Daily Archives: September 23rd, 2014

တပတ်ကြာ ဟောင်ကောင် ကျောင်းသား သပိတ် စတင်

ဟောင်ကောင်မှာ ထောင်သောင်း ချီတဲ့ တက္ကသိုလ် ကျောင်းသားတွေဟာ Chinese University ရဲ့ ပရဝုဏ် ထဲမှာ စုရုံးပြီး လာမယ့် ရွေးကောက်ပွဲမှာ တရုတ် အစိုးရက စိတ်ကြိုက် ရွေးထားတဲ့ ကိုယ်စားလှယ်တွေ ယှဉ်ပြိုင်နိုင်ရေး အစီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ တပတ်ကြာ ကန့်ကွက် ဆန္ဒပြမှုကို စတင် လိုက်ကြပါတယ်။

ကျောင်းသား အများစုဟာ အဓိပ္ပာယ် ပြည့်ဝတဲ့ ဒီမိုကရေစီ ရအောင် စွမ်းဆောင် ရယူမယ် ဆိုတဲ့ အမှတ် သင်္ကေတ အဖြစ် အဝါရောင် ဖဲပြားတွ ဆင်မြန်းကြပြီး တက္ကသိုလ် ဝင်းထဲကို စုရုံး ဝင်ရောက် ခဲ့ကြပါတယ်။

ပညာရေး ဝန်ထမ်းတွေနဲ့ ပညာရှင် ၄၀၀ နီးပါး ကလည်း ဒီကျောင်းသားတွေကို ထောက်ခံ အားပေးကြပါတယ်။

၂၀၁၇ ခု ရွေးကောက်ပွဲမှာ ဘေဂျင်း အစိုးရက လိုလားတဲ့ လက်တဆုပ်စာ ကိုယ်စားလှယ် တွေပဲ နေရာ ရစေမယ့် ရွေးကောက်ပွဲ စည်းမျဉ်းသစ် အပေါ် မှာ မကျေနပ်လို့ ခုလို ဆန္ဒပြကြတာ ဖြစ်ပါတယ်။

ဒီ ဆန္ဒပြပွဲဟာ မတရားတဲ့ စည်းမျဉ်းကို ပြည်သူတွေက အာခံတဲ့ ပထမ ခြေလှမ်း အဖြစ် ရည်ရွယ်တာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ ရှိတဲ့ အချမ်းသာဆုံး စီးပွားရေး လုပ်ငန်းရှင်တွေ ကတော့ ဘေဂျင်း မြို့တော်ဆီ သွားရောက် နေကြပြီး ဒီဆန္ဒပြပွဲရဲ့ အကျိုးဆက် အဖြစ် စီးပွားရေး ထိခိုက်မှာ ကို စိုးရိမ်ကြောင်း သတိပေးကြပါတယ်။

http://www.bbc.co.uk/burmese/world/2014/09/140922_hongkong_student_boycott.shtml

ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ (ယနေ့ ကာလ တန်ကြေး သိန်းပေါင်း နှစ်သောင်းကျော်ဖိုး) ၁၉၇၈-၇၉ ခုနှစ် က အလှူ

M-Media
ဓါတ်ပုံ ပေးသူ-Mya Arkar


Haji Ma Daw Pu
ဟာဂျီမ ပျဉ်းမနားဒေါ်ပု သည် မြန်မာနိုင်ငံတွင် လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး ဖြစ်ပါတယ်။

ဖော်ပြပါပုံသည် ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့ စိတ်ရောဂါ အထူးကု ဆေးရုံဝင်း အတွင်း ငွေခြောက်သိန်းတန် ဘွဲ့လွန်စိတ်ပညာသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွက်လည်း လှူဒါန်းခဲ့စဉ်ဖြစ် ပါတယ်။

၁၉၇၉ ခုနှစ် အောက်တိုဘာလာ ၅ ရက်တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း ဆီးနှင့်ကျောက်ကပ်ရောဂါ အထူးကုဌာန အတွက် သိန်းသုံးဆယ်ကျော်လှူဒါန်းကာ ဆောက် လုပ်ခဲ့ပါ တယ်။

အရေပြားဆေးရုံသစ်အတွက် သိန်း နှစ်ဆယ်ကျော် လှူဒါန်းခဲ့ပါတယ်။

ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ များစွာသော အများအကျိုးပြု အလှူများမှ ဖော်ပြပါ အလှူ(၃) ခု (၅၆) သိန်းတန်ကြေးမှာ ယနေ့ကာလတွင် သိန်းပေါင်း (၂၆၀၀၀) ခန့်ရှိမှာဖြစ်ပါတယ်။

၁၉၈၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အတွင်း၌ သိန်း ၅၀ တန် လေးထပ်တိုက်၊ အရေပြားရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါကု ဆေးရုံ အဆောက်အအုံ အတွက်လည်း သိန်း ၂၀ လှူဒါန်းခဲ့သည်။

ဓါတ်ပုံစာညွှန်း- ရန်ကုန်မြို့ ကျောက်ကပ်ရောဂါဆေးရုံ သစ်တည်ဆောက်ရာ၌ ကျပ်သိန်း ၃၀ ပေးလှူပြိး အရေပြားဆေးရုံသစ်အတွက် သိန်း ၂၀ လှူဒါန်းခဲ့သော ဟာဂျီမ ပျဉ်းမနား ဒေါ်ပု (လူမှုထူးချွန် ပထမဆင့်) မိမိလှူဒါန်းသော ရန်ကုန်မြိုက စိတ်ရောဂါကုဆေးကုဆေးရုံ ကြီး ဘွဲလွန် စာသင်ခန်းနှင့် စာကြည်တိုက် အဆောက်အဦ ကျောက်စာကို စိတ်ဝင်စားစွာ ရှုစားနေစဉ်၊

ဘေးတွင် (မျက်မှန်ဖြင့် ) ပီတိဖြစ်နေသူမှာ ပျဉ်းမနားဇာတိ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ စိတ်ရောကု ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်း

ref_ ၁၉၈၂ ခု စက်တင်ဘာလ ထုတ် အစ္စလာမ်အလင်း စာစောင် အမှတ်စဉ်(၂၁)

ဟာဂျီမ ပျဉ်းမနားဒေါ်ပု အကြောင်း အသေးစိတ်ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/2190

Diversity Visa (DV) 2016 အတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ ကြေညာချက်ထုတ်ပြန်

အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်အတွက် အီလက်ထရွန်နစ်စနစ်ဖြင့် မဲဖောက်ပေးမည့် Diversity Visa(DV) 2016 program အတွက် လျှောက်လွှာတင်ခြင်းများပြုလုပ်ခြင်း များ ကို   အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ပြုလုပ်နိုင်ပြီ နိုဝင်ဘာက ၃ ရက်နေ့ နောက်ဆုံးထားကာ ပြုလုပ်ရမှာဖြစ်ပါတယ်။ အဆိုပါက Diversity Visa (DV) 2016 လျှောက်လွှာတင်ခြင်းများကို www.dvlottery.state.gov တွင် ၀င်ရောက်ကာ ပြုလုပ်ရမှာဖြစ်ပါတယ်။

လျှောက်လွှာတင်ခြင်းများကို နောက်ဆုံးအပတ်အထိ မစောင့်ဆိုင်းပဲ စတင် လျှောက်လွှာတင်ခြင်းများပြုလုပ်ကြပါ ရန်နှင့် နောက်ဆုံးရက်မှ ကပ်ပြီး ပြုလုပ်ပါက ၀က်ဆိုက်ဘ် အတွက် အချိန်နောက်နှေးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဖြစ်ပါတယ်။

ထိုအပြင် သတ်မှတ်ရက် ဖြစ်သော နိုဝင်ဘာ ၃ ရက်နေ့ထက် နောက်ကျသော မှတ်ပုံတင် လျှောက်လွှာများကို လက်ခံစဉ်းစားခြင်း ပြုလုပ်မှာ မဟုတ်သည့်အတွက် အချိန်မှီစေရန်အတွက် ကြို တင်ပြု လုပ်ထားသင့်ပါတယ်။ Diversity Visa (DV) 2016 အတွက် လျှောက်လွှာပြုလုပ်ခြင်းကို လူတစ်ဦးစီအတွက် တစ်စောင်စာ လျှောက်ထားခွင့်ရှိပြီး လူတစ်ဦးထက် ပိုပြီး လျှောက် ထားသော လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ ထိုကဲ့သို့ အစီအစဉ်အတွက် မည်သည့်ငွေကြေးပမာဏ တစ်စုံတစ်ရာကိုမှ ပေးသွင်းစရာမလိုပဲ အင်တာနက် မှတစ်ဆင့် လူ ကိုယ်တိုင်ဖြစ်စေ ၊ အခြားတစ်ဦးဦးမှ ဖြစ်စေ လျှောက်လွှာများ တင်သွင်းနိုင်ပါတယ်။

2016 Diversity Immigrant Visa Program နှင့် ပတ်သက်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက အောက်ပါလင့်တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။ :

http://go.usa.gov/pzTY

Ref : U.S. Embassy Rangoon
===========================================
‪#‎YangonMediaGroup‬ ™ | ‪#‎MZK‬ | www.yangonmedia.com

အမေရိကန်နှင့်ပူးပေါင်းပြီးအာရပ်မဟာမိတ်များကပါ IS အဖွဲ့ကို လေကြောင်း မှတိုက် ခိုက်

F-22 Raptor တိုက်လေယာဉ်တစ်စီး ပစ်မှတ်လွှဲမီးကျည် ပစ်ခတ်နေစဉ် (Photo – Chamorrobible)

အမေရိကန်နှင့် ပူးပေါင်းကာ အာရပ်မဟာမိတ် နိုင်ငံများကလည်း ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့များကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ (၂၃)ရက် နံနက်အစောပိုင်းက ဆီးရီးယား အရှေ့ပိုင်းရှိ IS စစ်သွေးကြွ စခန်းများသို့ မဟာမိတ်တပ်ဖွဲ့ တိုက်လေယာဉ်များက ဗုံးကြဲခဲ့သလို Tomahawk ခရုစ်ဒုံးကျည်များလည်း ကျရောက် ထိမှန်ခဲ့ကြောင်း သိရသည်။ ယင်းအခြေအနေသည် IS တို့အတွက် စစ်မျက်နှာသစ်များ ကြုံလာခြင်းလည်း ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် IS စစ်သွေးကြွများကို ပူးပေါင်းတိုက်ခိုက်ရန် ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် UAE နိုင်ငံတို့က အမေရိကန်ထံ ကတိပြုထားသည်။ လေကြောင်း တိုက်ပွဲများ ဆင်နွှဲချိန်တွင် အဆိုပါ နိုင်ငံအားလုံးဖြစ်စေ၊ အချို့ဖြစ်စေ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အာရပ်လက်တွဲဖော်နိုင်ငံများသည် အမေရိကန်နှင့်အတူ လေကြောင်းထိုးစစ် ကူညီဆင်နွှဲခဲ့ကြောင်း အတည်ပြုခဲ့သည်။ သို့သော် လည်း ဆီးရီးယားတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အာရပ်နိုင်ငံများ၏  အမည်ကိုမူ ၎င်းက ပြောကြားမသွားချေ။

အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း စစ်သေနာပတိ ဂျွန်ကာဘီက “အမေရိကန် စစ်ဘက်နဲ့ လက်တွဲဖော် နိုင်ငံတွေက ISIL အကြမ်းဖက် အဖွဲ့ကို ဆီးရီးယား နိုင်ငံထဲမှာ တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုနိုင်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေအပြင် Tomahawk မြေပြင်ပစ် ဒုံးကျည်တွေပါ ပါဝင်ခဲ့ပါတယ်”ဟု ဆို သည်။ ၎င်းသည် အမေရိကန် အစိုးရ၏ အသုံးအနှုန်းအတိုင်း IS ဟု ခေါ်ဝေါ်ခြင်း မရှိဘဲ ယခင်အမည်ဟောင်း ISIL ကိုသာ အသုံးပြု ပြောဆိုသွားသည်။

အမေရိကန်သည် ဆွန်နီအစ္စလာမ်မစ် အစွန်းရောက် တပ်ဖွဲ့များ အဓိက အခြေစိုက်ရာ ရက်ကာမြို့နှင့် ဆီးရီးယား-အီရတ် နယ်ခြားဒေသများရှိ IS ပစ်မှတ်များကို အဓိက တိုက်ခိုက်ခဲ့ပြီး အမေရိကန် ၏ အဆင့်အမြင့်ဆုံး နည်းပညာများ အသုံးပြုထားသည့် F-22 Raptor တိုက်လေယာဉ်များကိုပါ စစ်ဆင်ရေးတွင် ပါဝင်စေခဲ့ကြောင်း Wall Street ဂျာနယ်နှင့် ABC သတင်းဌာန တို့ က   ဖော်ပြထားခဲ့သည်။