စပိန်နွားရိုင်းသတ်ပွဲကျင်းရာ အဆောက်အအုံ ဥရောပရဲ့ အကြီးဆုံးဗလီဝတ်ကျောင်းတော် ဖြစ်လာနိုင်ဖွယ်ရှိ

စပိန်နိုင်ငံ ဘာစီလိုနာရှိ အထင်ကရ နွားရိုင်းသတ်ပွဲကျင်းပတဲ့ ကွင်းနဲ့အဆောက်အအုံကို ဥရောပရဲ့ အကြီးဆုံးဗလီအဖြစ် ပြောင်းလဲဖို့ ကာတာစော်ဘွားတွေက ၀ယ်ယူမယ်လို့ သိရပါတယ်။ တကယ်လို့ မြို့တော်ကောင်စီက ၀ယ်ယူခွင့်ပြုမယ်ဆိုရင် လူသောင်းနဲ့ချီပြီး ၀တ်ပြုနိုင်မယ့် ဗလီဝတ်ကျောင်းတော် ဖြစ်လာတော့မှာပါ။

“နွားရိုင်းတွေ နာကျင်ခဲ့ရတဲ့ဒီနေရာကို ဘာသာရေးသန့်စင်မှုစင်တာအဖြစ် မွတ်စလင်တွေက ပြောင်းလဲပေးနိုင်မယ်ဆိုရင် ဒေသခံတွေကလည်း ဂုဏ်ယူကြမှာပါ”လို့ ဘာစီလိုနီက အာရဗီစာအုပ်ဆိုင်ပိုင်ရှင် မိုဝါဖတ်ကန်ဖတ်က ရုရှားတူဒေးသတင်းဌာနကို ဇွန်လ ၂၅ ရက်နေ့က ပြောပါတယ်။

“ဥပဒေကလည်း လူတိုင်းကို စီးပွားရေးကိုအခြေမခံဘဲ ဂုဏ်သိက္ခာရှိတဲ့နေရာမှာ ၀တ်ပြုခွင့်ပေးထားပါတယ်”

ရုရှားတူဒေးသတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာရဲ့ ခံညားထည်ဝါတဲ့ အထင်ကရ နွားရိုင်းသတ်ကွင်းကို ကာတာစော်ဘွားက ပေါင် ၂.၂ သန်းနဲ့ ၀ယ်ယူဖို့ ကမ်းလှမ်းတာကို သဘောတူညီချက်ရခဲ့တယ်လို့ သိရပါတယ်။

တကယ်လို့ မြို့တော်ကောင်စီရဲ့ ခွင့်ပြုချက်ရရင် ၂၀၂၀ မှာ လူပေါင်း ၄သောင်းကျော် တစ်ပြိုင်နက် ၀တ်ပြုနိုင်မယ့် ဥရောပတိုက်ရဲ့ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်လာမှာပါ။

အဲဒီ ဗလီသစ်ကြီးမှာ မက္ကာနဲ့ မဒီနာပြီးရင် တတိယအကြီးဆုံး မီနာရာ(မျှော်စင်)ဖြစ်လာမယ့် မီတာ ၃၀၀ အမြင့် မျှော်စင်တစ်ခုလည်း ပါဝင်မှာဖြစ်တယ်လို့ စပိန်နိုင်ငံရဲ့ လူဖတ်အများဆုံး သတင်းစာ 20 Minutos မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဗလီကြီးမှာ ညီလာခံခန်းမ၊ ကုရ်အာန်သင်ကြားရေးစင်တာနဲ့ အစ္စလာမ့်သမိုင်းနဲ့ ယဉ်ကျေးမှုရေးရာ ပြတိုက်တွေကိုလည်း တွဲဖက်ထားရှိမှာဖြစ်ပါတယ်။

ဘာစီလိုနာက ဘလန်နာအဖွဲ့က ရောင်းချဖို့သဘောတူပြီးသားပေမယ့် မြို့တော်ကောင်စီက ခွင့်ပြုချက်ရဖို့အတွက်တော့ ဆွေးနွေးရပါဦးမယ်လို့ စပိန်သတင်းစာက ထည့်သွင်းဖော်ပြပါတယ်။

၁၉၁၄ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့ ဒီနွားရိုင်းသတ်ပွဲရုံကြီးမှာ နာမည်ကြီး ဘီးတဲလ်၊ တီနာတာနာ၊ ရိုးလင်းစတုန်းနဲ့ ဘော့ဘ်မာလေး စတဲ့ ဂီတအဖွဲ့တွေရဲ့ ဖျော်ဖြေပွဲတွေ ကျင်းပဖူးခဲ့ပြီး ၂၀၁၀ ခုနှစ်က ကာတာလိုနီးယားမှာ နွားရိုင်းသတ်ပွဲတွေ ပိတ်ပင်လိုက်ကတည်းက ကွင်းမှာ ပြိုင်ပွဲတွေ ကျင်းပတာတွေ ရပ်ဆိုင်းသွားခဲ့ပါတယ်။

ဒီလို နွားရိုင်းသတ်ပွဲရုံကို ဗလီနေရာအဖြစ် ပြောင်းလဲဖို့ ကြိုးစားတာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။

၂၀၀၄ ခုနှစ်တုန်းကလည်း လတ်စ်အရီနာနွားရိုင်းသတ်ကွင်းကို ဘာစီလိုနာမြို့အာဏာပိုင်တွေနဲ့ ဆော်ဒီအာရေဗျတို့ အလားတူ အစီအစဉ်မျိုး ပြုလုပ်ဖို့ ညှိနှိုင်းဖူးပါတယ်။

ဒါပေမယ့် အစီအစဉ် ရွှေ့ဆိုင်းခဲ့ပြီး နောက်ပိုင်းမှာ မြို့တော်ကောင်စီက ဈေးဝယ်စင်တာတစ်ခု ဆောက်လုပ်ခဲ့ပါတယ်။

<<< ဒုတိယမိ ရှင်သန်ခြင်း >>>

ဘာစီလိုနာစာရင်းအင်းဌာနရဲ့ တွက်ချက်မှုအရ ၂၀၁၂ ခုနှစ်မှာ ဘာစီလိုနာမှာရှိတဲ့ မွတ်စလင်ဦးရေဟာ အနည်းဆုံး ၅ သိန်းရှိပြီး လူဦးရေ များပြားပေမယ့် မွတ်စလင်တွေအတွက် ၀တ်ပြုစရာကြီးကြီးမားမားမရှိဘဲ အိမ်ငယ်လေးတွေသာ ရှိခဲ့ပါတယ်။

တကယ်တော့ စပိန်နိုင်ငံဟာ အေဒီ ၇၀၉ ခုနှစ်ကနေ ၁၆၁၄ ခုနှစ်အထိ နှစ်ပေါင်း ၈၀၀ ကျော် အစ္စလာမ်ဘာသာဝင် အုပ်ချုပ်သူတို့ လွှမ်းမိုးခဲ့တဲ့ ရေခံမြေခံ တိုင်းပြည်တစ်ခုလည်းဖြစ်ပါတယ်။

အခုလည်းပဲ စပိန်နိုင်ငံရဲ့ ၁၉၆၇ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့်ဥပဒေအရ ခရစ်ယာန်သာသနာပြီးရင် ဒုတိယဘာသာအဖြစ် အစ္စလာမ်ကို အသိအမှတ်ပြုထားပါတယ်။

စပိန်အစ္စလာမ်ကော်မရှင်ရဲ့ စာရင်းအရ စပိန်နိုင်ငံမှာ မွတ်စလင်ဦးရေ ၁.၄ သန်းရှိပြီး နိုင်ငံလူဦးရေရဲ့ ၃ ရာခိုင်နှုန်းဖြစ်ပါတယ်။

ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)
Source : onislam

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: