အမေရိကန်နှင့်ပူးပေါင်းပြီးအာရပ်မဟာမိတ်များကပါ IS အဖွဲ့ကို လေကြောင်း မှတိုက် ခိုက်

F-22 Raptor တိုက်လေယာဉ်တစ်စီး ပစ်မှတ်လွှဲမီးကျည် ပစ်ခတ်နေစဉ် (Photo – Chamorrobible)

အမေရိကန်နှင့် ပူးပေါင်းကာ အာရပ်မဟာမိတ် နိုင်ငံများကလည်း ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့များကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ (၂၃)ရက် နံနက်အစောပိုင်းက ဆီးရီးယား အရှေ့ပိုင်းရှိ IS စစ်သွေးကြွ စခန်းများသို့ မဟာမိတ်တပ်ဖွဲ့ တိုက်လေယာဉ်များက ဗုံးကြဲခဲ့သလို Tomahawk ခရုစ်ဒုံးကျည်များလည်း ကျရောက် ထိမှန်ခဲ့ကြောင်း သိရသည်။ ယင်းအခြေအနေသည် IS တို့အတွက် စစ်မျက်နှာသစ်များ ကြုံလာခြင်းလည်း ဖြစ်သည်။

အီရတ်နှင့် ဆီးရီးယားတို့တွင် လှုပ်ရှားနေပြီး နာမည်ဆိုးဖြင့် ကျော်ကြားသည့် IS စစ်သွေးကြွများကို ပူးပေါင်းတိုက်ခိုက်ရန် ဘာရိန်း၊ ဂျော်ဒန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် UAE နိုင်ငံတို့က အမေရိကန်ထံ ကတိပြုထားသည်။ လေကြောင်း တိုက်ပွဲများ ဆင်နွှဲချိန်တွင် အဆိုပါ နိုင်ငံအားလုံးဖြစ်စေ၊ အချို့ဖြစ်စေ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အာရပ်လက်တွဲဖော်နိုင်ငံများသည် အမေရိကန်နှင့်အတူ လေကြောင်းထိုးစစ် ကူညီဆင်နွှဲခဲ့ကြောင်း အတည်ပြုခဲ့သည်။ သို့သော် လည်း ဆီးရီးယားတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အာရပ်နိုင်ငံများ၏  အမည်ကိုမူ ၎င်းက ပြောကြားမသွားချေ။

အမေရိကန်၏ ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်း စစ်သေနာပတိ ဂျွန်ကာဘီက “အမေရိကန် စစ်ဘက်နဲ့ လက်တွဲဖော် နိုင်ငံတွေက ISIL အကြမ်းဖက် အဖွဲ့ကို ဆီးရီးယား နိုင်ငံထဲမှာ တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုနိုင်ပါတယ်။ ဒီတိုက်ခိုက်မှုမှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲလေယာဉ်တွေအပြင် Tomahawk မြေပြင်ပစ် ဒုံးကျည်တွေပါ ပါဝင်ခဲ့ပါတယ်”ဟု ဆို သည်။ ၎င်းသည် အမေရိကန် အစိုးရ၏ အသုံးအနှုန်းအတိုင်း IS ဟု ခေါ်ဝေါ်ခြင်း မရှိဘဲ ယခင်အမည်ဟောင်း ISIL ကိုသာ အသုံးပြု ပြောဆိုသွားသည်။

အမေရိကန်သည် ဆွန်နီအစ္စလာမ်မစ် အစွန်းရောက် တပ်ဖွဲ့များ အဓိက အခြေစိုက်ရာ ရက်ကာမြို့နှင့် ဆီးရီးယား-အီရတ် နယ်ခြားဒေသများရှိ IS ပစ်မှတ်များကို အဓိက တိုက်ခိုက်ခဲ့ပြီး အမေရိကန် ၏ အဆင့်အမြင့်ဆုံး နည်းပညာများ အသုံးပြုထားသည့် F-22 Raptor တိုက်လေယာဉ်များကိုပါ စစ်ဆင်ရေးတွင် ပါဝင်စေခဲ့ကြောင်း Wall Street ဂျာနယ်နှင့် ABC သတင်းဌာန တို့ က   ဖော်ပြထားခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: