အိန္ဒိယတွင်မုဒိမ်းကျင့်ရန်ကြံစည်သူအား ဒေသ ခံ များ က လိင် အင်္ဂါ ဖြတ်ပစ်

M-Media

– ဆယ်ကျော်သက် အမျိုးသမီးငယ်တစ်ဦးအား မုဒိမ်းကျင့်ရန် ကြံစည်သူ အိန္ဒိယအမျိုးသားတစ်ဦး၏ လိင်အင်္ဂါကို ဒေသခံများက ဖြတ်တောက်မှုတစ်ခု အိန္ဒိယ နိုင်ငံတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဂန်နာဂါမြို့တွင် အသက် ၄၀ အရွယ် ဆူရက်ရှ်ကူးမားရ်ဆိုသည့် အမျိုးသားမှာ လမ်းကြားတစ်ခုတွင် ဆယ်ကျော်သက်အမျိုးသမီးအား မုဒိမ်းကျင့်ရန် ကြံစည်ရာမှ ဒေသခံများက တွေ့ရှိပြီးနောက် ယခု ကဲ့သို့ ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

ဒေသခံများမှာ ကူးမားရ်အား အနီးရှိ သားသတ်ရုံသို့ ခေါ်သွားခဲ့ပြီး တစ်နာရီခန့် ရိုက်နှက်ခဲ့ပြီးနောက် နောက်ဆုံးတွင် သားလှီးဓားဖြင့် ၎င်း၏ လိင်အင်္ဂါအား ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

“လူတွေက ဘယ်သူမှ မတားကြပါဘူ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလူရဲ့ လိင်အင်္ဂါကို လမ်းပေါ်မှာတွေ့ရပြီး ဒါဟာ လိင်ပိုင်းဆိုင်ရာ ကိစ္စအတွက် အပြစ်ပေးတယ်ဆိုတာ သိကြပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ သိပ်မကြာခင်ကပဲ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတာ၊ ကြိုးဆွဲချခံရတာ၊ ဗလက္ကာယပြုခံရတာတွေ စတဲ့ သည်းမခံနိုင်စရာ အမှုတွေ အများကြီး ဖြစ်ခဲ့ပါတယ်။ အခုဒါမျိုးဟာ ဒီလိုလုပ်ချင်သူတွေ အတွက် ပြင်းထန် တဲ့ သတင်းပေးမှုဖြစ်ပြီး တကယ်လို့ ဒါမျိုးလုပ်ရင် ဒီလိုအပြစ်ပေးခံရပါမယ်” ဟု ဒေသခံ တစ်ဦးဖြစ်သူ အသက် ၃၀ အရွယ် ဒါဝမ်ဆိုသူက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကမူ ထိုကဲ့သို့ မနှစ်မြို့ဖွယ်ရာ ရာဇ၀တ်မှုများအတွက် တရားဥပဒေအရသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့စိတ်ကြိုက် ဆောင်ရွက်၍ မရကြောင်း၊ ကူးမားရ်အပေါ် ကျူးလွန်ခဲ့ သူများမှာ   လာရောက်၍ အဖမ်းခံရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုကို ကျူးလွန်တဲ့သူတွေအနေနဲ့ ကျွန်တော်တို့ လိုက်မရှာခင် လာရောက်အဖမ်းခံဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။

လိင်င်္ဂါဖြတ်တောက်ခြင်း ခံခဲ့ရသည့် ကူးမားရ်အား ဆေးရုံတွင် ကုသမှုများပြုလုပ်နေပြီး စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။ မုဒိမ်းပြုကျင့်ရန် ကြံစည်ခြင်းခံခဲ့ရသူ အမျိုးသမီးငယ်ကိုလည်း ထိတ်လန့်မှု များကြောင့် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သည်။

ref_ The Mirror

http://www.m-mediagroup.com/news/32874

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: