၊ အကြမ်းဖျင်းအားဖြင့်တော့ သန်းခေါင်စာရင်းမှာ တရားဝင် မဲပေးနိုင်မဲ့သူ အစ္စလာမ် ဘာသာဝင် ၁၀သန်းကျော်လောက်ဆိုတဲ့ စကားကတော့ ထွက်နေပါတယ်။ အဲဒီ ၁၀သန်းကျော်ထဲမှာမှ မဲပေးနိုင်တဲ့လူ ဘယ်လောက်ရှိမလဲ။ အနည်းဆုံး လေး၊ငါး၊ခြောက်သန်းတော့ ရှိမယ်။ ဒါကို ကျွန်တော်တို့ အလေးအနက်ပြုရမယ်။ ကျွန်တော် တို့ သိထားဖို့ အချက်တွေပြော ချင်ပါတယ်။ကြံ့ခိုင်ရေး ပါတီကလည်း အများကြီး စည်းရုံးနေပါတယ်။ ကြံ့ခိုင်ရေးပါတီက ဗလီတွေဝင်ပြီး စည်းရုံးတာရှိသလို ကြံ့ခိုင်ရေး ပါတီမှာ တက် တက်ကြွကြွ   လှုပ်ရှားနေသော စီးပွါးရေး လုပ်ငန်းရှင်များလည်း ရှိပါတယ်။ ကျွန်တော် ခရိုနီလို့ မသုံးပါဘူး။

အန်အယ်လ်ဒီမှာလည်း လှုပ်ရှားနေတဲ့ လူကြီးတွေ ၊လူငယ်တွေ၊ ပညာတတ်တွေ၊ ရှေ့နေတွေ အများကြီးရှိကြတယ်။အဲတော့ အင်အားကြီး ပါတီနှစ်ခုမှာ မိမိတို့ရဲ့ အကျိုးစီးပွါးကို တိုက်ရိုက်ကြီး ပြောမယ်ဆိုလို့ရှိရင်သိပ်ပြီး တကိုယ်ကောင်းဆန် သွားမှာပေါ့ဗျာ။ တတိုင်းပြည်လုံးရဲ့ အကျိုးကိုကြည့်ရမယ်။ မိသားစုတစ်ခုမှာ ဘယ်လောက် အင်အားငယ်နေတဲ့ မိသားစု ဝင်တွေဖြစ်စေ လျစ်လျူရှု့ခြင်း ခံရရင် အဲဒီမိသားစုတစ်ခုလုံး နစ်နာထိခိုက်သွားပြီဆိုတာကို သဘောပေါက်မယ့် ပါတီကို ကျွန်တော်တို့က အားပေးရမှာဖြစ်ပါတယ်။ အဲဒါကို သဘောပေါက်အောင်   ကျွန်တော်တို့ဘက်ကလည်း လော်ဘီတွေ လုပ်ရမယ်။ ကျွန်တော်တို့ လိုအပ်တာတွေ ကိုလည်း တင်ပြရမယ်။ အဲဒီနည်းနဲ့ပဲ ကျွန်တော်တို့လုပ်လို့ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ မကျေလည်ရင်လည်း ထပ်မေးလို့ရပါတယ်။ ကျွန်တော် ငါးဖွဲ့ကို ခုခံဖို့ ဒီကို ထွက်လာတာ မဟုတ်ပါဘူး။….

အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင် ဆော်သြရေးမှုး အလ်ဟဂ်ျ  ဦးအေးလွင်ကို လန်ဒန်မြို့မှာ ပြုလုပ်တဲ့ မြန်မာမွတ်စလင် မိသားစုဝင်များနှင့် တွေ့ဆုံပွဲမှာ (အမ်မီဒီယာ CJ ) မှ တွေ့ဆုံ   မေးမြန်းခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ……..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: