အေဒီ ၁၅ ရာစုက အာရပ်နိုင်ငံများသို့ တင်ပို့ခဲ့သည့်ရှေးဟောင်းစဉ့်ထည် အများအပြား တွံတေးတွင်တွေ့ရှိ

အေဒီ ၁၅ ရာစုနှစ်တွင် မြန်မာ နိုင်ငံမှ အာရပ်နိုင်ငံများသို့ ပို့ကုန်အဖြစ် တင်သွင်းခဲ့သည့် ခဲဆိပ်မပါဝင်သည့် ရှေး ဟောင်း စဥ့်ထည်အများအပြားကို တွံ တေးမြို့နယ်တွင် ရှာဖွေတွေ့ရှိထားကာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေ ကြောင်း သိရသည်။

အဆိုပါစဥ့်ထည်များကို တွံတေး မြို့နယ် တလုတ္ထော်ကျေးရွာနှင့် မုလမန်း ကျေးရွာအုပ်စုတို့တွင် ရှာဖွေတွေ့ရှိခြင်း ဖြစ်ပြီး အဆင့်မြင့်နည်းပညာဖြစ်သော ခဲမဲ့ချော်ပညာရပ်ကို အသုံးပြုထားသည်။

”အခုတွေ့ရတဲ့ စဥ့်ထည်တွေက ၁၅ ရာစုက မြန်မာနိုင်ငံက အာရပ်စော်ဘွား များနိုင်ငံ့ ဗန ကို ပို့ကုန်အဖြစ် တင် သွင်းခဲ့တဲ့ စဥ့်ထည်တွေ ဖြစ်ပါတယ်။ ခဲမဲ့ ချော်၊ သစ်ပင်ပြာကို အသုံးပြုထားပါ တယ်။ အစိမ်းရောင်အိုးတွေလဲ တွေ့ရတယ်။ ဒါ တွေကို ထိန်းသိမ်းစောင့်ရှောက် သင့် တယ်။ ဒီမှာ ခုနလေးတင်က ထပ်တွေ့ ရတဲ့ အဝါရောင် စဥ့်ထည်အိုးလေးပါ။ တွံတေးမှာတော့ စဥ့်ဖို (စဥ့်ထုတ်လုပ်တဲ့ နေရာ)တွေ အများကြီးရှိနေပါတယ်”ဟု တွံတေးမြို့နယ်သို့ သွားရောက်၍ ရှေး ဟောင်းသုတေသနလုပ်ငန်းများကို ဆောင် ရွက်နေသူ ဒေါ်နန်းကြည်ခိုင်ကပြောသည်။

ရှေး မြန်မာ့စဥ့်ထည်များသည် ခဲမဲ့ ချော်အသုံးပြုထား၍ ခဲဆိပ်အန္တရာယ် များ ကင်းဝေးကြောင်းနှင့် အစိမ်းရောင် ခဲမဲ့ချော်သုံးထားသည့် စဥ့်ထည်အိုးကို တလုတ္ထော်ကျေးရွာတွင် ထပ်မံတွေ့ရှိ ထားကြောင်း သိရသည်။

”အဘ ဒီအိုးအစိမ်းရောင်ကို တွေ့ ထားပါတယ်။ အိုးလေးကအရမ်းလှတယ်။ မြေကြီးထဲက တွေ့တာပါ။ အဘအိမ်မှာ ထိန်းသိမ်းထားပါတယ်”ဟု တွံတေးမြို့ နယ်မှ ဒေသခံတစ်ဦးဖြစ်သည့် ဦးသောင်း ရွှေက ပြောသည်။

ခဲမဲ့ရုက္ခမူ(သစ်ပင်ပြာ)ချော်သုံး စယ် လဒွန်စဥ့်ထည်များကို မြန်မာနိုင်ငံတွင် အမြောက်အမြားထုတ်လုပ်ခဲ့ပြီး အေဒီ ၁၅ ရာစုတွင် နိုင်ငံရပ်ခြား (အာရပ်ကျွန်း ဆွယ်နှင့် အိန္ဒိယသမုဒ္ဒရာ ကမ်းခြေနိုင်ငံ) များသို့ တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ စဥ့် အသင်းက တွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြောင်း ဒေါက်တာမျိုးသန့်တင်၏ သစ်ပင်ပြာချော် နှင့် ခဲမဲ့ချော် ဖော်နည်းကားများ စာအုပ် တွင်ရေးသားဖော်ပြ ထားသည်။

”ခဲဆိပ်မပါတဲ့ စဥ့်ထည်တွေကို ရှေး ကတည်းက မြန်မာနိုင်ငံမှာ ထုတ်လုပ်နိုင် ခဲ့ပြီး နိုင်ငံခြားကိုပို့နိုင်ခဲ့တယ်။ အခု ဆရာ တို့ မြန်မာနိုင်ငံစဥ့်အသင်းက အဲဒီခဲမဲ့ ရုက္ခမူ(သစ်ပင်ပြာ)ချော်သုံး နည်းပညာ ပြန့်ပွားအောင် ဆောင်ရွက်ပေးနေပါတယ်” ဟု မြန်မာနိုင်ငံစဥ့်အသင်းဥက္ကဋ္ဌ ဒေါက် တာမျိုးသန့်တင်က မြန်မာ့စဥ့်ထည်များ စာတမ်းဖတ်ပွဲတွင် ပြောခဲ့ သည်။
မြန်မာ့စဥ့်ထည် အများစုသည် ခဲ ချော်ကို အသုံးပြုထုတ်လုပ်နေသဖြင့် ခဲ ဆိပ်အန္တရာယ်ရှိခဲ့ကြောင်းနှင့် ရှေးမြန် မာများအသုံးပြုခဲ့သော ခဲမဲ့ရုက္ခမူ (သစ်ပင် ပြာ)ချော်နည်းပညာကို ပြန် လည်အသုံးပြု နိုင်ရန် မြန်မာနိုင်ငံစဥ့်အသင်းက ကူညီ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

ယခင်ကမြန်မာနိုင်ငံတွင် ရှေးဟောင်း စဥ့်များ တွေ့ရှိခဲ့သော်လည်း စင်(စဥ့်ဖို ဟောင်း)များ မပြနိုင်သဖြင့် မြန်မာ့စဥ့် သမိုင်းကို နိုင်ငံတကာ စဥ့်ပညာရှင်များ မှ လျစ်လျူရှုခံခဲ့ရပြီး ၁၉၉၈ ခုနှစ် ဇူလိုင် လတွင် လဂွန်းဗျည်း စဥ့်ဖိုဟောင်းအ ကြောင်း စင်ကာပူနိုင်ငံသို့ စာတမ်းဖတ် ပြီးချိန်မှ စတင်အသိအမှတ်ပြုခံရခြင်း ဖြစ်ကြောင်းနှင့် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံစဥ့် အသင်းမှ ရှေးဟောင်း စဥ့် များကို စုစည်းထိန်းသိမ်းပြီး ပြသထား ကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: