ရင်သားနှစ်ဖက်အားခွဲစိတ်၍ကိုကင်းများထည့် လာ သည့် အမျိုးသမီး ကို စပိန်လေဆိပ် တွင် ဖမ်း မိ

ရင်သားနှစ်ဖက်အား ခွဲစိတ်၍ ၁ ဒသမ ၇ ကီလိုအလေးချိန်ရှိ ကိုကင်းများ ထည့်လာသည့် ဗင်နီဇွဲလား အမျိုးသမီးတစ်ဦးကို စပိန်နိုင်ငံ မက် ဒရစ်နိုင်ငံတကာ လေဆိပ်တွင် ဖမ်းမိလိုက်ကြောင်း သိရသည်။

Venuzeula 2

အဆိုပါ အမျိုးသမီးသည် ကိုလံဗီယာနိုင်ငံမှ ရောက်ရှိလာခြင်းဖြစ်သည် ကိုကင်းစုစုပေါင်းတန်ဖိုးမှ ဒေါ်လာ ၁၂၀၀၀၀ (ပေါင် ၇၀၀၀၀) ခန့် တန်ဖိုးရှိကြောင်း သိရသည်။

အသက် ၄၃ နှစ်အရွယ်ရှိ ယင်းအမျိုးသမီးသည် လေဆိပ်အကောက်အခွန်ဌာနသို့ ဖြတ်စဉ် မလုံမလဲ အမူအယာဖြစ်နေသောကြောင့် အရာရှိ များက ၎င်း၏ ခရီးဆောင်အိတ်များအား ရှာဖွေခဲ့သော်လည်း ဥပဒေနှင့်မလွတ်ကင်းသည့် ပစ္စည်းတစ်စုံတစ်ရာကို မတွေ့ရှိခဲ့သောကြောင့် သူမ ၏ ရင်ဘတ်အနေအထားမှာ ပုံမှန်အနေအထားဖြစ်နေခြင်းအပေါ် မေးမြန်းသည့်အခါ ကိုကင်းများကို ရင်သားအတွင်း ခွဲစိတ်ကာ ယူဆောင် လာကြောင်း ၀န်ခံခဲ့သည်။

Venuzeula 1 a

ထို့နောက် ဆရာဝန်များက အဆိုပါအမျိုးသမီးကို ဆေးရုံသို့ ခေါ်ဆောင်ကာ ကိုကင်းများကို ခွဲစိတ်ထုတ်ခဲ့ခြင်းဖြစ်သည်။

မက်ဒရစ်နိုင်ငံတကာ လေဆိပ်တွင် ဇန်န၀ါရီ ၁ ရက်မှ ဇူလိုင် ၁၅ ရက်အထိ ပေါင် သန်း၂၀ ခန့် တန်ဖိုးရှိ ကိုကင်း ၄၉၃ ကီလိုဂရမ်ကို ဖမ်းဆီး မိခဲ့ကြောင်း သိရသည်။
Ref:Daily Mail

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: