မွတ်စလင်မ်များပြည်လုံးကျွတ်ညီလာခံကိုအီမန်ရှင် အားလုံး မိမိတို့ ကျရာ အခန်း ကဏ္ဍကနေ ပါဝင် ကူညီ သင့်

နောင်မျိုးဆက် အစ္စလာမ်ဘာသာဝင်တွေအတွက်ပါ အကျိုးဖြစ်ထွန်းစေမယ်လို့ မိမိယုံကြည်ထားတဲ့ ပြည်ထောင်စုသားမွတ်စလင်မ်များပြည်လုံးကျွတ် ညီလာခံကို အီမန်ရှင်အမျိုးသားအမျိုးသမီးတိုင်းအနေနဲ့ မိမိတို့ကျရာအခန်း ကဏ္ဍကနေပါဝင်ကူညီသင့်တယ်လို့ ပျော်ဘွယ်မြို့ အရဗီတက္ကသိုလ်ကျောင်း အုပ်ကြီး ရှိုင်ခွလ်ဟဒီးဆ် မောင်လာနာ အယ်ဟာဂ်ျ ဦးဟာမြင်(ကာစေမီ)က တိုက်တွန်းမိန့်ကြားလိုက်ပါတယ်။

ပြည်ထောင်စုသားမွတ်စလင်မ်များပြည်လုံးကျွတ်ညီလာခံကျင်းပဖြစ်မယ်ဆိုရင် လက်ရှိမွတ်စလင်မ်တွေအတွက်သာမက နောင်လာနောင်သားမွတ်စလင်မ်တွေ အတွက်ပါ များစွာ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဆရာကြီး မောင်လာနာ ဟာမြင်က Myanmar Muslim Media ကိုပြောပါတယ်။

“ဘာ့ကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဆီမှာရှိနေတဲ့ မွတ်စလင်မ်များဟာ လမ်းစပျောက်နေသလို၊မျှော်လင့်ချက်ပန်းတိုင်ပျောက်နေသလို အနေအထား မှာရှိပါတယ်။ဒီညီလာခံကြီးပေါ်လာမယ်ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်ရော အခြားအမျိုးသားတွေအနေနဲ့ရော ကျွန်တော်တို့တစ်တွေကို ပီပီပြင်ပြင် ထင်မြင်ပြီးတော့အမှန်ကိုအမှန်အတိုင်း တွေ့မြင်ယူဆလာမယ်လို့ကျွန်တော် ယုံကြည်ပါတယ်”လို့ ဆရာကြီး မောင်လာနာ ဟာမြင်(ကာစေမီ)ကမိန့်ကြားလိုက်ပါတယ်။

“ကျွန်တော့အနေနဲ့ဒီကော်မတီကနေ ဦးစီးကျင်းပမယ့် အမျိုးသားညီလာခံကြီးဖြစ်ပေါ်လာရေးအတွက် ပြည်ထောင်စုအတွင်းမှာရှိကြသော အီမန်ရှင်မွတ်စလင်မ်အမျိုးသားအမျိုးသမီးအားလုံးမှာ တာဝန်ရှိတယ်။ ကျရာတာဝန်မှ ပါဝင်သင့်တယ်။မိမိတို့တတ်နိင်တဲ့အပေါ်မှာ ကူညီပံ့ပိုးသင့်တယ် လို့ ကျွန်တော်ဒီအတိုင်းမြင်ပါတယ်”လို့လည်း ဆရာကြီးဦးဟာမြင်က တိုက်တွန်းမိန့်ကြားလိုက်ပါတယ်။

မိမိအနေနဲ့ကတော့ ညီလာခံဖြစ်မြောက်ရေးအတွက် ဘာမှတာဝန်ယူ ဆောင်ရွက်ပေးရတာမျိုးမရှိသေးတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ အဲဒီလိုမပါဝင်နိင်သေးတာဟာ မြန်မာပြည်အလယ်ပိုင်းက သာသနာပညာရှင် တွေနဲ့တိုင်ပင်တဲ့အခါ အခြေအနေအရပ်ရပ်အပေါ် စောင့်ကြည့်ပါဦး၊ စောင့်ကြည့်ပြီးတော့ ဆရာရော ကျွန်တော်တို့ရော ဒီအထဲမှာ တစ်စုတစည်း တည်း ပါဝင်ကြတာပေါ့ဆိုပြီး တင်ပြတဲ့အပေါ်မှာ မိမိအနေနဲ့ပါဝင်ခြင်းနှောင့်နှေး နေရတာဖြစ်တယ်လို့လည်း ဆရာကြီးဦးဟာမြင် ကပြောပါတယ်။

Myanmar Muslim Media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: