“ကမ္ဘာမကြေ သီချင်းအဆိုတော် အုပ်စု၏လက်ချက်ဖြင့် ပျက်ဆီးသွားသော မန္တလေးမြို. အပျက်အစီးများမှာ” (CJ သတင်း)

ဇူလိုင် ၂ ၊ ၂၀၁၄
M-Media
ဗေဒါလမ်း(CJ)

၂၆ ဘီလမ်း ဆိုင်းတန်းရုပ်ရှင်အနီးရှိ ရော့ကတ် ကုန်မာဆိုင်ရှေ.မှ ကားအဖြူရောင်အားမီးရှို့ခံရ ပြီး ရှေ့ခေါင်းပိုင်းလောင်သွားတာတွေ့ရပါတယ်။

ဆိုင်ကိုလည်း ကျောက်ခဲများဖြင့်ပစ်ပေါက်သဖြင့် မှန်များကွဲ၊၂၆ လမ်းပေါ်ရှိ ရွှေတစ်ချောင်း အနောက်ဘက်ရှိ မွန်းစတား ကုန်မာဆိုင်နှင့်တက်စိန် တရုပ်အပေါင်ဆိုင် ကိုလည်း ခဲများဖြင့်ပစ်ထားပြီး မှန်များကွဲသွားကြောင်း တွေ့ခဲ့ရပါတယ်။

ဒါအပြင် ၂၅ လမ်းရှိ ဗုဒ္ဓဘာသာဝင် သွတ်ပြားဆိုင်များ၏ ဆိုင်းဘုတ်များကိုလည်း ခဲဖြင့်ထုခွဲထားပြီး ၊၈၃လမ်း-၂၆ဘီလမ်းထောင့်ရှိ ဗဟိုပိုက်ဆိုင်၊ ၂၆လမ်း ၈၂.၈၃ ကြားရှိ ယခင် မင်း ကွန်ပြူတာယခု HTC ဖုန်းအရောင်းပြခန်းဆိုင်လည်း ခဲဖြင့်ထုခံခဲ့ရပါတယ်။

၂၆ လမ်းကျုံးထောင့်ရှိ ဗဟိုဗလီရှေ.တွင် ခဲပုံတွေ့သော်လည်း ပျက်ဆီးမှုမတွေ.ရပါ။ ( လမ်းပေါ်မှသာကြည့်ခြင်းဖြစ်ပါသည်၊သို့သော် ည ကကြားရသောသတင်းအရ ဗဟိုဗလီအောက်ရှိ ရေသန့်ပစ္စည်းအရောင်းဆိုင် ကိုလည်း ခဲနဲ့ထုခံရဟုသိရပြီး တံခါးပိတ်ထားသဖြင့် မမြင်ခဲ့ရပါ)။

၂၆ ဘီလမ်း တစ်လျှောက် ကျုံးဘေးမှ မန်းသီရိဈေးအထိ ရဲတပ်ဖွဲ.မှအပြာရောင် မီးသတ်ကားများအပါအဝင် M-16 မောင်းပြန်များကိုင်ဆောင်သောရဲ လုံထိန်းများ နှင့်ရဲတပ်ဖွဲ.များ အများအပြားချထားတာကို တွေ့ခဲ့ရပါတယ်။

အခင်းဖြစ်ပွားရာတဝိုက်လမ်းများအား တစ်ပြ ပတ်လည် ပိတ်ဆို့ထားပါတယ်။

သေနတ်လေးချက် ပစ်ဖောက်ခဲ့သော ကျွန်တော်နေရာ ရပ်ကွက်တွင်လည်း ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားပြီး ဘဏ် ၂နှင့် ၃ နေရာတွင် တွင်ချထားပါတယ်။

သေနတ်လေးချက်ပစ်ဖောက်သဖြင့် ၂ ဦးဒဏ်ရာရပြီး တစ်ဦးကိုဆေးရုံကြီးသို့တင်ပို့ကုသပြီး နားရွက်ဘေးရှပ်ထိသဖြင့် အသက် အန္တရယ် မစိုးရီမ်ရပါ။

မန္တလေး ဈေးချို ၂၆ ဘီလမ်းဘက်မှာလည်း မသင်္ကာ စရာတွေ.လို့ဆိုပြီး စစ်တပ်က မိုင်းရှင်းလင်းရေး အဖွဲ.တွေလာတာလည်း မနက် ၉း၃၀ လောက်ကတွေ.လိုက်တယ်။

မှတ်ချက်** ယနေ့ မနက် ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး မျက်မြင်တွေ့ရှိချက်များဖြစ်ပါသည်။ အပျက်အဆီးဒဏ်ရာရ စာရင်း ဒီထက်ပိုများနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: