လူစည်ကားရာနေရာသုံးခုတွင်လူကူးခုံးကျော် တံ တား သုံး စင်း ဆောက် လုပ် မည်

ရန်ကုန်မြို့ရှိ လူစည်ကားသည့် နေရာသုံးခု၌ လူကူးခုံးကျော်တံတား သုံးစင်း ယခုနှစ်အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ လူကူးခုံးကျော်တံတား သုံးစင်းကို ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဂမုန်းပွင့်ကုန်တိုက်အနီး၌ လည်းကောင်း၊ ပန်းဆိုးတန်း- နန်းသီတာဆိပ်ကမ်းအနီးနှင့် မင်္ဂလာဒုံမြို့နယ် အောင်ဆန်း သူရိယ လှသောင်းကျောင်းအနီး၌လည်းကောင်း အသီးသီး ဆောက်လုပ်သွားမည်ဖြစ်သည်။

‘‘လူသွားများတဲ့ နေရာတွေ ဆိုတော့ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ရှိတယ်။ ဒီတော့ လမ်း ဖြတ်ကူးသူတွေအနေနဲ့ အန္တရာယ် များတယ်။ ယာဉ်မတော်တဆမှုတွေ လျှော့ချဖို့အတွက်နဲ့ ခရီးသည်တွေ အန္တရာယ်ကင်းစေဖို့အတွက် လူကူးခုံးကျော်တံတားတွေကို ဒီနှစ်ထဲ အပြီးဆောက်သွားမယ်’’ ဟု မြို့တော်စည်ပင် (လမ်း နှင့်တံတားဌာန) မှ လက်ထောက် ဌာနမှူး ဦးတင်ထွန်းဦးက ဆိုသည်။

လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ် နှင့် နှိုင်းယှဉ်ပါက ရန်ကုန်မြို့တွင် ယာဉ်သွားလာမှုမှာ သုံးဆခန့်မြင့်တက်လာခဲ့သည်ဟု လေ့လာသူများက ဆိုထားပြီး ယင်းမြင့်တက်လာမှုများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများနှင့်အတူ လမ်းဖြတ်ကူးသူများအတွက် အန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်အန္တ ရာယ်ဖြစ်ပွားမှု လျှော့ချရန် လူသွားများသည့်နေရာများ၌ ယခုကဲ့သို့ လူကူးခုံးကျော်တံတားများ တည်ဆောက်ခြင်းဖြစ်သည်။

ယင်းတံတားများအနက် မင်္ဂလာဒုံ လူကူးခုံးကျော်တံတားမှာ ၆၀ ရာခိုင်နှုန်း၊ ပန်းဆိုးတန်း-နန်းသီတာ စက်လှေကားတပ် ခုံးကျော်တံတားမှာ ၄၀ ရာခိုင်နှုန်း၊ ဂမုန်းပွင့်- ကမ္ဘာအေး ခုံးကျော်တံတား မှာမူ ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ တံတားများကို ယခုနှစ် စက်တင်ဘာနှင့် နိုဝင်ဘာလများ၌ အပြီးသတ် တည်ဆောက်နိုင်ရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စုံစမ်းသိရှိရသည်။

‘‘ကလေးတွေရှိတဲ့ ကျောင်းတွေနားမှာ ဆောက်ပေးသင့်တယ်။ ဒါမှ ကလေးတွေ ဘေးအန္တရာယ်ကင်းမှာလေ။ ပြီးတော့ ဆောက်ပြီးတယ်ဆိုရင်လည်း အဲ ဒီအပေါ်ကပဲ လူတွေသွားအောင်လို့ ပေ ၁၀၀၊ ၂၀၀ လောက်ကို သံဆန်ခါခတ်ထားမှ။ နောက်ဆို မြန်အောင်လို့ အောက်ကပဲ သွားနေကြမှာပဲ’’ ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှ အစိုးရ၀န်ထမ်းတစ်ဦးက ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: