Monthly Archives: August, 2014

ကိုရီးယားအကူအညီဖြင့်လေအိတ်ရထားတည်ဆောက်နေ

ကိုရီးယားအကူအညီဖြင့် လေအိတ်ရထား တည်ဆောက်နေကုန်ကျငွေမှာ ခန့်မှန်းမြန်မာငွေ ၄၅ သန်းခန့်ရှိ

အာကာထက် – ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ(၁၀)၊ အမှတ် (၃၃)။

ရန်ကုန်၊

ကိုရီးယားမှအကူအညီယူကာ တည်ဆောက်မည့် လေအိတ်ရထား တည်ဆောက်မှုကုန်ကျငွေမှာ ခန့်မှန်းခြေ မြန်မာငွေ ၄၅ သန်းခန့်ရှိကြောင်း ရထားပို့ဆောင်ရေးဝန် ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးသန်းဌေးက ပြောသည်။

ယင်းရထားတည်ဆောက်ပါက ကိုရီးယားမှ အကူ အညီရယူမည်ဖြစ်ကာ လေအိတ်ရထားများ တည်ဆောက် ပြီးပါက လမ်းထိခိုက်မှုနှင့် ရထားထိခိုက်မှုအား လျော့နည်း စေနိုင်ကြောင်းလည်း သိရသည်။

”ကိုရီးယားကနေ အကူအညီ အကုန်လုံးရယူမှာ မဟုတ်ပါဘူး။ လိုအပ်သလောက်ပဲယူမှာပါ။ ဘတ်ဂျက် ပေါ် မူတည်နေတဲ့အတွက်လဲ စဉ်းစားရပါတယ်”ဟု ဝန် ကြီးက ပြောသည်။

ယင်းလေအိတ်ရထား တည်ဆောက်မည်ဆိုပါက ရထားတွဲအစိတ်အပိုင်းကိုသာ ပြည်ပမှရယူမည်ဖြစ်ပြီး ကျန် ရှိသည့် ကိစ္စများအား ပြည်တွင်း၌သာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

”ကိုရီးယားကနေ ရထားတွဲအစိတ်အပိုင်းတွေပဲယူ မှာပါ။ တပ်ဆင်ခြင်းတွေ၊ ပြင်ဆင်ခြင်းတွေ အားလုံးကို ပြည်တွင်းမှာပဲ တပ်ဆင်သွားမှာပါ” ဟု ရထားသွားလာရေး၊ တိုင်းအမှတ်(၇)မှ ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ဖေစိန် ကပြောသည်။

ယင်းတည်ဆောက်မည့်ရထားသည် အောက်ခံ Spring များအား လေအိတ်နှင့်ပြုလုပ်ထားသည့် လေအိတ်ရထား ဖြစ်ကြောင်းလည်း သိရသည်။

”လေအိတ်ရထားဆိုတဲ့အတိုင်း လေအိတ်ပါပါတယ်။ အောက်ခံ Spring တွေက လေအိတ်နဲ့ဆိုတော့ ရထား ခုန်တာတွေ၊ ယိမ်းတာတွေ သိပ်မဖြစ်တော့မှာဖြစ်သလို စီးရတာလဲ ပိုပြီး သက်သောင့်သက်သာရှိလာပါလိမ့်မယ်” ဟု ယင်းကဆက်လက်ပြောကြားသည်။

‪#‎TheYangonTimes‬

ဗဟိုအာဖရိကတွင်စစ်သွေးကြွခရစ်ယာန်များကြောင့် သောင်းနှင့် ချီသော မွတ်စ် လင်မ် များ ထွက် ပြေး နေ ရ

ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် လူမှုအဆောက်အဦကို တစ်စစီဖဲ့ခြွေနေသည့် စစ်သွေးကြွခရစ်ယာန်တို့၏ ကြမ်းတမ်းစွာ တိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီသော မွတ်စ်လင်မ်တို့သည် အိမ်နီးချင်းနိုင်ငံ များသို့ လေယာဉ်များနှင့် လည်းကောင်း၊ ထရပ်ကားများဖြင့်လည်းကောင်း အလွတ်ရုန်းထွက်ပြေးလျက်ရှိသည်။

မျက်မြင်သက်သေများ၊ ကူညီရေးအေဂျင်စီများနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းသူများ၏ အဆိုအရ လတ်တလောရက်ပိုင်းအတွင်း ခရစ်ယာန် ဘာသာဝင် သောင်းကျန်းသူ တို့သည် မြို့ငယ်များ၊ ရွာများသာမက မြို့တော်၌ပင် ဓားရှည်များဝှေ့ရမ်းလျက် မွတ်စ်လင်မ် အမြောက်အများတို့ကို သတ်ဖြတ်၍ ၎င်းတို့၏နေအိမ်နှင့် ၀တ်ကျောင်းတော်များအား မီးတင်ရှို့ခြင်း၊ လုယက်ခြင်း များ ပြုလုပ် ခဲ့ကြသည်။ ဗဟိုအာဖရိကတွင် မွတ်စ်လင်မ်တို့သည် လူနည်းစုဝင်များ ဖြစ်ကြသည်။

မကြာသေးမီက Saharan Africa အစွန်အဖျားတွင် ဖြစ်ပွားသော မွတ်စ်လင်မ်-ခရစ်ယာန် ပဋိပက္ခများ၏ဂယက်သည် အဆိုးဝါးဆုံး အကြမ်းဖက်မှုတစ်ရပ် အသွင် မြန်ဆန်စွာ ဖြစ်ပွား လျက်ရှိ သည်။ နိုင်ဂျီးရီးယားနှင့် ဆူဒန်နိုင်ငံများကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တင်းမာမှုများ ကူးစက်ပြန့်နှံ့နေပြီဖြစ်သည်။

အဆိုပါနိုင်ငံ၏ ပထမဆုံး မွတ်စ်လင်မ်ခေါင်းဆောင် မိုက်ကယ် ဂျိုတိုဒီးယား Michel Djotodia ဖြုတ်ချခံရပြီး လွန်ခဲ့သည့်လ နယ်နှင့် ခံရချိန်မှစတင်၍ ကြမ်းကြုတ် ရက်စက်မှုများ အဆင့်ဆင့်   မြင့် တက် လာသည်။ ဂျိုတိုဒီယာသည် ရာထူးမှနှုတ်ထွက်ရန် ဒေသတွင်းခေါင်းဆောင်တို့၏ ဖိအားပေးမှုကို ခံခဲ့ရပြီး ပြီးခဲ့သော မတ်လတွင် အာဏာသိမ်းမှု ခံလိုက်ရသည်။ ဤဆင်းရဲနုံ ချာသော နိုင်ငံငယ်၏ တည်ငြိမ်ရေးအတွက် သူက ရည်ရွယ် ထွက်ခွာပေးခဲ့သော်လည်း အာဏာာသိမ်းပြီးချိန်ကထက် အကြမ်းဖက်မှုများ အပြင်းထန်ဆုံး ဖြစ်ပေါ်နေသည်ဟု လူသားချင်းစာနာ ကူညီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ၀န်ထမ်းလုပ်သားတို့က ဆိုကြသည်။

“ပြည်သူတွေဟာ မိမိတို့အသက်ဘေးနဲ့ ပတ်သက်ပြီး အမြဲတမ်း စိုးရိမ်ကြောက်လန့်နေကြတယ်။ ကိုယ်ပိုင်အစီအစဉ်နဲ့ အလွတ်ရုန်းထွက်ပြေးနေကြတယ်။ အကြမ်းဖက်မှုတွေကို မတွေးဝံ့ စရာကောင်းလောက်တဲ့ အဆင့်အထိ အလွန်အကျွံ ဖြစ်သွားခဲ့တယ်” ဟု နယ်စည်းမထား ဆရာဝန်များအဖွဲ့၏ အရေးပေါ်ထောက်ပံ့ ကူညီရေး အစီအစဉ်မှူး Martine Flokstra မှ သောကြာနေ့ တွင် ပြောကြားခဲ့သည်။

သောကြာနေ့က ချာ့ဒ် Chad နိုင်ငံမှ စစ်သားများခြံရံ၍ မွတ်စ်လင်မ် ထောင်ပေါင်း များစွာတို့သည် မိမိတို့ပိုင်ဆိုင်မှုများကို ထုပ်ပိုး တင်ဆောင်ထားသည့် ထရပ်ကားများဖြင့် ဘန်ကွေး မြို့ပြင် သို့ မောင်းထွက်သွားကြရာ ခရစ်ယာန်များက ယင်းထွက်ခွာမှု အပေါ် ၀မ်းသာအားရ ကြွေးကြော်ကြ၏။ ခရစ်ယာန် နယ်မြေများသို့ဖြတ်သန်းရာတွင် လုယက်ရန်ကြိုးပမ်း ခဲ့ကြသည်။ ထရပ်ကားပေါ်   မှ ပြုတ်ကျသည့် အနည်းဆုံး မွတ်စ်လင်မ် အမျိုးသားတစ်ဦးမှာ လူအုပ်ကြီး၏ သတ်ဖြတ်မှုကို ခံရသည်။ တစ်ချိန်တည်းမှာပင် ထောင် ဂဏန်းမက မွတ်စ်လင်မ်တို့ သည် လေဆိပ် ၌ ဘေးကင်း စွာ ထွက်ခွာနိုင်ရေး အတွက် စုဝေးတိုးကြိတ်လျက် ရှိကြသည်။

ဗုဒ္ဓဟူးနေ့တွင် ဇနီးသည်၊ ကလေးငယ် ၅ဦးနှင့်အတူ အနောက်ပိုင်း ယာလုခ်မြို့မှ လေဆိပ်သို့ရောက်ရှိလာသော မုဟမ္မဒ် ဆွာလိဟ် ယဟ်ယာ (၃၈)နှစ်က “သူတို့ဟာ မွတ်စ်လင်မ်တွေကို ဓားတွေနဲ့ သတ်ဖြတ်နေကြပါတယ်” ဟု လည်လှီးသည့်ပုံစံလုပ်ပြရင်း ပြောဆိုသည်။

“ ၂ နှစ်ကျော်ကြာအောင် ဆောက်လုပ်ထားခဲ့တဲ့ ကျွန်တော့်အိမ်ကို ခရစ်ယာန်တွေက မိနစ်ပိုင်းအတွင်း ဖျက်ဆီးလိုက်ကြပါတယ်။ ကျွန်တော် စွန့်ခွာထွက် သွားချင်နေပါပြီ”။

ဤရှုပ်ထွေးပွေလီသော အပြန်အလှန် ပဋိပက္ခအတွင်း မွတ်စ်လင်မ်တို့၏ ပစ်မှတ်ထားခံရသည့် အကြမ်းဖက် ဓားစာခံ ခရစ်ယာန်များလည်း ရှိကြရာ ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက် ထားရေး တာဝန်ရှိသူများက မျိုးသုဉ်းရှင်းလင်းမှု အသွင်ဆောင်သွားမည်ကို စိုးရိမ်လျက်ရှိကြသည်။ အိမ်ပြန်ရမည်ကို ကြောက်ရွံ့နေသော သို့မဟုတ် အိမ်မပြန်နိုင်သော ခရစ်ယာန်တို့မှာလည်း ညစ်ထေးလှသည့် စခန်းများတွင် တအုံတကျင်း ကျန်ရှိနေသည်။ သို့သော် မွတ်စ်လင်မ်တို့အပေါ် တိုက်ခိုက်မှုများက မပြောင်းမလဲ ပြင်းထန်နေဆဲဟု ကူညီကယ်ဆယ်ရေး လုပ်သားများက ဆိုသည်။

ဂျိုတိုဒီးယား၏ ထွက်ခွာမှုသည် Seleka ဟု ထင်ရှားသော မွတ်စ်လင်မ် သူပုန်အဖွဲ့ဟောင်းကို အင်အားချည့်နဲ့သွားစေခဲ့သည်။ ယင်းအဖွဲ့မှ မတ်လတွင် အာဏာချုပ် ကိုင်လိုက်ပြီးနောက် ခရစ်ယာန်များကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရာမှ anti-balaka မည်သော ခရစ်ယာန် စစ်သွေးကြွများကို မွေးဖွားပေးလိုက်လေသည်။ ၎င်း လက်နက်ကိုင်သောင်းကျန်းသူများက မွတ်စ်လင်မ် တို့အား   စော်ကားတိုက်ခိုက်မှု အရှိန်မြင့်ရန် အာဏာ လစ်လပ်နေခြင်းကို အသုံးချလိုက်ကြသည်။

လက်ရှိတွင် ဖရိုဖရဲအနေအထားရောက်နေသော Seleka အဖွဲ့သည် မွတ်စ်လင်မ်တို့အား ယင်းအကြမ်းဖက်မှုများမှ ကာကွယ်ပေးနိုင်စွမ်း အလျဉ်းမရှိတော့။ ကုလလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့်   ၀င်ရောက်လာသော အင်အား ၆၅၀၀ ၀န်းကျင်ရှိ ပြင်သစ်နှင့် အာဖရိကန်တပ်ဖွဲ့များသည်လည်း အကြမ်းဖက်မှုကို ရပ်တန့်အောင် မတားဆီးနိုင်သေးချေ။

အနောက်မြောက်ပိုင်းဒေသနှင့် ဘန်ကွေး၌ လူနည်းစုမွတ်စ်လင်မ်တို့အား တိုက်ရိုက် တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိနေသည်။ Anti-Balaka အုပ်စုဝင်များ၏ ၀ိုင်းရံမှုခံရသော မိမိတို့ကျေးရွာများ အတွင်း ပိတ်မိနေသည့် မွတ်စ်လင်မ်တို့၏ ကံကြမ္မာမှာ စိုးရိမ်စရာ ဖြစ်နေသည်။ မွတ်စ်လင်မ် မိသားစု များစွာတို့မှာလည်း အဓမ္မ နယ်နှင်ခံနေရ၏။

နယ်မြေရွှေ့ပြောင်းမှုရေးရာ အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့ IOM – International Organization for Migration ၏ အဆိုအရ ခရစ်ယာန်စစ်သွေးကြွများနှင့် ယခင်အစိုးရဟောင်း၏ စစ်သားများ ပြန်လည်ခေါင်းထောင် လာပြီး အကြမ်းဖက်မှု ဖြစ်ပွားသော ဒီဇင်ဘာ ၅ ရက်ကတည်းက အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသူပေါင်း ခြောက်သောင်းကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။ ဂျိုတိုဒီးယား နှုတ်ထွက်ပြီးနောက် ထွက်ခွာသူဦးရေ ပိုမိုမြင့်တက်လာခဲ့သည်။

အများစုမှာ ဆွေမျိုးသားချင်းများရှိကြသည့် ချာ့ဒ်၊ ကင်းမရွန်း၊ နိုင်ဂျီးရီးယား၊ နိဂါးနှင့် ဆူဒန် နိုင်ငံသို့ ထွက်ပြေးကြသည်ဟု IOM ၏ စာရင်းများက ဖော်ပြနေသည်။ ၎င်းတို့ထဲတွင် နိုင်ငံသားများ သာမက ပြည်ပလုပ်သားများလည်း ပါဝင်ကြသည်။ ထွက်ပြေးကြသူများအနက် ငါးသောင်းခန့်သည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် မွတ်စ်လင်မ် တိုင်းပြည်တစ်ခုဖြစ်သော ချာ့ဒ်သို့ ဦးတည် ထွက်ခွာသွားကြသည်။

“ လူငါးသောင်းဆိုတာ မြို့ငယ်တစ်မြို့စာ ရှိပါတယ်။ ဒါက လမ်းခရီးတစ်ဝက်မှာပဲ ရှိသေးတယ်။ အခြေအနေ မတိုးတက်မကောင်းမွန်ဘူးဆိုရင် ဒီထက် ပိုတိုးလာဖို့သာ ရှိပါတယ်။ မွတ်စ်လင်မ်တွေ ထွက်ခွာမှုကြောင့် ဗဟို အာဖရိကနိုင်ငံအဖို့ စီးပွားရေးနစ်နာမှု နဲ့ ကြုံတွေ့နေရပြီဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ မွတ်စ်လင်မ် အများစုဟာ အခြေခံ လူသုံးကုန်တင်သွင်းတဲ့ ကုန်သည်တွေ၊ အရောင်းသမားတွေဖြစ်သလို အသားစက်ရုံတွေကိုလည်း လည်ပတ်နေ သူတွေ ဖြစ်ကြလို့ပါပဲ။ ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး မြို့တော်ထဲမှာပင်လျှင် အမဲသားကို အသည်းအသန် ရှာဖွေနေရပါပြီ။ လူ့ဘောင်တစ်ခုလုံး အကြီးအကျယ် နစ်နာဖို့ ရှိနေပါတယ် ” ဟု IOM ၏ အရေးပေါ် အစီအစဉ်မှူး ဂျော်ဗန်နီ ကက်စာနီ Giovanni Cassani မှ ဆိုသည်။

မြို့တော် ဘန်ကွေး၌ ချာ့ဒ်အထူးတပ်ဖွဲ့များနှင့် Seleka သူပုန်ဟောင်းတို့မှ ချာ့ဒ်နယ်စပ်သို့ ထွက်ခွာသည့် မွတ်စ်လင်မ်တို့၏ ထရပ်ကားတန်းကို ကာကွယ်စောင့်ရှောက်ပေး ခဲ့ကြသည်။   ပြင်သစ်နှင့်   အာဖရိကန် စစ်သည်တို့မှာလည်း လုယက်သူများနှင့် ရင်ဆိုင်ရမှုများရှိရာ ထရပ်ကားအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။

ထရပ်ကားပေါ်မှ ကျကျန်ခဲ့သည့် အမျိုးသားတစ်ဦးမှာ လက်များ၊ မတော်တရော်များကို လူရမ်းကားအုပ်စုမှ အမဲဖျက်သလို ဖြတ်တောက်သတ်ဖြတ်လိုက်ကြောင်း၊ လွန်ခဲ့သော (၁၄)ရက်ခန့်ကပင် အကောင်း ပကတိရှိနေသော မွတ်စ်လင်မ်တို့၏ ရပ်ဝန်းများမှာ Anti-Balaka အဖွဲ့လက်ချက်ဖြင့် ၀တ်ကျောင်းများ၊ အိမ်ခြေများ ရစရာမရှိအောင် ပျက်စီးသွားကြောင်း၊ မွတ်စ်လင်မ် တစ်သောင်းခန့်ရှိခဲ့သော ဘော့ဆန်ဂိုအာမြို့တွင် ယခုအခါ ရာဂဏန်းမျှသာ ကျန်ရစ်တော့ကြောင်း၊ မွတ်စ်လင်မ်များ တစ်ဦးမကျန် ထွက်ခွာသွားသော ဒေသများမှအပ တည်ငြိမ်မှု မရှိသေးကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ အရေးပေါ်ကိစ္စများဆိုင်ရာ ဒါရိုက်တာ Peter Bouckaert မှပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်တွင် လေဆိပ်သို့ရောက်လာပြီး ထွက်ခွာရန် စောင့်ဆိုင်းနေသည့် မုဟမ္မဒ် အဗ်ဒိရဟ်မာန်း (၆၂)နှစ်က မိမိ၏ရွာ ဂျဘ၀ီမှာ Anti-Balaka တို့ လက်ချက်ဖြင့် မီးလောင်ပြင်ဖြစ် ခဲ့ပြီး လူအားလုံးနီးပါး သတ်ဖြတ်ခံလိုက်ရကြောင်း၊ စုပြုံသတ်ဖြတ်မှု မဖြစ်ပွားမှီ မိမိ၊ ဇနီသည်နှင့် သားသမီး (၁၂)တို့ ထွက်ခွာလာကြသဖြင့် ကံကောင်းထောက်မစွာ သေဘေးမှ လွတ်လာကြောင်း၊ ဆက်လက်နေထိုင်ပါက မိမိနှင့် မိသားစုကို ခရစ်ယာန်များမှာ ရသည့်နည်းဖြင့် (နှုတ်ပိတ်) သတ်ဖြတ်တော့မည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

Ref : Washington Post
မင်းထွဋ်ခေါင် ဘာသာပြန်သည်။

Web => http://www.m-mediagroup.com/news/31215

Blog => http://mmedianews.blogspot.com/2014/08/blog-post_817.html

တစ်တိုင်းပြည်လုံးကို နလပိန်းတုံး ထင်နေလား . . .

တစ်တိုင်းပြည်လုံးကို နလပိန်းတုံး ထင်နေလား . . .

Published on: August 24, 2014
နေထွန်းနိုင်၊ မာန်သူရှိန်

ရန်ကုန်မြစ်ဝနှင့် ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်စေမည့် မြို့သစ်စီမံကိန်းဝင် ဧရိယာပြပုံအား Google Map မှတစ်ဆင့် တွေ့ရစဉ် (ပုံကြီး)၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်နှင့် ခရိုင်များပြမြေပုံ (ပုံသေး)
(၁)
တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်လုံးကို ရောင်းစားခဲ့ကြပြီးပါပြီ။ ကျောက်စိမ်း၊ တွင်းထွက်၊ သစ် နောက်ဆုံး အမျိုးသမီးတွေကိုပါမချန် တရုတ်အတွက် ပို့ကုန်လုပ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်၊ မြန်မာနိုင်ငံရဲ့ နှလုံးသည်းပွတ်၊ ပင်လယ်ထွက်ပေါက်နဲ့နီးပြီး တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။

ဩဂုတ် ၂၂ ရက်မှာလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးမှာ ဒီကိစ္စ ပေါ်ပေါက်လာပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေမှာရှိတဲ့ မြေဧက ၃ဝဝဝဝ ပေါ်မှာ အကောင်အထည်ဖော်မယ်လို့ ဆိုတယ်။ စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မယ်။ မြို့သစ်စီမံကိန်းပြုလုပ်မယ့် မြေတွေအတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၂၉ အရ ခွင့်ပြုချက်ရထားပြီးပြီ။ မြို့မြေအဖြစ် သတ်မှတ်ဖို့ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်နေပြီလို့ ပြောတယ်။

စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို ငွေကျပ်ဘီလျံ ၇ဝဝဝ၊ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံနဲ့ သုံးနှစ်အတွင်း ရာခိုင်နှုန်း ၇ဝ ပြီးအောင် လုပ်မယ်။ ကုမ္ပဏီက အဆင့်မြင့် တန်ဖိုးနည်းအိမ်ရာ ၂ဝဝဝဝ၊ မိဘမဲ့ကလေးဦးရေ ၂ဝဝဝ အတွက် အဆင့်မြင့်ကျောင်း တစ်ကျောင်း၊ ဘိုးဘွား ၂ဝဝဝ ဆံ့ အဆင့်မြင့်ရိပ်သာ တစ်ခု၊ ခြောက်လမ်းသွား မြစ်ကူးတံတားငါးစင်းကို နိုင်ငံတော်ကို ပြန်လှူ မယ်လို့ ဦးလှမြင့်က ပြောခဲ့ပါတယ်။ စီမံကိန်း ဧရိယာအတွင်းက လယ်ယာလုပ်ကိုင်သူတွေ၊ ကျေးရွာငယ်တွေမှာ နေထိုင်သူတွေကို နစ်နာမှုမရှိအောင် မြေသိမ်းမှုတွေအပေါ် ကုမ္ပဏီက လုံးဝတာဝန်ယူ ညှိနှိုင်းဖြေရှင်းပေးမယ်ဆိုတဲ့ အချက်တွေလည်း ပါပါတယ်။

မြို့သစ်အတွက် လိုအပ်မယ့် လျှပ်စစ်မီး၊ ရေ၊ မီးဘေးလုံခြုံရေးတွေကိုလည်း လုံလောက်စွာထားပေးမယ်။ မြို့သစ်စိမ်းလန်းစိုပြည်ရေးအတွက်လည်း လုပ်မယ်လို့ဆိုတယ်။

(၂)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်မှာ သဝဏ်လွှာဖတ်ရင်း မြို့ပြသစ်စီမံကိန်းအကြောင်း ပြောခဲ့တာပါ။ လွှတ်တော်ရဲ့ အကြံပြုချက် တောင်းခံတာမဟုတ်သလို လုပ်ဖို့ဆုံးဖြတ်ထားတဲ့ စီမံကိန်းတစ်ခုကို ဝတ်ကျေတန်းကျေ အသိပေးပြောတဲ့ ပုံစံမျိုးပါ။

ဒီလိုမပြောမီမှာ စီမံကိန်းအကြောင်းအရာကို လျှို့ဝှက်ခဲ့ပါတယ်။ လျှို့ဝှက်ရတဲ့ အကြောင်းရင်းက စီမံကိန်းအတွက် ပြင်ဆင်မှုတွေ လုပ်တဲ့အခါ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ပေါ်လာနိုင်တဲ့အတွက် စီမံကိန်းသတင်း လုံခြုံမှုကို ကန့်သတ်ခဲ့ရတယ်လို့ ဦးလှမြင့်က ပြောပါတယ်။ သူ့ရဲ့ပြောဆိုမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက လက်မခံပါဘူး။ ပြည်သူလူထုအတွက်လည်း အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။ အံ့ဩတယ်ဆိုတာထက် စိုးရိမ်စိတ်တွေ ပိုများခဲ့တာပါ။

မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထု စိုးရိမ်ခဲ့ကြတဲ့ အဓိကအချက် နှစ်ချက်ရှိပါတယ်။ (၁) အချက်က ဒီစီမံကိန်းကို ဘာကြောင့်လျှို့ဝှက် ရေးဆွဲခဲ့တာလဲ။ (၂) အချက်က စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာ မြို့သစ်အများပိုင် ကုမ္ပဏီဆိုတာ ရုတ်တရက်ပေါ်လာတဲ့ကုမ္ပဏီ ဖြစ်တဲ့အချက်ပါ။ ဘာတွေလုပ်နေမှန်း မသိရသလို ဘယ်သူတွေ ပိုင်ဆိုင်ထားမှန်းလည်း မသိပါဘူး။

အခုချိန်အထိ အခြေအမြစ် အတိအကျ မသိရ၊ ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုကို အရေးပါတဲ့ စီမံကိန်းတစ်ခု လက်လွတ်စပယ် ပေးခဲ့တယ်လို့ အထင်ရောက်စေတဲ့ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘာတွေဘယ်လို ပတ်သက်မှုရှိနေလဲ။

(၃)
၂ဝ၁၂ ခုနှစ်အတွင်းပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်၊ သမ္မတရုံးရဲ့ ခွင့်ပြုချက်နဲ့ ပေါ်ပေါက်လာတဲ့ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းဆိုတာ ပေါ်လာခဲ့တယ်။ တန်ဖိုးနည်းအိမ်ရာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခရိုနီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး တိုက်ခန်းတစ်ခန်း ကြမ်းခင်းဈေး ကျပ်သိန်း ၃ဝဝ ခန့် သတ်မှတ်ခဲ့တာကြောင့် ရန်ကုန်မြို့တွင်း ကန်ထရိုက်တိုက်ခန်းတွေရဲ့ ဈေးနှုန်းဟာ နှစ်ဆခွဲသုံးဆအထိ မြင့်တက်သွားပါတယ်။

အိမ်ပိုင်၊ တိုက်ခန်းပိုင်မရှိတဲ့သူတွေ မဆိုထားနှင့် အိမ်ပိုင်၊ တိုက်ခန်းပိုင်ဝယ်ဖို့ ငွေစုထားတဲ့သူတွေတောင် အခုချိန်ထိ မဝယ်နိုင်တဲ့ အခြေအနေ ဖြစ်ကုန်ပါတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆိုတာ ရေနစ်သူကို ဝါးကူထိုးသလို ဖြစ်ခဲ့ပါတယ်။

ဩဂုတ် ၂ဝ ရက်မှာ သမ္မတဦးသိန်းစိန်က လက်ရှိဆောင်ရွက်နေတဲ့ Affordable Housing Project လုပ်တဲ့အခါ ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေးမနေဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေး၊ စစ်တွေစတဲ့ မြို့တွေမှာပါ ဆင်းရဲတဲ့သူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေ နေထိုင်နိုင်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ Public Housing Project တွေကို အကောင်အထည်ဖော်ဖို့လိုကြောင်း ပြောပါတယ်။

သမ္မတပြောပြီးလို့ နှစ်ရက်အကြာ ဩဂုတ် ၂၂ ရက်မှာ ရန်ကုန်မြို့သစ်စီမံကိန်း ထွက်ပေါ်ခဲ့တယ်။ လျှို့ဝှက်စီမံကိန်းတစ်ခု ဖြစ်နေခဲ့တယ်။ ဒီစီမံကိန်းကို ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်မယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သိဖို့လိုပါတယ်။

(၄)
မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာမှာ မှတ်ပုံတင်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီ မှတ်ပုံတင်တဲ့အချိန်မှာ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ငွေကျပ်တစ်ဘီလျံ (ကျပ်သန်း ၁ဝဝဝ) ပဲရှိပါတယ်။ အခု ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဒီကုမ္ပဏီက ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထားတဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ (ငွေကျပ်ဘီလျံ ၁၅ဝဝဝ နီးပါး) ဖြစ်ပါတယ်။

ငွေကျပ်တစ်ဘီလျံကို မတည်ရင်းနှီး မြှုပ်နှံထားတဲ့ ကုမ္ပဏီတစ်ခုက ငွေကျပ် ဘီလျံ ၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းအတွက် ဘယ်ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမလဲ။ တကယ်လို့ ငွေကျပ်ဘီလျံ ၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နိုင်ငံတော်ကို အခွန်ငွေအနည်းဆုံး ဘီလျံ ၅ဝဝဝ ပေးဆောင်ထားပြီးဖြစ်တဲ့ ရလမ်းပြနိုင်မယ့်ငွေဖြစ်ဖို့ လိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်ငွေစုစုပေါင်းကို ပြန်ကြည့်တဲ့အခါ ပြီးခဲ့တဲ့နှစ် တစ်နိုင်ငံလုံး ပြည်သူတွေပေးဆောင်ခဲ့တဲ့ အခွန်ငွေဟာ ငွေကျပ်ဘီလျံ ၃၅ဝဝ ပဲ ရှိခဲ့ပါတယ်။

ဒါကြောင့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီရဲ့ အခွန်ငွေပေးဆောင်မှုကို ဘယ်လိုပြနိုင်မလဲ။ ဒီလိုမှမဟုတ် ပြည်ပကရရှိတဲ့ ငွေကြေးတွေနဲ့ လုပ်ဆောင်မှာလားဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။

ကုမ္ပဏီကို တည်ထောင်ခဲ့သူဟာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး မြေနေရာကို စီးပွားဖြစ်အဆောက်အအုံရောင်းချခွင့် ရရှိထားတဲ့ ကုမ္ပဏီဖြစ်တယ်။ အဲဒီကုမ္ပဏီမှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

(၅)
ရန်ကုန်မြို့သစ် စီမံကိန်းကိုလုပ်မယ့် အများပိုင်ကုမ္ပဏီမှာ တရုတ်လုပ်ငန်းရှင်တွေ အဓိကပါဝင်နေတယ်ဆိုတဲ့ သတင်းအတွက် သီးခြားအတည်ပြုချက် မရပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့သစ် စီမံကိန်းရဲ့ နောက်ကွယ်မှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ဒီစီမံကိန်းကို စီးဆင်းလာမယ့် ငွေကြေးတွေဟာ တရုတ်နိုင်ငံမှာလုပ်နေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကိစ္စတွေနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။

တရုတ်သမ္မတ ရှီကျင်ပင်းလက်ထက်မှာ တရုတ်အစိုးရအဖွဲ့တွင်း အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင် အပြင်းအထန် အရေးယူနေတာပါ။ သူ့လက်ထက်မှာ အဆင့်အသီးသီးမှာ ရှိနေတဲ့ ပါတီအရာရှိပေါင်း နှစ်သိန်းနီးပါး စစ်ဆေးခံနေရပါတယ်။

ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့သူတွေ၊ အကောင်အထည်ဖော်ဖို့ ခွင့်ပြုတဲ့သူတွေအားလုံးဟာ အကြံကြီးတာလား။ အကြံပက်စက်တာလား။ ပြည်သူလူထုနဲ့ နိုင်ငံတစ်နိုင်ငံလုံးကို နလပိန်းတုံးလို့ ထင်တာလား။ ဒီလို အတွေးရောက်စေပါတယ် . . . . .
ဒါ့အပြင် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ CNPC ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌဟောင်း အပါအဝင် အဲဒီကုမ္ပဏီက တာဝန်ရှိသူ ၄၅ ဦးဟာ စစ်ဆေးမေးမြန်း ခံထားရပါတယ်။ ၂ဝ၁၃ ခုနှစ် ဩဂုတ်လထဲမှာပဲ CNPC အဆင့်မြင့်အုပ်ချုပ်ရေး အရာရှိလေးဦးကို လာဘ်စားမှုနဲ့ ရေးယူခဲ့ပါတယ်။ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် အရေးယူတာတွေအပြင် တခြားလှုပ်ရှားမှုတွေကိုလည်း တရုတ်အစိုးရက စောင့်ကြည့်နေပါတယ်။ ရာထူးအပြောင်းအရွှေ့ ကိစ္စတွေမှာ ပိုင်ဆိုင်မှုတွေကို တရားဝင်ကြေညာစေတာအပြင် အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်လို့ မသင်္ကာစရာတွေ့ရင်လည်း တိုင်ကြားဖို့ ပြည်သူတွေနဲ့ မီဒီယာတွေကို တပ်လှန့်ထားပါတယ်။

တရုတ်အစိုးရရဲ့ လုပ်ဆောင်မှုဟာ တရုတ်နိုင်ငံအတွက် ကောင်းတဲ့အခြေအနေ ဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ အဓိက အကြောင်းရင်းက တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲကို စီးဆင်းလာနိုင်တဲ့အချက် ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲ ရောက်နေပြီလား။ ရန်ကုန်မြို့သစ် စီမံကိန်းမှာ ပါဝင်ပတ်သက်နေသူတွေဟာ တရုတ်လုပ်ငန်းရှင်တွေ ဖြစ်တယ်ဆိုရင် သူတို့က မြန်မာပြည်ဖွား တရုတ်တွေလား။ ဒီကုမ္ပဏီမှာ ပါဝင်ပတ်သက်နေသူတွေကို အများပြည်သူသိအောင် ထုတ်ပြန်ရမယ်။ တကယ်လို့ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတာ အမှန်ဆိုရင် သူတို့တွေရဲ့မှတ်ပုံတင်၊ ကိုယ်ရေးရာဇဝင်နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားတွေ တကယ်ဟုတ်၊ မဟုတ် ဆိုတာကိုပါ ဖော်ထုတ်ရပါလိမ့်မယ်။

(၆)
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းတွေမှာ တရုတ်တွေ ဝင်ရောက်ဈေးကစားနေတယ်ဆိုတဲ့ အချက်က အိမ်ခြံမြေ အကျိုးဆောင်တွေကြားမှာ အခိုင်အမာ ပြောဆိုနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံ ငွေမည်းစီးဆင်းမှု မြင့်မားလာခြင်းက ငွေကြေးစနစ် ယိုင်လဲနိုင်ခြေဖြစ်ဖို့ အကြောင်းတစ်ခု ဖြစ်နေပြီလို့ မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (FIU) က ပြောထားပါတယ်။

သူတို့ပြောဆိုချက်တွေအရ ဘိန်း၊ မူးယစ်ဆေးဝါး၊ မှောင်ခိုလုပ်ခဲ့သူတွေထဲက ရာခိုင်နှုန်း ၅ဝ ကျော် အများစုဟာ အိမ်ဝယ်၊ မြေဝယ်၊ ကားဝယ်ပြီး ဘဏ်ထဲထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ငွေကြေးခဝါချမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ငွေမည်းတွေ မြန်မာနိုင်ငံထဲ ဘယ်လောက်စီးဆင်းနေလဲဆိုတာ မှန်းဆရခက်ပါတယ်။

အခုချိန်မှာ ငွေကြေးခဝါချမှု၊ ငွေမည်းစီးဆင်းမှု သတင်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံး ပြိုကျသွားနိုင်တဲ့အထိ ကိုင်လှုပ်နိုင်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ အမှန်တကယ်ပဲ စိုးရိမ်စရာကောင်းပါတယ်။

(၇)
ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့သူတွေ၊ အကောင်အထည်ဖော်ဖို့ ခွင့်ပြုတဲ့သူတွေအားလုံးဟာ အကြံကြီးတာလား။ အကြံပက်စက်တာလား။ ပြည်သူလူထုနဲ့ နိုင်ငံတစ်နိုင်ငံလုံးကို နလပိန်းတုံးလို့ ထင်တာလား။ ဒီလို အတွေးရောက်စေပါတယ်။ ဘာလို့လဲဆိုတော့ ဒီစီမံကိန်း ဧရိယာဟာ ရန်ကုန်မြို့သစ်တွေ အားလုံးထဲမှာ သန်လျင်မြို့သစ်၊ သီလဝါမြို့သစ်၊ မင်္ဂလာဒုံမြို့သစ် အားလုံးထဲမှာ ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ အချက်အချာကျပြီး မြို့ထဲနဲ့ ခဲတစ်ပစ်ပဲကွာတဲ့ အနေအထားမှာရှိတဲ့ နေရာဖြစ်တယ်။ သူနဲ့ ခဲတစ်ပစ်သာရှိတဲ့ ရန်ကုန်မြို့ထဲမှာ တစ်စတုရန်းပေကို ကျပ်နှစ်သိန်းကနေ သိန်း ၂ဝ ရှိပါတယ်။

ဆိုလိုတဲ့အဓိပ္ပာယ်က တစ်ဧကကို ရန်ကုန်မြို့ထဲမှာ အနိမ့်ဆုံးဈေးနဲ့ တွက်ရင်တောင် အမေရိကန်ဒေါ်လာ ၁ဝ သန်းရှိတယ်။ အမြင့်ဆုံးဈေးနဲ့တွက်ရင် ဒေါ်လာသန်း ၁ဝဝ၊ ၁၅ဝ လောက် ရှိတယ်။ ဒီခဲတစ်ပစ်သာ ရှိတဲ့နေရာမှာ မြေကွက်ရဲ့ဈေးနှုန်းဟာ မပြုပြင်ရသေးတဲ့ အခြေအနေမှာ ဒေါ်လာဘီလျံ ၂ဝဝဝ လောက်တန်တယ်။ သန်း ၁ဝဝ နဲ့ တံတားငါးစင်း ထိုးပြီးသွားလို့ တစ်ဘီလျံနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီးလို့ ပြုပြင်ပြီးသွားတဲ့အချိန်မှာ ဘီလျံဒေါ်လာ ၅ဝဝဝ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီဧရိယာရဲ့ အကျယ်အဝန်းက စင်ကာပူရဲ့ လေးပုံတစ်ပုံရှိတယ်။ ရှန်ဟိုင်းရဲ့ Pu Dong ဧရိယာလောက် ရှိတယ်။ ဟောင်ကောင်ရဲ့ Kowloon ကျွန်းနီးပါးလောက် ရှိတယ်။

နောက်တစ်ချက်က ဒီနေရာကို ရွေးချယ်ထားတဲ့သူဟာ ကွမ်းခြံကုန်းမှာ စုစုပေါင်း မဂ္ဂါဝပ် ၃၂၇ဝ အထိ ထွက်ရှိနိုင်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ ဆက်စပ်နေပါတယ်။ ဒီမြို့ပြ စီမံကိန်းအတွက် ဒီဓာတ်အားပေးစက်ရုံကို ကြိုတင်တည်ဆောက်ထားဖို့ ကြိုးစားခဲ့ပုံရပါတယ်။ ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်မယ့် ကုမ္ပဏီက အေးရှားဝေါလ်ကုမ္ပဏီ အုပ်စုခွဲဖြစ်တဲ့ ကောင်းမြတ်သောမြေကုမ္ပဏီ ဖြစ်ပါတယ်။

ဩဂုတ် ၂၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာလည်း ကွမ်းခြံကုန်းမှာတည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ စက်ရုံကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ ညှိနှိုင်းခဲ့တဲ့အကြောင်း၊ စက်ရုံပြီးသွားရင် ရန်ကုန်နဲ့ ကွမ်းခြံကုန်းတဝိုက်မှာ ဘယ်လိုအကျိုးဖြစ်ထွန်းကြောင်း စတာတွေကို မြို့သစ်စီမံကိန်း သတင်းနဲ့အတူ ချိန်သားကိုက် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီဖော်ပြချက်ကို ကြည့်ခြင်းအားဖြင့် မြို့သစ်စီမံကိန်းနဲ့ ကျောက်မီးသွေးစီမံကိန်းစက်ရုံဟာ ကြိုတင်အကွက်ချထားတာ ဖြစ်နေပါတယ်။ မြို့သစ်စီမံကိန်းနဲ့ အေးရှားဝေါလ်ကုမ္ပဏီကလည်း ပတ်သက်နေနိုင်ပါတယ်။

အေးရှားဝေါလ်ဟာ မြို့သစ်စီမံကိန်းကို ကြိုတင်သိရှိပြီး တွက်ချက်ထားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစီမံကိန်းကို လုပ်ခဲ့သူတွေဟာ အကြံကြီးတဲ့သူတွေဖြစ်ပြီး ဒီနောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ ဒါမှမဟုတ် ဟောင်ကောင်က တရားမဝင်ငွေကြေးတွေ ရှိနေနိုင်ပါတယ်။

(၈)
ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်လဲ။ ဒီလို မြို့သစ်ကိစ္စဟာမျိုးက အစိုးရကပဲလုပ်ရတာ ဖြစ်ပါတယ်။ ဒီလောက် ဧရိယာတန်ဖိုးကြီးတဲ့ မြေတွေကို အစိုးရက မြေသိမ်းဖို့အတွက် ဥပဒေပြုရပါမယ်။ မြေပိုင်ရှင်တွေကို လျော်ကြေးပေးရမယ်။ ဘယ်လောက်လျော်ကြေးပေးမယ်ဆိုတာကို ဥပဒေနဲ့အညီ ပြောရမယ်။ တစ်ဧကကို သိန်း ၁ဝဝ၊ ၂ဝဝ ပေါက်ရင် ၅ဝဝ ထက်ပိုမပေးဘူး။ မရောင်းချင်တဲ့သူတွေကို မြေဘယ်လောက်ပေးမယ်။ တိုက်ခန်းပေးမယ်။ ရောင်းချင်တဲ့သူတွေကို ကာလပေါက်ဈေးက အခု ၁ဝဝ ရှိရင် ၂ဝဝ ပေးမယ်။ ဒီလိုမျိုး ဥပဒေပြုပြီး သိမ်းရမယ့်ဟာမျိုးကို လက်လွတ်စပယ်နဲ့ ကုမ္ပဏီတစ်ခု၊ ဘာမှ အခြေအမြစ် ခိုင်ခိုင်မာမာမပြနိုင်သေးဘဲ နိုင်ငံတကာမှာ ရှယ်ယာရောင်းစားမယ့် ကုမ္ပဏီတစ်ခုကို လွယ်လင့်တကူပေးတာဟာ အကြံပက်စက်လွန်းပါတယ်။

သူတို့လုပ်မယ့်ပုံစံက ရှင်းပါတယ်။ ငွေနည်းနည်းနဲ့ ရင်းနှီးမြှုပ်မယ်။ ပြီးတဲ့အခါ ပြည်ပနိုင်ငံတစ်ခုမှာ ကုမ္ပဏီကို listed လုပ်ပြီး နိုင်ငံတကာကလူတွေကို ရှယ်ယာရောင်းမှာ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့တိုးချဲ့ဖို့ သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်းကို ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာရှိတဲ့ အေးရွာဘက်မှာ ခရိုနီတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ မြေကစားမှုတွေ ဖြစ်ခဲ့ပါတယ်။ အေးရွာဘက်ခြမ်း မြေကစားမှုတွေမှာ တစ်ဧက ငွေကျပ် ၁၈ သိန်းကနေ သိန်း ၁၆ဝ အထိ ဖြစ်သွားချိန်မှာ ရပ်သွားပြီး တရုတ်တွေ ဝင်ကစားပါတယ်။ တစ်ဖက်မှာလည်း ရန်ကုန်တစ်ဖက်ခြမ်းကို ကိုရီးယားနိုင်ငံဘက်က တံတားထိုးမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီအချက်တွေကလည်း အခုထုတ်ပြောလာတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကြိုတင်အကွက်ချစီမံကိန်း ဖြစ်နိုင်ပါတယ်။

(၉)
အခုလုပ်မယ့် စီမံကိန်းအရ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေအပြင် နောက်ထပ် ဒလ၊ ကွမ်းခြံကုန်း ပယ်လယ်ထွက်ပေါက်အထိ ထပ်ချဲ့နိုင်တဲ့ ဧရိယာတွေ ရှိနေတယ်။

နောက်ပြီး ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်တင် မကဘူး။ တိုင်းပြည်မှာ မြေနေရာအကျယ်ဆုံးနဲ့ တန်ဖိုးအရှိဆုံးမြေနေရာ ဖြစ်ပါတယ်။ ဒါကို လက်လွတ်စပယ် ရောင်းစားခဲ့တာက လုံးဝမဖြစ်နိုင်ဘူး။ အခုဖြစ်နေတဲ့ပုံစံက ရောင်းစားစရာမရှိတော့ နောက်ဆုံး ပင်လယ်ဘက်ထွက်ပေါက်ကို ရောင်းစားသလို ဖြစ်နေပါတယ်။

စီမံကိန်းရဲ့ နောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ ရှိနိုင်တာဖြစ်လို့ တိုင်းပြည်ရဲ့ အချက်အချာ၊ ဆိပ်ကမ်း၊ ပင်လယ်နဲ့နီးတဲ့ ထွက်ပေါက်တစ်ခုကို လက်လွတ်စပယ် ရောင်းစားခဲ့ခြင်းရဲ့ နောက်ကွယ်က ကိစ္စတွေကို စုံစမ်းဖော်ထုတ်ရပါမယ်။

အများပိုင်ကုမ္ပဏီ ဆိုပေမယ့် ဒီနောက်ကွယ်မှာ တရုတ်တွေပဲ ရှိနိုင်ပါတယ်။ ဒီစီမံကိန်းကို ပြည်တွင်းကလူတွေ မရင်းနှီးနိုင်ဘူး။ ဒီနောက်ကွယ်မှာ နိုင်ငံခြားကုမ္ပဏီတစ်ခုက ငွေကြေးထောက်ပံ့မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့က ပထမဆုံး ဖော်ထုတ်ရမယ့်ကိစ္စက ဒီစီမံကိန်း ဖြစ်လာပါပြီ။

စုံစမ်းလို့ မရဘူးဆိုတာကိုတော့ မဖြစ်နိုင်ပါဘူး။ ၂ဝ၁၁ ခုနှစ်တုန်းက အိမ်ခြံမြေပိုင်ဆိုင်မှု ကိစ္စတွေနဲ့ အမှုဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦးရဲ့ အမှုကိုတောင် ဖော်ထုတ်နိုင်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ သတင်းမီဒီယာတွေရဲ့ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းတွေက ထောက်ပံ့နေသလဲဆိုတဲ့ အချက်သိဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့သေးတာပဲ။

(၁၀)
အခုစီမံကိန်းကို လုပ်ကိုင်မယ့် အများပိုင်ကုမ္ပဏီက လူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ဖော်ထုတ်ရပါမယ်။ လက်ရှိအချိန် မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီလို့ ပြောပေမယ့် အများပိုင်တာ တစ်ခုမှမရှိသေးဘဲ ခရိုနီတွေပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကြားထဲမှာ နာမည်ပျက်တွေ အများကြီးဖြစ်နေတယ်။ သူတို့သားသမီးတွေ၊ သူတို့မိသားစုဝင်တွေရဲ့ လုပ်ငန်းတွေက အရမ်းကျယ်ပြန့်နေပါတယ်။ တိုင်းဒေသကြီးတွေကို အာဏာခွဲဝေပေးတဲ့ အချိန်ကစပြီးတော့ အဂတိလိုက်စားမှု၊ ခြစားမှုတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေကြားထဲမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

တိုင်းပြည်က ဖွတ်မွဲပြာစု ဖြစ်ရတဲ့အထဲ ရှိသမျှ သယံဇာတတွေကို ရောင်းစားလို့ကုန်လို့ နောက်ဆုံးအချိန်မှာ ဒီဟာကိုပါ ထပ်ရောင်းစားမယ်။ တိုင်းပြည်ရဲ့ အသည်းနှလုံး၊ ရန်ကုန်မြို့ရဲ့ အသည်းနှလုံး။ ပင်လယ်ဘက်ထွက်ပေါက် အကြီးဆုံး အကောင်းဆုံးမြေနေရာ။ မြန်မာတစ်ပြည်လုံးမှာ တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားမယ်ဆိုတာကို လုံးဝလက်မခံနိုင်ဘူး။ ပြည်သူလူထုက လက်ခံလို့မရဘူး။

အခုချိန်မှာ အစိုးရအနေနဲ့ လုပ်ရမှာက စီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာပါ။ ပြီးမှ စီမံကိန်းလုပ်ကိုင်ခွင့်အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအားလုံး ပါဝင်မယ့် Developer တွေကိုခေါ်ပါ။ ဒီလိုခေါ်ပြီးမှ စီမံကိန်းအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးပါ။ ဒါမှသာလျှင် တရားဥပဒေနဲ့ကိုက်ညီပြီး မှန်ကန်မျှတမှုရှိတဲ့ စီမံကိန်း ထွက်ပေါ်လာမှာပါ။

(၁၁)
ဒီစီမံကိန်းရဲ့ တန်ဖိုးဟာ အကောင်အထည်ဖော်ပြီးသွားရင် အမေရိကန်ဒေါ်လာ ဘီလျံထောင်နဲ့ချီပြီး တန်ဖိုးရှိမယ့်နေရာ ဖြစ်ပါတယ်။ အခုရင်းနှီးမှာက ၁၅ ဘီလျံပဲ ရှိပါတယ်။

ဒီကိစ္စမှာ အေးရှားဝေါလ်ကုမ္ပဏီလည်း ပတ်သက်မှုရှိနိုင်ပါတယ်။ အေရှားဝေါလ်နောက်ကွယ်မှာ တရုတ်တွေ ပတ်သက်မှုရှိတယ်။ ငွေမည်းတွေ ပတ်သက်မှုရှိတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ကအဓိကလုပ်ကိုင်နေတဲ့ စီမံကိန်းတွေမှာ ပတ်သက်နေပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း မြစ်ဆုံစီမံကိန်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းတစ်လျှောက်လုံးကို ဖြတ်ပြီးသွယ်တန်းထားတဲ့ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းတွေမှာ ပတ်သက်နေပါတယ်။

အခု ရန်ကုန်မြို့ကိုပိတ်ဆို့ပြီး ပင်လယ်ထွက်ပေါက် တစ်ခုလုံးကိုယူမယ့် ရန်ကုန်မြို့သစ် စီမံကိန်းမှာလည်း အေးရှားဝေါလ်ကုမ္ပဏီက ကင်းကင်းရှင်းရှင်း မရှိပြန်ဘူး။ ဒီသုံးခုစလုံးမှာ အေးရှားဝေါလ်ကုမ္ပဏီနဲ့ တရုတ်လုပ်ငန်းရှင်တွေ ပတ်သက်နေတာဟာ တိုက်ဆိုင်မှု မဟုတ်တော့ပါဘူး။

မြစ်ဆုံစီမံကိန်းကိစ္စမှာ အကျိုးအမြတ်တွေကို တရုတ်ဘက် ရွှန်းရွှန်းဝေပြောခဲ့ပါတယ်။ လက်ပံတောင်းတောင် စီမံကိန်းမှာလည်း ဒီအတိုင်းပါပဲ။ လက်တွေ့မှာ ဖြစ်မလာပါဘူး။ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စမှာလည်း မြို့တော်ဝန်ဦးလှမြင့်က အကျိုးအမြတ်တွေအကြောင်း ပြောခဲ့တာဟာ မြစ်ဆုံ၊ လက်ပံတောင်းကိစ္စတွေမှာ တရုတ်တွေပြောတာနဲ့ အတူတူလို ဖြစ်နေပါတယ်။

အထူးသဖြင့် မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်း၊ ရထားလမ်းစီမံကိန်း အစရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လာရင် ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်ခဲ့သူတွေဟာ ပြည်သူတွေကို နလပိန်းတုံးလို ထင်ခဲ့တာလား။ တစ်တိုင်းပြည်လုံးကို နလပိန်းတုံးလို ထင်ခဲ့တာလား။ အခု ရန်ကုန်မြို့သစ် စီမံကိန်းဆိုပြီး ရန်ကုန်ကို တရုတ်တွေ ရောက်လာပြီလား။ ပြည်သူတွေက နလပိန်းတုံးတွေ မဟုတ်ပါဘူး။

– See more at: http://news-eleven.com/

အစ္စရေးကင်းထောက် လေယာဉ်ကို အီရန်တို့မှ ပစ်ချခဲ့ပြီးနောက် ၄င်းယာဉ်၏ အပျက်အစီးပုံရိပ်များကို အီရန်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသ

အစ္စရေးကင်းထောက် လေယာဉ်ကို အီရန်တို့မှ ပစ်ချခဲ့ပြီးနောက် ၄င်းယာဉ်၏ အပျက်အစီးပုံရိပ်များကို အီရန်ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသ
*********************************************************************************
အီရန်နိုင်ငံ နာတန့်ဇ်ရှိ နျူကလီးယား ဓါတ်ပေါင်းဖိုရှိရာသို့ ဦးတည်ပျံသန်းခဲ့သည့် အစ္စရေးကင်းထောက် လေယာဉ်ကို အီရန်တို့မှ ပစ်ချခဲ့ပြီးနောက် ၄င်းယာဉ်၏ အပျက်အစီးပုံရိပ်များကို အီရန်ရုပ်မြင်သံကြားမှ (၂၅-၈-၁၄) ရက်နေ့က ထုတ်လွှင့်ပြသခဲ့ကြောင်း သိရပါသည်။ နာတန့်ဇ်ရှိ အခြေခံအဆောက်အဦးများဟာ အီရန်နှင့် အခြားနိုင်ငံများအကြား နျူကလီးယားနှင့် ပတ်သက်သည့် အငြင်းပွါးမှုများ၏ အဓိကအကြောင်းအရင်း တစ်ခုပဲဖြစ်ပါသည်။ အီရန်နှင့် အင်အားကြီး(၆)နိုင်ငံတို့ဟာ စီးပွါးရေး ပိတ်ဆို့မှုများကို ဖြစ်ပေါ်စေသည့် လိပ်ခဲတည်းလည်း အခြေအနေကို အဆုံးသတ်ဖို့ ကြိုးစားနေကြပါသည်။ အီရန်အနေဖြင့် ၄င်း၏နျူကလီးယားဆိုင်ရာ နည်းပညာများကို စွန့်လွှတ်ရန် အစ္စရေးက တောင်းဆိုခဲ့ပြီး အီရန်ကလည်း အစ္စရေးနှင့် အနောက်မဟာမိတ်နိုင်ငံများဟာ ၄င်းတို့၏ နျူကလီးယားဆိုင်ရာ နည်းပညာများကို ကွန်ပျူတာဗိုင်းရပ်များဖြင့် တိုက်ခိုက်နေသည်ဟု စွပ်စွဲခဲ့ပါသည်။ အိုင်အာရ်ဂျီစီ လေတပ်ခေါင်းဆောင်က ၄င်းယာဉ်ဟာ ဟားမီးစ်အမျိုးအစား ကင်းထောက်ယာဉ်ဖြစ်ပြီး (၈၀ဝ)ကီလိုမီတာ ပတ်ပတ်လည်ရှိ အရာများကို ထောက်လှမ်းနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ရန်ကုန် ဟိုတယ်မှာ ဇွဲနေ၀င်းနှင့် တစ်ညတာ

ရန်ကုန်မြို့ကြီးဝန်းကျင်တစ်ခုလုံး တ၀ုန်းဝုန်းနှင့် မိုးရွာနေ၏…
ညနေ (၆နာရီ ၄၀) ဟိုတယ်တွင်းသို့ အနက်ရောင် ကားတစ်စီး အရိန်နှင့် မောင်းဝင်လာသည်။

ဟိုတယ်မန်နေဂျာမှ ၀န်ထမ်းများ နားနေခန်းသို့ ဟိုတယ်ဝန်ထမ်းအားလုံး (၁၆) ယောက်ကို ခေါ်လိုက်၍ အရေးပေါ်ပြောစရာရှိသည်ဟု အကြောင်းပြခဲ့သည်။

သို့သော် ဟိုတယ်၏ (၃)ထပ်မြောက် စူပါဖန်စီ ( Super Fancy ) ဟုခေါ်သော ရေအေး ရေနွေး ချိုးခန်းအပြင် ၄၈ လက်္မ ဖန်သားပြင်ပြားပြားနက်နက်တီဗွီ နှစ်လုံးနှင့် အင်တာနက် အပါဝင် ဆာရောင်းဆောင်း တပ်ဆင်ထားသော အခန်းအမှတ် (၁၆) အား သန့်ရှင်းရေးလုပ်ပေးနေကြသော သူများ ကျန်နေခဲ့သည့်အပြင် အထူးစူပါ ခန်းများအား လိုက်လံ၍ အစားသောက်ထည့်ပေးနေရသော ဆားဗစ် များလည်း ရောက်မလာသေး၍ ဟိုတယ်မန်နေဂျာကြီး အတော်ကြီးကိုပင် ဒေါပွကာ လက်နှစ်ဖက်လုံးဖြင့် သူ၏ ခေါင်းကို ကြမ်းကြမ်းကြီးပင် ကုတ်လေသည်။
ဟိုတယ်ဝန်ထမ်းများအားလုံး နားနေခန်းမှ ကျန်နေသူများအားစောင့်နေကြရင် တီးတီးတွတ်တွတ်ပြောကြလေသည်မှာ “တခုခုတော့ တခုခုပဲ…ဒီလောက် အသဲသန်ဖြစ်နေတာဆိုရင် လူကြီး တယောက် ယောက်က အတိုမလေးနဲ့ လာတည်းမယ့်ပုံတော့ ရှိတယ်” ဟုပင်ဖြစ်သည်။

ရန်ကုန်ဟိုတယ်သည် စစ်ဗိုလ်ချုပ်အချို့ ၀န်ကြီး အချို့နှင့် ခရိုနီတချို့တို့ကလည်း မကြာမကြာ အိမ်ကမယားအား ငြီးငွေ့၍ သွေးနုသားနုလေးများဖြင့် လာရောက်၍ လန်းဆန်းကြသော နေရာလည်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ် (၂၀၁၃) ဒီဇင်ဘာလကြီးမှာပင် ညကြီးမင်းကြီး လမ်းတခြမ်းသာခင်းတတ်သော လွှတ်တော်အမတ်ကြီး ဆံပင်အတုတပ်ပြီး ညကြီးသန်းခေါင်း မျက်မှန် ထူထူ နက်နက်ဖြင့် လုံးပေါက်လှတိုနံ့နံ့လေးတယောက်နှင့် လာတည်းဘူးသော အတွေ့ကြုံကို ဟော်တယ် ၀န်ထမ်းအချို့က ရရှိထားခဲ့ဘူးသည်။ ထိုအချိန်က ယခုလောက်ပင် တင်းတင်းကြပ်ကြပ်ဖြင့် မန်မဲကာ ၀န်ထမ်းများအား ယခု နားနေခန်းသို့ ၀င်ရောက်ခိုင်းခြင်းမ၇ှိပဲ မျက်ရိပ်မျက်ကဲမျှလောက်ဖြင့်သာ ပြသ၍ ရှောင်ခိုင်းခဲ့ဘူးသည်။

ယခုမှာတော့ နားနေခန်းတွင်းသို့ မရောက်လာသူများ ဘာတွေလုပ်နေကြသလဲဆိုသော အမူရာမှာ ကျီးကန်းတောင်းမှောက် မျောက်ဆပ်ပြာဖမ်းသလိုမျိုး ဖြစ်နေသည်။ ဒီတခါပို၍ အရေးကြီးပုံပေါ်နေသည်။ ပို၍ ထူးခြားသော ဟန်ပန်များ ဖြစ်နေသည်မှာ အံ့စရာဟု စိတ်ထဲမှ ၀န်ထမ်းအချို့ မကြေမနပ်ဖြစ်နေကြသည်။

သိပ်မကြာ နောက်ထပ် ၁၀ မိနစ်လောက်မျှကြာသောအခါ ဟိုတယ်မန်နေဂျာမှ ဒီနေ့တော့လူလဲ ကောင်းကောင်းမစုံဘူး ခေါ်လိုက်ရင် ဒီအတိုင်းပဲ ဟိုလူ့ကို စောင့် သည်လူ့ကိုစောင့်နေရတာနဲ့ ပြောစရာတွေ မပြောဖြစ်တာက များခဲ့ပြီး မနက်ဖြန်မှ အားလုံးကို ဟိုတယ်အရေးပေါ် စည်းကမ်းနဲ့ပတ်သက်လို့ ပြောတော့မယ် ဟုဆိုကာ ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြဆိုသဖြင့် နားနေခန်းမှ ပြန်ထွက်လာခဲ့ကြရသည်။
ညသန်းခေါင်ကျော် (၂)နာရီလောက်တွင် အခန်း(၁၆)မှ (ခြောက်သိန်း) တန်သော သြစတေးလျှဝိုင်အရက်အား အထူးမှာလာသည်။ ဒေါ်လာနှင့် ဆိုလျှင် အမေရိကန်ဒေါ်လာ (ခြောက်ရာကျော် ခုနှစ်ရာ)နီးပါးလောက် ဖြစ်မည်ထင်သည် ။

အဆိုပါ ၀ိုင်အား ဟိုတယ်ဝန်ထမ်းများ အတော်တန် မထိရဲကြပါ….မတော်တဆ ကျကွဲသွားလျင် (၃)လစာလောက် တပြားမှမရပဲ ကျွန်လုံးလုံးဖြစ်ရလေမည်။ သို့ကြောင့် ဟိုတယ်မန်နေဂျာကြီးကိုယ်တိုင် သူနှစ်သက်သော အကူတယောက်ဖြင့် သွားရောက်ကာ ပို့ရသည်။

သိပ်မကြာပါ အခန်း(၁၆) မှပင် အိပ်ယာခင်းများမကြိုက်၍ ညကြီးသန်းခေါင် ဖြစ်နေလင့်ကစားလဲခိုင်းရန်ပြောလာလေသည်။ ဒီတခါ ဟိုတယ်မန်နေဂျာကြီး ချွေးဇောပြန်လေပြီး…အကြောင်းမှာ သူမလုပ်တတ်သော အလုပ်ဖြစ်နေ၍ သန်းရှင်းရေးနှင့် အထူးခန်းဒီဇိုင်းဝန်းထမ်းကိုစေလွှတ်လိုက်ရတော့သည်…သူဖုံးထားချင်သမျှလည်း အားလုံးပေါ်တော် မူခဲ့လေသည်။

တိုင်းပြည်အား (၂၆) နှစ်ကြား ဖိနှပ်သတ်ဖြတ်၍ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စားမကုန်အောင် ခိုးခဲ့လေသော သုတ်သာန်ရောက် အာဏာရှင် ဦးနေ၀င်း၏ အငယ်ဆုံး မြေးကလေး ဇွဲနေ၀င်းတည်းခိုနေသော အခန်းဖြစ်နေသည်။ သူတယောက်ထဲမဟုတ်ပါ ၊ အဖိုး၏ ချေရာအား ထပ်ချပ်မကွာ ထပ်တူ ချနင်း နေပုံတော့ ရှိလေသည်။ သူ၏ ဘေးတွင် ရင်ဟိုက်ဟိုက် ည၀တ် ပိုသား အဖြူနုနုဖြင့် မှီနေသူမှာ ယနေ့ပြုပြင်ပြောင်းလဲရေးခေတ်အား ခါးစောင်းတင်ထားသော မော်ဒယ် သန္တာလှိုင်ဖြစ်နေသည်။

နှစ်ယောက်လုံးရီဝေနေကြသည်။ တွန်းတိုက်ပွတ်သတ်နေသည်။ အချစ်မှာ မျက်စေ့မရှိဟု ကြားဘူးသော်ငြား ယခု အရှက်ပါမရှိ ဖြစ်နေသည်။ ဟော်တယ်ဝန်ထမ်းတချို့လဲ ရှက်ကိုး ရှက်ကန်းဖြစ်ရသဖြင့် သွက်သွက်ကလေး လုပ်ငန်းဆောင်ရွက်ကာ ပြန်ထွက်ခဲ့ကြသည်။ သို့သော် သူတို့ကမည်မျှ တည်းခိုပြီး မည်သို့ ဂဂျီဂဂျောင်ကျမည်ကိုတော့ ရင်ထိပ်ထိပ်ဖြင့် ဟိုတယ်မန်နေဂျာကြီးကိုယ်တိုင်ပင် ကြောင်းကျနေပုံပင်ရသည်။
ထိုနေ့ မိုးလင်းသွားသည်..၀န်ထမ်းများ အချိန်လဲလှယ်၍ပြန်ကြသည်.. သို့သော် အခန်း(၁၆) သတင်းကိုတော့ နေခင်း ၀န်ထမ်းများအား ညဆိုင်း ၀န်ထမ်းများအချို့က ဖေါက်သယ်ဈေးနှင့် ရသေလာက် မှီသလောက် ရောင်းခဲ့ကြသည်။ နေခင်း ၀န်ထမ်းများ အဆိုရ အခန်း(၁၆)မှ အဖိုးကြီးမြေးနှင့် မော်ဒယ်မတို့ မျက်မှန်နက်များဖြင့် ကတိုက်ကရိုက်ဆင်းလာပြီး နေခင်း (၁၁)နာ၇ီတွင် အမေ၇ိကန်ထုတ်ဇိမ်ခံ လင်းကွန်း နဗီဂေတာ (Lincoln Navigator) ကားအမျိုးစားဖြင့် ပြန်ထွက်သွားကြသည်။
ဟိုတယ်သန့်ရှင်းရေးသမားများ အခန်း(၁၆)သို့ သွားရောက်၍ ရှင်းလင်းရသည်။

အမှိုက်ပုံးအတွင်းမှ ကွန်ဒွန် (၃) ခုတွေ့သည် အိပ်ယာခင်း တော်တော်ကြီး ကြေနေသည်။ ၀ိုင်အရက်ပုလင်း တစက်မျှလောက်မကျန်အောင် လျှာချွန်ချွန်ဖြင့် ပုလင်းထဲသို့တိုင် ထိုးသွင်း၍ နှစ်ယောက်သား အတူ စုပ်ကြလျှက်ကြ သွားခဲ့ပုံပေါ်သည်။ စေတနာတော့အလွန်ကောင်းပုံရသည် စားပွဲပေါ်တွင် မြန်မာငွေ (၅) သိန်း ၀န်ထမ်းများအတွက် ဘောက်ဆူးထားခဲ့သည်။ ဟိုတယ် မန်နေဂျာကြီးမှာ အားလုံး သိမ်းလိုက်သည်။

သို့သော် စာရေးသူ စဉ်းစားမိသည်..မော်ဒယ်သန္တာလှိုင်နှင့်

အာဏာရှင်ဦးနေ၀င်း၏ မြေးအကြီးဆုံး အေးနေ၀င်းတို့ ထောင်မကျခင်ကပင်

တိတ်တိတ်ပုန်း မီးခွက်မှုတ်နေခဲ့ဘူးသည်။ အေးနေ၀င်းထောင်မှပြန်ထွက်လာသော

အခါ နှစ်ဦးသား အလွမ်းသယ်၍ ရှစ်မိုင်ခြံကြီးထဲတွင်

(၄)ရက်မျှ ချွေထွက်ကျလေဘူးသည်။ ယခု ဘာကြောင့် အငယ်ဆုံးညီလေးက

အကိုကြီး၏ အသီးကို ခူးစားခဲ့ရသနည်း..

ထို့အပြင် ထောင်ကထွက်လာသည်ကပင် ယနေ့ထိဘာအလုပ်မှမလုပ်ကြသော

အဆိုပါ အာဏာရှင် ဦးနေ၀င်း၏ မြေးများအဖို့ အလွန်များပြားသော ငွေများဖြင့်

ယခုကဲ့သို့ မေယ်ဒယ်မလေးများနှင့် လိုက်လံ ဇိမ်ခံနေသော ငွေကြေးများ

ဘယ်ကရသနည်း ဘယ်သူက ပေးထားသနည်း ဘယ်လိုဘာကြောင့်

သုံးနိုင် ဖြုံန်းနိုင်နေသနည်း….သနည်း…သနည်း …ဟုပင်

စာဖတ်သူများကို ကျေးဇူးတင်ပါသည်သတင်းအမှန်ဖြစ်ပါသည်

ဂိုလ်ရှယ်လေး

 

၁၉၇၃ သန်းခေါင်စာရင်းမှာပါတဲ့ ဒိုင်းနက်ဟာ နိုင်ငံခြားသားအုပ်စုမှာပါတယ်

၁၉၇၃ သန်းခေါင်စာရင်းမှာပါတဲ့ ဒိုင်းနက်ဟာ နိုင်ငံခြားသားအုပ်စုမှာပါတယ်။ ၁၉၈၂ နိုင်ငံသား ဥပဒေအရ ဒိုင်းနက်က ဘာဖြစ်လို့ တိုင်းရင်းသားဖြစ်သွားတာလဲ။ ဝန်ကြီးချုပ် ဦးနု လက်ထက် လွတ်တော်ထဲမှာ ရိုဟင်ဂျာ လွှတ်တော်အမတ်ရှိတယ်။  ဒိုင်းနက်က ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ရိုဟင်ဂျာက အစ္စလာမ်ဖြစ်တယ်။

ဦးနုလက်ထက် လွှတ်တော်ထဲမှာ ဦးဖေခင်ကို ရိုဟင်ဂျာအမတ် (မေယုခရိုင်က)က ရခိုင်ကို ပင်လုံစာချုပ်မှာ ဘာဖြစ်လို့ လက်မှတ်မထိုးခိုင်းခဲ့တာလဲလို့

အစ္စလာမ်ဟာ ကမ္ဘာမှာ ကြောက်စရာ ကောင်းသော ဘာသာတရား (သို့) သာသနာတခုလား

M-Media
ရေးသူ- ဘရန်ဆိုင်း
Religions-world-map-watermarked
အစ္စလာမ်ဘာသာဝင်တွေဟာ ကြောက်စရာကောင်းသူတွေ ဖြစ်လာနေပြီလား …။

ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင် … ကျနော်တို့ အစ္စလာမ်သာသနာရဲ့ ကျမ်းစာတွေ အဆုံးအမတွေ တရားတော်တွေကို အရင်လေ့လာကြရပါမယ် …။

အစ္စလာမ့်သမိုင်း နဲ့ ဒီကနေ့ အစ္စလာမ်ဘာသာဝင်အစွန်းရောက်များကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။ အစ္စလာမ်သာသနာရဲ့ရင်းမြစ် ဆုံးမစကားတွေ သြ၀ါဒတော်တွေမှာ လူသားတို့ ကြောက်ဖွယ်ကောင်းတဲ့အချက် တခုတလေမှ မပါဝင်ပါဘူး …။ လူသားဆန်ပြီး အင်မတန် ရိုးရှင်းသလို … လူသားကောင်းကျိုးကို အထူးပြု လုပ်ဆောင်ကြဖို့ တိုက်တွန်းချက်များသာလျှင် ပါဝင်နေတာကိုတွေ့ရပါလိမ့်မယ် …။

ဥပမာ အနည်းငယ်ကို ထုတ်နုတ်တင်ပြပါရစေ …။

သီလပိုင်းမှာ အစ္စလာမ်ဟာ တင်းကြပ်လွန်းတယ်လို့ ထင်ရလောက်အောင်ပဲ စောင့်ထိန်းခိုင်းထားတာကို တွေ့ရပါတယ်။ အစ္စလာမ်ဘာသာဝင်ကောင်း တယောက်ဟာ အမြဲအားဖြင့်စိတ်နှလုံးသား ဖြောင့်မတ်တည်ကြည် သန့်စင်နေဖို့ လိုပါတယ် …။

သူတပါး မကောင်းလုပ်ဖို့မဆိုထားနဲ့ … စိတ်နဲ့ပင် မပြစ်မှားရပါ … ပြစ်မှားမိပါက အပြစ်ရောက်စေပါတယ် …။

စိတ်နှလုံးသား ဖြူစင်သန့်ရှင်းနေလျှက် ဗလီဝတ်ကျောင်းတော်သို့ နေ့စဉ် တနေ့ ငါးကြိမ်ဘုရားသခင်အား ကျေးဇူးတော်တင် ၀တ်ပြုဆုတောင်းကြရပါတယ် …။  ဒါဟာ ဆိုရင် လူသားတို့မကောင်းမှုကို တွေးတောချိန်ပင် မရလောက်အောင် ကာလအပိုင်းအခြား ကန့်သတ်၍ ဖော်ဆောင်ထားသော ဆုံးမသွန်သင်ချက် တခုပင် ဖြစ်ပါသည်။

ကရုဏာတရားထားရှိဖို့အတွက် အဆိုအမိန့်တခု ရှိပါတယ် ။

“ အို – အာအေရှာဟ် ၊ အသင်မသည်မိမိတံခါးမှမည်သည့်ဆင်းရဲသားတဦးတယောက်ကိုမျှ ( ဘာသာကိုးကွယ်မှု မခွဲခြားရ )၊ တစုံတရာ မပေးကမ်းဘဲ မလွှတ်ပါနှင့်။ စွန်ပလွံသီးတခြမ်းပင်ဖြစ်စေ၊ ပေးကမ်းလိုက်ပါ၊ ဆင်းရဲသားတို့ကို ချစ်ခင်သနားပါ၊” ဟု တမန်တော်မြတ်က ၎င်း၏ ဇနီးအား ဆုံးမ သွန်သင်ခဲ့ပါတယ်။ ကိုယ်ချင်းစာစိတ် ၊ သနားကြင်နာစိတ်ကို အမြဲထားဖို့ ဆုံးမသွန်သင်ထားပါတယ်။

မေတ္တာတရားနှင့် ပတ်သက်၍ …
“ ငါသည် ကမ္ဘာသူ ကမ္ဘာသားတို့အား ကျိန်ဆဲရန် စေလွှတ်တော်မူခြင်း ခံခဲ့ရသည် မဟုတ်ပေ။ မေတ္တာပွားရန် စေလွှတ်တော်မူခြင်း ခံရသော တမန်တော်သာ ဖြစ်သည်။ ”  ဒါကလည်းတမန်တော်ရဲ့ မိန့်ဆိုချက်တခွန်းပါ …။

ရန်သူကိုပင် အပြစ်မယူဘဲ ခွင့်လွှတ်ခဲ့သည် အပြင် ဆုမွန်ကောင်းပါ တောင်းပေးနိုင်သောတမန်တော် ပင် ဖြစ်ပါတယ်။ ကျမ်းကြီးကျမ်းငယ် များစွာ တင်ပြရမည် ဖြစ်၍ စာသိပ်ရှည်မည်စိုးရိမ်ပါတယ် …  ဒါကြောင့် လေ့လာကြည့်ဖို့ကိုသာ တိုက်တွန်းလိုပါတယ် …။

ပြောလိုတာက အစ္စလာမ်ဟာ သီလ၊ မေတ္တာနဲ့ ကရုဏာ ကို အခြေခံပါတယ်လို့ ဆိုလိုတာပါ … တိရစ္ဆာန်တွေကို အကြောင်းမဲ့ သတ်ဖြတ်ခွင့် မရှိပါဘူး …။  ဒီနေရာမှာ ထောက်ပြနိုင်တာကနွားတွေကို လည်လှီးသတ်နေတာ ဘာလဲ ဆိုတာပေါ့ ….။

ဒါကလည်း သမိုင်းကြောင်း အရပြောရရင် သိပ်ရှည်ပါတယ် …။ အနီးစပ်ဆုံး ပြောရရင် စွန့်လှူခြင်း ဆိုတဲ့ အဓိပ္ပါယ်ပါ။ သာသနာအတွက်ဆိုရင် အသက်ကိုပင် စွန့်လှူနိုင်ပါတယ် ဆိုတဲ့ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားမှုကို ပြခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်အသက်ကိုယ်စား အဲဒီ ဖန်ဆင်းခံ သတ္တ၀ါကိုဘုရားသခင်ဆီမှာ စွန့်လှူလိုက်တဲ့သဘောပါ ။  ဒီနေရာမှာ စွန့်လှူလိုက်တယ် ဆိုလို့ အဲဒီ သတ္တ၀ါရဲ့အသွေးအသားကို ဘုရားသခင် ရတာမဟုတ်ပါဘူး ။ ဖန်ဆင်းခံ သတ္တ၀ါကို ဖန်ဆင်းသူထံ ပြန်အပ်ခြင်း မျိုးပါပဲ ။

အဲဒီမှာ တိရစ္ဆာန်တွေကိုတော့ သတ်လို့ရသလား ဆိုရင် ဟုတ်ကဲ့ ( အကြောင်းမဲ့ မဟုတ်ရင် ) သတ်လို့ရပါတယ်။  ( ညှင်းပန်း နှိပ်စက်ခြင်းတော့ လုံးဝမပြုရပါ ) ဒါကြောင့်လဲ အလျင်အမြန် အသက်ထွက်နိုင်တဲ့ နည်းလမ်းနဲ့ လည်ပင်း သွေးကြောကိုဖြတ်တောက်ရခြင်းပဲ ဖြစ်ပါတယ်။ နောက်တချက်က အစ္စလာမ် ဘာသာဝင်တွေ အတွက် သွေးဆိုတာအညစ်အကြေးပါ။ ဒါကြောင့် သတ္တ၀ါရဲ့ ခန္ဓာကိုယ်ထဲက သွေးစင်အောင် သွေးကြော မကြီးကို ဖြတ်တောက် ကြရခြင်း ဖြစ်ပါတယ် …။  အသားစားဖို့ လိုအပ်ရင် သတ်လို့ရပါတယ်။ ဘာသာတိုင်းကော သတ်နေကြတာပဲ မဟုတ်လား ။ သူသတ်ကိုယ်သတ်ပဲကွာပါတယ် …။ တခုက အစ္စလာမ်မှာ အလိုအလျောက်သေတဲ့ အသားကို မစားဖို့တားမြစ်ထားပါတယ်။ ရောဂါကြောင့်သေသလား ဘာလား မသိတဲ့ တိရစ္ဆာန်ရဲ့ အသားကို မစားစေခြင်းဟာ ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း သိပ်မှန်ပါတယ်။ နောက်တချက် အန္တရာယ်ပြု လာမယ်ဆိုရင် သတ်လို့ရပါတယ်။ မြွေဆိုးကို ကျားရဲကိုမေတ္တာထားပါ ( အဖန်ဆင်းခံတွေမို့ ) သို့သော် ရန်မူလာမယ် အသက်ချင်းလုရမယ် ဆိုရင် အရင်သတ်ရပါမယ် …။ ခုပြောနေတာတွေက အထက်ကပြောခဲ့တဲ့ ခုခံစစ် သဘောထားတွေပါ ။

အစ္စလာမ်သာသနာဟာ သမိုင်းကြောင်းအရ အလွန်ပဲ ဖြောင့်မတ် မျှတခဲ့ပါတယ် …။ အာရပ်ကမ္ဘာမှာ တမန်တော် ပွင့်တော်မူခဲ့တဲ့အခါ … အဲဒီခေတ်က ရဟူဒီ ဘာသာဝင်တွေ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ဖိနှိပ်တိုက်ခိုက်မှုကို များစွာ တွန်းလှန်ကျော်လွှားခဲ့ရပါတယ် …။

စစ်ပွဲတွေ ဆင်နွဲရခြင်း မှန်သမျှ တို့ဟာ ခုခံစစ်များသာ ဖြစ်ပါတယ် ။  အစ္စလာမ်တရားမှာကိုက ခုခံတိုက်ခိုက်ခွင့်ရှိသည်။ ကျူးကျော် စော်ကားခွင့်မရှိ ဆိုတဲ့ မိန့်ဆိုချက်ရှိပါတယ်။ ဒါပေမဲ့ ကျူးကျော်ခြင်းတွေ မရှိဘူးလား ဆိုတော့ နိုင်ငံပေါင်းစုံကို ပျံ့နှံ့လာတဲ့အခါ အလေ့အထအရ ရှိနေနိုင်ပါတယ် ။ ဒါကတော့ ဘာသာတရားရဲ့အဆုံးအမကို ကျော်လွန်လုပ်ဆောင်တာမျိုးပါပဲ …။ သူတို့တွေဟာ အစ္စလာမ့်အဆိုအမိန့်နဲ့တရားကို မသိသူတွေလို ဆိုရမှာပါ ။

ဒါကြောင့် အစ္စလာမ်စစ်တပ်ကြီးက ပါလနိုင်ငံကို တိုက်ခိုက်ပါတယ် ဆိုတာမျိုးဟာ ပဒေသရာဇ် နိုင်ငံငယ်တွေ ၊ ကိုလိုနီပြုကြတဲ့ ခေတ်ကာလမှာ မထူးဆန်းတဲ့ ကိစ္စပါ ။ အတင်းအကျပ် သာသနာပြုခဲ့တယ် ဆိုတဲ့ သမိုင်းအထောက်အထားကိုတော့ ရှာမတွေ့ပါ။ လူတို့မှန်းဆ ရေးသားခြင်းမျိုးသာ ဖြစ်ပါတယ် …။ မြန်မာကိုယ်တိုင် တိုင်းရင်းသားပေါင်းစုံ ပဒေသရာဇ် နိုင်ငံငယ်လေးတွေကို တိုက်ခိုက် သိမ်းယူခဲ့တာပါပဲ …။ ဒီကနေ့အထိ မြန်မာပြည်က ခရစ်ယာန်ဘာသာဝင်တွေဟာ အရာရာမှာ ဖိနှိပ်ခံနေရတာဟာလည်း ခရစ်ယာန် ဘာသာဝင် အားလုံးသိပြီးသား ဖြစ်တဲ့ အမှန်တရားတခုပါပဲ ။ ခရစ်ယာန်ဖြစ်တာနဲ့ ရာထူးတက်မပေးတော့တာ၊ စစ်တပ်နဲ့ အုပ်ချုပ်ရေးမှာ ရာထူးကြီးမပေးတော့တာတွေ အားလုံးသိမြင်နေရပါတယ် …။ အင်္ဂလန် ဆိုရင် တကမ္ဘာလုံးကိုတောင် ပတ်သိမ်းခဲ့သေးတာပဲ မဟုတ်လား ။
ဒါပေမယ့် အဲဒီအချိန်ကတည်းက အင်္ဂလိပ်တွေဟာ အင်မတန် လစ်ဘရယ် ဆန်ခဲ့ကြပါတယ်။ အတင်းအကျပ်သဘောနဲ့ မဟုတ်ဘဲ ရိုးရှင်းစွာ သာသနာပြုခဲ့ကြတဲ့ အတွက် တိုင်းရင်းသားများစွာ ခရစ်ယာန်ဘာသာဝင် ဖြစ်ခဲ့ရပါတယ် ….။

အစ္စလာမ်ဟာ သမိုင်းတလျှောက်မှာ ဓားမိုးပြီး သာသနာပြုခဲ့ပါတယ် ဆိုရင် …  ဒီနေ့ခေတ်မှာ အဲသလို မမှန်မကန်တဲ့သာသနာတခုဟာ ရုတ်ချည်း လျှင်မြန်စွာ တိုးတက်များပြားလာစရာ မရှိသလို တည်မြဲ နေနိုင်မှာလည်း မဟုတ်ပါဘူး … ပြန်လည်သုံးသပ်စေချင်တယ်။ ဘာလို့လည်း ဆိုတော့ လူ ဆိုတာ ဖိနှိပ်ကွပ်ညှပ်မှု မှန်သမျှကို တွန်းလှန်ဖယ်ရှားလိုတဲ့ အမျိုးမို့ပါ။

နောက်တချက်က လက်ရှိခေတ် အစ္စလာမ် သာသနာကို ကိုးကွယ်တဲ့ လူတချို့မကောင်းတာ ရှိနိုင်ပါတယ် …။ ဒါဟာလည်း သဘာဝပါပဲ ။ လူတိုင်း ဘာသာတရားတွေရဲ့ အဆုံးအမကို တသွေမတိမ်းသာ လိုက်နာခဲ့ကြရင် ဒီနေ့ စစ်ပွဲတွေလည်း ရှိတော့မှာ မဟုတ်ပါဘူး ။ အင်မတန် သာတောင့်သာယာ ငြိမ်းချမ်းတဲ့ ကမ္ဘာမြေကြီး ဖြစ်နေမှာပါ ။ အဓိက ပြောချင်တာက သာသနာကြောင့် မဟုတ်ဘဲ လူတွေကြောင့် ဖြစ်ပျက်ခဲ့သမျှကို သာသနာအပေါ်အမြင်မမှားစေချင်လို့ ရှင်းပြနေခြင်းပဲ ဖြစ်ပါတယ်။

ဒီကနေ့ လက်ရှိဖြစ်ပွားနေတဲ့ ….
အီရတ်ကိစ္စလို IS ကို မွတ်စလင်နိုင်ငံများ နဲ့ မွတ်စလင်အများစု လုံးဝ ထောက်ခံအားပေးခြင်းမရှိပါ။ ဆော်ဒီဘုရင်ဆိုရင် ကြေငြာချက်တောင် ထုတ်ပြီးပါပြီ ….။ အာဖရိကလို ကိစ္စမျိုးဟာလည်း အဖြစ်အပျက်များစွာထဲက တခုပါ …။ တကမ္ဘာလုံး အဲသလို ဖြစ်နေပြီလို့ ပြောရင် ဒါဟာ မှားယွင်းနေပါတယ် …။ အစွန်းရောက်ကို အစွန်းရောက်လို့သာ မြင်သင့်ပါတယ် …။ လက်ရှိ ကာတာ၊ ကူဝိတ်နဲ့ ဆော်ဒီ လို နိုင်ငံမျိုးတွေကို အလုပ်သွားလုပ်နေသူတွေ ပိုသိနိုင်ပါတယ်။ အတင်းအဓမ္မ သာသနာ သွတ်သွင်းခြင်း ရှိမရှိပေါ့ …။

ဒီနေ့ကမ္ဘာမှာ မွတ်စလင်နိုင်ငံတချို့မှ လွဲလို့ ပြန့်ကျဲနေတဲ့ လူနည်းစုမွတ်စလင်မ်တွေဟာ အဖိနှိပ်ခံနေရပါတယ်။ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ ပညာရေးအရ အစစမှာ ဖိနှိပ်ခံနေရတာတွေ ရှိနေပါတယ် …။ ဒီလိုတွန်းအားပေးတဲ့ အချက်တွေကြောင့်လည်း အစ္စလာမ်တွေ ပြည်နယ်ခွဲထွက်ဖို့ တောင်းဆိုခဲ့ကြတာပါ။

မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် အစ္စလာမ်တွေဟာ အင်္ဂလိပ်လက်အောက်ရောက်မှ မြန်မာပြည်ကို ရောက်လာကြတာ မဟုတ်ပါဘူး ။ ဗျတ်ဝိ ၊ ဗျတ္တ ခေတ်က စလို့ မြန်မာ့ရေမြေ ထိတွေ့ခဲ့ကြတာ ၊ နောက် ပါရှန်း ကုန်သည်တွေ ကသည်းတွေ ကမန်တွေ အများကြီးပါ ။ မြန်မာ ဘုရင်တိုင်းရဲ့ အားကိုးအားထား ကိုယ်ရံတော်တွေ၊ စာတော်ဖတ်တွေ၊ ကုန်သွယ်ရေးဝန်တွေ အဖြစ်အထိ သစ္စာရှိစွာ တာဝန်ထမ်းခဲ့ကြသူတွေပါ ။ ဒါကြောင့် မြန်မာဘုရင် အဆက်ဆက် ချီးမြှင့် မြောက်စားခဲ့တဲ့ သမိုင်းအဖြစ် ဆောက်လုပ်ပေးထားခဲ့တဲ့ ဗလီဝတ်ကျောင်းတော်များကို လေ့လာနိုင်ပါတယ်။ အဲဒီအချိန်ကတည်း ဒီကနေ့ ဘာပြသနာမှ မပေါ်ဘဲ အေးတူပူအမျှ အတူယှဉ်တွဲနေထိုင်ခဲ့ကြတာပါ။

မူဂျာဟစ် သူပုန်တခုတည်းကိုဟိုက်လိုက် လုပ်လို့ မရပါဘူး …။ အဲဒီ အချိန် မူဂျာဟစ်သူပုန်ဘက်က တပြည်လုံး မွတ်စလင်မ်တွေမပါဝင်ခဲ့ဘူး ဆိုတာလည်း သေချာတဲ့ သမိုင်းအထောက်အထားတွေ ရှိခဲ့ပါတယ် …။ လက်ရှိ နိုင်ငံအတွင်းနေထိုင်ကြတဲ့ ပြည်ပေါက် မွတ်စလင်မ်တွေဟာ အကြမ်းဖက်မှု လုပ်ဆောင်နေသူတွေလား အကြမ်းဖက်ခံတွေလား ဆိုတာကိုလည်း သုံးသပ်ကြည့်ပေးပါ ….။

အစ္စလာမ့် မီဒီယာတွေကြောင့် မြန်မာနိုင်ငံ ပုံရိပ်ကျဆင်းခြင်း ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အထောက်အထားတွေ မြန်မာပြည်သူအများစု သိထားကြပါတယ်။ နောက်တခု ရခိုင်ပြည်နယ်က ဘင်္ဂလီပဲ ခေါ်ခေါ် ၊ ရိုဟင်ဂျာ ခေါ် ရွာဟောင်းစား လို့ပဲ ခေါ်ခေါ် ( ဘဘဦးတင်ဦး၏ အဆို ) တွေ ကိုယ့်အိမ်ကိုယ် မီးရှို့ပြီး ပြသနာရှာနေပါတယ် ဆိုတာကတော့ အမှန်တရားနဲ့အတော် ဝေးကွာလှပါတယ်။ စစ်ဆေးရေးအဖွဲ့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေမှာ သက်သေတွေ အများကြီးတွေ့ရပါတယ်။

မုဒိမ်းမှုတမှုလောက် ခိုက်ရန်ဖြစ်ပွားမှု တခုလောက်ကို တပြည်လုံးစာ ပြောလို့ မရပါ။ လူသားဖြစ်တဲ့ အတွက် အကောင်းရှိသလို အဆိုးလည်း အနည်းအကျဉ်း ရှိနေတာပါ။ တကယ်တမ်း စစ်တမ်းကောက်ယူရင်လည်း ပြစ်မှုမြောက်များစွာထဲမှာ အင်မတန်နည်းတဲ့ရာခိုင်နှုန်းပဲ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးမှု ရှိရင် ဒါကလည်း ပြီးသွားမယ့် ကိစ္စပါ။ နောက်တချက်က ကမ္ဘာတ၀ှမ်းလုံးမှာ အစွန်းရောက်တွေကို မကြိုက်လို့ လက်မခံလို့ ပြန်လည်တွန်းလှန် တိုက်ခိုက်နေတာလည်း မွတ်စလင်မ်တွေ အချင်းချင်းပဲ မဟုတ်လား ဗျာ …။

နောက်ဆုံး နိဂုံးချုပ်ပြောလိုတာကတော့ အစ္စလာမ်နဲ့ ဘယ်ဘာသာနဲ့မဆို အတူယှဉ်တွဲနေလို့သိပ်ကို ဖြစ်နိုင်ပါတယ်။ တခုကိုပဲ ကိုးကားပြပါ့မယ်။

“ နဂ်ျရာန် မှ ခရစ်ယာန် ကိုယ်စားလှယ်အဖွဲ့ မဒီနာမြို့သို့ ရောက်ရှိလာသည့်အခါ တမန်တော်မြတ်သည်ယင်း ကိုယ်စားလှယ်အဖွဲ့ဝင်များအား မိမိကိုယ်တော်တိုင် ဧည့်ခံတော်မူ၏။ ဗလီဝတ်ကျောင်းတော်တွင် တည်းခိုစေတော်မူ၏။ ထိုမျှမက ယင်းကိုယ်စားလှယ်အဖွဲ့ဝင်များအား ဗလီတော်တွင် ၎င်းတို့ဘာသာအယူဝါဒ အလျောက် ကျင့်စဉ်များကို ၀တ်ပြုခွင့် ပေးခဲ့လေသည်။ ”

ဒါအပြင် အစ္စလာမ့်တိုင်းနိုင်ငံအတွင်း၌ ရှိသော ဘာသာခြားများ၏ ၀တ်ကျောင်းများကို စောင့်ရှောက်ဖို့အမိန့်ပေးခဲ့သည်။ အယူဝါဒ မတူသူများအား အစ္စလာမ်ဥပဒေဖြင့် တရားစီရင်ခြင်း မပြုဘဲ သီးခြားဥပဒေ ပြဌာန်းပေးတော်မူခဲ့သည်။ …

ဒါတွေဟာ အကျဉ်းမျှ ထုတ်နှုတ်တင်ပြခြင်းဖြစ်ပါတယ်။

သမိုင်းကြောင်းအရကော လက်ရှိမြန်မာပြည်မွတ်စလင်မ်အများစုရဲ့ အကြောင်းကိုကော ထဲထဲဝင်ဝင်လေ့လာလိုက်ရင်သိနိုင်ပါတယ်။

အစ္စလာမ်ဘာသာဝင် ဖြစ်တာကလွဲလို့ ဒီမြန်မာနိုင်ငံမှာမွေး ၊ ဒီမြေမှနေ၊ ဒီရေသောက်လာတာ မျိုးဆက် ၇ ဆက်ကျော်ပြီဖြစ်တဲ့ မွတ်စလင်မ်တွေဟာ ဒီနိုင်ငံကလွဲပြီး သစ္စာရှိစရာလည်း မရှိပါဘူး ။ အတူတကွ ယှဉ်တွဲနေထိုင်ရေး မဖြစ်နိုင်ဘူး လို့ သုံးသပ်လိုက်တာနဲ့ ဒါဟာ ပဋိပက္ခ ကို ဦးတည်သွားစေပါလိမ့်မယ် ။

မြန်မာပြည်သား မွတ်စလင်မ်များကတော့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး နဲ့ တရားဥပဒေစိုးမိုးရေး ကိုသာ အစဉ်တစိုက် တောင်းဆိုသွားမှာပဲ ဖြစ်ပါတယ်။ အစွန်းရောက်များကို လက်တွဲပူးပေါင်း ဆန့်ကျင်သွားမှာပါ။ လက်ရှိကမ္ဘာမှာ အစ္စလာမ် တွေ အစွန်းရောက်မှု ရှိနေတာကို မငြင်းလိုပါ …။ အမေရိကန်တို့ အစ္စရေး တို့ရဲ့ဖိနှိပ်မှုကို တုံ့ပြန်လာတဲ့ အချက်တခု အဖြစ်လည်း သုံးသပ်မိပါတယ် ။ လုံးဝ အမှန်တရားတခုလို့တော့ မဆိုနိုင်ပါဘူး…..။ အကြောင်းတရား တခုတော့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော အစ္စလာမ်တိုင်း အစွန်းရောက်နေတယ်ဆိုတဲ့ အမြင်ကိုတော့ လူထုကို မြင်မသွားစေချင်ပါ။ ဟုတ်လည်း မဟုတ်ပါ။

ဒီစာကိုရေးမိခြင်းဟာ အစ္စလာမ် အပေါ်မှာ လူထု ပိုပြီး အမြင်စောင်းမသွားစေရန်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို လိုလားမှုကြောင့်ပဲ ဖြစ်ပါတယ်။ အကြမ်းမဖက်တဲ့ နည်းနဲ့ ပြသနာအားလုံးကို ဖြေရှင်းဖို့ အတွက်တော့ ပြည်သူအားလုံးက လက်ကမ်းကြိုနေမယ်လို့ ယုံကြည်ပါတယ် ခင်ဗျား ။

ငြိမ်းချမ်းပါစေ မြန်မာပြည်။

ဘရန်ဆိုင်း ။

ဒေါ်အာင်ဆန်းစုကြည်၏ အထ္ထုပ္ပတ္တိ ကိုယ်ရေးရာဇ၀င်


အောင်ဆန်းစုကြည် (Aung San Suu Kyi) ကို ၁၉၄၅ ခု၊ ဇွန်လ ၁၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အကြမ်းမဖက်လှုပ်ရှားမှုနှင့် အကျဉ်းစံ နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်သည်။

မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ တတိယမြောက် သမီးဖြစ်ကာ သူမ၏ အမည်ပါ အောင်ဆန်းဆိုသော စကားလုံးသည် သူမ၏ ဖခင်အမည်ကို ယူထားခြင်းဖြစ်ပြီး၊ ကြည်ဆိုသော စကားလုံးသည် သူမ၏ မိခင် ဒေါ်ခင်ကြည်၏ အမည်မှ ရယူကာ စု ဆိုသော စကားလုံးသည် သူမ၏ အဖွားဖြစ်သူ၏ အမည်မှ ယူထားခြင်းဖြစ်သည်။ သူမသည် ၁၉၉၀ ခုနှစ်တွင် လွတ်လပ်စွာတွေးခေါ်မှု အတွက် ဆာခါရော့ဗ်ဆု၊ ၁၉၉၁ ခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု နှင့် ရဖ်တို ဆုများ ရရှိခဲ့သည်။ အာဏာရှင် စနစ်အောက်တွင် ငြိမ်းချမ်းသော၊ အကြမ်းမဖက်သော ကြိုးပမ်း အား ထုတ်မှု အတွက် အိန္ဒိယ အစိုးရက ချီးမြှင့်သော ဂျဝါဟာလာနေရူးဆုကိုလည်း လက်ခံ ရရှိခဲ့သည်။ သူမသည် လက်ရှိ အချိန်တွင် နေအိမ် အကျယ်ချုပ် ကျခံနေ ရဆဲ ဖြစ်ပြီး မြန်မာ့စစ်အာဏာရှင်တို့သည် သူမ၏ အကျယ်ချုပ်သက်တမ်းအား အကြိမ်ကြိမ် သက်တမ်းတိုးလျက် ရှိသည်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အရ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် တစ်ဦး အနေဖြင့် နိုင်ငံတော် ဝန်ကြီးချုပ် နေရာကို သူမ ရယူပိုင်ခွင့် ရှိသော်လည်း စစ်အစိုးရ၏ အကျယ်ချုပ် ချထားခံရခြင်းကြောင့် ၄င်း ရာထုးနေရာအား သူမ ရယူနိုင်ခြင်း မရှိသေးပေ။
သူမ၏ အမည် အပြည့်အစုံမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး ဒေါ်ဟူသည်မှာ မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာအရ အရွယ်ရောက်ပြီးသော၊ ဂုဏ်ရည် ကြီးမြင့်သော အမျိုးသမီးများကို အမည်ရှေ့မှ တပ်၍ ခေါ်ဝေါ်သော စကားလုံးဖြစ်သည်။ သူမအား Ms. Suu Kyi (သို့မဟုတ်) Dr. Suu Kyi ဟုခေါ်တွင် သုံးနှုံး နိုင်စေကာမူ ခေတ်သစ်မြန်မာပြည်၏ လွတ်လပ်ရေးဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း၏ အမည် ပါဝင်သော ဒေါ်အောင်ဆန်းစုကြည်ဟူသော အမည်ကိုသာ အစဉ်တစိုက် အသုံးပြုကြသည်။

ဘဝဇာတ်ကြောင်း

အောင်ဆန်းစုကြည်ကို ၁၉၄၅ ခု၊ ဇွန်လ ၁၉ရက်နေ့တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်း သုံးယောက်အနက် အငယ်ဆုံးဖြစ်သည်။ သူမ၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၇ ခုနှစ်တွင် ဗြိတိသျှတို့နှင့် မြန်မာ့ လွတ်လပ်ရေးအတွက် ညှိနှိုင်းခဲ့သည်။ ၄င်းနှစ်တွင်ပင် သူ၏ ပြိုင်ဖက်များ၏ လုပ်ကြံသတ်ဖြတ်မှုဖြင့် ကျဆုံးခဲ့သည်။ သူမသည် မိခင် ဒေါ်ခင်ကြည်၏ အုပ်ထိန်းမှု အောက်၌ အစ်ကိုများဖြစ်သော အောင်ဆန်းဦးနှင့် အောင်ဆန်းလင်းတို့နှင့်အတူ ကြီးပြင်းလာခဲ့သည်။ သူမ အသက် ရှစ်နှစ် အရွယ်တွင် သူမ ပိုမိုချစ်ခင်သော အစ်ကို   အောင်ဆန်းလင်းသည် သူမ၏ နေအိမ်တွင် ရေကန်တွင်း ကျကာ ရေနစ်သေဆုံးခဲ့သည်။ အစ်ကို အကြီးဆုံး အောင်ဆန်းဦးသည် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေးဂိုးသို့ ပြောင်းရွှေ့ကာ အမေရိကန်နိုင်ငံသား ခံယူသွားခဲ့သည်။ မြန်မာပြည်တွင် နေထိုင်ခဲ့ရသော သူမ၏ ငယ်ဘဝတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလိပ် ကက်သလစ်ကျောင်းများတွင် ပညာ ဆည်းပူးခဲ့သည်။
မိခင်ဖြစ်သူ ဒေါ်ခင်ကြည် (မခင်ကြည်)သည် မြန်မာပြည်၏ အစိုးရတွင် ထင်ရှားသော နိုင်ငံရေး ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။ ၁၉၆၀ခုနှစ်တွင် မခင်ကြည်သည် အိန္ဒိယနိုင်ငံ ဆိုင်ရာ   မြန်မာသံအမတ်ကြီး အဖြစ် ခန့်ထားခံရကာ အောင်ဆန်းစုကြည်လည်း မိခင်နှင့် အတူလိုက်ပါကာ ၁၉၆၄ တွင် နယူးဒေလီရှိ လေဒီ သျှရီရမ်ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။
သူမသည် အောက်စဖို့ဒ် တက္ကသိုလ် စိန့်ဟူးခ်ျကောလိပ်တွင် ဆက်လက် ပညာဆည်းပူးခဲ့ပြီး၊ ၁၉၆၉ ခုနှစ်တွင် ဒဿနိကဗေဒ၊ နိုင်ငံရေးပညာနှင့် စီပွားရေးပညာ အထူးပြုတို့ဖြင့် ဒီကရီ ရရှိခဲ့သည်။ ၁၉၈၅ တွင် လန်ဒန်တက္ကသိုလ်၊ အာဖရိကနှင့် အရှေ့တိုင်းပညာဌာနမှ ချီးမြှင့်သော ပါရဂူဘွဲ့ကိုရရှိခဲ့သည်။ သူမသည် မြန်မာအစိုးရအတွက်လည်း အလုပ်လုပ်ပေးခဲ့ဖူးသည်။ ၁၉၇၂ တွက် ဘူတန်ယဉ်ကျေးမှုလေ့လာရေး စကောလာ ဒေါက်တာ မိုက်ကယ်အဲရစ်နှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ နောက်နှစ်တွင် သူမ၏ သားအကြီးဖြစ်သူ အလက်ဇန္ဒား(ခ)မြင့်ဆန်းအောင်ကို လန်ဒန်တွင် ဖွားမြင်ခဲ့ပြီး ၁၉၇၇ တွင် ဒုတိယသားဖြစ်သူ ကင်မ်(ခ) ထိန်လင်းကို မွေးဖွားခဲ့သည်။

သူမသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၂နှစ်အရွယ်သာရှိသေးသည်။ မိခင် ဒေါ်ခင်ကြည်၊ သားကြီး အောင်ဆန်းဦး၊ သားလတ်   အောင် ဆန်း လင်း၊   ဖခင်ဗိုလ်ချုပ်အောင်ဆန်း နှင့် အငယ်ဆုံး အောင်ဆန်းစုကြည်ကို ၁၉၄၇ ခုနှစ်တွင် တွေ့မြင်ရပုံ(လက်ဝဲ မှ လက်ယာ)မြန်မာနိုင်ငံလွတ်လပ်ရေးရရန် လုပ်ဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင် ဆန်း၏ သမီးဆိုသည့်အတိုင်း၊ ဒေါ်စု သည် မြန်မာပြည်ကို အမြဲတသွေ သတိရနေခဲ့သူ ဖြစ်သည် ဒေါ်စုသည် နိုင်ငံရပ်ခြားတွင် ခဏတာ နေထိုင်ခဲ့သောလည်း၊ ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး မကြာခင်တွင်၊ နေအိမ်အကျယ်ချုပ်ချခံခဲ့ရသည် ဒေါ်စုအား ပြန်လည်လွတ်လပ်ခွင့်ပေးသော အချိန်များတွင်လည်း အတားအစည်း အကျပ်အတည်းများရှိနေခဲ့သည်။ ၂၀၀၀ ခုနှစ်တွင် ဒေါ်စုသည် ရန်ကုန်မြို့မှ ထွက်ခွာရန်ကြိုးစားခဲ့သော်လည်း၊ စစ်အစိုးရမှ သူ့အား နေအိမ်အကျယ်ချုပ်ပြန်လည်ချထားခဲ့သည်
၂၀၀၂ ခုနှစ် မေလတွင် အကန့်အသက်မရှိ ဟုဆိုကာ နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သောလည်း၊ တစ်နှစ်ကြာပြီးနောက် သူ၏ ထောက်ခံသူများ ကို စစ်အစိုးရ ကျော်ထောက်နောက်ခံအဖွဲ့မှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ဒေါ်စုသည် ထောင်တွင် အကျဉ်းကျခံရပြန်သည်။

နိုင်ငံရေး ဘဝအစ

၁၉၈၈ ခုနှစ်တွင် အောင်ဆန်းစုကြည်သည် နာမကျန်းသော မိခင်ကြီး ဒေါ်ခင်ကြည်ကို ပြုစုစောင့်ရှောက်ရန် မြန်မာပြည်သို့ ပြန်ခဲ့သည်။ တိုက်ဆိုင်စွာပင် ယင်းနှစ်တွင် အချိန်ကြာမြင့်စွာ အုပ်ချုပ်နေခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး နေဝင်းသည် ရာထူးမှ အနားယူခဲ့ပြီးနောက် ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆို ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ရက်နေ့(နောင်တွင် ၈လေးလုံး အရေးအခင်း အဖြစ် လူသိများသည်။)တွင် ဖြစ်ပွားသော ဆန္ဒပြ လှုပ်ရှားမှုများကို အကြမ်းဖက် နှိမ်နင်းခဲ့သည်။ ယင်းနောက်တွင် စစ်အစိုးရမှ အာဏာသိမ်းခဲ့သည်။
မြတ်ဗုဒ္ဓတရားတော် အဆုံးအမများ၊ မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက် လှုပ်ရှားမှု အယူအဆများအတိုင်း အောင်ဆန်းစုကြည်သည် ဒီမိုကရေစီရေး လှုပ်ရှားမှု ဆောင်ရွက်နိုင် ရန် နိုင်ငံရေး လောက သို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၈ခု စက်တင်ဘာ ၂၇ ရက်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရေးတွင် ဦးဆောင်မှုအပိုင်းမှ ပါဝင်ခဲ့သည်။ ၁၉၈၉ ဇူလိုင်လ ၂၀ ရက်နေ့တွင် နေ

အိမ်အ ကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ သူမအား နိုင်ငံတွင်းမှ ထွက်ခွာမည်ဆိုပါက အချုပ်အနှောင်မှ လွတ်မြောက်ခွင့်ပေးမည်ဟု အစိုးရမှ ကမ်းလှမ်းခဲ့သော်လည်း သူမက ငြင်းပယ်ခဲ့သည်။

ဘဝ မှတ်တမ်း

၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက် တွင် မွေးဖွားခဲ့သည်။
၁၉၆၀ တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် သည် အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်ထားခံရကာ အောင်ဆန်းစုကြည်လည်း မိခင်နှင့် အတူလိုက်ပါကာ ၁၉၆၄ တွင် နယူးဒေလီရှိ လေဒီ သျှရီရမ်ကောလိပ်တွင် ပညာဆည်းပူးခဲ့သည်။
၁၉၆၄-၁၉၆၇ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ် စိန့်ဟူးခ်ျကောလိပ်တွင် ဒဿနိကဗေဒ၊ နိုင်ငံရေးပညာနှင့် စီပွားရေးပညာ အထူးပြုတို့ဖြင့် လေ့လာသင်ကြားခဲ့သည်၊ ၁၉၉၀ ခုနှစ်တွင် Honorary Fellow အဖြစ် ရွေးချယ်ခြင်းခံရသည်။
၁၉၇၂ ခုနှစ်တွင် ဘူတန်ယဉ်ကျေးမှုလေ့လာရေး စကောလာ ဒေါက်တာ မိုက်ကယ် အဲရစ် နှင့် ထိမ်းမြား လက်ထပ်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် မိခင် ဒေါ်ခင်ကြည် နာမကျန်းဖြစ်သဖြင့် ပြုစုစောင့်ရှောက်ရန် မြန်မာပြည်သို့ပြန်ခဲ့သည့် အချိန်နောက်ပိုင်း၊ နိုင်ငံရေးတွင် စတင် ပါဝင်လှုပ်ရှားခဲ့သည်။
၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် ရွှေတိဂုံဘုရားရင်ပြင်တွင်၊ မြန်မာပြည်တွင် ဒီမိုကရက်တစ် အုပ်ချုပ်ရေး ဖြစ်လာစေရန် လူသန်းနှင့်ချီ၍ ဟောပြောမှုများ လုပ်ခဲ့သည်။
၁၉၉၀ တွင် စစ်အစိုးရမှ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ချိန်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အပြတ်အသက် အနိုင်ရခဲ့သည်။ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် တာဝန်ယူရမည်ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲရလဒ်အမှန်ကို အသိအမှတ်မပြုပဲ စစ်အစိုးရမှ အာဏာလွှဲပြောင်းပေးရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာမှ စိတ်ပျက်ခဲ့ရသည်၊ ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ နေအိမ်ဖြစ်သည့် ရန်ကုန်မြို့တွင် နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ အကျယ်ချုပ်ချထားချိန်ကာလဖြစ်သည့် ၁၉၉၀ခုနှစ်တွင် ဆာခါရော့ဗ်ဆု ဆု ရရှိခဲ့ပြီး၊ နောက်တစ်နှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည်။ နိုဘယ်ငြိမ်းချမ်းရေးဆုကို သူမ၏ သားနှစ်ဦး ဖြစ်သည့် အလက်ဇန္ဒား (ခ) မြင့်ဆန်းအောင် နှင့် ကင်မ် (ခ) ထိန်လင်း တို့က သူ၏ ကိုယ်စား ရယူခဲ့ကြသည်။ သူ၏ နိုဘယ်ငြိမ်းချမ်းရေး ရရှိသည့် ဆုကြေးဖြစ်သည့် အမေရိကန် ဒေါ်လာ ၁.၃ သန်းကို မြန် မာပြည်သူပြည်သားများအတွက် ကျန်းမာရေး နှင့် ပညာရေး မတည်ငွေအဖြစ် အသုံးပြုခဲ့သည်။
၁၉၉၅ ခုနှစ်တွင် စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခွင့်ပေးလိုက်သော်လည်း၊ သူမ၏ မိသားစုရှိသည့် အင်္ဂလန် သို့ ပြန်သွားခဲ့ပါ က မြန်မာပြည်သို့ ပြန်ဝင်ခွင့်မရမည်မှာ သေချာဖွယ်ရှိကြောင်းလည်း အသိပေးခဲ့သည်။
၁၉၉၇ ခုနှစ်တွင် သူ၏ ခင်ပွန်းဖြစ်သည့် ဒေါက်တာ မိုက်ကယ် အဲရစ်(ဗြိတိသျှလူမျိုး) သည် ဆီးကြိတ်ကင်ဆာအား ကုသနေချိန်တွင်၊ မြန်မာပြည်သို့ ဝင်ရောက်ခွင့် တောင်းဆိုသောအခါ စစ်အစိုးရမှ ပြည်ဝင်ခွင့် ဗီဇာ ကို ပိတ်ပင်ခဲ့သည်။ အောင်ဆန်းစုကြည်သည် မြန်မာပြည်တွင် ဆက်လက်နေထိုင်ပြီး၊ သူ၏ ခင်ပွန်းနှင့်လည်း ထပ်မံ တွေ့ဆုံခွင့် မရဘဲ၊ ၁၉၉၉ ခုနှစ်တွင် မိုက်ကယ် အဲရစ် ကွယ်လွန်ခဲ့သည်။ အင်္ဂလန် တွင် နေထိုင်နေကြသည့် သူ၏ ကလေးများနှင့်လည်း ဝေးကွာခဲ့ရသည်။
စစ်အစိုးရသည် အောင်ဆန်းစုကြည်၏ ပါတီ ထောက်ခံသူများ နှင့် နိုင်ငံတကာမှ လာရောက်တွေ့ဆုံသူများနှင့် တွေ့ဆုံမှု မပြုလုပ်နိုင်ရန် ကန့်ကွက်ပယ်ဖျက် မှုများ ပြုလုပ်ခဲ့သည်။
၁၉၉၈ ခုနှစ်တွင် သတင်းထောက် Maurizio Giuliano သည် အောင်ဆန်းစုကြည်အား ဓာတ်ပုံရိုက်ပြီးချိန်တွင်၊ အခွန်အကောက်ဌာနမှုများ၏ စစ်ဆေးခြင်းကို ခံရပြီး၊ သူ၏ မှတ်တမ်းတင် ဗီဒီယို အခွေများ၊ အသံတိပ်ခွေများ နှင့် မှတ်သားထားသည့် စာတမ်းများအား သိမ်းဆည်းခြင်း ခံခဲ့ရသည်။

၁၉၉၀ ခုနှစ် ဆက်တင်ဘာလတွင် စစ်အစိုးရမှ သူ့အား နေအိမ်အကျယ်ချုပ်ပြန်လည် ချထားခဲ့သည်။
၂၀၀၂ ခုနှစ် မေလ ၆ရက်နေ့တွင် ကုလသမဂ္ဂ၏ လျှို့ဝှက် ယုံကြည်မှု ညှိနှိုင်းခြင်းများ အရ၊ နိုင်ငံတော် အစိုးရမှ သူမအား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ လွတ်လပ်စွာ သွားလာနိုင်ခွင့်ပေးလိုက်ခြင်းမှာ “ ကျွန်တော်တို့ တစ်ဦး နှင့် တစ်ဦး ယုံကြည်နိုင်လို့ပါ” ဟု အစိုးရ ပြောခွင့်ဆိုခွင့်ရှိသူမှ ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ “ နိုင်ငံအတွက် အရုဏ်ဦး အသစ်တစ်ခု ပေါ်ပေါက်လာပြီ” ဟု ဆိုခဲ့သည်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင်၊ စစ်အစိုးရ၏ ကျောထောက်နောက်ခံ အဖွဲ့များက ဒီပဲယင်း သို့ မောင်းနှင်လာကြသည့် သူမ၏ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့သည်၊ သူမ၏ အထောက်အခံ အဖွဲ့သားများ အသေအပျောက်များ ရှိပြီး၊ ထိခိုက် ဒဏ်ရာ ရသူများလည်း ရှိခဲ့သည်။ အောင်ဆန်းစုကြည်သည် သူစီးနင်းလာသည့် ကား၏ ကားမောင်းသူ ကိုကျော်စိုးလင်း အကူအညီဖြင့် ထိုဖြစ်စဉ်နေရာမှ လွတ်မြောက်ခဲ့သော်လည်း၊ ရေဦး သို့ အရောက်တွင် အဖမ်းခံခဲ့ရသည်။ သူမကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် ထိမ်းသိမ်းထားခဲ့သည်။
၂၀၀၃ ခုနှစ် ဆက်တင်ဘာလ တွင် သားအိမ်ထုတ်ခွဲခြင်း ခွဲစိတ်မှုကို အာရှတော်ဝင်ဆေးရုံ၌ ပြုလုပ်ပြီးနောက်၊ စစ်အစိုးရမှ ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင် နေအိမ်အကျယ်ချုပ် ပြန်လည် ချထားခြင်း ခံရသည်။
၂၀၀၄ ခုနှစ် မတ်လ တွင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဇာလီအီစ်မေးလ် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရခဲ့သည်။ နောက်နှစ်တွင် အီစ်မေးလ် သည် ရာထူးမှ နှုတ်ထွက်ခဲ့ခြင်းမှာ သူ၏ မြန်မာပြည်အတွင်းသို့ ပြန်လည်ဝင်ခွင့်ပေးရန် တောင်းဆိုမှုများကို ပယ်ဖျက်ခံခဲ့ရသောကြောင့် ဖြစ်သည်။
၂၀၀၄ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂ မှ အကြောင်းမဲ့ထိမ်းသိန်းခြင်းဆိုင်ရာ အလုပ်အမှုဆောင် အဖွဲ့မှ သဘောထားမှတ်ချက် ( ၂၀၀၄ ခုနှစ် အမှတ် ၉ ) ထုတ်ပြန်ရာတွင်၊ ၁၉၄၈ခုနှစ် လူ့အခွင့်အရေး ပဋိညာဏ်စာချုပ် နှင့် ဆန့်ကျင်လျက်ရှိပြီး၊ မြန်မာအာဏာပိုင်များမှ သူ့အား လွတ်လပ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် စစ်အစိုးရသည် တောင်းဆိုမှုများကို မသိကျိုးကျွန်ပြုခဲ့သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်အစိုးရမှ အောင်းဆန်းစုကြည်အား ထပ်မံ၍ နေအိမ်အကျယ်ချုပ် တစ်နှစ်တိုးလိုက်သည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ အတည်ပြုပြောကြား သည်။ အနောက်နိုင်ငံများ နှင့် ကုလသမဂ္ဂမှ ဤလုပ်ရပ်များကို လက်ခံ နိုင်ဖွယ် မရှိကြောင်း ပြသခဲ့ကြသည်။
၂၀၀၆ ခုနှစ် မေလ ၂၀ ရက်နေ့တွင် ကုလသမဂ္ဂ နိုင်ငံရေးဌာနမှ လက်ထောက် အထွေထွေ အတွင်းရေးမှုးချုပ် အီဘရာဟင် ဂမ်ဘာရီ သည် အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုသည် ၂၀၀၄ ခုနှစ်မှစ၍ ပြည်ပနိုင်ငံမှ အထူးကိုယ်စားလှယ်များ နှင့် ပထမအကြိမ် တွေ့ဆုံခွင့်ရခြင်းဖြစ်သည်။ အောင်ဆန်းစုကြည်၏ အကျယ်ချုပ်သက်တမ်းမှာ ၂၀၀၆ ခုနှစ် မေလ ၂၇ ရက်တွင် ကုန်ဆုံးမည်ဖြစ်သည်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ကိုဖီအာနန် မှ သန်းရွှေ ဆီသို့ တိုက်ရိုက် လျှောက်ထားခဲ့သော်လည်း စစ်အစိုးရမှ အကျယ်ချုပ် သက်တမ်း တစ်နှစ် ထပ်တိုးခဲ့သည်။ ဆုကြည် သည် ၁၉၇၅ခုနှစ် နိုင်ငံကာကွယ်ရေး ဥပဒေ (ပုဒ်မ ၁၀ / ခ) ဖြင့် အကျဉ်းကျ ခံနေရပြီး၊ ထိုဥပဒေသည် စစ်အစိုးရမှ လူတစ်ယောက်ကို ၅ နှစ်တိုင်အောင် ခုံရုံးမတင်ဘဲ အကျဉ်းချပိုင်ခွင့်ရှိသည်။
၂၀၀၆ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဝမ်းလျှောရောဂါဖြင့် ဆေးရုံးတင်ထားရကြောင်း အဝေးရောက် ညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂကိုယ်စားလှယ်မှ သတင်းပေးပို့ခဲ့သည်။ မြန်မာနိုင်ငံ၏ ရဲမှုးချုပ် ဗိုလ်ချုပ်ခင်ရီမှ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လက်ထောက်အထွေထွေအတွင်းရေးမှုချုပ် ဂမ်ဘာရီသည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးပိုမို ကျယ်ပြန့်စွာလိုက်နာစေရန် လေးရက်ကြာ သွားရောက်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။ ဂမ်ဘာရီ ပြောဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးကောင်းမွန်ကြောင်း၊ သို့သော် သူမ၏ ဆရာဝန်နှင့် ပုံမှန်တွေ့ဆုံလိုကြောင်း ဆန္ဒရှိသည်ဟု ဆိုသည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်သည် မြန်မာနိုင်ငံခေါင်းဆောင်များသို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး၊ စစ်အစိုးရ သည် ထောင်သား ၂၈၃၁ယောကို လွှတ်ပေးခဲ့ရာတွင်၊ နိုင်ငံရေး အကျဉ်းသား ၄၀ ပါဝင်သည်။
၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ နိုဘယ်လ်ဆုကျေးများကို အခွန်ပေးဆောင်ခြင်းမရှိဘဲ ပြည်ပတွင် အသုံးပြုခဲ့သည်ဟု၍ အစိုးရပိုင် မြန်မာ့ အလင်းသတင်းစာမှ စွတ်စွဲလိုက်သည်။ ထိုစွတ်စွဲမှုသည် အမေရီးကားနိုင်ငံမှ ထောက်ပံ့ကျင်းပနေသည့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံ သည် နိုင်ငံတကာလုံခြုံရေး ကို အန္တရာယ်ပေးနိုင်သော နိုင်ငံဖြစ်နေသည် ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးချိန်တွင်ဖြစ်သည်။
၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၅နှစ်ဆက်တိုက် ချုပ်နှောင်နိုင်ရန် ထပ်မံ၍ သက်တမ်း တစ်နှစ်တိုးခဲ့သည်။

၂၀၀၇ ခုနှစ် ဆက်တင်ဘာလ ၃၀ရက်နေ့တွင် မြန်မာနိုင်ငံတွင် နိုင်ငံရေးအခြေအနေများ မတည်ငြိမ်မှုများကြောင့်၊ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အနီးတွင် ကုလသမဂ္ဂ၏ သတင်းအချက်အလက်များ ပေးပို့နိုင်သူနှင့် တစ်နာရီကြာ တွေ့ဆုံခဲ့သည်။
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဂန်ဘာရီသည် နေပြည်တော်ရှိ သန်းရွှေအပါအဝင်၊ ဗိုလ်မှုးကြီးများ နှင့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်မံ တွေ့ဆုံခဲ့သည်။ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနမှ ဒေါ်စုသည် ဂန်ဘာရီနှင့် နှစ်ကြိမ်တိုင် တွေ့ဆုံခဲ့သည် ဟုဖော်ပြခဲ့သည်။ သူမအား ထပ်မံ အကျဉ်းချခံလိုက်ရသည့် အချိန်မှစ၍ ၄နှစ်အတောအတွင်းတွင် ပထမဦးဆုံးသော နိုင်ငံပိုင် ရုပ်သံဌာနများတွင် တွေ့မြင်ရခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင်၊ ဒေါ်စုသည် အကျဉ်းထောင်တွင် နေရသော ကာလသည် ၁၂ နှစ်ပြည်ပြီဖြစ်ပြီး၊ နိုင်ငံတကာမှ မြန်မာ့အရေးလှုပ်ရှားကြသော အဖွဲ့အစည်းများမှ ဒေါ်အောင်ဆန်းစုကြည် နှင့် အခြားသော နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ပေးရန် မြို့ကြိး ၁၂ခုတွင် ဆန္ဒပြခဲ့ကြသည်။
၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေါ်စု နှင့် စကားပြောဆိုနိုင်ရန် ကြားခံဆက်သွယ်ရေး ပုဂ္ဂိလ်အဖြစ် ဝန်ကြီးအောင်ကြည် ကိုခန့်ခဲ့ပြီး၊ သူသည် စစ်အစိုးရ၏ အာဏာအုပ်စိုးထားသည့် လူကြီးပိုင်းများထဲမှဖြစ်ပြီး၊ စစ်အစိုးရ၏ ရာထူးနံပါတ်စဉ်တွင် အမည်လျှာခံထားရသူလည်းဖြစ်သည်။
၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒေါ်စုကြည်သည် ၃နှစ် အတွင်း ပထမဦးဆုံး သူ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ပိုင်းများ နှင့် အစိုးရ ဝန်ကြီးများ အကြား တွေ့ ဆုံခွင့်ရရှိခဲ့သည်။ ကုလသမဂ္ဂအထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင် ဂမ်ဘာရီ ဒုတိယအကြိမ် ခရီးအဆုံးနောက်၊ နာရီပိုင်းအကြာတွင် အာဏာပိုင်အစိုးရတို့သည် တီဗီ နှင့် ရေဒီယိုများတွင် ထိုတွေ့ဆုံခဲ့မှုကို တရားဝင် ထုတ်ဖော်ကြေငြာခဲ့သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ဖိတ်ကြားမှုများသည် မှန်ကန်သည်ဟု ထုတ်ဖော်ပြောဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်တွင် မဲအနိုင်ရရှိခဲ့သောလည်း၊ ယနေ့တိုင် နိုင်ငံကို အုပ်ချုပ်ရန် စစ်အစိုးရမှ ခွင့်မပြုခဲ့ပေ။
၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ၊ စစ်အစိုးသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ် ထပ်မံတိုးခဲ့သည်။
၂၀၀၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ ၆ရက်ကြာခရီးသွားရောက်ခဲ့သည်။ သူသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအစုအဖွဲ့အားလုံး နှင့် တွေ့ဆုံနိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် တွေ့ဆုံခွင့်မရရှိခဲ့သလို၊ ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံနိုင်ခြင်း မရှိခဲ့ပေ။

အကျဉ်းကျခံ မှတ်တမ်း
****************************
(အကျဉ်းကျ) ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ နေအိမ်တွင် နေအိမ်အကျယ်ချုပ် ချခံခဲ့ရသည်။ အရေးပေါ်ဥပဒေ သည် လူတစ်ယောက်အား ၃ နှစ်တိုင်အောင် ခုံရုံးမတင်ပဲ ထိန်းသိမ်းခွင့် ရှိသည့် ဥပဒေဖြစ်သည်။
(လွတ်မြောက်) ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာသည်။
(အကျဉ်းကျ) ၂၀၀၀ ခုနှစ် ဆက်တင်ဘာလ ၂၃ ရက်နေ့တွင် အောင်ဆန်းစုကြည်သည် ထပ်မံ နေအိမ်အကျယ်ချုပ် ချမှတ်ခံရပြန်သည်။
(လွတ်မြောက်) ၂၀၀၂ ခုနှစ် မေလ ၆ ရက်နေ့တွင် ၁၉ လတိုင်အောင် အကျယ်ချုပ် ထိမ်းသိမ်းခဲ့ပြီးမှ ပြန်လည် လွတ်မြောက်လာသည်။
(အကျဉ်းကျ) ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ဒီပဲယင်း လုပ်ကြံ သက်ဖြတ်မှုတွင် သူ့အား ၃ လတိုင်အောင် လျှို့ဝှက် ဖမ်းဆီးထားခဲ့ပြီး၊ နေအိမ်အကျယ်ချုပ် ပြန်ချခဲ့သည်။
(အကျဉ်းကျ) ၂၀၀၇ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ထပ်မံ၍ နေအိမ်အကျယ်ချုပ် တစ်နှစ် တိုးခံခဲ့ရသည်။
၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့သည် သူ၏ နေအိမ်အကျယ်ချုပ် သက်တမ်းသည် ၁၂ ပြည့်ဖြစ်ပြီး၊ နိုင်ငံတကာရှိ မြို့ကြီး ၁၂ ခုတွင် ဘားမားကမ်ပိန်းယူကေ (Burma Campain UK) မှ ဦးစီး၍ ဆန့်ကျင် ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။
၂၀၀၈ ခုနှစ် မေလ ၂၇ ရက်နေ့တွင် စစ်အစိုးသည် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သက်တမ်း ၁ နှစ်ခွဲ ထပ်မံတိုးခဲ့သည်။
နေအိမ်အကျယ်ချုပ်ဖြင့် ၇နှစ်နှင့် ၆လကြာ ဆက်တိုက် ထိန်းသိမ်းခံထားရပြီးနောက် မြန်မာစစ်အစိုးရသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၇ နာရီ ၄၀ မိနစ် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ရရှိခဲ့သော ဆုများ
သိုးရော်ဖ် ရဖ်တို အထိမ်းအမှတ် ဆု (၁၉၉၀)
ဆာခါရော့ဗ်ဆု (၁၉၉၁)
နိုဘယ် ငြိမ်းချမ်းရေး ဆု (၁၉၉၁)
ဂျဝါဟာလာနေရူးဆု (၁၉၉၃)
အပြည်ပြည်ဆိုင်ရာ လစ်ဘရယ် လွတ်လပ်ခွင့် ဆု (၁၉၉၅)
ဒဗ္ဗလင် မြို့တော် လွတ်ငြိမ်းချမ်းသာခွင့် ဆု ၊ အိုင်ယာလန် နိုင်ငံ (၁၉၉၉)
လွတ်ငြိမ်းချမ်းသာခွင့် သမ္မတ ဆု (၂၀၀၀)
အိုလွတ်ဖ် ပါလ်မယ် ဆု Olof Palme Prize
သြစတေးလျား နိုင်ငံမှ အပ်နှင်းသည့်၊ သြစတေးလျား နိုင်ငံတွင် နိုင်ငံအကျိုးအတွက် လုပ်ဆောင်မှုများကြောင့် ချီးမြှင့်သည့် အမြင့်ဆုံး ဆုဖြစ်သည်။ ထိုဆုကို ၁၉၉၆ ခုနှစ် မေလ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည်။ ၄င်း ဆု အပ်နှင်းရခြင်းမှာ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်ရန် အစွမ်းကုန် ကျိုးစားမှုများ၊ ပီပြင်စွာ အုပ်ချုပ်နိုင်သော စွမ်းအားများ နှင့် သူမ၏ သတ္တိရှိသော လက်ရုံးရည် ၊ နှလုံးရည်များကို အသိအမှတ်ပြုခြင်းအားဖြင့် အပ်နှင်းခြင်းဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု (UNESCO) အဖွဲ့အစည်း မှ သူ၏ လမ်းညွှန်ပြသည့် သည်းခံခြင်း နှင့် အကြမ်းမဖက်ခြင်း တို့ကြောင့် မဒန်ဂျိတ် ဆင့်ဂ်ျ ဆု (Madanjeet Singh Prize) ကို ချီးမြှင့်ခဲ့သည်။ (၂၀၀၂)
Memorial University of Newfoundland တက္ကသိုလ်မှ ဥပဒေ ဒေါက်တာ ဘွဲ့ ကို အပ်နှင်းခဲ့သည်။ (၂၀၀၂)
တောင်ကိုရီးယားနိုင်ငံ၏ အမြင့်မားဆုံးဆု တစ်ခုဖြစ်သည့် ဂွမ်ဂျူး လူ့အခွင့်အရေးဆု (Gwangju Prize for Human Rights) (၂ဝဝ၄)
ကနေဒါ နိုင်ငံ၏ နိုင်ငံသားကောင်းအဖြစ် အသိအမှတ်ပြုဆု (၂၀၀၇)
အသိအမှတ်ပြု သမ္မတ အဖြစ်၊ လန်ဒန် စီးပွားရေး နှင့် နိုင်ငံရေး သိပ္ပံကျောင်းသားများ ယူနီယံ (LSESU) မှ ချီးမြှင့်သည့် ဆု၊
Colgate University မှ စာပေဒေါက်တာ (honoris causa) ဆု (၂၀၀၈)
အမေရိကန် နိုင်ငံ၏ ကွန်ဂရက် ရွှေတံဆိပ်ဆု (၂၀၀၈)

အပြည်ပြည်ဆိုင်ရာ ဆုတံဆိပ်များ တစ်ရာပြည့်ပြီ
စဉ် ဆုအမည် ပေးသည့် အဖွဲ့အစည်း ရသည့်ခုနှစ်
၁ Honorary Fellow St Hugh’s College (Oxford, UK) ၁၉၉၀
၂ သိုးရော်ဖ် ရဖ်တို အထိမ်းအမှတ် ဆု Human Rights (နော်ဝေ) ၁၉၉၀
၃ ဆာခါရော့ဗ်ဆု Freedom of Thought (European Parliament) ၁၉၉၁
၎ နိုဘယ် ငြိမ်းချမ်းရေးဆု Oslo, (နော်ဝေ) ၁၉၉၁
၅ Honorary Member International PEN (Norwegian Center) ၁၉၉၁
၆ Humanities Human Rights Award (USA) ၁၉၉၁
၇ Honorary Member International PEN (Candian Center) ၁၉၉၁
၈ Marisa Bellisario Price အီတလီ ၁၉၉၂
၉ Annual Award of the international Human Rights ဥပဒေအဖွဲ့ (အမေရိကန်) ၁၉၉၂
၁၀ Honorary President Students’ Union London School of Economics and Political Science (UK) ၁၉၉၂
၁၁ Honorary Member International PEN (English Centre) ၁၉၉၂
၁၂ Honrary Life Member University of London Union (UK) ၁၉၉၂
၁၃ Honorary Professional Fellowship Law and Societ

ရရှိထားသောဘွဲ့တံဆိပ်များစွာ ကျန်သေးပါသည်။
ရဲဘော်မိတ်ဆွေကြီး ကိုထွန်းဝေ ပြုစုထားသော အမေစု၏
အတ္ထုပ္ဖတ္တိကို အပြီးသတ်မဟုတ်သေးသော်လည်း မိတ်ဆွေများနှင့် အမေစုချစ်သောလူငယ်များ
သိရှိစေရန် မိတ်ဆွေကြီး ကိုထွန်းဝေ၏ တိုက်တွန်း ခွင့်ပြု မှု ဖြင့် တင်ပေးလိုက်ပါသည်။
လိုအပ်နေသော အပိုင်းများကိုလည်းဖြည့်စွက် ဆက်လက်တင်ပေးသွားပါမည်။

လွတ်လပ်စွာ ရှယ်နိုင်ကြပါသည်။
Credi- Tun Wai

သီတဂူဆရာတော် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့အား ပြောင်မြောက် ပြတ်သားသော စကားမိန့်

အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့သည် ၂၁-၈-၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူဆရာတော်ကြီးအား လာရောက်တွေ့ ဆုံသည့်ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်သည့် စကားများ

လူကြီးမင်းများခင်ဗျား၊

ကောင်းသောနံနက်ခင်းပါ။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။

တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။

ဘာသာတရားစတင်ပေါ်ပေါက်

ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါတယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့အချိန်ကစပြီး လူသားတို့သည် ကြောက်စိတ်ကိုအခြေခံ၍ နေကို ကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကိုကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစုတို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။ ဒါဆိုရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့ တာဝန်ရှိပါတယ်။

ဘာသာတရားတိုင်းနှင့် အတူလက်တွဲနိုင်တဲ့ ဗုဒ္ဓဘာသာ

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ၀မ်းနည်းစရာကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်လာပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်းဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေနှင့်   နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ ဘူး တယ်  ရယ်လို့ မရှိခဲ့ဖူးပါဘူး။ ဟိန္ဒူဘာသာဝင်တို့က ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋ္ဋိပက္ခမျိုး မရှိခဲ့ပါဘူး။ ဟောပြောရေးသားတုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။

လွတ်လပ်ခွင့်အပြည့်ရှိသော ဘာသာ

ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်သာသနာပြုတို့ အရှေ့အာရှဘက်ကို ၀င်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊ ဂျပန် စတဲ့ နိုင်ငံတွေမှာ ၀င်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။ အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍ နေထိုင်ခဲ့ကြပါတယ်။ ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်ရာဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။

မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ၀င်လာကြတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ၀င်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ၀င်ရောက်ကြတာဖြစ်ပါတယ်။ မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။

ကမ္ဘာ့ကြောက်စရာကောင်းသော ဘာသာတရားတစ်ခု ရှိနေ

Aggressiveness and extremism ၀ါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အီရတ်မှာ အစ္စလာမ်းမစ် အစွန်းရောက်တွေ က ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ၀င်ခိုင်းနေပါတယ်။ အစ္စလာမ်ဘာသာထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ၀င်ခဲ့ရောက်လို့ သေဒဏ်ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြပါတယ်။ အနှစ်လေးဆယ်ကြာခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။

မွတ်စလင်နိုင်ငံထူထောင်ဖို့ ကမ္ဘာအနှံ့အပြား တိုက်ခိုက်နေ

အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့ပါတယ်။ ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာနိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင် နိုင်ငံတောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်ပါပြီ။ ထိုင်းနိုင်ငံ                          တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်ကိုင်တိုက်ခိုက် နေကြပါပြီ။ မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်ရှင်းရှင်း၊ လူတို့ရဲ့အကျင့် စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။

ဘင်္ဂလားတွေကို မြန်မာပြည်ထဲသွင်းခဲ့သူ

ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။ အဲဒီအင်္ဂလိပ်တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကနေပြီး စည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာနဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United Statesကို ထူထောင်ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။ ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယားတပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။

အင်္ဂလိပ်တွေထားခဲ့ ဆိုးမွေ

အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာပါပဲ။ အဲဒီပြဿနာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာလွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်တစ်ခုရှိသေးတယ်၊ ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေတောင်းဖို့ ကြိုးစားနေကြပါတယ်။

ကမ္ဘာကြီးနဲ့ မီဒီယာများကို ကြီးစိုးလာတဲ့ အစ္စလာမ်

ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့ အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။ Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။ အဲဒီလို သြဇာအာဏာကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်းအုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။

ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက် ကာကွယ်သွားမည် ဖြစ်ကြောင်းပြောကြား လိုပါတယ်။

လူကြီးမင်းများခင်ဗျား ————

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီဘ၀နဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊ လွတ်လပ်ရေးရပြီးတဲ့အခါမှာလည်း   နှစ်ပေါင်းခြောက် ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဤအခက်အ          ခဲများကို ကူညီဖြေရှင်းပေးမည်ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿနာတွေ ပြေလည်မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။

သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿနာများကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာရပ်ခံလိုပါတယ်။

နောက်တစ်ခုပြောချင်တာက – လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရက စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း   ရောက်နှင့် ဘာ  သာရေးအစွန်းရောက်တချို့က ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြရပါတယ်။ ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင် ၀ိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီးပါတယ်။ ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့ လိုပါတယ်။ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွားစွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ ကြီးကြီးထား၍ ဤဘာသာရေး ပြဿနာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။

ဒေါက်တာအရှင်ဉာဏိဿရ ( Ph.D,D.Litt )

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်

စစ်ကိုင်း၊ မြန်မာ

www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား

၂၁-၈-၂၀၁၄

နိုင်ငံတကာသိပ္ပံဆိုင်ရာညီလာခံတွင် ဆော်ဒီ သိပ္ပံ ပညာရှင် အမျိုးသမီး တစ်ဦး မိန့်ခွန်းပြောမည်

HSPH Image 22
– ဆွဇ်ဇာလန်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ သိပ္ပံဆိုင်ရာညီလာခံတွင် မိန့်ခွန်းပြောကြားမည့် သူများ စာရင်းအတွက် ဆော်ဒီ ရှူရာကောင်စီမှ မွတ်စလင် အမျိုးသမီး သိပ္ပံပညာရှင် တစ်ဦးအား ဆွဇ်ဇာလန် သိပ္ပံဖောင်ဒေးရှင်း တစ်ခုက ရွေးချယ်လိုက်သည်ဟု သိရသည်။

အဆိုပါ ညီလာခံကို TEDxCERN ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြိး သိပ္ပံဆိုင်ရာ တွေ့ရှိချက်အဖြေများ တင်ပြခြင်း၊ နိုင်ငံတကာတွင် ကြုံတွေ့နေ ရသည့် ပြဿနာများကို ရှင်းလင်းခြင်း၊ သုတေသနကိစ္စရပ်များ၊ တီထွင်မှုများ၊ ကျန်းမာရေး သဘာဝပတ်ဝန်းကျင်နှင့် ပညာရေးရေးနယ်ပယ်များတွင် ကြုံတွေ့နေရသော စိန်ခေါ်မှုများအား ကျော်လွှားရန်အတွက် သိပ္ပံပညာရပ်ကို အရှိန်အဟုန်မြင့်စေရန် ဆောင်ရွက်မည့် ပရောဂျက်များ အကြောင်းကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။

ထိုညီလာခံ၏ ကြွေးကြော်သံမှာ “ရှေ့သို့ – အနာဂတ်ကို သိပ္ပံဖြင့် ပုံဖော်ကြပါစို့” ဖြစ်ပြီး ထိုညီလာခံတွင် မိန့်ခွန်းပြောကြားမည့် ဆော်ဒီ သိပ္ပံပညာရှင်အမျိုးသမီးမှာ ဇီဝနည်းပညာရှင် ဟာယတ် စင်ဒီဖြစ်သည်။

“သိပ္ပံပညာဆိုတာ စိတ်ကူးယဉ်နယ်ပယ်အလွန် ကမ္ဘာကြီးကို ရှာဖွေခြင်းနဲ့ နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့တွေ့ကြုံရတာနဲ့ အနာဂတ်မှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာလည်း အရေးပါတဲ့ အရာတွေထဲက တစ်ခုဖြစ်ပါတယ်။  TEDxCERN ဟာ လေးစားလောက်တဲ့ ပုဂ္ဂိုလ်တွေဆီကနေ သိပ္ပံဆိုင်ရာ ရှေ့ပြေး အတွေးအခေါ်တွေကို ပြသမယ့် ညီလာခံတစ်ခုဖြစ်ပါတယ်” ဟု ပွဲစီစဉ်ကျင်းပသူ Brian Cox က ပြောကြားခဲ့သည်။

အဆိုပါ ညီလာခံတွင် စင်ဒီနှင့်အတူ မျိုးရိုးဗီဇနှင့် မော်လီကျူးဆိုင်ရာ ဇီဝပညာရှင် နီနာ ဖီဒိုရော့ဖ်၊ သိပ္ပံပညာရှင် ဒန်နီယဲလ်လီ ဖောင်၊ နာနိုနည်းပညာဆိုင်ရာ သုတေသနပညာရှင် ဂျူလီယာ ဂရီယာနှင့် သင်္ချာနှင့် ဒဿနိကဗေဒပညာရှင် ဂျွန် မိုက်တန်တို့လည်း မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

“ဒေါက်တာစင်ဒီဟာ အရှေ့အလယ်ပိုင်းမှာရှိတဲ့ အမျိုးသမီးတွေ အတွက် သိပ္ပံဆိုင်ရာ အခွင့်အလမ်းနဲ့ ကျန်းမာရေး ဆိုင်ရာ စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးပါတယ်။ ဒါဟာ အနာဂတ်အစီအစဉ်နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် သိပ္ပံဆိုင်ရာဆန်းသစ်တီထွင်မှုတွေကို အရှိန်အဟုန်မြင့်စေပါတယ်” ဟု ညီလာခံကျင်းပရေး မန်နေဂျာ ကလော်ဒီယာ မာဆယ်လိုနီက ပြောကြားခဲ့သည်။

ဒေါက်တာ ဟာယတ် ဘင်သီ ဆူလိုင်မန် ဘင် ဟာဆန် စင်ဒီကို ၁၉၆၇ ခုနှစ်တွင် မက္ကာ မြို့၌ မွေးဖွားခဲ့သည်။ ခြေခံပညာများကို ဆော်ဒီ၌ပင် သင်ကြားခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ယူကေရှိ လန်ဒန်ဘုရင့်ကောလိပ်တွင် ပညာသင်ကြားခဲ့ကာ ၁၉၉၅ခုနှစ်တွင် ဆေးဝါးပညာ ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။

တက္ကသိုလ်တက်နေရသည့် ကာလအတွင်း စင်ဒီ၏ ဘာသာရေးဆိုင်ရာ လိုက်နာမှုတစ်ခုဖြစ်သည့် ဦးခေါင်းအား ဖုံးအုပ်ခြင်းကို စွန့်လွှတ်ရန် ဖိအားပေးမှုများရှိခဲ့သော်လည်း စင်ဒီမှာ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကိန်းဘရစ်ခ်ျ တက္ကသိုလ်မှ ဇီဝနည်းပညာ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရခဲ့သည်။

စင်ဒီမှာ လက်ရှိတွင် ဆေးပညာဆိုင်ရာ သုတေသနလုပ်ငန်းများကိုဆောင်ရွက်နေပြီး ဆော်ဒီအစိုးရ အတိုင်ပင်ခံကောင်စီ (ရှူရာကောင်စီ) တွင်လည်း တာဝန်ထမ်းဆောင်နေသည်။

ref_Arab news