တရုတ်ဘက်မှ နယ်နိမိတ်မှတ်တိုင်များစိုက်ထူနေခြင်းကြောင့်မြန်မာပိုင်မြေများ တရုတ်နိုင်ငံ အတွင်း ကျရောက်ဖွယ်ရှိ

မြန်မာ-တရုတ်နယ်စပ်မှ နမ့်ခမ်း မြို့ရှိ ကျေးရွာနှစ်ရွာတွင် တရုတ်နိုင်ငံနယ် နိမိတ် မှတ်တိုင်များ လာရောက်စိုက်ထူခြင်း ကြောင့် မြန်မာနိုင်ငံနယ်နိမိတ်များ တရုတ် နိုင်ငံအတွင်း ကျရောက်
သွားနိုင်ဖွယ်ရှိနေ ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒေါ်နန်းထွေး
မှုန်ကဆိုသည်။
::
”တရုတ်ဘက်ကလာပြီး ဒီကို မြေတိုင်း တဲ့အခါ မြန်မာပြည်နယ်နိမိတ်ထဲ လာစိုက်နေတယ်။ ဒီနေရာက မြန်မာ့မြေတွေ တရုတ် ကိုပေးရမယ့် အနေအထားဖြစ်နေပြီ”ဟု ယင်း ကပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၈ ရက်က မြန်မာ-တရုတ်နယ်စပ်ရှိ နမ့်ခမ်းမြို့နယ်တွင် ရှမ်း ပြည်နယ်ဝန်ကြီး
ချုပ်အား မြေတိုင်းဦးစီးဌာန မှ ပြသသောမြေပုံသည် ယခင်မြေပုံနှင့် ကွဲ ပြားမှုများရှိနေပြီး မြန်မာနိုင်ငံအစိုးရအနေ ဖြင့် ပြန်လည်စိစစ်မှု မပြုလုပ်ပါက မြန်မာ နိုင်ငံပိုင် မြေများ တရုတ်နိုင်
ငံနယ်နိမိတ်အ တွင်း ရောက်သွားနိုင်သည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်နန်း ထွေးမှုန်က ဆက်ပြောသည်။
::
အဆိုပါ နမ့်ဆမ်မြို့နယ်ရှိ တရုတ်နိုင်ငံ နှင့်ထိစပ်နေသည့် ကျေးရွာနှစ်ရွာမှာ မြေတိုင်းဦးစီးဌာန၏ မြေပုံတွင် တရုတ်နိုင်ငံဘက် သို့ ရောက်ရှိနေသော်လည်း လက်ရှိအဆိုပါ ရွာများတွင် မြန်မာနိုင်ငံသားများ နေထိုင်နေ သည့် ကျေးရွာများဖြစ်ကြောင်း ရှမ်းပြည် နယ် နမ့်ခမ်းမြို့နယ်မှ ဒေသခံဦးအိုက်တုံ က ဆိုသည်။

နမ့်ခမ်းမြို့နယ်တွင် နေထိုင်သည့် ဒေ သခံတစ်ဦးဖြစ်သူ ဦးအိုက်တုံက ရွှေလီမြစ်တစ်ဖက်
ကမ်းတွင်ပင် မြန်မာနိုင်ငံနယ်နိ မိတ်များရှိကြောင်း၊ ထိုနေရာများတွင် နေ ထိုင်သူများမှာလည်း မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ယင်းကပြောသည်။
::
”ရွှေလီတစ်ဖက်ကမ်းမှာလဲ အရင်က တည်းက နေလာခဲ့တဲ့ရွာတွေ အခုထိရှိနေ တာပဲ။ မြစ်ဒီ
ဘက်ထိလာပြီး မြေလာခိုးတာ ကတော့ ကျွန်တော်တို့ဒေသခံတွေ အနေနဲ့ လက်မခံနိုင်ပါဘူး”ဟု ယင်းကပြောသည်။

လွန်ခဲ့သော နှစ် ၆ဝကပင် တရုတ် နိုင်ငံအနေဖြင့် အဆိုပါ မြန်မာ-တရုတ် နယ် စပ်ဖြစ်သည့် နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ် အနီးကျေးရွာတွင် တံတားထိုးရန်ဟုဆိုကာ နှစ်ဖက်အစိုးရများ ညှိနှိုင်းခဲ့သည်။
::
မြန်မာအစိုးရမှ ထိုအစီအစဉ်ကို လက်ခံခဲ့ခြင်းမရှိသည့်အတွက် နယ်နိမိတ်တိုင်း တာရေးစာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်ရာ ယခုထပ် မံ၍ နယ်နိမိတ်အငြင်းပွားမှု ဖြစ်နိုင်သည့် အနေအထားဖြစ်
လာနိုင်ကြောင်း ရှမ်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောခွင့်ရှိသူ ဦးစိုင်းညွန့်လွင်က ပြောသည်။

”တကယ့် နိုင်ငံတကာစံနှုန်းနဲ့ တိုင်း မယ်ဆိုရင် တစ်ထွာတောင် ခိုးလို့မရဘူး။ နိုင်ငံနယ်နိမိတ်
ကိုတော့ လုံးဝ အဲဒီလို လုပ် လို့မရဘူး”ဟု ယင်းကပြောသည်။
::
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် မိုင် ၁၂ဝဝ ကျော် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပြီး နှစ်နိုင်ငံကြား
တွင် ရွှေလီမြစ် တည်ရှိနေ သော်လည်း ရွှေလီမြစ် တစ်ဖက်ကမ်းတွင် မြန်မာနိုင်ငံ နယ်နိမိတ်များ တည်ရှိနေသည် ကို လက်ရှိဖော်ပြထားသည့် နိုင်ငံတကာပြ မြေပုံများတွင် ဖော်ပြထားချက်အရ သိရ သည်။

Yangon Media ::–

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: