ဟစ်တလာကဲ့သို့ဝန်ကြီးနှင့်အနိုင်ကျင့်ဗိုလ်ကျသည့် အစ္စရေး ဟု တူရကီ ၀န်ကြီးချုပ် အာဒိုဂန် ကင်ပွန်း တပ်

အန်ကာရာ။ တူရကီဝန်ကြီးချုပ် တွိုင်ယစ်ဗ်အာဒိုဂန်က ဂါဇာကို ဗုံးကြဲတိုက်ခိုက်နေသည့် အစ္စရေးကို ဒေသတွင်း အကြမ်းဖက်နေကြောင်း စွပ်စွဲပြောဆိုလိုက်ပြီး နိုင်ငံနှစ်ခုအကြား အထိမခံကွဲရှလွယ်သော အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည့် အစ္စရေးနိုင်ငံရေးသမားမှာလည်း ဟစ်တလာကဲ့သို့ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

“အစ္စရေးက ဒေသတွင်း အကြမ်းဖက်မှုတွေ ဆက်လုပ်နေတာဟာ နိုင်ငံတကာဥပဒေနဲ့ လုံးလုံးဆန့်ကျင်နေ ပါတယ်၊ ဒါကို ရပ်တန့်ဖို့ ကျွန်တော်တို့ကလွဲလို့ ဘယ်နိုင်ငံမှ မပြောကြဘူး”ဟု ပါလီမန်တွင် အာဒိုဂန်က ပြောသည်။

“နိုင်လိုမင်းထက် ပြုကျင့်မှုဆိုတာ အမြဲမတည်ရှိနိုင်ပါဘူး၊ အနှေးနဲ့အမြန်ဆိုသလို အနိုင်ကျင့်သူတိုင်းဟာ ကိုယ်လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ပေးဆပ်ရစမြဲပါ၊ ဒီလို အနိုင်ကျင့်ဗိုလ်ကျခဲ့တာတွေ စာရင်းပျောက်သွားမှာတော့ မဟုတ်ပါဘူး ” ဟု ၎င်းက ထည့်သွင်းပြောကြားသည်။

ထို့ပြင် အစ္စရေးပါလီမန်အမတ်တစ်ဦးဖြစ်သူ Jewish Home ပါတီမှ အမျိုးသားရေးအစွန်းရောက် Ayelet Shaked ၏ ပြောစကားကိုလည်း အာဒိုဂန်က ဝေဖန်ခဲ့သည်။

“အစ္စရေးအမျိုးသမီးတစ်ဦးက ပါလက်စတိုင်းမိခင်တွေကို သတ်ဖြတ်သင့်ကြောင်း ပြောတယ်၊ တစ်ပြိုင်တည်းမှာ သူမဟာ အစ္စရေးပါလီမန် အမတ်တစ်ဦးလည်းဖြစ်နေတယ်၊ ဒီအရူးနဲ့ ဟစ်တလာ ဘာများ ကွာသေးလဲဗျာ”ဟု အာဒိုဂန်က ဆိုသည်။

အစ္စရေးဂျာနယ်လစ်တစ်ဦး ရေးသားသော ပို့စ်တစ်ခုတွင် အဆိုပါ အစ္စရေး ၀န်ကြီးက “ပါလက်စတိုင်း အာဇာနည်တွေရဲ့ အမေတွေကိုလည်း သတ်သင့်တယ်”ဟု အသေခံတိုက်ပွဲဝင်သူ မိခင်များကို ရည်ညွှန်းပြောဆိုခဲ့သည်။

“သူတို့လည်း သူတို့သားတွေ(သေဆုံးသူတွေ)ရဲ့ လမ်းကို လိုက်သင့်တယ်၊ ဒီ့အပြင် လမ်းမရှိဘူး၊ သူတို့ မရှိမှ အေးမယ်၊ မဟုတ်ရင် မြွေတွေလို ခေါင်းထောင်ထလာလိမ့်မယ်”ဟု အစ္စရေး ၀န်ကြီး Shaked ကဆိုသည်။

Shaked က အင်္ဂါနေ့တွင် အဆိုပါ သတင်းပို့စ်ကို အတည်ပြုပြောကြားသော်လည်း အကြမ်းဖက်မှု လှုံ့ဆော်ခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။

အီဂျစ်နိုင်ငံက အဆိုပြုခဲ့သော အပစ်အခတ်ရပ်ဆဲရေးကို အတည်ပြုပြီး ၆ နာရီအကြာတွင် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့က အစ္စရေးနယ်မြေထဲသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာ အစ္စရေးဘက်မှ ဂါဇာထိုးစစ်အား အင်္ဂါနေ့တွင် ပြန်လည်စတင်ခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၈၄ ဦးသေဆုံးပြီး အင်္ဂါနေ့က ပြန်လည်စတင်ခဲ့သော တိုက်ပွဲများကြောင့် သေဆုံးသူ ပါလက်စတိုင်းဦးရေ ၂၀၅ ဦးအထိ မြင့်တက်လာခဲ့သည်။ အများစုမှာ အရပ်သားများဖြစ်သည်။

နောက်ဆုံး သတင်းထုတ်ပြန်ချက်များအရ ဟားမတ်တို့ပစ်ခတ်မှုကြောင့် အစ္စရေး တစ်ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရှိကြောင်း သိရသည်။Myanmar Muslim Media

Source : Arab News
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)
Photo : (1) တူရကီဝန်ကြီးချုပ် အာဒိုဂန်
(2) ဟစ်တလာနှင့် ခိုင်းနှိုင်းခံရသည့် အစ္စရေးဝန်ကြီး Ayelet Shaked
(3) အစ္စရေးက ဂါဇာကို တကြော့ပြန် ဗုံးကြဲ
———————————————–
အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော ပါလက်စတိုင်းသားများ၏ အမည်စာရင်းကို Aljazeera သတင်းဌာနက ဖော်ပြထားရာ ၀င်ရောက်ကြည့်ရှုနိုင်သည်။

http://www.aljazeera.com/news/middleeast/2014/07/gaza-under-seige-naming-dead-2014710105846549528.html

‪#‎Palestine‬

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: