ရန်ကုန်မှာရှိတဲ့ မဂိုနောက်ဆုံးမင်းဆက် အုတ်ဂူရဲ့ လျှို့ဝှက်ချက်တွေ

ဗြိတိသျှအစိုးရက ရန်ကုန်ကို ပြည်နှင်ဒဏ်ပေးလိုက်တဲ့ အိန္ဒိယရဲ့ နောက်ဆုံး မဂိုမင်းဆက် မဟာဒူးရှားဇဖားဟာ ၁၈၆၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဓာတ်ပုံ - Rex/Universal History Archiveဗြိတိသျှအစိုးရက ရန်ကုန်ကို ပြည်နှင်ဒဏ်ပေးလိုက်တဲ့ အိန္ဒိယရဲ့ နောက်ဆုံး မဂိုမင်းဆက် မဟာဒူးရှားဇဖားဟာ ၁၈၆၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဓာတ်ပုံ – Rex/Universal History Archive

ပါကစ္စတန်သမ္မတ အဆစ်ဖ်အလီဇာဒါရီ တစ်ယောက် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ
မြန်မာနိုင်ငံကို အလည်အပတ်လာခဲ့စဉ်မှာ ရန်ကုန်က အထူးအထိမ်းအမှတ် အဆောက်အအုံ
တစ်ခုဆီကိုလည်း သွားရောက်ခဲ့ပါတယ်။

အဲဒါကတော့ အိန္ဒိယနိုင်ငံရဲ့ နောက်ဆုံးမဂိုမင်းဆက် (၁၈၃၇-၁၈၅၇) ဗဟာဒူးရှားဇဖားရဲ့ ဂူဗိမ္မာန်ပါ။
အဲဒီမှာ သူက အမှတ်တရပန်းခွေချခဲ့ပြီး ဂူဗိမ္မာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကိုလည်း
အမေရိကန်ဒေါ်လာ ၅၀,၀၀၀ လှူဒါန်းခဲ့ပါတယ်။

“ကြီးကျယ်ခမ်းနားလှသောခေတ်တွင် နေ၀င်ချိန်ကိုရောက်ခဲ့ရသော်လည်း သည်းခံခြင်းတရားကို
လက်မလွှတ်ခဲ့သော၊ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကို အမြဲသိမြင် ချီးမွမ်းခဲ့သော၊
လူမသိသည့် ကဗျာဆရာတစ်ဦးအဖြစ် ကဗျာများ ဆက်လက်သီကုံးခဲ့သူ မဂိုနောက်ဆုံးမင်းဆက်
ဗဟာဒူးရှားဇဖားအား ကျွန်ုပ် လေးစားစွာဂုဏ်ပြုအပ်ပါသည်”လို့ ဧည့်သည်တော်မှတ်တမ်းစားအုပ်
မှာ သမ္မတက အမှတ်တရ ရေးသားခဲ့ပါတယ်။

ဘာကြောင့် ဒီနေရာဟာ ပါကစ္စတန်သမ္မတရဲ့ အရေးပါတဲ့ အလည်အပတ်ခရီးစဉ်တစ်ခုအဖြစ်
ပါဝင်ခဲ့ရတာပါလဲ။

ဗဟာဒူးရှားဇဖား ကို(တာကိုမဂိုမျိုးနွယ်ရဲ့ ဆွန်နီမွတ်စလင်မ် ပါရှားမင်းဆက်တစ်ခုဖြစ်တဲ့)Timurid
မင်းဆက်အင်ပါယာအတွင်း ၁၇၇၅ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။

၁၈၃၇ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှာ သူ့ဖခင်ကွယ်လွန်သွားတဲ့အတွက် နာမည်ကျော်
အူရ်ဒူကဗျာဆရာတစ်ဦးဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းသူ တစ်ဦးဖြစ်သလို အဆင့်မြင့်လှတဲ့
စာလုံးအလှရေးသူတစ်ဦးလည်းဖြစ်တဲ့ ဇဖားဟာ သူ့အသက် ၆၂ နှစ်မှာ မဂိုဘုရင် ဖြစ်လာခဲ့ပါ
တယ်။

ဒါပေမဲ့ သူဟာ ရုပ်သေးရုပ်ဘုရင် တစ်ဦးသာ ဖြစ်ခဲ့ပါတယ်။ သူဟာ တိုင်းရေးပြည်ရေးကို
စိတ်မ၀င်စားပါဘူး။ ကဗျာဆရာတွေဟာ ကြီးကြီးမားမားတွေ လုပ်ခဲ့တယ်ဆိုတာ သမိုင်းမှာ
တွေ့ရခဲလှပါတယ်။

၁၈၅၇ ခုနှစ်မှာ ဗြိတိသျှကိုလိုနီကို အိန္ဒိယသားတွေက ပထမဦးဆုံးအကြိမ် စတင် တော်လှန်
ပုန်ကန်ခဲ့ပါတယ်။

Sepoy Mutino လို့ ခေါ်ကြတဲ့ ဒီပုန်ကန်မှုကို ၁၉ ရာစုအတွင်း ဥရောပအင်ပါယာကို ဆန့်ကျင်ခဲ့တဲ့
တော်လှန်ရေးတွေထဲမှာ အရေးအပါဆုံး ကိုလိုနီစနစ် တော်လှန်ရေးအဖြစ် သမိုင်းပညာရှင်တွေက
သတ်မှတ်ထားပါတယ်။

ဒီပုန်ကန်မှုကြောင့် ဇဖားဘုရင်ဟာ သူ့မိသားစုဝင်တချို့နဲ့အတူ ဗြိတိသျှကိုလိုနီနယ်မြေတစ်ခုဖြစ်တဲ့
မြန်မာနိုင်ငံဆီ ပြည်နှင်ဒဏ်ပေးတာကို ခံခဲ့ရပါတယ်။

ဇဖားဟာ တော်လှန်ရေးကို အားပေးထောက်ခံသူအဖြစ် သူ့အလိုလို ပါဝင်ပတ်သက်ခဲ့ရပါတယ်။

အိန္ဒိယ နိုင်ငံက ဟိန္ဒူတွေနဲ့ မွတ်စလင်တွေအားလုံးကို စုစည်း ညီညွတ်မှုရှိအောင် လုပ်နိုင်တဲ့
ခေါင်းဆောင်ဟာ သူပဲရှိတယ်လို့ ယုံကြည်ကြတဲ့အတွက် ဒေသခံလယ်သမား တော်လှန်ရေး
တပ်သားတွေဟာ အရှေ့အိန္ဒိယကုမ္ပဏီမှာ သူ့ကို စစ်ဦးစီးချုပ်အဖြစ် သူ့ဆန္ဒမပါဘဲနဲ့ စာရင်းသွင်း
ခဲ့ပါတယ်။

သူက ကန့်ကွက်ပေမယ့်လည်း ဥရောပသား ၅၂ ဦးအသတ်ခံရတဲ့ အမှုမှာ သူလည်း ပါဝင်
ပတ်သက်ခဲ့ ရပါတယ်။

၁၈၅၇ ခုနှစ်မှာ ဗြိတိသျှကိုလိုနီကို အိန္ဒိယသားတွေ တော်လှန်စဉ်အတွင်း ဇဖားဘုရင်နဲ့ သားတော်တွေဟာ ဒေလီမှာတည်ရှိတဲ့ မွန်ဂိုဧကရာဇ် Humayun ရဲ့ အုတ်ဂူမှာ သွားရောက်ခိုလှုံခဲ့ကြပါတယ်။ ဓာတ်ပုံ - Wikimedia Commons၁၈၅၇ ခုနှစ်မှာ ဗြိတိသျှကိုလိုနီကို အိန္ဒိယသားတွေ တော်လှန်စဉ်အတွင်း ဇဖားဘုရင်နဲ့ သားတော်တွေဟာ ဒေလီမှာတည်ရှိတဲ့ မွန်ဂိုဧကရာဇ် Humayun ရဲ့ အုတ်ဂူမှာ သွားရောက်ခိုလှုံခဲ့ကြပါတယ်။ ဓာတ်ပုံ – Wikimedia Commons

ဗြိတိသျှအစိုးရဟာ သူ့ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ သူပုန်တွေကို အားပေးကူညီမှုအတွက်
ရုံးတင်စစ်ဆေးခဲ့ပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံသားတွေကတော့ သူ့ကို ရဲစွမ်းသတ္တိရှိတဲ့ အမျိုးသားလွတ်မြောက်တိုက်ပွဲဝင်သူ
တစ်ဦးအဖြစ် ရှုမြင်ကြပါတယ်။

စွဲချက်တွေအားလုံး အတွက် သူ့မှာအပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီလိုတော်လှန်ပုန်ကန်တဲ့ အခြေအနေတွေကြောင့် ဗြိတိသျှအစိုးရဟာ မဂိုအစိုးရနဲ့ အပေးအယူ
မညှိနှိုင်းတော့ဘဲ နိုင်ငံရဲ့အာဏာကို သိမ်းယူဖို့ ကြိုးပမ်းခဲ့ပြီး တစ်နှစ်အတွင်းမှာ ဗြိတိသျှအစိုးရအဖွဲ့
(၁၈၅၈-၁၉၇၄) ကို ဖွဲ့စည်းခဲ့ပါတယ်။

ဇဖားဘုရင်ကိုတော့ တခြားအပြစ်ဒဏ်မချဘဲ ပြည်နှင် ဒဏ်ပေးလိုက်ပါတယ်။

သူ့ကို မိဖုရား ဇိနတ်မဟာလ်နဲ့ ကျန်တဲ့တော်ဝင်မိသားစုဝင် တချို့နဲ့အတူ ရန်ကုန်ကို
ပို့လိုက်ပါတယ်။

သူ့မိသားစုဝင်တော်တော်များများကို ဗြိတိသျှဗိုလ်မှူးဝီလျံဟော့ဒ်ဆန်က ဒေလီမှာ ချက်ချင်း
သုတ်သင်ခဲ့ပြီး သားတော်သုံးပါးရဲ့ ဦးခေါင်းကိုလည်း ဇဖားဘုရင်ဆီ ပို့ပေးခဲ့ပါတယ်။

ဒေလီကနေ သူထွက်သွားရတဲ့အနေအထားဟာ ၁၆ ရာစုအလယ်ပိုင်းကနေ ၁၈ ရာစု
အစောပိုင်းအတွင်း နှစ်ပေါင်း ၃၀၀ ကျော်လောက် အိန္ဒိယတိုက်ငယ်လေးမှာ အုပ်စိုးခဲ့တဲ့
မဂိုအင်ပါယာရဲ့ နိဂုံးဖြစ်ခဲ့ပါတယ်။

ပါရှားက စတင်ခဲ့တဲ့ မဂိုမွတ်စလင်အင်ပါယာဟာ အောင်မြင်မှု အထွတ်အထိပ်ရောက်ခဲ့တဲ့
အချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်ကို အုပ်စိုးခဲ့ပါတယ်။

ဒီအင်ပါယာလက်ထက်မှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဟာ ဖြစ်ထွန်းစည်ပင်ခဲ့ပါတယ်။

တူညီတဲ့ငွေကြေးစနစ်နဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်တွေကို စီစဉ်ပေးခဲ့ပြီး နိုင်ငံကို ပေါင်းစည်းခဲ့
သလို မြို့တော်ကြီးတွေကိုလည်း ပေါ်ပေါက်ဖြစ်ထွန်းစေခဲ့ပါတယ်။

တပ်ဂ်ျမဟာ၊ ရက်ဒ်ဖို့တ်ခံတပ်၊ အာဂရာခံတပ်၊ လာဟိုက ရှယ်လီမာဥယျာဉ် စတာတွေဟာ
မဂိုတွေ တည်ဆောက်ခဲ့တဲ့ အကောင်းဆုံး အဆောက်အအုံတွေထဲက တချို့ပါ။

အဲဒီအဆောက်အအုံ တော်တော်များများကို အခုအချိန်မှာတော့ ကမ္ဘာ့အမွေအနှစ်နေရာတွေအဖြစ်
ယူနက်စကိုက သတ်မှတ်ထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: