Daily Archives: September 26th, 2014

အမေရိကန်နှင့်မဟာမိတ်တပ်များ ISIS အား အမြစ် ဖြတ် ချေမှုန်းရေး စတင်

အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံများအဖွဲ့ဟာ ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ အစ္စလမ်မစ် နိုင်ငံတော် IS စစ်သွေးကြွ တွေကို လေကြောင်းတိုက်ခိုက်မှု စစ်ဆင်ရေးတွေ စတင်ပြီဖြစ်တယ်လို့ ပင်တဂွန် စစ်ဌာန ချုပ် က ပြောပါတယ်။ အခုလို လေကြောင်းစစ်ဆင်ရေး လုပ်ဆောင်ရာမှာ တိုက်လေယာဉ်တွေ၊ ဗုံးကြဲဂျက်လေယာဉ်တွေနဲ့ တွန်မာဟော့ မစ်ဆိုင်းဒုံးကျည်တွေကိုလည်း အသုံးပြု ခဲ့တယ်လို့ ပင်တဂွန်ပြောခွင့်ရ John Kirby ပြောဆို တာကို ကိုးကားပြီး ဘီဘီစီ သတင်းမှာ ဖော်ပြပါတယ်။

SIS လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံ တည်ထောင်သူတွေက သြစတြေးလျ၊ အမေရိကန်၊ ကနေဒါနဲ့ ဥရောပတိုက်က မွတ်စလင်ဘာသာ မဟုတ်သူတွေကို သတ်ပစ်ဖို့ ကမ္ဘာပေါ်က သူတို့အဖွဲ့ ကို ထောက်ခံသူတွေကို ပန်ကြားလိုက်ပါတယ်။
အနောက်တိုင်းနိုင်ငံတွေအပေါ် စစ်ခင်းကြောင်း အတိအလင်းပြောကြားတဲ့ အသံဖိုင်ထဲမှာ ISIS အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် Abu Muhammad al-Adnani ash-Shami က ပြောခဲ့

ပထမဆုံးလိင်တူချစ်သူများဗလီကို တောင်အာဖရိက ပိတ်ပင်

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လိင်တူချစ်သူများ ဗလီကျောင်းနဲ့ပတ်သက်ပြီး အစ္စလာမ့်ယုံကြည်ချက်ကို ချိုးဖောက်မှုအဖြစ် ပြစ်တင်ဝေဖန်မှုများပေါ်ထွက်လာချိန်မှာ မြို့တော်ကိတ်ပ်တောင်း က တာဝန်ရှိသူတွေကလည်း စည်ပင်သာယာနည်းဥပဒေနဲ့ ညိစွန်းတဲ့အတွက် အဲဒီ ဂေးဗလီကို ပိတ်ပစ်ဖို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

“ဗလီတစ်လုံးမဆောက်ခင် ကျန်းမာရေးနဲ့ လုံခြုံရေးပြဿနာတွေကို ထည့်သွင်းစဉ်းစားရပါတယ်”လို့ မြို့တော်ကောင်စီဝင် ဟန်းဒရစ်က ဘီဘီစီသတင်းဌာနကို စက်တင်ဘာလ ၂၄ ရက်နေ့က ပြော ပါတယ်။

လိင်တူချစ်သူ(ဂေး)တွေကို လက်ခံကြိုဆိုခဲ့ပြီး အမျိုးသမီးတွေကိုလည်း ဦးဆောင်ဝတ်ပြုဖို့ ခွင့်ပေးထားတဲ့ ဒီဗလီကို ပြီးခဲ့တဲ့ သောကြာနေ့က တရားဝင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဟန်းဒရစ်ရဲ့ အဆိုအရ အသစ်ဖွင့်လှစ်လိုက်တဲ့ ဒီဗလီဟာ ယာဉ်ရပ်နားဖို့ ကားပက်ကင် မပါရှိတဲ့အတွက် စည်ပင်သာယာရဲ့ နည်းဥပဒေနဲ့ ညိစွန်းနေပါတယ်။

ဒီဗလီကို တည်ထောင်သူ တပ်ဂ်ျဟာဂေးကတော့ တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ သူ့ရဲ့ပံ့ပိုးမှုကို ပစ်မှတ်ထားတဲာဖြစ်တယ်လို့ ဆိုပါတယ်။

“မြို့တော်ကောင်စီက အဓိပ္ပာယ်မရှိတဲ့ နည်းဥပဒေကို ဗလီကို ပိတ်ဖို့ ကြိုးစားတာပဲ၊ ကျွန်တော်တို့ကို သူတို့ရော၊ တခြား ဘယ်သူကမှ ခြိမ်းခြောက်လို့ မရပါဘူး”လို့ ဟာဂေးက ဘီဘီစီကို ပြော ပါ တယ်။

“ဒီနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ဘာသရေးလွတ်လပ်ခွင့်နဲ့ ထုတ်ဖော်ခွင့် ရှိပါတယ်၊ ဘယ်သူကမှ ကျွန်တော်တို့ကို ဘယ်လို ယုံကြည်ရမလဲဆိုတာ ပြောခွင့်မရှိဘူး၊ ဒါဟာ ကျားမ တန်းတူဗလီပဲ၊ လွတ် လပ် တဲ့ ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ ဗလီအဖြစ် ဆက်လက်ရှိနေဦးမှာပါ ”လို့ သူက ဆိုပါတယ်။

တောင်အာဖရိကနိုင်ငံမှာ လူဦးရေ ၄၉ သန်းအနက် မွတ်စလင် ၁. ၅ သန်းရှိတယ်လို့ CIA ရဲ့အချက်အလက်စာအုပ်မှာ ဖော်ပြပါတယ်။

<<< လိင်တူချစ်သူနှင့် အမျိုးသမီးဦးဆောင်ဝတ်ပြုမှု >>>

အစ္စလာမ်မှာ ၀တ်ပြုတဲ့အခါ အမျိုးသမီးက အမျိုးသားတွေကို ဦးဆောင်ဝတ်ပြုခွင့်မရှိဘဲ တခြားအမျိုးသမီးတွေကိုသာ ဦးဆောင်နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ အဲဒီလို အမျိုးသမီးအချင်းချင်း ဦးဆောင် ၀တ်ပြုတဲ့ အမျိုးသမီးသီးသန့်ဗလီတွေ ရှိနေပါတယ်။

ဦးဆောင်မယ့် အမျိုးသားတွေမရှိရင် အမျိုးသမီးတွေကို သူတို့ရဲ့ ညီအစ်မအချင်းချင်းကြားမှာ ဦးဆောင်ဝတ်ပြုခွင့်ရှိတယ်လို့ အစ္စလာမ့် ဥပဒေပညာရှင်အများစုကြီး ဆိုပါတယ်။

လိင်တူဆက်ဆံမှုနဲ့ လက်ထပ်ထိမ်းမြားမှုဟာလည်း အစ္စလာမ်နဲ့ ခရစ်ယာန်အပါအ၀င် ထာဝရဘုရားသခင်ကို ယုံကြည်ကိုးကွယ်တဲ့ ဘာသာအားလုံးမှာ အလားတူ တားမြစ်ပိတ်ပင်ထားပါတယ်။

အစ္စလာမ်က ယုံကြည်သူတွေကို ညစ်ညမ်းတဲ့အပြုအမူတွေ မလုပ်ဖို့နဲ့ ညစ်ညမ်းမှုတဲ့ကိစ္စတွေကို ၀ါဒဖြန့်ချိတဲ့လုပ်ငန်းမှာလည်း အရသာတွေ့ နစ်မွန်းမနေဖို့ သွန်သင်ပါတယ်။

ကက်သိုလစ်ချာခ်ျကတော့ လိင်တူချစ်တာဟာ အပြစ်မဟုတ်ဘဲ လိင်တူဆက်ဆံတာကသာ အပြစ်လို့ မှတ်ယူပါတယ်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ ပြင်သစ်က လိင်တူချစ်သူများ ဗလီတစ်လုံးကို ပဲရစ်မြို့မှာ ဖွင့်လစ်ပြီး ဂေးဝတ်ပြုသူတွေကို ကြိုဆိုလက်ခံသလို အမျိုးသမီးတွေကိုလဲ ဟိဂျဗ်မ၀တ်ဘဲ လာခွင့်ပြုပါတယ်။ ဒီဖြစ်ရပ်ကို မွတ်စလင်ပညာရှင်တွေက ကိုယ်ကျင့်သိက္ခာမဲ့မှုနဲ့ မှားယွင်းတဲ့ ဆောင်ရွက်ချက်အဖြစ် ရှုတ်ချပြောဆိုပြီး ပြင်သစ်မွတ်စလင်တွေလည်း ဝေဖန်ခဲ့ကြပါတယ်။

Source : Onislam
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)