Daily Archives: September 14th, 2014

IS မှာ အမေရိကန်မှ လက်နက်များ အသုံးပြုနေဟု ထိပ်တန်း စစ်ဆန့်ကျင်ရေး သမားပြော

378654_ISIL-US-weapons
– ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေအချို့ကို သိမ်းပိုက်ထားသည့် IS အဖွဲ့မှာ အမေရိကန်မှ လက်နက်များကို အသုံးပြုနေသည်ဟု အမေရိကန် စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဒွန် ဒီဘာက ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရအား ဖြုတ်ချရန်အတွက် ၂၀၁၂ ခုနှစ်တွင် CIA မှ ဂျော်ဒန်တွင် လေ့ကျင့်ပေးခဲ့သော IS အဖွဲ့မှာ ဆီးရီးယားမြောက်ပိုင်း နယ်မြေအချို့ကို သိမ်းပိုက်ပြီးနောက် အီရတ်နိုင်ငံသို့ ယခုနှစ် ဇွန်လတွင် ၀င်ရောက်ခဲ့ပြီး နယ်မြေများကို ထပ်မံသိမ်းပိုက်ခဲ့သည်။

ထို့ပြင် IS အဖွဲ့မှာ ပြီးခဲ့သည့်လက အမေရိကန် ဂျာနယ်လစ် ဂျိမ်းဖိုလေးကို သတ်ဖြတ်ခဲ့ပြီး ယခုလအစောပိုင်းကလည်း အခြား ဂျာနယ်လစ်တစ်ဦးဖြစ်သူ ဆော့တ်လုဖ်အား ထပ်မံသတ်ဖြတ်ခဲ့သည်။ ဒီဘာကမူ ထိုသတ်ဖြတ်မှုမှာ IS အား လေကြောင်းမှ တိုက်ခိုက်ရန်အတွက် အမေရိကန်အစိုးရအား နိုင်ငံရေးအရ အထောက်အပံ့ဖြစ်စေခဲ့သည်ဟု ဆိုသည်။

“အမေရိကန်မီဒီယာတွေက မဖော်ပြတဲ့အရာတစ်ခုကတော့ IS အဖွဲ့ရဲ့လက်ထဲမှာရှိတဲ့ လက်နက်အများစုဟာ အမေရိကန်ကဖြစ်ပြီး ငွေကြေး အထောက်အပံ့တွေလည်း ပေးတယ်ဆိုတာပါပဲ။ အီရတ်စစ်ပွဲကို ဆန့်ကျင်တယ်လို့ ကျွေးကျော်ပြီး အိုးဘားမားက သမ္မတအဖြစ် ရွေးချယ်ခံရပေမယ့် အခုအခြေအနေက အမေရိကန်တွေ အီရတ်ကိုပြန်သွားဖို့ လွယ်လွယ်ကူကူ ခွင့်ပြုတဲ့ အခြေအနေမျိုးပါပဲ” ဟု ဒီဘာက ပြောကြားခဲ့သည်။

အီရတ်ရှိ IS အဖွဲ့အား ပစ်မှတ်ထားသော လေကြောင်းမှတ်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ပြီး ယခုသီတင်းပတ်အစောပိုင်းကလည်း ဆီးရီးယားရှိ IS အဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ရန် အိုဘားမားက ခွင့်ပြုခဲ့သည်။ ထို့ပြင်အမေရိကန်အစိုးရမှာ IS အား တွန်းလှန်မှုအတွက် မဟာမိတ်များကိုလိုက်လံစည်းရုံးနေသည်။

IS အစွန်းရောက်တွေအပေါ်စစ်ဆင်နွှဲနေကြောင်း ကန် ကြေညာ

Al-Qaida နဲ့ al-Qaida အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ အဖွဲ့တွေ အပေါ် စစ်ဆင်နွှဲမှု ပြုလုပ်နေသလိုပဲ ISIL လို့ခေါ်တဲ့ အစ္စလာမ် စစ်သွေးကြွတွေနဲ့ အမေရိကန် ပြည်ထောင်စုက စစ်ဆင်နွှဲနေ တယ် လို့   အစိုးရဌာနကြီး ၃ ခုက အရာရှိတွေက ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ အခြေစိုက်တဲ့ နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အပေါ် ထိုးစစ်ဆင် တိုက်ခိုက်နေတာကို စစ်ဆင်နွှဲနေတယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ အမေရိကန် အစိုးရဌာန တခု ထက် ပိုတဲ့ ဌာနတွေက အရာရှိတွေက ပထမဆုံး အကြိမ် ထုတ်ဖော် ပြောဆိုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ သောကြာနေ့မှာ သီးခြားစီ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေအတွင်း သမ္မတ အိမ်ဖြူတော်၊ ပင်တဂွန် စစ်ဌာနချုပ်နဲ့ နိုင်ငံခြားရေးဌာနတွေက အဲဒီလို စတင် သုံးနှုန်းလိုက်တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့ ဖွဲ့စည်းပြီး Islamic State အစ္စလာမ် စစ်သွေးကြွတွေကို တိုက်ခိုက်သွားမယ်လို့ ဗုဒ္ဓဟူးနေ့က ရုပ်မြင်သံကြားကတဆင့် တိုင်းပြည် ကို ပြောကြားတဲ့ မိန့်ခွန်းထဲ သမ္မတ Barack Obama က ထည့်သွင်း ပြောဆိုသွားပေမယ့် ခြေလျင် တပ်သားတွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

လေကြောင်း တိုက်ခိုက်မှု၊ တန်ပြန် ထောက်လှမ်းရေး၊ လူသားချင်းစာနာတဲ့ အကူအညီပေးမှု၊ စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံအတွင်းက တပ်ဖွဲ့တွေ ကို ထောက် ပံ့ပေးမှု စတဲ့ အဆင့် ၄ ဆင့်ခွဲ အကူအညီပေးနေတာကိုတော့ စစ်ဆင်နွဲတယ်လို့ သမ္မတ သူ့မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။

အမေရိကန်က အီရတ်မှာ လေကြောင်းက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်တာအပြင် ဆီးရီးယားနိုင်ငံအတွင်းကိုပါ တိုးချဲ့လုပ်ဆောင်ပြီး အစ္စလာမ် အစွန်းရောက်တွေ အင်အားနဲ သွားအောင်   လုပ်ဆောင်ပြီး အဆုံးသတ်မှာ သူတို့ကို အပြီးသတ် ခြေမှုန်းမယ့် အစီအစဉ်ကို သမ္မတ အိုဘားမားက အခုသီတင်းပတ်အတွင်း တိုင်းပြည်ကို ချပြခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/officials-declared-us-at-war-with-islamic-state-militants/2448461.html

အမေရိကန် အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest။

လူကုန်ကူးခံရသူအများစုတရုတ်နိုင်ငံကို ရောင်း စား ခံရ လို့ ပြည်ထဲရေး ၀န်ကြီး ပြော

မြန်မာနိုင်ငံက လူကုန်ကူးခံရသူအများစုဟာ တရုတ်နိုင်ငံကို ရောင်းစားခံနေကြရတာဖြစ်တယ် လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက အခုလို   ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်က ပြဌာန်းထားခဲ့ တဲ့ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဟာဥပဒေဟာ လက်ရှိအခြေအနေနဲ့ ကိုက်ညီမှုရှိတော့တဲ့အတွက် ပြန် လည်ပြင် ဆင်သွား မှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာပါ မြန်မာနိုင်ငံနဲ့ပတ်သက် တဲ့ ထောက်ခံအကြံပြုချက် (၁၃) ချက်နဲ့ ပတ်သက်ပြီး ၀န်ကြီးဌာနတွေနဲ့ အဖွဲ့အစည်း အသီးသီးက အားလုံး ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း ၀န်ကြီးက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ လူကုန်ကူးမှု ၇၂ မှုဖြစ်ပွားခဲ့ပြီး တရားခံ ၂၁၁ ယောက်ကိုအရေးယူခဲ့သလို လူကုန်ကူးခံရသူ စုစုပေါင်း ၁၀၅ ယောက်ကို ကယ်တင်နိုင်ခဲ့ကြောင်း သိရ ပါတယ်။

ဝန်ကြီးဌာနလေးခု ကန်ဒေါ်လာ ၂၄၅ သန်းနှင့် ယူရိုသန်း ၂၀ ချေးရန် လွှတ်တော်သို့ သဝဏ်လွှာ…

ဝန်ကြီးဌာန လေးခုအတွက် နိုင်ငံတကာ အဖွဲ့အစည်းများထံမှ အမေရိကန်ဒေါ်လာ ၂၄၅ သန်းနှင့် ယူရို သန်း ၂၀ ချေးယူရေး စက်တင်ဘာလ ၁၂ ရက်နေ့၌ ကျင်းပသော ပြည်ထောင်စု လွှတ်တော် သို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာ ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါ ဝန်ကြီးဌာနများမှာ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန တို့ ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ ချေးယူမည့် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကို ကမ္ဘာ့ဘဏ်က ဝန်ဆောင်ခ တစ်နှစ်လျှင် ၀ ဒသမ ၅ ရာခိုင်နှုန်းထက် မပိုသောနှုန်းဖြင့် ဆိုင်းငံ့ကာလ ၆ နှစ်၊ ပြန်ဆပ်ကာလ ၃၂ နှစ် သတ်မှတ်ထားပြီး အတိုးမဲ့ချေးငွေ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာနက ဧရာဝတီမြစ်ကြောင်း ဘက်စုံစီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမည် ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ကျန်းမာရေး စောင့်လျှောက်မှု အဆင့်မြှင့်တင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူမည် ဖြစ်ကြောင်း အဆိုပါ သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန အနေဖြင့် ကိုရီးယားနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) မှ ကန်ဒေါ်လာ ၄၅ သန်းကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ ၁၅ နှစ်၊ ပြန်ဆက်ကာလ နှစ် ၄၀ ဟု သတ်မှတ်ထားကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

ယင်းငွေဖြင့် လူစီးရထားတွဲသစ် ၁၀၀ ကို ဝယ်ယူရန်နှင့် ရထားလမ်းများ ပြင်ဆင်ဖောက်လုပ်ခြင်း လုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန အနေဖြင့် အီတလီနိုင်ငံ အစိုးရထံမှ ယူရို ၂၀ သန်းကို ဝန်ဆောင်ခ ၀ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် ဆိုင်းငံ့ကာလ ၂၈ နှစ်၊ ပြန်ဆပ်ကာလ ၁၀ နှစ် နှုန်းထားဖြင့် ချေးယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယင်းချေးငွေဖြင့် ကချင်၊ ကယား၊ မွန်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းရှိ မြို့နယ် (၅) မြို့နယ်မှ ကျေးရွာအုပ်စု ၂၁၅ (ခန့်မှန်း) ကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများ   ဆောင် ရွက်သွားမည် ဖြစ်ကြောင်း ဒုဝန်ကြီး ဦးမြင့်သိန်းက ဆိုသည်။

ဘာလဲဟဲ့  မျိုးစောင့် ဥပဒေ -ရန်ကုန်သား

လက်ရှိ မြန်မာပြည်ရဲ့ လူမှုရေး ရေစီးကြောင်းနဲ့အတူ.. တွေ့မြင်လာရတာ တွေရှိပါတယ်…

အဲဒါတွေကတော့….
မြန်မာမိန်းကလေးတွေနဲ့ အိမ်ထောင်ပြုခြင်းမရှိပေမဲ့.. နှစ်ဦးသဘောတူ.. စပွန်ဆာပေးပြီး ..အညွန့်ချိုးနေတဲ့ အိမ်ထောင်ရှိသူမရှိသူ.. ဘာသာစုံလူမျိုးစုံ..ခရိုနီတွေ..

မြန်မာမ တွေနဲ့ အိမ်ထောင်ပြုခြင်းမရှိပဲ နှစ်ဦးနှစ်ဘက် သဘောတူပြီး.. အဆင်ပြေပြေနဲ့ စမော ထားနေကြတဲ့ ဘာသာစုံ လူမျိုးစုံအိမ်ထောင်ရှိသူ မရှိသူ သူဌေးတွေနဲ့ ဌာနဆိုင်ရာ အရာရှိကြီးတွေ..၊

ကေတီဗီ ၊ စင်တင် ၊မာဆပ် ၊ကလပ် တွေမှာ အလုပ်လုပ်တဲ့ ကောင်မလေးတွေကို အိမ်ထောင်ပြုခြင်းမရှိပဲ…အလျင်းသင့်ရင်ခြေတော်တင်ကြတဲ့ အိမ်ထောင်ရှိသူမရှိသူ.. ဘာသာစုံလူမျိုးစုံ အမျိုးသားတွေ..

ကေတီဗီမာဆပ် ကလပ်ထဲမှာနေပြီး…ပိုင်ရှင်ခိုင်းရင်ခိုင်းသလို.. ဒေသအာဏာပိုင်တွေကို.. FOC ပေးရတဲ့ မြန်မာမိန်းကလေးတွေ..၊

ဌာနဆိုင်ရာရုံးအချိုးနဲ့ ကုမ္မဏီအချို့မှာ ခပ်စိပ်စိပ် တွေ့မြင်လာရတဲ့.. ဘာသာစုံ လူမျိုးစုံ ဘောစိတွေနဲ့…တပည့်မချောချောလေးတွေရဲ့.. အိမ်ထောင်ပြုလို့ မရကြတဲ့..ကြိတ်ပုန်းခုတ် အပေး အယူ.. ဇတ်လမ်းတွေ….၊

ဟိုတယ် တွေ..မှာ တိုးပွားလာတဲ့..လူပျောက် ၊ ကားပျောက် အခန်းတွေကို လာလေ့ရှိကြတဲ့… အိမ်ထောင်ပြုတာကို စိတ်မ၀င်စားတဲ့ ဘာသာတူ ၊ မတူ အတွဲများရဲ့.. လူမသိ သူမသိ ဇတ် လမ်းတွေ..၊

ပြီးတော့…အရင်နည်းနည်းနဲ့ အမြတ်တွေဘုံးပေါလအော ရနေတဲ့.. တစ်ချို့နေရာတွေမှာ တစ်နေရာတည်းနဲ့ကို မြန်မာမိန်းကလေး ၂၅၀ လောက် အထိအလုပ် လုပ်နေကြတဲ့..   ခြေတော်တင်မှုတွေ…နေ့စဉ် ဖြစ်ပွားနေကြတဲ့….ကေတီဗီ မာဆပ် ကလပ်တွေနဲ့… အဲဒီအနေအထားတွေဟာ..မြန်မာနိုင်ငံရဲ့ လက်ရှိ.ခေတ်ရေ စီးကြောင်းနဲ့ အတူ.. ပေါများလွန်း လာပါ တယ်..၊

သေချာတာကတော့..
သူတို့ဟာ…အိမ်ထောင်ပြုတာကို…စိတ်ဝင်စားမှုမရှိပါဘူး…၊

မြန်မာပြည်၏ နိုက်ကလပ်မှသမီးပျိုလေးမှာ လက်ရှိအခြေအနေ(ကြည့်ရန် နှိပ်ပါ)
မြန်မာပြည်၏ နိုက်ကလပ်မှသမီးပျိုလေးမှာ လက်ရှိအခြေအနေ။၂ (ကြည့်ရန် နှိပ်ပါ)