မ.ဘ.သ တရားမွှန်နေသူ အဖျက်အင်အားစုများက မြစ်ခြေရွာရှိ မွတ်စလင်မ်ပိုင် ၀တ်ကျောင်းနှင့်အိမ်ခြေအချို့ကိုဖျက်ဆီး

ဘုန်းကြီးကျောင်းတွင်ပုန်းအောင်းနေသူများကို ဗလီတွင်ရှိဟု သတင်းမှားဖြန့်ကာ အကြမ်းဖက်မှုများကျူးလွန်

ဟိန်းအောင်
စက်တင်ဘာ ၂၁၊ ၂၀၁၄

မြစ်ချေမြို့တွင် လူစုလူဝေးဖြင့်အစ္စလာမ်ဘာသာဝင်များပိုင် ဗလီဝတ်ကျောင်းတော်နှင့်အခြားသောနေအိမ်ပိုင်ဆိုင်မှုများကို မ.ဘ.သ အဖျက်အင်အားစုများက ယခုလ ၂၀ရက်နေ့ညပိုင်းတွင် ဖျက်ဆီးခဲ့ကြောင်းဒေသခံများထံမှသိရသည်။

“ဗလီရယ် အိမ်တစ်လုံးရယ် ဆိုင်တစ်ဆိုင်ရယ် အဖျက်ခံရတယ်”ဟု မြစ်ချေရွာမှ အမည်မဖေါ်လိုသူတစ်ဦးက Myanmar Muslim Media သို့ပြောသည်။

အစ္စလာမ်ဘာသာဝင်အိမ်ခြေ ၁၃ လုံးသာရှိသည်ဟုသိရသည့် မြစ်ချေမြို့ခံအစ္စလာမ်ဘာသာဝင်များအနေဖြင့် ဗလီဝတ်ကျောင်းတော်၏ဖျက်ဆီးခံရမှုပမာဏကို ယနေ့ညနေ ၅ နာရီအထိ “အတိအကျမသိရသေးဘူး”ဟု ဗလီဝတ်ကျောင်းတော်တာဝန်ရှိသူများကပြောသည်။

အစ္စလာမ်ဘာသာအားစွန့်လွတ်သွားသူတစ်ဦးဟု ဒေသခံများကသတ်မှတ်ထားသည့် ဦးမိုးဝင်းနှင့်ဌင်း၏ ဗုဒ္ဓဘာသာဝင်ဇနီး မိသင်း(အရပ်အခေါ်အမည်)တို့သည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားမှုကိုအကြောင်းပြုပြီးလူစုလူဝေးဖြစ်ပေါ်ခဲ့ကာ အဆိုပါလူအုပ်စုက“ဦးမိုးဝင်း”သည်ဗလီဝတ်ကျောင်းတော်အတွင်းပုန်းအောင်းနေသည်ဟူသောဝါဒဖြန့်လှုံ့ဆော်မှုမှတဆင့် အစ္စလာမ်ဘာသာဝင်များ၏ပိုင်ဆိုင်မှုများဖျက်ဆီးခံရခြင်းဖြစ်ကြောင်းသိရသည်။

“ဗလီထဲကိုမိုးဝင်းလာပုန်းပါတယ်လို့အော်ကြတယ်။အရင်ဆုံးဗလီဥက္ကဌ ဦးမိုးကောင်းပိုင်တဲ့ အိမ်တစ်လုံးကိုစဖျက်တယ်။ပြီးတော့ အဲဒီ့အိမ်ဘက်ကနေ ဗလီထဲကိုဝင်ဖျက်တာ။ဘုန်းကြီးတွေလည်းပါတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

မြစ်ချေရွာမှ မ.ဘ.သ တရားမွှန်နေသူ ဗုဒ္ဓဘာသာဝင်အင်အား နှစ်ရာဝန်းကျင်က မြစ်ချေဗလီဝတ်ကျောင်းတော်အား ယခုလ ၂၀ရက်နေ့ည ၁၁ နာရီဝန်းကျင်အချိန်တွင်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။

“မိုးဝင်းမိန်းမ မိသန်းရဲ့ ဇာတိရွာ စဘေက ဘုန်းကြီးကသူတို့လင်မယားကိုဖွက်ထားပေးတာ။အဲဒါကို ဗလီထဲမှာရှိတယ်လို့ သတင်းဖြန့်ပြီး ဗလီကိုတက်ဖျက်တာပါ။တကယ်စဖြစ်တဲ့လင်မယားရဲ့ အိမ်ကိုတော့ဘာမှမဖျက်ဘူးလို့ကြားတယ်”ဟု အမည်မဖေါ်လိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးက Myanmar Muslim Media သို့ပြောသည်။

အမဲလိုင်စင်စီ လုပ်ငန်းလုပ်ကိုင်သည့် ဦးမိုးဝင်းသည် အစ္စလာမ်ဘာသာဝင်အဖြစ်မှ ဌင်း၏ဇနီးသည်ကိုးကွယ်သည့် ဗုဒ္ဓဘာသာအဖြစ်ပြောင်းလဲကိုးကွယ်နေသူအဖြစ်ဒေသခံမွတ်စလင်များကအတည်ပြုထားပြီး ယခုဖျက်ဆီးခံရသည့်ဗလီဝတ်ကျောင်းတော်သို့ ဦးမိုးဝင်လာရောက်ခြင်းမရှိသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်ကြောင်းလည်းသိရသည်။

“ဗလီကိုမလာတော့တာတောင်နှစ်ချီနေပါပြီ။မှတ်မှတ်ရရဆိုရင် အရင်နှစ်အီးဒ်ပြီးကတည်းကပဲ”ဟုအမည်မဖေါ်လိုသည့်ဒေသခံတစ်ဦးကပြောသည်။

မြစ်ချေရွာဗလီဝတ်ကျောင်းတော်အားဖျက်ဆီးမှုအား မြို့နယ်မှူးနှင့်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များရှေ့တွင်ဖျက်ဆီးခြင်းဖြစ်သည်ဟုလည်း ဒေသခံများကအတည်ပြုသည်။

“ညပိုင်းလူအုပ်များလာတော့ ပခုက္ကူဘက်က ရဲအယောက် ၂၀ လောက်ဆင်းလာတယ်။ရဲတွေရောက်လာတော့ ရဲတွေကအိမ်တွေကိုဝင်ရှာတယ်။ရှာနေရင်းနဲ့ ဗလီထဲမှာရှိတယ်လို့ မ.ဘ.သတွေကအော်ပြီးဖျက်တာ။မြို့နယ်မှူးနဲ့ လုံခြုံရေးတွေရောက်လာပြီးမှ သူတို့ရှေ့မှာတင်ဖျက်ခံရတာပိုပြီးရင်နာဖို့ကောင်းတယ်”ဟုဒေသခံတစ်ဦးကပြောပါသည်။

မ.ဘ.သ(ယခင် ၉၆၉ ဂိုဏ်း)တရားမွှန်နေသူများက မကွေးတိုင်းဒေသကြီး၊ပခုက္ကူခရိုင်၊ မြစ်ချေရွာမှ ဗလီဝတ်ကျောင်းတော်၊ဗလီဥက္ကဌပိုင်နေအိမ်တစ်လုံးနှင့် ဟာဂျီမိုးထွန်းပိုင် ရွှေလမင်း ကုန်မာဆိုင် တစ်လုံးတို့မင်းမဲ့စရိုက်ဆန်စွာဖြင့် အကြမ်းဖက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
မြစ်ခြေရွာတွင် အစ္စလာမ်ဘာသာဝင်အိမ်ခြေ ၁၃ လုံးသာရှိပြီး လက်ရှိနေထိုင်သည့်မွတ်စလင်မ်ဦးရေးမှာ ၂၀ ၀န်းကျင်သာရှိကြောင်းလည်းသိရသည်။

မြစ်ခြေရွာရှိအစ္စလာမ်ဘာသာဝင်များအားအကြမ်းဖက်ဖျက်ဆီးမှုကို တာဝန်ရှိသူများက ဟန့်တားပေးခြင်းမရှိသဖြင့် ဒေသခံမွတ်စလင်မ်အချို့သည်ယာယီရွေ့ပြောင်းနေထိုင်မှုများပြုလုပ်နေကြကြောင်း

လည်းဒေသခံတစ်ဦး၏ပြောကြားချက်အရသိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: