PR စနစ် အကြောင်း သိထားရအောင်

PR စနစ်ခေါ် အချိုးကျ ကိုယ်စားလှယ် စနစ် (Proportional Representative) အကြောင်းကို တင်ပေးဖို့ပြောတဲ့အတွက် အောက်ပါအတိုင်း တင်ပေးလိုက်ပါတယ်

ယခု ပြောလိုသည့် အချိုးကျ ကိုယ်စားလှယ် စနစ်သည် အချိုးကျ ကိုယ်စားလှယ် စနစ် – မူရင်း (Pure PR) အကြောင်း ဖြစ်ပါသည်။

“အချိုးကျ ကိုယ်စားလှယ်စနစ် – မူရင်း (Pure Proportional Representative)” ၏ တွေးခေါ်ပုံမှာ ရိုးရှင်း လွယ်ကူပြီး ပြည်သူလူထုအား တိကျစွာကိုယ်စားပြုသည့် စနစ် ဖြစ်သော်လည်း အားနည်းချက်များရှိသဖြင့် အဆိုပါ စနစ်အား နိုင်ငံမျိုးစုံက မိမိတို့ နိုင်ငံနှင့် ကိုက်ညီမည့် ပုံစံကို ပြုပြင် တီထွင် အသုံးပြုလာကြသဖြင့် လက်ရှိကျင့်သုံးနေသော “အချိုးကျ ကိုယ်စားလှယ်စနစ် (PR)” မှာ နိုင်ငံအလိုက် ပုံစံကွဲ၊ မူကွဲမျိုးစုံ ရှိနေ၏။

“အချိုးကျ ကိုယ်စားလှယ်စနစ် – မူရင်း (Pure PR)” ၏ အခြေခံ သဘောတရားမှာ ရှင်းလင်း၏။ လူပုဂ္ဂိုလ်များကို မဲပေးရခြင်း မဟုတ်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ပါတီများအားလုံးအား တနိုင်ငံလုံးရှိ ပြည်သူလူထုက မိမိ ကြိုက်သည့် ပါတီအား မဲပေး ရွေးချယ်ရခြင်း ဖြစ်သည်။ ထိုမှ တဆင့် မဲရရှိသော အရေအတွက်အလိုက် ပါတီများက ကိုယ်စားလှယ် အရေအတွက် ခွဲဝေယူ၍ ကိုယ်စားပြုရသော စနစ်ဖြစ်သည်။ ဥပမာ ပါတီ ၁၀ ခု ရှိပြီး လူ တသိန်းရှိသော နိုင်ငံတွင် ပါလီမာန်ကိုယ်စားလှယ် ၁၀၀ ရှိလျှင် ပါတီတစ်ခုလျှင် မဲအရေအတွက် ၁၀၀၀ ရရှိလျှင် ကိုယ်စားလှယ် ၁ ယောက်နှုန်းဖြင့် ရွေးကောက်ခံရခြင်း ဖြစ်သည်။ ရှင်းလင်းရလျှင် ..

လူဦးရေ ………………………….. ၁၀၀ ၀၀၀။ (တစ်သိန်း)
ပါတီ အရေအတွက် ……………. ၁၀။
ရွေးချယ်မည့် ကိုယ်စားလှယ် …… ၁၀၀။

၁၀၀ ၀၀၀ ÷ ၁၀၀ = ၁၀၀၀

အထက်ပါ စာရင်းအရ ကိုယ်စားလှယ် တစ်ယောက်တိုင်းသည်လူ အယောက် ၁၀၀၀ အား ကိုယ်စားပြုသူ ဖြစ်သည်။ ထိုကြောင့် ပါတီ တစ်ခု အနေဖြင့် မဲ ၅၀၀၀ ရလျှင် ကိုယ်စားလှယ် ၅ ယောက်   ပါလီမာန်သို့ ကိုယ်စားပြု တတ်ရောက်ရသော စနစ် ဖြစ်သည်။ ၄င်းကဲ့သို့ အချိုးကျ ကိုယ်စားလှယ်များကို ပါတီအလိုက် ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သဖြင့် “အချိုးကျ ကိုယ်စား လှယ် စနစ် (RP)” ဟု သတ်မှတ် ခေါ်ဝေါ်ခြင်း ဖြစ်သည်။

“မဲအများဆုံးရသူ နိုင်တဲ့ စနစ် FPTP (သို့) SMDP” တွင် ပြည်သူတစ်ယောက်မှ ပေးလိုက်သော ကိုယ်စားလှယ်မှာ ရှုံးနိမ့်သွားလျှင်အဆိုပါ ပြည်သူ၏ ကိုယ်စားလှယ်မှာ ပါလီမာန်တွင်း သို့ ရောက်ရှိခြင်း မရှိတော့ပေ။ အကျိုးဆက်အဖြစ် အဆိုပါ ပြည်သူ၏ အသံကို ကိုယ်စားပြုနိုင်သူသည် ပါလီမာန်တွင်း ရှိမနေတော့ပေ။ သို့သော် အချိုးကျ ကိုယ်စားလှယ်စနစ် (PR) ၏ အား သာချက် မှာ ပြည်သူလူထု တစ်ဦးခြင်းဆီမှ ပေးလိုက်သော မဲတိုင်းအတွက် ကိုယ်စားလှယ်ရှိနေခြင်း ဖြစ်သည်။ လူတိုင်း၏ ဆန္ဒများဖြင့် ကိုယ်စားလှယ်များ အား ရွေးခြယ်ခြင်း ဖြစ် သည်။   ပြည် သူများက ပေးလိုက်သော မဲများ အလကားဖြစ်သွားခြင်း မရှိပေ။ ထိုကြောင့် ဒီမိုကရေစီ၏ တန်ဖိုးများနှင့် ကိုက်ညီနေသည်။

အချိုးကျ ကိုယ်စားလှယ် စနစ် – မူရင်း (Pure PR) ကို အစောပိုင်း လက်တွေ့ ကျင့်သုံးသော နိုင်ငံများထဲတွင် ဒုတိယ ကမ္ဘာစစ် မဖြစ်မီကာလ ဂျာမနီနိုင်ငံ (Weimar Republic) လည်း ပါဝင်ခဲ့ သည်။

အချိုးကျ ကိုယ်စားလှယ်စနစ် – မူရင်း (Pure PR) သည် ဒီမိုကရေစီ တန်ဖိုးအရ အင်မတန် အားသာသော်လည်း လက်တွေ့အရ အားနည်းချက် များစွာ ရှိနေ၏။ သူ၏ အားနည်းချက်များမှာ ..

၁။ ပါတီကို မဲပေးရခြင်း ဖြစ်ပြီး ကိုယ်စားလှယ်ကို မဲပေးရခြင်း မဟုတ်
၂။ ပါလီမန် စနစ်တွင် ပါတီများပြီး ကိုယ်စားလှယ်များပေါင်းစုံ ပါဝင်သဖြင့် အစိုးရဖွဲ့ရန် ခက်ခဲခြင်း

တို့ ဖြစ်သည်။

၁။ ပါတီကို မဲပေးရခြင်း ဖြစ်ပြီး ကိုယ်စားလှယ်ကို မဲပေးရခြင်း မဟုတ်။

အချိုးကျ ကိုယ်စားလှယ်စနစ်အရ ပါတီကို မဲပေးရခြင်းဖြစ်ပြီး ပါတီမှ ရရှိသော မဲအလိုက် အချိုးကျ ကိုယ်စားလှယ် စေလွှတ်ရသဖြင့် ပြည်သူလူထုသည် ပါတီမှ ရွေးချယ်သူကို မိမိ၏ ကိုယ်စား လှယ်အဖြစ် လက်ခံရခြင်း ဖြစ်သည်။

အချိုးကျ ကိုယ်စားလှယ် စနစ်တွင် ပါတီခေါင်းဆောင်ကို တာဝန်ခံရသလို ဖြစ်နေသဖြင့် လက်တွေ့သဘောတွင် ပြည်သူကို ကိုယ်စားပြုခြင်း မဖြစ်တော့ဘဲပါတီခေါင်းဆောင်ကိုသာ ကိုယ်စားပြုသလို ဖြစ်နေသဖြင့် အာဏာရှင် လက်သစ်ကို မွေးထုတ်ပေးသလို ဖြစ်နိုင်၏။

၂။ ပါလီမန် စနစ်တွင် ပါတီများပြီး ကိုယ်စားလှယ်များပေါင်းစုံ ပါဝင်သဖြင့် အစိုးရဖွဲ့ရန် ခက်ခဲခြင်း

ဒီနေရာတွင် ပါလီမာန်စနစ် နှင့် သမ္မတစနစ် ကွဲပြားဖို့ လို၏။

သမ္မတ စနစ်တွင် ပါလီမာန် ကိုယ်စားလှယ်ဆိုသည်မှာ ဥပဒေပြုသူများ၊ ဥပဒေရေဆွဲသူ (Legislature) များသာဖြစ်သည်။ အစိုးရ မဟုတ်ချေ။ အစိုးရအဖွဲ့ကို သမ္မတမှ ဖွဲ့ပြီး သမ္မတကို သီသန့်   ရွေးကောက် တင်မြှောက်သည်။

ပါလီမာန်စနစ်တွင် ပါလီမာန် ကိုယ်စားလှယ်အများဆုံးရသည့် ပါတီက စုစုပေါင်း ကိုယ်စားလှယ် ၅၀ % ကျော်ဖြင့် အစိုးရဖွဲ့ပြီး အများဆုံးရသည့် ပါတီခေါင်းဆောင်က ဝန်ကြီးချုပ် ဖြစ်လာသည်။ အဆိုပါ ဝန်ကြီးချုပ်အား “တန်းတူများထဲမှ ထိပ်ဆုံး (First Among Equals)” အဖြစ် ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။

ပါလီမာန် စနစ်ဖြစ်ပါက ပါလီမာန်တွင် ပါတီတိုင်းမှ ကိုယ်စားလှယ်များပါနေပြီး  အစိုးရဖွဲ့ရန် ကြီးမားသည့် အင်အားဖြင့် ပါတီကြီး တစ်ခုတည်း ရှိရန် အင်မတန် ခဲယဉ်း၏။ ထိုအခါ ညွန့်ပေါင်း အစိုးရ ဖွဲ့ရပြီး .. ပါတီအချင်းချင်း သဘောထား၊ မတူလျှင် အစိုးရက ကွဲပြီး  နောက်အစိုးရ တစ်ခု ထပ်ဖွဲ့ ထပ်ညှိဖို့ ကြိုးစား ဤသို့ဖြင့် တည်ငြိမ်သော အစိုးရကို ဖွဲ့စည်းရန် ခက်ခဲသလို .. ဥပဒေတစ်ခု ပြုရာတွင်လည်း တူညီသော သဘောထားရနိုင်ရန် အင်မတန် ခက်ခဲ၏။ တိုင်းပြည် ရှေ့သွားဖို့ရာ အင်မတန် ခက်ခဲ၏။

အဆိုပါ အားနည်းချက်များသည် ဒုတိယ ကမ္ဘာစစ်မတိုင်မီ ဂျာမနီနိုင်ငံ၏ ပြဿနာ များထဲမှ  ပြဿနာ ဖန်တီးခဲ့သော အရာ တစ်ခု အဖြစ် သုံးသပ်လို့ရပြီး  ပါတီပေါင်းစုံမှ ကိုယ်စားလှယ်ပေါင်းစုံဖြင့် သဘောထား တစ်ခုထဲရနိုင်ရန် အင်မတန်ခက်ခဲသလို အစိုးရ အမျိုးမျိုး ပြောင်းပြီး နောက်ဆုံးတွင် နာဇီပါတီခေါင်းဆောင် ဟစ်တလာ အာဏာရခဲ့ပြီး နာဇီ အာဏာရှင်ခေတ် ဖြစ်လာခဲ့သည့် အကြောင်းအရင်းထဲတွေထဲက တစ်ခု ဖြစ်သွားခဲ့ရသည်။

ထိုသို့ ပြဿနာပေါင်းစုံ တတ်ခဲ့ရသော ဂျာမနီနိုင်ငံကိုယ်တိုင် ဒုတိယ ကမ္ဘာစစ်ပြီးနောက် မိမိတို့ကိုယ်တိုင် ကျင့်သုံးခဲ့သော အချိုးကျ ကိုယ်စားလှယ်စနစ် – မူရင်း (Pure PR) ကို ဒုတိယ ကမ္ဘာစစ်အပြီး အနောက်ဂျာမနီနိုင်ငံအဖြစ် ပြန်လည် တည်ထောင်သောအခါ ၄င်းစနစ်ကို ပြုပြင်ပြီး “ရောနှောထားသော အချိုးကျ ကိုယ်စားလှယ်စနစ် Mixed-Member proportional representation – MMP ဖြင့် ယနေ့အထိ အသုံးပြုလျက်ရှိသည်။

Credit ကိုထိုက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: