Monthly Archives: November, 2014

မိုဘိုင်းဖုန်းအသုံးများသောလူငယ်တို့တွင် ဦးနှောက် ကင်ဆာ ဖြစ်ပွားနိုင် ခြေများ ပြား

မိုဘိုင်းဖုန်းအသုံးပြုသောလူငယ်တို့တွင် ဦးနှောက်ကင်ဆာရောဂါ ဝေဒနာဖြစ်ပွားနိုင်သည် ဟုဆေးသုတေသနပညာရှင်များ ၏ လေ့ လာတွေ့ ရှိချက်အရသိရသည်။

အဆိုပါ ဆေးသုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်တွင် မိုဘိုင်းဖုန်း၏ ရေဒီယိုသတ္တိကြွခင်းသည် ကင်ဆာရောဂါနှင့် ဆက် စပ် နေလျက်ရှိကြောင်းသိရသည်။

ငယ်ရွယ်သောလူငယ်များအနေဖြင့် မိမိ၏ မိုဘိုင်းဖုန်းကို အချိန်ကြာမြင့်စွာအသုံးပြုပါကဦးနှောက်ကင်ဆာရောဂါဝေဒနာ ခံစားရမည်ဟု ဆွီဒင်နိုင်ငံဆေး သုတေသနလေ့လာမှုအရ အ တည်ပြုထားသည်။

စင်ကာပူနိုင်ငံ၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာအထူးတာဝန်ရှိသူ Wong Seng Wengကလည်း အသက်၂ဝ အရွယ်အောက် လူငယ် များတွင် မိုဘိုင်းဖုန်းကိုပိုမို၍ အချိန်ကြာမြင့်စွာအသုံးပြုပါကဦးနှောက်နှင့် အာရုံကြောကိုထိခိုက် စေနိုင်သည်ဟုပြောကြားခဲ့သည်။

မိုဘိုင်းဖုန်းကိုအချိန်ကြာမြင့်စွာသုံးစွဲသောအသက် ၂ဝ အောက် လူငယ်တို့၏ ဦးနှောက်မှာမှတ် ဥာဏ်အားကိုလျော့နည်းစေ မည်ဖြစ်ပြီး ၄င်း တို့၏ ဦးနှောက်အာရုံကြောလေးများမှာအလွန် တရာပါးလွှာလျက်ရှိကြောင်းသိရသည်။
အဆိုပါမိုဘိုင်းဖုန်း၏ ရေဒီယိုသတ္တိကြွဓာတ် သည် သုံးစွဲသောလူငယ်များ၏ ဦးနှောက်နှင့် အာ ရုံကြောကိုအလွန်အန္တရာယ် ပေးနိုင်ခြင်း တို့ကြောင့် ဦးနှောက်ကင်ဆာရောဂါဝေဒနာ ဖြစ်ပွားစေနိုင် သည်ဟုမစ္စတာ Wong Seng Weng ကရှင်းလင်းပြောကြားခဲ့သည်။

Ref – CNA

အင်ဒိုနီရှားသမ္မတဂျိုကိုဝီစင်ကာပူနိုင်ငံသို့တိတ်တဆိတ် သာမာန်လေကြောင်း လိုင်းဖြင့် သွားရောက်

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အင်ဒိုသမ္မတနှင့် ဇနီးတို့သည် စင်ကာပူနိုင်ငံသို့ တိတ်တဆိတ် သာမာန်လေကြောင်း လိုင်းဖြင့် ရောက် ရှိ    ကြောင်း သိရသည်။ ၄င်းတို့ နှစ်ဦး ချန်ဂီလေယာဉ် ကွင်းသို့ ညနေပိုင်း ဆိုက်ရောက် ချိန်တွင် စင်ကာပူနိုင်ငံ ဆိုင်ရာ အင်ဒို သံအမတ် ကြီး မှာ ဆိုက်ရောက် ဂိတ်သို့ အလောတကြီး ရောက်ရှိ လာခဲ့သည်။
သူတို့ ခေတ္တ စကားရပ်ပြောခဲ့ကြပြီး ဂျို ကိုဝီနှင့် ဇနီးတို့ မှာ ၄င်းတို့ ခေါ်ယူထား သည့် တက္ကစီပေါ် တက်သွားကြရာ သံအမတ်ကြီးနှင့် အဖွဲ့  မှာ အတူမလိုက်ပါရပဲ ကျန်ရစ်ခဲ့လေသည်။
ဂျိုကိုဝီနှင့် ဇနီးတို့ လိုက်ပါစီးနင်းလာသည့် တက္ကစီမှာ ည ၇ နာရီခန့်တွင် စင်ကာပူနိုင်ငံရှိ ပုဂ္ဂလိက အထက်တန်းကျောင်း Anglo Chinese School သို့ ရောက်ရှိလာရာ ACS ဒုကျောင်းအုပ်က ကြိုဆိုခဲ့သည်။ ၄င်းတို့ ဇနီးမောင်နှံ ၂ ဦးသည် သားငယ်၏ အထက် တန်း   အောင်   IB ဒီပလိုမာချီးမြင့်ပွဲသို့ တက်ရောက်လာခြင်း ဖြစ်သည်။
မိခင်ဖြစ်သူနှင့် အစ်မတစ်ဦးတို့သာ တက်ရောက်ကြမည်ဟု ကြိုသိထားသည့် သားဖြစ်သူ Kaesang မှာ ဖခင်ဖြစ်သူကို မြင်တွေ့ရ သည့် အခါ လွန်စွာ ၀မ်းသာ အားရဖြင့် ဖခင်ဖြစ်သူကို ပြေးဖက်ကာ ဂါရ၀ ပြုခဲ့သည်။ Kaesang ၏ သူငယ်ချင်းများကလည်း လှုပ်လှုပ် ရှားရှား  ဖြစ် ကုန်သည်။ စင်ကာပူနိုင်ငံ ၏ တောင်ဘက်မှ စစ်အာဏာရှင်လက်ထက် ဗိုလ်ချုပ်ကြီးများနှင့် အပြိုင် အဆိုင် ရွေးကောက်ပွဲ အနိုင်ကျဲခဲ့ သည့် ဂျိုကိုဝီသည် စင်ကာပူ မီဒီယာများ ၏ ၂၀၁၄ မျက်နှာဖုံးသတင်းများ ဖြစ်ခဲ့သည်။
ACS ကျောင်းတွင် အင်ဒိုသမ္မတကြီးအား ဧည့်ခံရန် ပြင်ဆင်ထားမှု မရှိပေ။ ဂုဏ်ပြု ညစာစားပွဲသည်လည်း သာမာန် ကျောင်းသား မိဘ များနှင့် အတူဖြစ် သည်။ ဂျိုကိုဝီနှင့် ဇနီးတို့မှာလည်း သာမာန် အရပ်သားဝတ်စုံများနှင့် သာဖြစ် သည်။ ဂျို ကိုဝီက သာမာန် ပါတီရှပ် ၀တ် ဆင် ထားပြီး ဇနီးဖြစ်သူမှာ ဆွဲကြိုးပင် ၀တ်ဆင်ထားခြင်းမရှိပေ။
ဆုပေးပွဲ အပြီးတွင် ဂျိုကိုဝီက Kaesang ၏ သူငယ်ချင်းများဖြင့် Selfie များ တဖျပ်ဖျပ် ရိုက်ကြသည်။ စင်ကာပူ မီဒီယာများလည်း သတင်း ရရခြင်း အဆိုပါကျောင်းသို့ အပြေးအလွားရောက်လာကြရာ ဂျိုကိုဝီက မေးခွန်း အချို့အား ဖြေကြားခဲ့သည်။ ဂျိုကိုဝီက “၂၀၁၄ တ   လျောက် လုံး သားကို အချိန်မပေးနိုင် ခဲ့သဖြင့် အခုလို လာရောက်ခြင်းဖြစ်ကြောင်း၊ ယခုကိစ္စသည် သူ၏ ကိုယ်ရေးကိုယ်တာ မိသားစု ကိစ္စဖြစ်သဖြင့် စင်ကာပူ အစိုးရအားလည်း ကြိုတင် အကြောင်းမကြားထားကြောင်း” ဖြေကြားခဲ့သည်။
၎င်းက ဆက်လက်ပြီး ” ကျနော်ရဲ့ ကိုယ်ရေးဝန်ကိုတော့ အသိပေးခဲ့ရတာပေါ့ ဗျာ။ နို့မဟုတ်ရင် သမ္မတပျောက်တယ်ဆိုပြီး အထိတ် တလန့်   ဖြစ်ကုန်မှာပေါ့” ဟု အရွှန်းဖောက် ပြောကြားခဲ့သည်။ သတင်းထောက်များကို ဖြေရင်း၊ သားဖြစ်သူ ၏ သူငယ်ချင်းများ၏ ဖုန်း များဖြင့်  ဓါတ်ပုံရိုက်ခံခြင်း တို့ကို ပြုလုပ်နေချိန်တွင် စင်ကာပူအစိုးရအရာရှိအချို့ ရောက်ရှိလာသည်။
စင်ကာပူ ၀န်ကြီးချုပ်က ဂျိုကိုဝီအား စင်ကာပူအစိုးရ၏ အထူးဧည့်ဆောင်တွင် တစ်ညတာ ခိုနားပြီး ၄င်းနှင့်အတူ မနက်စာ အတူစားပြီး ကာမှ ဂျကာတာ သို့ ပြန်ပါ ရန် တောင်းဆိုလိုက်ခြင်း ဖြစ်သဖြင့် ဂျိုကိုဝီတို့ ဇနီးမောင်နှံမှာ မငြင်းသာပေ။
နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်စာကို အတူစားနေကြသည့် ပုံကို စင်ကာပူ ၀န်ကြီးချုပ်၏ ဖေ့ဘုတ် စာမျက်နှာသို့ တင်ခဲ့သည်။ စင်ကာပူ ၀န်ကြီး ချုပ်နေအိမ် သို့ ဂျိုကိုဝီက သားဖြစ်သူအား ခေါ်ဆောင်သွားခြင်း မရှိပေ။ မနက်စာ စားအပြီးတွင် ဂျိုကိုဝီက ၄င်း၏ တွစ်တာပေါ် တွင် ” Kaesang ကတော့ SMU မှာ ဆက်တက်ချင်ပါတယ်။ ဒါပေမယ့် ကျနော် စဉ်းစားဆဲပါ” ဟု ရေးသားခဲ့သည်။

ရတနာပုံမန္တလေးနန်းတွင်းထဲကရွှေပန္နက်ဗလီ ကို လည်း ရည် ရွယ် ချက် ရှိရှိ ဖျောက် ဖျက် ခဲ့

အမရပူရမှာရှိတဲ့ ရွှေနန်းတော်ကို ရတနာပုံမန္တလေးရွှေမြို့တော်သစ်ကြီးရှိရာ နေရာစီသို့ ရွှေ့ပြောင်းဖို့ မင်းတုန်းမင်းတြားကြီးက ဆုံးဖြတ်တော် မူလိုက်တဲ့အခါမှာ နန်းတော်ရာနဲ့မြို့တော်ကို တည်ဆောက်ဖို့ တာဝန်ယူရတဲ့ ပညာရှင်များ (ဒီကနေ့စကား အခေါ်နဲ့ ဆိုရင် ဆောက်လုပ်ရေးအယာတွေ)ဟာ အဲဒီခေတ်က မင်းတုန်းမင်းကြီးရဲ့ တပ်မတော်ထဲက အသိပညာရှင်-အတတ်ပညာရှင်များ ထဲမှ   မြန်မာမွတ်စလင်မ် ပသီကြီးးတွေဖြစ်ပါတယ်။

အဲ့ဒီကာလဟာ ခရစ်သက္ကရစ် ၁၈၅၇ ကဆိုတော့ အခုကာလနဲ့ တွက်စစ်ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၁၅၇ နှစ်ရှိပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

စတင်တည်ဆောက်ဖို့ နေပူကြဲကြဲကြီးတွေအောက်မှာ တိုင်းတာရေးလုပ်ငန်းတွေ တနေ့တာ တကုပ်ကုပ်လုပ်ကြရင်း အစ္စလာမ် ဘာသာ ဝင်တွေ ရဲ့ နေစဉ်ဝတ်ပြုရတဲ့ နမာဇ်းငါးကြိမ်ဝတ်ပြုမှု့ကိုလည်း သူ့အချိန်ကျလာပြီဆိုရင် ကြုံရာနေရာလေးမှာ လူစုပြီးဝတ်ပြုကြ တာ မျိုးပေါ့ ။

များမကြာမီမှာဘဲ ဒါကိုသတိထားမိသွားတဲ့ မင်းတုန်းမင်းကြီးက မောင်မင်းတို့ နေပူကြီးထဲ ဝတ်ပြုနေရတာတော့ မတော်လှပေ ဘူး…မောင်မင်းတို့ ဝတ်ပြုဖို့ ဗလီလေးတစ်လုံးအရင်တည်ဆောက်စေဆိုပြီး အမိန့်တော်နဲ့ ပေးသနားခဲ့တဲ့အတွက် မန္တလေးနန်းတွင်း ထဲမှာ ရွှေပန္နက်ဗလီဆိုပြီး စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ဆိုရမယ်ဆိုရင် မန္တလေးနန်းတော်ကြီးတောင်မပြီးသေးဘူး ဒီဗလီလေးက ဦးစွာပေါ်ပေါက်ခဲ့တာပါလို့ဆိုရင် မှားမယ်မထင်ပါဘူး။ မင်းတုန်း မင်းရဲ့ ရွှေနန်းတော်ထက်တောင် ပိုပြီး အသက်ကြီးပါသေးတယ်။အစဉ်အဆက် သမိုင်းအမွေအနှစ်အဖြစ် နှစ်ပေါင်းရာချီ တည်တံ့ လာခဲ့ပြီးတဲ့ ဒီဗလီဟာ ၁၉၈၈ခုနစ်အရေးတော်ပုံကြီးအပြီး အာဏါသိမ်းကာတက်လာတဲ့ စစ်တပ်အစိုးရဟာ နန်းတွင်းထဲမှာ တပ်ရင်းတပ်ဖွဲ့ ဝင်ရောက်တပ်စွဲပြီးတဲ့ နောက်ပိုင်းမှာတော့ အခုလိုဘဲ တစတစနဲ့ ဖျက်စီးအစဖျောက်ခြင်းကို ခံလိုက်ရပါတော့တယ်။

ဒါတွေဖျက်စီးလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တွေဟာ အင်္ဂလိပ်ကိုလိုနီခေတ် ကမှ ကုလားပြည်မှဝင်ရောက် နေထိုင်သူတွေလို့ နောင်မှာ အတင်းအကြပ်စွပ်စွဲပြီး ၄င်းတို့ နိုင်ငံသားအခွင့်အရေးတွေကို ညစ်ပတ်စွာ ရုတ်သိမ်းချင်လို့ အခုလည်း ဒါမျိုးတွေ ပေါ်ပေါ်ထင်ထင် လုပ်လာနေပါပြီ။

ရခိုင်ပြည်နယ် မြောက်ဦးမှာရှိတဲ့ နှစ်ပေါင်း ၄၅၀ ကျော်က ရှေးဟောင်းဗလီကြီးကိုလည်း ဒီအစိုးရတက်လာပြီးတဲ့ ခေတ်ကာလမှာဘဲ ဒီအတိုင်းဘဲ ဖျက်စီးပစ်ခဲ့တာပါဘဲ။စစ်တွေမြို့က ရှေးဟောင်းဗလီကြီးတွေကိုလည်း ဒီနည်းနဲ့ အထောက်အထားတွေ   ဖျောက်ဖျက် တဲ့အနေ နဲ့ ဖျက်စီးပစ်ခဲ့ကြအပြီးမှာမှ အခုသူတို့တွင်တွင် ဝါဒဖြန့်နေကြသလို ရိုဟင်ဂျာဆိုတာ ခိုးဝင်ဘင်္ဂလားကုလားတွေ ပါလို့ စွပ်စွဲကြ တာပါဘဲ။

ပညာအဆင့်အတန်း လွန်စွာနိမ့်ကျလှပြီး စစ်အုပ်စုတစု ရည်ရွယ်ချက်ရှိရှိ ချိုးနိမှ်ခဲ့ကြလို့ ကမ္ဘာမှာဘယ်သူပြောသမျှကို မိမိတို့ဖြစ်စေ ချင်ကြသည့်အတိုင်း အဂတိ တရားလေးပါးဖြင့် အလွယ်ယုံကြည်လေ့ရှိကြသူ ဗုဒ္ဓဘာသာဟုအမည်ခံထားကြသူ လူများစုမှာလည်း အခွင့်အရေးသမား စစ်အုပ်စုဝင်များ၏ ဝါဒမှိုင်းတိုက်သမျှအား ယုံကြည်မြဲ – ယုံကြည်နေမြဲ ။

လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်ဝန်းကျင်က ဖျက်စီးမြေမြုပ် ဖျောက်ဖျက်ပစ်ခဲ့တဲ့ သမိုင်းအမှန်တခုအကြောင်းကို ဒီနေ့မြန်မာပြည်က အလယ်အလတ်ကျပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာ တစ်ဦးတစ်ယောက်အား သွားပြောကြည့်လိုက်ပါ။ခင်ဗျားဟာ လိမ်နေတာပါလို့ သူတို့ပြော ပါလိမ့်မယ်။သူတို့ကိုယ်တိုင်လည်း ရိုးရိုးသားသား မသိရှာတာက တစ်ကြောင်း ဖက်စစ်အင်အားစုများက အမှန်ကိုအမှား အမှားကို လိမ်ညာဝါဒဖြန့်ထားလို့ တချို့က အမှန်ကိုသိကြပါသော်ငြားလည်း မွတ်စလင်မ်တွေဟာ လိမ်နေကြတာလို့ဘဲ ပိတ်ပြီးပြောပါလိမ့်မယ်။

နောင်နှစ်ပေါင်း သုံးဆယ်လောက် ထက်ကြာသွားမယ်ဆိုရင် ဒီလိုဘဲ နန်းတွင်းထဲမှာ ဗလီရှိခဲ့ဘူးကြောင်း ခင်ဗျား သွားပြောမိရင် ခင်ဗျားဟာ အရူးဘဲလို့ သူတို့ပြောကြလိမ့်မယ်။ဒါဟာ သမိုင်းအထောက်အထားတွေကို ရည်ရွယ်ချက်ရှိရှိ ဖျောက်ဖျက်ပစ်ပြီး အင်အား နည်းပါးသူ လူမျိုးစုငယ်တွေအပေါ် ကြံရွယ်ချက်ရှိရှိ လုပ်ကြံနေ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထောက်အထားတွေလည်း အလားတူ   ဖျောက်ဖျက်ဖို့ ကြိုးစားနေကြတာတွေဟာ သတိမူစရာဘဲ ဖြစ်ပါတယ်။

နောင်မှာဘယ်အထောက်အထားတွေကို ဘယ်လိုဖျောက်ဖျက်ပစ်ပြီး ဘာတွေထပ်ပြီး မြန်မာမွတ်စလင်မ် လူမှု့အသိုင်းအဝိုင်းနဲ့ လူနည်းစု လူမျိုးတွေ လူနည်းစုဘာသာဝင်တွေအပေါ် ဆက်ညစ်ပတ်ပြီး ယုတ်မာစွာ ကြံစည်ကြအုန်းမယ် ဆိုတာကတော့ ဆက်လက်ပြီး သတိကြီးစွာ စောင့်ကြည့်ရမှာသာ ဖြစ်ကြောင်း နှိုးဆော်အပ်ပါတယ်။

(ရောဘတ်အယ်လ်ဟို့စ်)ရေးသားသည်။

1954/ခုနစ် ကမ္ဘာ့အလင်း မဂ္ဂဇင်းမှ မန္တလေးနန်းတွင်းဗလီပုံများ ဖြစ်ပါတယ်။

ကမ္ဘာ့အသက်အငယ်ဆုံးမိုက်ခရိုဆော့ဖ်ကျွမ်းကျင်သူ လက်မှတ် ၅ နှစ်သား အရွယ် မွတ်စလင် ကလေးငယ် ရရှိ

အမေရိကန်နိုင်ငံပေါင်းစုံ ကော်ပိုရေးရှင်းက အောင်မြင်စွာ စမ်းသပ်စစ်ဆေးပြီးနောက် အသက်အငယ်ဆုံး မိုက်ခရိုဆော့ဖ်ကျွမ်းကျင်သူ လက်မှတ် ကို ၅ နှစ်အရွယ် မွတ်စလင်ကလေးငယ် အိုင်ယမ်ကူရေရှီက ရရှိသွားပါတယ်။

“သံလိုက်အိမ်မြှောင်နဲ့ တယ်လီစကုပ်ကို ကျွန်တော်ကြိုက်တယ်၊ ဒါပေမယ့် သုံးမြှောင့်ဖန်တုံးကို ပိုပြီး ကြိုက်တယ်၊ သုံးမြှောင့်ဖန်တုံး ကနေ တစ်ဆင့် ဖြတ်သန်းသွားတဲ့အလင်းတန်းက သက်တန့်ရောင်ထွက်လာတာ အံ့သြစရာပဲ”လို့ အသက် ၅ နှစ်အရွယ် အိုင်ယမ်က အင်ဒီပန်းဒန့်သတင်းစာကို နိုဝင်ဘာ ၂၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ပါကစ္စတန်လူမျိုး ဗြိတိန်မွတ်စလင်ဖြစ်တဲ့ ကူရေရှီဟာ စည်းကမ်းတင်းကြပ်တဲ့ စစ်ဆေးမှုနဲ့ အသိအမှတ်ပြု စာမေးပွဲ ကို အောင်အောင် မြင်မြင် ဖြေဆိုနိုင်ခဲ့အတွက် မိုက်ခရိုဆော့ဖ်အသိအမှတ်ပြုကျွမ်းကျင်သူ (MCP) တစ်ယောက်ဖြစ် လာခဲ့ပါ တယ်။

ကွန်ပျူတာ Hardware ၊ Software နဲ့ OS အခြေခံသဘောတရားတွေကို ဘယ်လောက် နားလည်းသလဲဆိုတာကို စစ်ဆေးမေးမြန်း ခဲ့တာဖြစ် ပါတယ်။

စစ်ဆေးတဲ့အခါမှာ ကလေးငယ် အိုင်ယမ်ဟာ အမှတ် ၁၀၀၀ မှာ ၇၀၀ နဲ့ ပွတ်ကာသီကာ အောင်မြင်လာတာဖြစ်ပေမယ့်လည်း အသက် ၆ နှစ်မပြည့်ခင် ကမ္ဘာ့အငယ်ဆုံး မိုက်ခရိုဆော့ဖ်အသိအမှတ်ပြု ကျွမ်းကျင်သူတစ်ဖြစ်လာ ခဲ့ပါတယ်။

သူ့ရဲ့ဖခင် IT ပညာရှင်ကတော့ သူ့သားဟာ အသက် ၃ နှစ်အရွယ်မှာ ကတည်းက ကျွန်ပျူတာကို စိတ်ဝင်စားခဲ့တယ်လို့ ဆိုပါတယ်။

“သူ ကျွန်တော့်ဘေးမှာ ထိုင်ပြီး၊ ကျွန်တော်လုပ်တွေကို ဂရုတစိုက်ကြည့်နေလေ့ရှိတယ်”လို့ ဖခင်ဖြစ်သူ အစင်းမ်ကူရေရှိက ပြောပါ တယ်။

ဒါကြောင့် ဖခင်ဖြစ်သူက ကွန်ပျူတာကို ဘယ်လိုအသုံးပြုရတယ်ဆိုတဲ့ အခြေခံသဘောတရားတွေကို ပြသပေးပါတယ်၊ Software, Hardware နဲ့ ပရိုဂရမ် install ၀င်းဒိုး install လုပ်နည်းတွေကို သင်ပေးခဲ့တယ်။ သိပ်မကြာခင်မှာပဲ အိုင်ယမ်ဟာ ကွန်ပျူတာ OS နဲ့ပတ်သက်ပြီး ဗြောင်းဆန်အောင် မွှေနှောက်နိုင်ခဲ့သလို ကိုယ်ပိုင် workshop တစ်ခုကိုပါ ဖန်တီးနိုင်ခဲ့ပါတယ်။

အခုလို ကျွမ်းကျင်လက်မှတ်ရသူတစ်ယောက်ဖြစ်လာပေမယ့်လည်း သူ့ပညာအရည်အချင်းတွေကို ဈေးကွက်မှာ မထုတ်ပြခင် ခေတ္တ ခဏတော့ ရပ်နားရပါဦးမယ်လို့ သူ့ဖခင်က ပြောပါတယ်။

“အခုအချိန်မှာ သူကျောင်းတက်ဖို့ လုပ်ရဦးမယ်လေ”လို့ အစင်းမ်ကူရေရှီက ဆိုပါတယ်။

“ဒါပေမယ့် IT နဲ့ပတ်သက်တဲ့ အရည်အသွေးတွေကိုတော့ ဒီထက်ပိုပြီး တိုးတက်လာအောင် သူလုပ်သွားမှာပါ”လို့ အစင်းမ်က ဆက် လက်ပြော ပါတယ်။

အိုင်ယမ်ဟာ ပထမဆုံး အသက်ငယ်ငယ်နဲ့ မိုက်ခရိုဆော့ဖ်အသိအမှတ်ပြု လက်မှတ်ရ မွတ်စလင်ကလေးငယ်တော့ မဟုတ်ပါဘူး။ သူ့အရင် မွတ်စလင်ကလေး အများအပြားလည်း ရရှိဖူးပါတယ်။

၂၀၀၄ ခုနှစ်တုန်းက အရ်ဖာကရီးမ်လို့ခေါ်တဲ့ အသက် ၉ နှစ်အရွယ် ပါကစ္စတန်မိန်းခလေးတ်စဦးဟာလည်း အသက်အငယ်ဆုံး မိုက်ခရိုဆော့ဖ်အသိအမှတ်ပြု ကျွမ်းကျင်သူဖြစ်ခဲ့ဖူးပါတယ်။
ထူးခြားတဲ့ ပါရမီရှင်မိန်းခလေး ကရီးမ်ဟာ အရေးပါတဲ့ နိုင်ငံတကာ နည်းပညာညီလာခံနဲ့ ဖိုရမ်တွေမှာ ပါကစ္စတန်ကိုယ်စားပြု တက်   ရောက် ခဲ့ပြီး ဘီလ်ဂိတ်နဲ့ တွေ့ဆုံဖို့လည်း ဖိတ်ကြားခံခဲ့ရပါတယ်။

ဒါပေမယ့် သူမဟာ ၀က်ရူးပြန်ရောဂါဖြစ်ပြီး ဘီလ်ဂိတ်ရဲ့ အဆင့်အမြင့်ဆုံး ဆေးဝါးကုသစရိတ် ပေးအပ်မှုကို လက်ခံရရှိပေမယ့် လည်း နောက်ဆုံး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှာ ကွယ်လွန်ခဲ့ပါတယ်။

အိုင်ယမ်ဟာ အသက် ၅ နှစ် ၁၁ လနဲ့ စံချိန်သစ်တင်လိုက်တာဖြစ်ပြီး သူ့အရင် အသက်အငယ်ဆုံး မိုက်ခရိုဆော့ဖ်ကျွမ်းကျင်သူ လက်မှတ် ရ မွတ်စလင် ကလေးငယ်တွေကတော့ —- အရ်ဖာကရီးမ် (အသက်-၉နှစ်)(၂၀၀၄)၊ ဘာဘရ် အိက္ကဗားရ်(အသက် -၉နှစ်)(၂၀၀၆)၊ ရှဖီးသိုဗာနီ(အသက်-၈ နှစ်)(၂၀၁၂)၊ မုဟမ္မဒ်အူဇိုင်းရ်(အသက်-၇နှစ်)(၂၀၁၃) တို့ဖြစ်ပြီး ထူးခြားချက်အနေနဲ့ကတော့ သူတို့ အားလုံး ဟာ ပါကစ္စတန်နွယ်ဖွား မွတ်စလင်ကလေးငယ် တွေဖြစ်နေပါတယ်။

Source : Onislam
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)
ဓါတ်ပုံ အညွှန်း-
(၁)နှင့်(၂) ၂၀၁၄ ခုနှစ်၊ အသက်-၅ နှစ်အရွယ် အောင်လက်မှတ်ရသူ အိုင်ယမ်ကူရေရှီ
(၃) ၂၀၀၄ ခုနှစ် အသက်-၉နှစ်အရွယ်တွင် အောင်လက်မှတ်ရခဲ့သူ အရ်ဖာကရီးမ် (ကွယ်လွန်)

Demostration of Rakhine: No Rohingya in Rakhine Land: ရခိုင်ပြည်တွင် ရိုဟင်ဂျာ မရှိ ဟု စစ်တွေ တွင် ဆန္ဒ ပြ

စစ်တွေမြို့ပေါ်တွင် ဆန္ဒပြ

စစ်တွေမြို့ပေါ်တွင် ဆန္ဒပြစတင်နေပါပြီ နံနက် (11:00) နာရီမှစ၍ ဘုရားကြီး ဝင်္က္ဘာကွင်း တွင် စုဝေးနေကြပြီး ဘုန်းကြီး၊ သီလရှင် နှင့် အရပ်သားကျားမ ပေါင်း ၂၀၀၀ကျော် ပါရှိပြီး တောင်း ဆိုချက်မှာ–ဘင်ကီမွန်း ၏ ရိုဟင်ဂျာ ပြောဆိုချက် ကို ကန့်ကွက်ရေး ၊ နိုင်ငံတော်သမ္မတ၏ အမိန့်အာဏာကိုလေးစားရေး ၊ မြန်မာနိုင်ငံ တွင် ရိုဟင်ဂျာ မရှိသဖြင့် ရိုဟင်ဂျာပြောဆိုသူများကို ထိရောက်စွာအရေးယူပေးရေး ၊ ခိုးဝင် ဘင်္ဂလီများ ကိုတထိယ နိုင်ငံသို့ ပို့ပေးရေး ၊ ကုလသမဂ္ဂမှရခိုင်းတိုင်းရင်းသား များ ၏ တောင်းဆိုချက်ကို ဆောင် ရွက်ပေးရေး တို့ဖြစ် သည်၊

ဒေါ်အောင်ဆန်းစုကြည်နဲ့ဗွီအိုအေမြန်မာပိုင်း သီး သန့် တွေ့ ဆုံ မေး မြန်း ခန်း (အပိုင်း-၁)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူးဦးသန်းလွင်ထွန်းတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။ (နိုဝင်ဘာ ၂၃၊ ၂၀၁၄)

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရေးမှာ အခက်အခဲတွေရှိနေသေးပေမယ့် ရအောင်ညှိနှိုင်းသွားရမှာပဲဖြစ်ကြောင်း အပြောင်းအလဲတွေ လုပ်ဖို့လိုနေ တယ်ဆိုတာ သိရင် မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲတဲ့ သတ္တိရှိဖို့လိုအပ်ကြောင်း ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်း မှာ ပြောကြားခဲ့ပါ တယ်။   လေးပွင့်ဆိုင်ဆွေးနွေးရေး ဆက်လက်တောင်းဆိုနေရတဲ့ သဘောထား၊ လူမျိုးရေး ဘာသာရေးပဋိပက္ခတွေနဲ့ ပတ်သတ်တဲ့အမြင် စတာတွေကိုလည်း ဗွီအိုအေ   မြန်မာ ပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ဆွေးနွေးထားတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ ဒေါ်အောင်ဆန်းစုကြည် ခင်ဗျား။ အခုလို မအားမလပ်တဲ့ကြားက ကျနော်တို့ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့် ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ အခု ပြီးခဲ့တဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ သမ္မတကြီးဦးသိန်းစိန်နဲ့လည်း ကျနော် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း ကျနော် တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့ သဘောအရဆိုလို့ ရှိရင်တော့ ဒီ အထူးသဖြင့် တပ်မတော်ရဲ့သဘောအရ ဆိုလို့ရှိရင်တော့ ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ၄၃၆ ကို မပြင်တဲ့ဘက်ကပဲ ခိုင်ခိုင်မာမာ ရပ်တည်တယ်ဆိုတဲ့ ပုံစံရှိပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြင်ဆင်ဖို့ လွယ်နိုင် ပါဦးမလား၊ ဖြစ်နိုင်ပါဦးမလားဆိုတာကို သုံးသပ်ပေးပါလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ အလုပ်စလုပ်ကတည်းက လွယ်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မသုံးသပ်ခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ် ဆိုတာကတော့ အဓိက ယုံကြည်ပါတယ်။ ဒီဟာက ဘယ်တော့ဖြစ်မှာလဲ ဆိုတဲ့အပေါ်မှာတော့ ဒီဟာက မေးခွန်းရှိတာပေါ့နော်။ အနှေးနဲ့အမြန်ပေါ့။ ဒါပေမယ့် မြန်လေလေ နိုင်ငံအတွက်   ကောင်းလေလေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ဖို့လိုတဲ့ကိစ္စတွေကို မြန်မြန် ပြင်ရဲတဲ့သတ္တိရှိရမယ်။ မြန်မြန်ပြင်နိုင်တဲ့ အရည်အချင်း ကျမတို့မှာ အားလုံးလိုတယ်။ အဲတော့ မြန်လေ တိုင်းပြည် မနာလေပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ မူကြမ်းလေးတွေ ဆွေးနွေးနေကြတာပေါ့။ ဆွေးနွေးတဲ့နေရာမှာ ဆွေးနွေးတဲ့ အဓိက အကြောင်းရင်းတွေက ဒီတပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ မဲပေးမယ့်ဲဆန္ဒတွေကို ကျော်လွန်ပြီးတော့ လုပ်ပိုင်ခွင့် ပုံစံမျိုး သဘောမျိုးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ တပ်မတော် က ခါးခါးသည်းသည်းဖြစ်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ အဲတော့ ဒီလိုသာ မညှိနှိုင်းနိုင်ဘူးဆိုရင် ဘယ်လိုနည်းလမ်းနဲ့ ဖြစ်အောင် အတိုး အလျှော့ လုပ်နိုင်မလဲ ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ခုနက ညှိနှိုင်းတယ်ဆိုတဲ့ စကားကို သုံးသွားတယ်။ ဒါကြောင့်မို့လို့မို့ ညှိနှိုင်းဖို့ NLD က အစဉ်တစိုက် တောင်းခံခဲ့တာပါ။ အခုမှ တောင်း တာလည်း မဟုတ်ပါဘူး။ မနေ့ တနေ့ကမှ၊ တလ နှစ်လကမှ မဟုတ်ပါဘူး။ တစိုက်မတ်မတ် NLD က နိုင်ငံရေးအရ အဖြေရှာဖို့ဆိုတာ ဆွေးနွေးရမယ်၊ ညှိနှိုင်းရမယ်၊ တိုင်ပင်ရမယ် ဆိုတာ အဲဒီ မူပေါ်မှာရပ်တည်ရတယ်။ အခု ကျမဆိုလို့ရှိရင်လည်း အရင်နှစ် စောစောပိုင်း ကတည်းက လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဆိုတဲ့ဟာ   တောင်း ခဲ့တဲ့ဟာ ဒီလို ပြဿနာတွေကို ကြိုတင်ပြီးတော့ ပြေလည်အောင်လုပ်ဖို့ပါ။

ခုနက ပြောတဲ့အထဲမှာ ခါးခါးသည်း- ဆိုတဲ့ အသုံးကို သုံးသွားတယ်နော်။ အဲလို ခါးခါးသည်း- ဆိုတဲ့ ပုံစံတွေကို မပေါ်စေချင်လို့ တဖက်နဲ့တဖက် ညှိနှိုင်းပြီးတော့ သိမ်မွေ့အောင်၊ ချောမွေ့အောင် လုပ်ချင်တာပါ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ အများပြောနေကြတာကတော့ ဒီလို ညှိနှိုင်းတဲ့အထဲမှာ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍကို ထောက်ပြပြောတာ ပိုများပါ တယ်။ ဒါပေမယ့်လည်း ဒီကိစ္စမှာ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့နေရာမှာ တခြားလွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါတယ်လေ။ အထူးသဖြင့် အများစုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်တွေရဲ့ သဘောထားဆန္ဒတွေလည်း ရှိတယ်ဆိုတော့ ဖွဲ့စည်းပုံအခြေခံပြင်ရေး အချက်တွေ ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လိုလားချက်နဲ့ ဒီ ပြည်ခိုင်ဖြိုးအဖွဲ့ရဲ့ လိုလားချက်တွေကရော နီးစပ်ရဲ့လားခင်ဗျ။

ဦးသန်းလွင်ထွန်း။ ။ ဒီ အဓိက ဖြစ်တဲ့ ၄၃၆ နဲ့ ပတ်သက်လို့ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားပါတီတွေ ပြည်ခိုင်ဖြိုး အပါအ၀င်ပေါ့နော် တခြားပါတီတွေရဲ့ အမြင်တွေက သိပ်မကွဲပြားပါဘူး။ ပြည်ခိုင်ဖြိုးကလည်း ဒီလိုပဲ ဒီ ၄၃၆ ကို ပြင်သင့်တယ်ဆိုတာကိုလည်း တင်ပြတာလည်း ကြားခဲ့မှာ ဖြစ်ပါတယ်။ အဲတော့ ဒီလောက် မကွာခြားပါဘူး။ ဘယ်လိုပုံစံနဲ့ ပြင်မလဲဆိုတာကတော့ အဖွဲ့တခုနဲ့တခု မတူဘူးပေါ့နော်။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဥပမာ ဆိုလို့ ရှိရင် တိုင်းရင်းသား အဖွဲ့နှစ်ဖွဲ့က ဘယ်လိုပုံစံနဲ့ ပြင်ချင်သလဲဆိုတာ တင်ပြတာတွေ ရှိပါတယ်။ အဲဒါဆိုရင် ကျမတို့ NLD တင်ပြတဲ့ပုံစံနဲ့ တထပ်တည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒါညှိလို့ရတဲ့ကိစ္စပါ။ သဘောကတော့ အတူတူပါပဲ။ ဦးတည်ချက်က အတူတူပါပဲ။ ဦးတည် ချက်ကဘာလဲ ဆိုတော့ ပြည်သူတွေထဲ ပြည်သူတွေက ရွေးချယ် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရေး၊ မပြင်ရေးကို ဆုံးဖြတ် ပိုင်ခွင့် ရှိနိုင်ရမယ်ဆိုတဲ့ မူပါပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ။ မနေ့ကလည်း. ဟို.. ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းက ဒီ Time Line ပေါ့နော်။ သူ့ရဲ့အချိန်ဇယားကို ရှင်းပြပါတယ်။ ဒီ အခု ၂၅ ရက်နေ့မှာ ဆွေးနွေးပြီးပြီ ဆိုလို့ရှိရင် လာမယ့် ၁၂ ကြိမ်မြောက်မှာ အကြမ်းရေးဆွဲထားတာကို တင်ပြပြီးတော့ မဲခွဲဆုံးဖြတ်မယ့်အရေး ရှိပါတယ်။ အဲဒါမှာ လိုအပ်လို့ရှိရင် လူထုဆန္ဒခံယူပွဲလုပ်ပါမယ်။ အဲဒီ လူထုဆန္ဒခံယူပွဲလုပ်ပြီးတာတောင်မှပဲ ပြင်ရမယ့်အချက်တွေကို ဒီ ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာမှ ပေါ်လာ မယ့် နောက် လွှတ်တော်အသစ်ကမှ အတည်ပြုပေးရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာပါတဲ့ အရေးကြီးတဲ့အချက်တွေဟာ အခု အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ ယန္တယား – မဏ္ဍိုင်တွေကို ရုတ်ချည်း မထိခိုက်သွားစေလို့ ဆိုတဲ့ အကြောင်းပြချက်ရှိပါတယ်။ ဒီအကြောင်းပြချက်ဟာ ဒီ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော ဒါ မှန်ကန်တဲ့ အကြောင်းပြ ချက် ဖြစ်တယ်လို့ ယူဆသလား ခင်ဗျ။ ဒါက ဒီမှာ ပြင်လိုက်တဲ့ကိစ္စတွေဟာ အခုလက်ရှိ လွှတ်တော်သက်တမ်းထဲမှာပဲ အတည်ပြုပေးလို့ မရနိုင်ဘူးလား ခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီကိစ္စတွေကလည်း ဒီလို ဆွေးနွေးညှိနှိုင်းပြီးတော့ လုပ်လိုက်မယ်ဆိုလို့ ရှိရင် ပြည်သူတွေအနေနဲ့ စိတ်အေးသွားမှာပါ။ အခုဟာက ယုံကြည်ချက် နည်းနေတာပေါ့နော်။ စိတ်ပူကြတာပေါ့။ စိုးရိမ်ကြတာပေါ့။ ဒါဘယ်လိုလဲ၊ အချိန်ဆွဲချင်လို့လား၊ မပြင်ချင်လို့လား ဆိုတာ။ တကယ်ဆိုတော့ လပိုင်းစော ပြီးတော့   ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ တကယ်တော့ ပြည်သူလူထုအနေနဲ့ မိမိတို့လိုချင်တဲ့ မိမိတို့ရဲ့ဆန္ဒအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေက ဖြစ်သွားမယ်။ မိမိတို့ လိုချင်တဲ့ အစိုးရမျိုး တက်လာနိုင်မယ်ဆိုလို့ ရှိရင် လပိုင်းလောက်စောင့်ရတာကို စိတ်ထဲမှာ စိုးရိမ်စိတ် များမှာ မဟုတ်ဘူး။ အခုတော့ သို့လော သို့လော ဖြစ်နေတာဟာ တကယ် အဓိက ဆွေးနွေးတိုင်ပင်ပြီးတော့ အဖြေရှာရမယ့် ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးတိုင်းပင်မှု မရှိသေးလို့ပါ။

ဦးသန်းလွင်ထွန်း။ ။ဟုတ်ကဲ့ခင်ဗျ။ စောစောက ဒေါ်အောင်ဆန်းစုကြည် ပြောပါတယ်။ ၄၃၆ ပြင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အယူအဆ တင်ပြချက်တွေနဲ့ တခြားပါတီအဖွဲ့အစည်းတွေ၊ ပြည်ခိုင်ဖြိုးအပါအဝင် အဖွဲ့အစည်းအရဲ့အယူအဆ သိပ်မကွာဘူးပေါ့နော်။ အလားတူပဲ သူရဦးရွှေမန်းကလည်း ပြောပါတယ်။ ဒါပေမယ့် အပြင်ဘက်မှာ တချို့ မေးမြန်းစုံစမ်းရသမျှဆိုလို့ရှိရင် အထူးသဖြင့် ၅၉ (စ) ပြင်ဖို့ အရေးမှာဆိုလို့ရှိရင်တော့ ပြည်ခိုင်ဖြိုးပါတီထဲက အမတ်တချို့ကိုယ်တိုင်ကိုက ဒါကို လက်မခံနိုင်ဘူး-ဆိုတဲ့ဟာမျိုး ပြောထားတာတွေ ရှိတော့ ဒီ ၅၉ (စ) ပြင်ရေးကရော မဖြစ်နိုင်တော့ဘူးလား ဆိုတာမျိုး မေးစရာရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒါပေမယ့် ၄၃၆ ကို ပြင်လိုက်မယ်ဆိုလို့ရှိရင် ၅၉ (စ) ဆိုတာလည်း ပြည်သူ့ရဲ့ဆန္ဒအတိုင်းပဲ ဖြစ်ရမှာပါပဲ။ တကယ်တော့ နောက်ဆုံးကျတော့ ဒါဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဆန္ဒကလည်း အဓိကမဟုတ်ဘူး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ဆန္ဒကလည်း အဓိကမဟုတ်ဘူး။ တပ်မတော်ရဲ့ဆန္ဒကလည်း အဓိက မဖြစ်ရဘူး။ တကယ်ကတော့ အဓိကဖြစ်ရမှာ ပြည်သူရဲ့ဆန္ဒပဲ။ ပြည်သူရဲ့ဆန္ဒအဓိကဖြစ်အောင် လုပ်နိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေက အရင်ဆုံးလုပ်ရ မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၄၃၆ ကို အဓိကထားတာပါ။ ၅၉ (စ) ကို အရေးမကြီးဘူးလို့ ယူဆလို့ မဟုတ်ပါဘူး။ ဒါပေမယ့် ၄၃၆ ကိုပြင်မှသာလျှင် တခြား ပုဒ်မတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပတွေရဲ့အစိတ်အပိုင်းတွေထဲက ပုဒ်မတွေကို ပြည်သူ့ဆန္ဒနဲ့ကိုက်ညီစွာ ပြင်ဆင်နိုင်မှာမို့လို့ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ပြည်သူ့ဆန္ဒတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကလည်း သူတို့ရဲ့သဘောထားဆန္ဒလက်မှတ်တွေကို (၅) သန်းကောက်ယူပြီး လွှတ်တော်ကို တင်ပြထားတာရှိပါတယ်။ ဒါပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကတော့ ကျန်တဲ့လူတွေရဲ့သဘောထားဆန္ဒတွေကို ကြည့်ဖို့တော့ လိုအုံးမယ် လို့တော့   ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲလုပ်လိုက်လေ။ ကျမတို့ကတော့ အဆင်သင့်ပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။

ဒေါ်အောင်ဆန်းစုကြည်။ ။ အဲလိုဆိုရင် တခြားလူတွေရဲ့ ဆန္ဒတွေလည်း ပါလာမှာပေါ့။

ဦးသန်းလွင်ထွန်း။ ။ ဒီလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ဆိုတာက ဘယ်လို တင်ယူရမလဲခင်ဗျ။ ဒါ လွှတ်တော်ထဲမှာ အထူး အဆိုပြုချက်တင်ယူရမှာလား။

ဒေါ်အောင်ဆန်းစုကြည်။ ။ ဟုတ်တာပေါ့။ အခုတောင်မှ ဥပဒေကြမ်းတခု ဆွဲနေပြီ။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မတွေ တချို့ကို ပြင်ဖို့ ဆုံးဖြတ်တယ်ဆိုလို့ရှိရင် ပုဒ်မ ၁၂ နဲ့အညီပေါ့နော်။ လုပ်ရမယ့်ခြေလှမ်းတွေပေါ့။ ၄၃၆ ပဲပြောရမှာပေါ့။ ပုဒ်မ ၁၂ မဟုတ်ဘူး၊ Chapter – (အခန်း ၁၂)

အခန်း ၁၂ နဲ့ပတ်သက်တဲ့စည်းမျဉ်းစည်းကမ်းတွေအရ လုပ်ရမယ်ဆိုတော့ ၄၃၆ အရဆိုလို့ရှိရင် ၇၅ % ကျော်ကနေ အတည်ပြုပေးလို့ရှိရင်တောင်မှ ဆန္ဒခံယူပွဲ လုပ်ရမယ်။ အဲဒီဟာအတွက် ရည်ရွယ်ပြီးတော့ ဥပဒေကြမ်းကို စပြီးတော့ ကိုင်တွယ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်။   နောက်ဆုံး ကျတော့ လွှတ်တော်က ပြည်သူလူထုရဲ့ဆန္ဒကို အဓိကထားမယ်ဆိုလို့ရှိရင် လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ်များအပါအဝင် “ပြည်သူလူထုရဲ့ဆန္ဒကို ခံယူပါမယ်”  …ဆိုပြီးတော့ ဆုံးဖြတ်လိုက်လို့ရှိရင် ဒီဟာ ပြီးသွားတာပဲ။ ဆုံးဖြတ်လို့ရတာပဲ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်လို့ရတာပဲ။ ကျမတို့ကတော့ လုပ်ဖို့ အဆင်သင့်ပဲ၊ ဒီဟာကို။

ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့- ကျနော်တို့သတိထားမိတာက မကြာသေးခင်ရက်ပိုင်းတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ခရီးသွားပြီးတော့ လူထုဟောပြောပွဲတွေမှာ   ပြောတာက လွှတ်တော်ထဲမှာ ၄၃၆ ပြင်ဆင်ရေး ဆွေးနွေးတာတွေကို သတိထားစောင့်ကြည့်ကြပါ။ ဖြစ်လာနိုင်ခြေတွေကိုလည်း လေ့လာထားကြပါဆိုတော့ တကယ်လို့သာ လွှတ်တော်ထဲမှာ မဖြစ်နိုင်ဘူးဆိုလို့ရှိရင် ဒီလို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတောင်းဆိုပြီးတော့ သဘောမျိုး အရှေ့တိုးပြီးတော့လုပ်ဖို့ အစီအစဉ်က ဒါကို ပြောတာလားခင်ဗျ။

ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမတို့ နံပါတ်တ (၁) က ပြောတာကတော့ ပြည်သူလူထုကနေပြီးတော့ ဒီတိုင်းပြည်မှာ နိုင်ငံရေးအရ ဘာတွေ ဖြစ်နေတယ် ဆိုတာ စိတ်ဝင်စားဖို့လိုတယ်။ တက်တက်ကြွကြွနဲ့ လေ့လာဖို့လိုတယ်။ ဒါမှသာလျှင် “ပြည်သူ့အုပ်ချုပ်ရေး”ဆိုတဲ့ ဒီမိုကရေစီစနစ်ဟာ ခိုင်မြဲနိုင်မှာ။ ဒါပေမယ့်လို့ အရေးကြီးတာ နံပါတ် (၁) က ပြည်သူလူထု စိတ်ဝင်စားဖို့၊ နားလည်ဖို့ပဲ။ ဘာတွေဖြစ်နေလဲ၊ ဘယ်ပါတီတွေက ဘယ်လိုရပ်တည်လဲ၊ ဘယ်သူတွေက ပြည်သူ့ဆန္ဒကိုအလေးထား တယ်၊ ပြည် သူ့ဆန္ဒနဲ့ကိုက်ညီတဲ့ အဆိုတွေက ဘာတွေလဲဆိုတာ ပြည်သူတွေသိဖို့လိုတယ်။ ဒါမှလည်း ပြည်သူတွေအနေနဲ့ ဆုံးဖြတ်နိုင်မှာ။ တို့ ဘယ်ဘက်က ရပ်တည်မလဲ၊ ဘယ်လိုရပ်တည်မလဲဆိုတာ အဲဒါ နံပါတ် (၁) ပဲ ။ အရေးအကြီးဆုံးပဲ၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်ပေါ့နော်- ပါတီအဖွဲ့အစည်းတွေက ဘယ်လို ခြေလှမ်း လှမ်းမယ်ဆိုတာ ဒုတိယပဲ။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့။ ဒီ ပြင်ဆင်ရေးတွေနဲ့ပတ်သက်လို့ပဲ မေးခွန်းလေးတစ်ခု ကျန်နေခဲ့တာက ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကိစ္စမှာ ပြင်ချင်သလောက် မပြင်နိုင်ခဲ့ဘူးဆိုလို့ရှိရင် ဒါဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော် အကြီးအကဲဖြစ်ပိုင်ခွင့်ကို ကန့်ကွက်သူတွေ ရှိနေခဲ့တယ်ပေါ့နော်။ ဒါဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တခြား ဘယ်သူ့ကိုများ … ရွေးကောက်ပွဲပြီးလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလက်ရှိ လွှတ်တော်ထဲမှာရှိနေတဲ့   ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အရေအတွက် ထက်တော့ ပိုများမယ်ဆိုတာ အမှန်ပဲဆိုတာ ကျနော်တို့သုံးသပ်လို့ရပါတယ်။ အဲဒီတော့   နိုင်ငံတော်အကြီး အကဲလောင်းပေါ့နော်- ဒုတိယသမ္မတရာထူးတင်မြှောက်ပေးရတော့မယ်ဆိုတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လို ပုဂ္ဂိုလ်မျိုးကို လျာထား ထားတာ ရှိသလဲဆိုတာလေး သိချင်တယ်။ ဒါကလည်း ပြည်သူတွေအနေနဲ့ ဒီအချိန်မှာ စောစောစီစီး ဒုတိယလိုင်းကို ချပြဖို့ အစီအစဉ်မရှိဘူးလားခင်ဗျ။

—(ဆက်ရန်ရှိပါသေးသည်။)

အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာရှိတဲ့ နေအိမ်မှာ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက လွန်ခဲ့တဲ့နာရီပိုင်း အတွင်း တွေဆုံမေးမြန်းခဲ့တာပါ။ ကျန်ရှိနေသေးတဲ့ တွေ့ဆုံမေးမြန်းခန်းအစီအစဉ်ကို အခုအစီအစဉ် ဒုတိယပိုင်းမှာ ဆက်ပြီးနားဆင်ကြရပါမယ်။

ဒေါ်လာဈေးကစားတဲ့ ဘဏ်တွေကို ဗဟိုဘဏ် သတိပေး

ဒေါ်လာဈေးကျအောင် အရံ နိုင်ငံခြားငွေ ဒေါ်လာ သန်း ၈၀ ထုတ်ရောင်း ပေးခဲ့တယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။
မြန်မာပြည်တွင်း မှာ နိုင်ငံခြားငွေ လိုအပ်ချက် ကြောင့် ဒေါ်လာဈေး မြင့်တက် နေခဲ့တာမှာ တချို့ ပြည်တွင်း စီးပွားရေး ကုမ္ပဏီတွေ နဲ့ ဘဏ်တွေကလည်း ငွေဈေး ကစားခဲ့တဲ့ အတွက် ဗဟိုဘဏ် ကနေ သတိ ပေးမှုတွေ ပြုလုပ် ခဲ့ရပါတယ်။ ဗဟိုဘဏ် ရဲ့ ဒေါ်လာပေါက်ဈေး သတ်မှတ်နှုန်းရဲ့ ဝ.၈% အတိုး အလျှော့ လုပ်ပြီးပဲ ဒေါ်လာ အရာင်းအဝယ် လုပ်ရမယ် ဆိုတဲ့ စည်းမျဉ်း ရှိပေမယ့်၊ တချို့ဘဏ်တွေက ဈေးနှုန်းမြင့် လာခဲ့ လို့ သတိပေးစာ ထုတ်ခဲ့ရတယ် ဆိုပြီး ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ် ရုံးဖွင့်ရက်တွေမှာ ဗဟိုဘဏ် ပေါက်ဈေးနဲ့ လေးငါးဆယ်ခွာပြီး တစ်ဒေါ်လာကို ၁၀၈၀ ကျပ် ဈေး အထိ အရောင်းအဝယ် လုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဒေါ်လာဈေးတက်ပြီး ကျပ်ငွေ တန်ဖိုး ကျဆင်းနေတာကို ကိုင်တွယ်ဖို့ ဗဟိုဘဏ် အနေနဲ့ နိုင်ငံခြား အရံငွေ ဒေါ်လာ သန်း ၈၀ လောက် ပုဂ္ဂလိက ဘဏ်တွေကို ထုတ်ရောင်း   ပေးခဲ့ တယ် လို့လည်း သိရပါတယ်။

လက်ရှိ စံနစ်အရ နိုင်ငံခြားငွေ ပေါက်ဈေးကို နေ့စဉ် ဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေ အသွင်းအထုတ် တနည်းအားဖြင့် ပို့ကုန် သွင်းကုန် ပမာဏကပဲ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ပို့ကုန်ပို့ပြီး ရထားတဲ့ နိုင်ငံခြားငွေ အင်အားနဲ့ သွင်းကုန်အတွက် နိုင်ငံခြားငွေ လိုအပ်ချက် ကြားက ကွာဟချက် အပေါ်မှာ မူတည်ပြီး ဒေါ်လာငွေ အတက်အကျ ဖြစ်ပေါ်နေတာပါ။

နိုင်ငံခြား ငွေကြေး ဈေးကွက် ဒီထက် တည်ငြိမ်ဖို့ ဆိုရင် ဒီသွင်းကုန် ထုတ်ကုန် အဝင်အထွက် ကို စောင့်ကြည့်ဖို့ လိုအပ်မှာ ဖြစ်တဲ့ အတွက် ဗဟိုဘဏ်၊ ဘဏ္ဍဍာရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ ဌာနတွေ အချင်းချင်း ဒီထက်ပိုပြီး ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တယ် လို့ ငွေကြေးဈေးကွက် ပညာရှင်တွေ က သုံးသပ်ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/11/141122_central_bank_burma_dollar

မြန်မာလူငယ် ၂ ဦးအရေး ဦးခင်အောင်မြင့်နှင့်အဖွဲ့ ဘန်ကောက်ရောက်ရှိ

မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံ ထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက်   ရောက်ပါတယ်။ဦးခင်အောင်မြင့်တို့ အဖွဲ့ဟာ မြန်မာလူငယ် ၂ ဦးကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ အထူးအဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဖွဲ့မှာ ဥပဒေပညာ ကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေး ပညာရှင်တွေ   လိုက်ပါလာတယ်လို့ သိရပါတယ်။

မြန်မာလူငယ် ၂ ဦးအရေးနဲ့ ပတ်သက်ပြီး တရားမျှတ စွာ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်က ထိုင်းနိုင်ငံ အမျိုးသား ဥပဒေပြု ညီလာခံဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့   တောင်း ဆိုထားပါတယ်။

ခိုတောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ်ပေးမှာဖြစ်ပြီး အခုအပတ် အတွင်း လုပ်ဆောင်သွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/71822

ဦးခင်အောင်မြင့် ပြောကြားနေစဉ်

ဗလီဝတ်ကျောင်းတော်တွေထဲမှာဘာတွေရှိသလဲ။ ဗလီထဲမှာ မွတ်ဆလင်တွေ ဘာလုပ် ကြသလဲ။

မွတ်ဆလင်မဟုတ်တဲ့ မြန်မာပြည်သူပြည်သားမိတ်ဆွေတွေ ခဏခဏမေးမြန်းကာ သိလိုကြတဲ့ မေးခွန်းတစ်ခုရဲ့အဖြေကို ဒီနေ့ အကျဉ်းချုပ်ပြီး တင်ပြပါမယ်။

ဗလီဝတ်ကျောင်းတော်ကို အရဗီဘာသာစကားအသံထွက်နဲ့ မစဂျစ်ဒ် masjid လို့ခေါ်ပါတယ်။ ဗလီတွေထဲမှာ အစ္စလာမ်ဘာသာကို ယုံကြည်ကိုးကွယ်ကြသူတွေဖြစ်တဲ့ မွတ်ဆလင်တွေဟာ သူတို့ရဲ့ ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်ကို ၀တ်ပြုမှုပြုလုပ်ကြပါတယ်။ ဗလီတွေကို မွတ်ဆလင်တွေက မြင့်မြတ်တဲ့နေရာ၊ သန့်စင်တဲ့နေရာ၊ မကောင်း မှုအားလုံးက ကင်းလွတ်ရာနေရာ၊ ၀တ်ပြု ဦးချရာနေရာ၊ အလ္လာဟ်အရှင်မြတ်ရဲ့ အိမ်တော်အဖြစ် သတ်မှတ် လက်ခံကြကာ မိမိရဲ့ ကိုယ်ပိုင်အိမ်ထက်တောင် တန်ဖိုးထား မြတ်နိုးတတ်ကြပါတယ်။

ဗလီတစ်ခုရဲ့ အထင်ရှားဆုံးအစိတ်အပိုင်းဟာ မင်နရတ်လို့ခေါ်တဲ့ မျှော်စင်ဖြစ်လေ့ရှိပါတယ်။ ဒီ မင်နရတ်မျှော်စင်ကနေ တစ်နေ့ကို ငါးကြိမ်ဝတ်ပြုနိုင်အောင် မု့အ်ဇင် လို့ခေါ်တဲ့ နိဗ္ဗာန်ဆော်က နှိုးဆော်ကြရပါတယ်။ ဗလီတွေရဲ့ နောက်ထပ်အထင်ရှားဆုံး အစိတ်အပိုင်းဟာ အမိုးခုံးတွေဖြစ်လေ့ရှိပါတယ်။ ဗလီဝတ်ကျောင်းတော်တွေ ဟာ အပြင်အဆင်ဒီဇိုင်းဘယ်လိုပဲကွာခြားနေပါစေ၊ အတွင်းပိုင်းမှာတော့ ဟောခန်းမအဖြစ်ရှိနေတတ်ပါတယ်။ ဗလီရဲ့ဝင်ပေါက်ကနေ၀င်သွားရင် အဆုံးမှာတွေ့ရမယ့် နံရံဟာ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာရွှေမြို့တော်ကို မျက်နှာမူထားနိုင်မယ့် ဗလီမျက်နှာစာဖြစ်ပါတယ်။ ကမ္ဘာတစ်ခုလုံးက ဗလီတွေရဲ့ မျက်နှာမူရာအရပ်ဟာ အရှေ့၊   အနောက်၊ တောင်၊ မြောက် ကွဲပြားနေတယ်လို့ ထင်ရပေမယ့် အမှန်မှာတော့ အစ္စလာမ့်ဝတ်ကျောင်းတော်တွေအားလုံးဟာ မွတ်ဆလင်တွေအတွက် အထွဋ်မြတ် ဆုံး ဗလီဖြစ်တဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာရွှေမြို့တော်ရှိ ကအ်ဗာဝတ်ကျောင်းတော်ကိုမျက်နှာမူထားကြတာဖြစ်ပါတယ်။ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာရွှေမြို့တော်ရှိ ကအ်ဗာဝတ်ကျောင်းတော်ဟာ မြန်မာနိုင်ငံဖက်က မျက်နှာမူရင် အနောက်ဖက်အရပ်မှာ ရှိနေတဲ့အတွက် မြန်မာနိုင်ငံက ဗလီဝတ်ကျောင်းတော်တွေ ဟာ အနောက်ဖက်အရပ်ကို မျက်နှာလှည့်ကာ ၀တ်ပြုနိုင်အောင် တည်ဆောက်ထားကြရပါတယ်။ အင်္ဂလန်နိုင်ငံက ဗလီတွေကတော့ တောင်ဖက်လောက်ကို မျက်နှာမူ ထားကြမှာဖြစ်သလို ဘရာဇီးလ်လို တောင်အမေရိကတိုက်ရှိ ဗလီတွေကတော့ အရှေ့ဖက်ကို မျက်နှာမူကြမှာဖြစ်ပါတယ်။ ကအ်ဗာဝတ်ကျောင်းတော်ရှိရာ မျက်နှာမူရာ အရပ်ကို ကိဗ်လဟ်လို့ ခေါ်ကြပါတယ်။

ဗလီရဲ့ ကိဗ်လဟ်ဖက်ကို မျက်နှာမူရာ မျက်နှာစာကိုတော့ အလှအပ ခြူးပန်းခြူးနွယ် စုလစ်ချွန်မွန်တွေနဲ့ တန်ဆာဆင်ထားကာ ကျမ်းတော်မြတ်ကုရ်အာန်မှ စာသားတွေ ကို ရေးထွင်းထားလေ့ရှိပါတယ်။ မျက်နှာစာမှာ အဓိက အပိုင်းနှစ်ခုပဲ ရှိတတ်ပါတယ်။ အီမာမ်ရှေ့ဆောင်ဝတ်ပြုဆရာ နေရာယူမယ့် အလယ်တည့်တည့်က စက်ဝိုင်းခြမ်း ပုံ နံရံအတွင်းဖက်ကို ထွင်းကာပြုလုပ်ထားတဲ့နေရာကို မိဟ်ရာဗ်လို့ ခေါ်ဆိုနိုင်ပြီး မိဟ်ရာဗ်ရဲ့ လက်ယာဖက်မှာတော့ မင်မ်ဗာလို့ခေါ်တဲ့ တရားဟော စင်မြင့် ငယ် ရှိပါတယ်။ မင်မ်ဗာစင်မြင့်ငယ်ဟာ အများအားဖြင့် လှေကားထစ် ၃ ထစ်လောက်သာ ရှိတတ်ကြပြီး တစ်ချို့ဗလီကြီးတွေမှာ ၃ ထစ်ထက် ပိုများတာကို လည်း   တွေ့နိုင် ကြ ပါတယ်။ မင်မ်ဗာစင်မြင့်ကို အများအားဖြင့် သောကြာနေ့ စုပေါင်းဝတ်ပြုပွဲကျင်းပချိန်မှာ ရှေ့ဆောင်တရားဟောဆရာက တက်ရောက်ဟောပြောချိန်မှာပဲ အသုံးပြု  ပါတယ်။ ကျန်တဲ့ရက်တွေမှာ အသုံးပြုတာ နည်းပါးလှပါတယ်။ ဗလီဝတ်ကျောင်းတော်တွေထဲမှာ ဘုရားရုပ်တု၊ မယ်တော်ရုပ်တု စတာတွေ ဘာတစ်ခု မှ တွေ့ရ မှာ မဟုတ်ပါဘူး။ ဘုရားဝတ်ပြုဖို့ ဘာပစ္စည်းကိရိယာမှ ဘယ်လို တေးဂီတတွေမှ မလိုအပ်ပါဘူး။ မွတ်ဆလင်တွေအားလုံးဟာ သူတို့ကိုးကွယ်ရာ အလ္လာဟ် အရှင်မြတ် ကို သူတို့စိတ်နှလုံးရင်ဘတ်ထဲကို အပြီးထည့်ထားပြီးဖြစ်တဲ့အတွက် ဘာရုပ်တုမှ မလိုအပ်တာ ဖြစ်ပါတယ်။ အစ္စလာမ်ကလည်း ဘယ်လို ရုပ်တုမျိုးကိုမှ ကိုးကွယ်ဦးချခွင့် မပြုထား ပါဘူး။ ပြီးတော့ ဗလီထဲမှာ မင်္ဂလာရှိစေတဲ့ ရေစင် ရေမန်း၊ မင်္ဂလာရှိစေတဲ့ ပြာ၊ မီး၊ မီးငွေ့၊ ပန်း၊ ဆီမီး၊အမွှေးတိုင်ထွန်းပူဇော်ထားတာတွေကို တွေ့ရမှာ မဟုတ်ပါဘူး၊ ၀တ်ပြုခြင်းကို မိမိဘာသာဝတ်ပြု သို့မဟုတ် စုပေါင်းဝတ်ပြု၊ ပြီးရင် ပြန်၊ အင်မတန်ကို ရိုးရှင်းပါတယ်။ ဗလီရှေ့ဆောင်အီမာမ်ကိုလည်း သွားရောက်နှုတ် ဆက် တကူးတက ဂါရ၀ပြု ကန်တော့ဖို့လည်း မလိုအပ်ပါဘူး။ ဗလီက ဘာပစ္စည်းမှ ပြန်မပေးသလို ဗလီဝတ်ကျောင်းတော်တစ်ခုမှာ ၀တ်ပြုဖို့ ဘာကြေးမှ ဗလီကို မပေးရပါဘူး။ မိမိသဘောဆန္ဒအလျောက် ဗလီဝေယျာဝိစ္စအတွက် လှူဒါန်းချင်ရင် အလှူခံပုံး Donation Box တွေ ရှိတတ်ပါတယ်။ ဆန္ဒရှိရင် လှူတန်းသွားနိုင်ပါတယ်။ စာရင်းဘောင်ချာနဲ့ လှူဒါန်းချင်ရင်လည်း ရနိုင်ပါတယ်။

ဗလီဝတ်ကျောင်းတော်ရဲ့ အတွင်းပိုင်းနေရာအပြည့်ကို ဖယောင်းပုဆိုး၊ ကော်ဇောတွေခင်းထားတာကို တွေ့ရမှာဖြစ်ပြီး ၀တ်ပြုသူတွေ တန်းစီနိုင်ဖို့ သိသာထင်ရှားတဲ့ မျဉ်းလိုင်းတွေ ရေးဆွဲထားတာကိုလည်း တွေ့ရမှာပါ။ ရှေ့ဆောင်အီမာမ်ဆရာရော ၀တ်ပြုသူပါ အနိမ့်အမြင့်မရှိတဲ့ အတန်းတွေမှာ တစ်ညီတစ်ညာတည်း တန်းစီရ ပါ တယ်။ တန်းစီရာမှာလည်း ရှေ့ဆောင်အီမာမ်ဆရာ၊ ၀တ်ပြုသူ၊ ဂေါပက၊ ပညာတတ်၊ သူဌေး၊ ဆင်းရဲ ချမ်းသာ လုံးဝခွဲခြားခြင်းမရှိဘဲ လူကြီးတွေက ရှေ့ဆုံးတန်း၊ သူ့နောက်  မှာ ကလေးတွေ နေရာယူပေးကြရပါတယ်။ အမျိုးသမီးတွေဟာလည်း ဗလီဝတ်ကျောင်းတွေမှာ ၀တ်ပြုခွင့်ရှိပါတယ်။ အစ္စလာမ်မှာ အမျိုးသမီး ဗလီမလာရလို့ တားမြစ် ချက် မရှိပါဘူး။ အစ္စလာမ်ရဲ့ အထွဋ်မြတ်ဆုံးဗလီတွေဖြစ်တဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာရွှေမြို့တော် နဲ့ မဒီနာမြို့တော်က ဗလီကြီးတွေမှာ အမျိုးသမီးတွေ ကို သီးသန့် အပိုင်းအခြား အကာအရံတွေနဲ့ ၀တ်ပြုခွင့် ပြုထားပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်အပါအ၀င် နိုင်ငံတကာမြို့တော်တွေမှာလည်း အမျိုးသမီးတွေ ၀င်ရောက် ၀တ်ပြုနိုင်တဲ့ ဗလီဝတ်ကျောင်းတော်တွေ အများကြီးရှိပါတယ်။ အစ္စလာမ်မှာ အမျိုးသား၊ အမျိုးသမီး၊ ကလေး တန်းစီတဲ့စနစ်ကအစ အရာအားလုံး ပြဌာန်းပြီးသား ရှိပါတယ်။

မွတ်ဆလင်တွေ ဗလီကိုလာရောက်ကာ စုပေါင်းဝတ်ပြုကြတဲ့အချိန် ၅ ချိန် ရှိပါတယ်။ မနက်စောစော ဖဂျရ်လို့ ခေါ်တဲ့ နေမထွက်မီ ၅ နာရီ ခွဲလောက်မှာ တစ်ချိန်၊ မွန်း လွဲပြီး နေ့လည် ၁ နာရီလောက်မှာ ဇုဟိုရ်ဝတ်ပြုချိန် တစ်ချိန်၊ ညနေ ၄ နာရီခွဲလောက်မှာ အဆွရ်ဝတ်ပြုချိန် တစ်ချိန်၊ နေ၀င်ပြီး ၆ နာရီခွဲလောက်မှာ မဂ်ရိဗ်ဝတ်ပြုချိန် တစ်ချိန်၊ ညဦးပိုင်း ၈ နာရီလောက်မှာ အိရှာဝတ်ပြုချိန် တစ်ချိန်၊ အားလုံးပေါင်း ၅ ချိန် ၀တ်ပြုကြရပါတယ်။ ပုံမှန်အားဖြင့် ၀တ်ပြုချိန်မတိုင်မီ ၁၅ မိနစ်လောက်၊ နာရီ ၀က်လောက် အလိုမှာ မင်နရတ်ဗလီမျှော်စင်ပေါ်သို့ မု့အ်ဇင်လို့ခေါ်တဲ့ နိဗ္ဗာန်ဆော်က ကိဗ်လဟ်ဖက်ကို မျက်နှာမူပြီး ဟစ်ခေါ်နှိုးဆော်ကြရပါတယ်။ ၀တ်ပြုဖို့   နှိုးဆော် သံကို အဇာန်ပေးတယ်လို့ ခေါ်ကြပါတယ်။ အဇာန်ဖိတ်ခေါ်သံဟာ တစ်ကမ္ဘာလုံးမှာ အရဗီဘာသာတစ်မျိုးတည်းကို အသုံးပြုဖိတ်ခေါ်တဲ့အတွက် အတူတူပဲဖြစ် ပါတယ်။

တစ်နေ့မှာ ၅ ကြိမ် ၀တ်ပြုဖို့ ဖိတ်ခေါ်တဲ့ အဇာန်ဖိတ်ခေါ်သံရဲ့ အနီးစပ်ဆုံး မြန်မာအသံထွက်နဲ့အဓိပ္ပာယ်ကတော့

အလ္လာဟုအတ်က်ဗရ် (၄ ကြိမ်) { အလ္လာဟ်အရှင်သည် အကြီးကျယ်ဆုံး ဖြစ်တော်မူပါတယ်။ }

အရှ်ဟဒု အန်လာအိလာဟ အိလ္လလ္လားဟ် (၂ ကြိမ်)
{ အလ္လာဟ်အရှင်မှအပ ကိုးကွယ်ရာမရှိကြောင်း ကျွန်တော်မျိုး သက်သေခံပါတယ်။ }

အရှ်ဟဒု အန္န မုဟမ္မဒန် ရစူလွလ္လာဟ် (၂ ကြိမ်) { တမန်တော် မုဟမ္မဒ် (s a w) ဟာ အလ္လာဟ်အရှင်ရဲ့ စေတမန်တော်တစ်ဦးဖြစ်ကြောင်း သက်သေခံပါတယ်။ }

ဟိုင်ယ်ယာအလက် ဆွလားဟ် (၂ ကြိမ်) { ၀တ်ပြုဖို့ လာရောက်ကြပါ။ }

ဟိုင်ယ်ယာအလိုင် ဖလာဟ် (၂ ကြိမ်) { အောင်မြင်မှုဖက်ကို လာရောက်ကြပါ။ }

အလ္လာဟုအတ်က်ဗရ် (၂ ကြိမ်) { အလ္လာဟ်အရှင်သည် အကြီးကျယ်ဆုံး ဖြစ်တော်မူပါတယ်။ }

လာဟိလာဟ အိလ္လလ္လားဟ် (၁ ကြိမ်)
{ အလ္လာဟ်အရှင်မှအပ အခြားကိုးကွယ်ရာမရှိပါ။ }

ဒီလို အဇာန်ဖိတ်ခေါ်သံကို ကြားရတဲ့ မွတ်ဆလင်တွေဟာ ဗလီဝတ်ကျောင်းတော်ကို ၀တ်ပြုဖို့ ရောက်လာရပါပြီ။ ဗလီဝတ်ကျောင်းတော်ရဲ့ အ၀င်တစ်နေရာမှာ မိမိရဲ့ ထီး၊ ဖိနပ်စတဲ့ အသုံးအဆောင်တွေကို စနစ်တကျ တိုကင်ပေးကာ လက်ခံသိမ်းဆည်းပေးတဲ့ ကောင်တာတွေ ဗလီတိုင်းလိုလိုမှာ ရှိတတ်ပါတယ်။ ဖိနပ်တွေ၊ ထီးတွေ အပ်နှံပြီးရင် ဗလီရဲ့ အ၀င်နား ဘေးဖက်လောက်မှာပဲ ရှိတတ်ပြီး ထိုင်စရာတွေ အများအပြား စီတန်းကာရှိကြတဲ့ ရေကန်ငယ် ဒါမှမဟုတ် ရေဘုံဘိုင်ခေါင်းလေးတွေမှာ ထိုင်ကာ ၀ိုသွူ ခေါ် လက်၊ ပါးစပ်၊ နှာခေါင်း၊ မျက်နှာ၊ တံတောင်ဆစ်၊ ဦးခေါင်း၊ ခြေ စတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ၃ ကြိမ်စီ ပွတ်သပ် သုတ်သင်   ဆေးကြော ကာ   ရေသန့်စင်ခြင်းအမှုကို ပြုလုပ်ရပါတယ်။
ဝိုသွူရေမသန့်စင်ဘဲ ၀တ်ပြုခွင့်၊ ဗလီထဲကို ၀င်ရောက်ခွင့် မပြုထားပါဘူး။ မွတ်ဆလင်တစ်ဦး ၀တ်ပြုဖို့အတွက် လိုအပ်တဲ့ သန့်စင်ခြင်းအမှုတွေထဲမှာ ၀တ်ပြုတဲ့နေရာ သန့်ရမယ်၊ ကိုယ်ခန္ဓာသန့်ရမယ်၊ အ၀တ်အစားသန့်ရမယ်၊ ကိုယ်ခန္ဓာရဲ့ ဘယ်အပိုင်းတွေကို ဖုံးအုပ်ကာ ၀တ်ပြုရမယ်၊ စသည်ဖြင့် အသေးစိတ် သတ်မှတ်ချက် ကလေးတွေ ရှိပါတယ်။ ဒီအချက်တွေကို မွတ်ဆလင်တိုင်း လိုက်နာကျင့်သုံးကာ ၀တ်ပြုကြရပါတယ်။ ဗလီဝတ်ကျောင်းတော်တွေထဲကို ညစ်ပတ်နေတဲ့ အနေအထားမှာ ၀င်ချင်သလို ၀င်လာပြီး ၀တ်ပြုခွင့် မရှိပါဘူး။ မွတ်ဆလင်အားလုံးဟာ သူတို့ကိုးကွယ်ရာ အလ္လာဟ်အရှင်မြတ်ကို အတွင်းပိုင်း အပြင်ပိုင်းသန့်စင်မှုအပြည့် ရိုကျိုးစိတ် အပြည့် ချစ်ခင်အားကိုးစိတ်အပြည့်နဲ့ ၀တ်ပြုဦးချကြရပါတယ်။

မွတ်ဆလင်တွေဟာ ဗလီတွေထဲမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သတ်မှတ်ထားတာတွေကို ၀တ်ပြုဆုတောင်းနိုင်ကြသလို ရှေ့ဆောင်အီမာမ်ဆရာရဲ့ ဦးဆောင်မှုနောက်မှာ အားလုံးစုပေါင်းဝတ်ပြုကြရတာလည်း ရှိပါတယ်။ ၀တ်ပြုချိန် ၅ ချိန်မှာ ၀တ်ပြုရတဲ့ပုံစံတွေဟာ တူနေပေမယ့် ၀တ်ပြုဦးချရတဲ့ အကြိမ်အရေအတွက်ဟာ မတူညီကြပါဘူး။ မွတ်ဆလင်တွေ ဘယ်လို ၀တ်ပြုကြသလဲ၊ ဘာတွေ ရွတ်ဆိုရသလဲ၊ ဘာကြောင့်ရွတ်ဆိုရသလဲ၊ ဘာအကျိုးကျေးဇူးတွေရမလဲ စတာတွေကို အခါအခွင့်သင့်ရင်   ရေးပါ ဦးမယ်။

စုပေါင်းဝတ်ပြုမှု အပြီးမှာ စုပေါင်းဆုတောင်းမှုတွေ ရှိတတ်ပါတယ်။ ဆုတောင်းမှုတွေထဲမှာ ကမ္ဘာသူကမ္ဘာသားတွေ ငြိမ်းချမ်းစေဖို့၊ လူသားအားလုံးကိုယ်စီမှာ ရှိတတ်တဲ့ အခက်အခဲတွေကို ပြေလည်နိုင်စေဖို့၊ ကျန်းမာရေးမကောင်းသူတွေကို ကျန်းမာရေးကောင်းလာစေဖို့၊ ငွေကြေးအခက်အခဲရှိသူတွေကို ပြေလည်နိုင်စေဖို့၊ အပြစ်တွေ ကနေ ရှောင်ကြဉ်နိုင်စေဖို့၊ ဂျဟန္နမ်လို့ခေါ်တဲ့ ငရဲဘုံကနေ လွတ်မြောက်ဖို့၊ ဂျန္နသ်သုခဘုံမှာ စံစားခွင့်ရနိုင်စေဖို့ စတာတွေကို အများ အားဖြင့် တောင်းကြပါတယ်။ မသိတဲ့ လူအများ စွပ်စွဲနေကြသလို ဘာသာခြားတွေပျက်စီးပါစေ စသည်ဖြင့် ကျိန်ဆဲခြင်းအမှုဟာ ဗလီဝတ်ကျောင်းတွေ ထဲမှာ ပြုလုပ်ခွင့်တောင် မရှိပါဘူး။ လူသား အချင်းချင်း မေတ္တာထား လေးစား ကြင်နာ တန်ဖိုးထားဖို့ပဲ အစ္စလာမ်က သင်ကြားပါတယ်။ စုပေါင်းတောင်းဆုပြုခြင်းအပြီးမှာ မိမိလိုအပ်ရာ ၀တ်ပြုမှုတွေ ကို ပြုလုပ်ကြပြီး   နေရပ်အသီးသီး လုပ်ငန်းအသီးစီးကို ပြန်ကြရပါတယ်။ ဗလီတွေထဲမှာ လောကုတ္တရာအကြောင်းကလွဲရင် အရောင်းအ၀ယ် အပါအ၀င်   ပြင်ပလောကီ စကားတစ်လုံး မှ တိုးတိုးကလေးတောင် ပြောခွင့်မရှိဘူးလို့ အစ္စလာမ်က သတ်မှတ်ပြဌာန်းထားတဲ့အတွက် မွတ်ဆလင်တွေဟာ တစ်နေ့မှာ ၅ ကြိမ် စုရုံးကာ ဘာသာခြားတွေကို တိုက်ခိုက် ဆန့်ကျင်ဖို့ စည်းဝေးကြတယ်ဆိုတဲ့ မသိနားမလည်သူတွေရဲ့ စွပ်စွဲချက်ဟာ အလွန်ရယ်မောစရာ ဖြစ်လို့နေပါတယ်။

သောကြာစုပေါင်းဝတ်ပြုမှုကို ဂျုမ္မာလို့ ခေါ်လေ့ရှိပြီးတော့ ဗလီတွေရဲ့ အစည်ကားဆုံးနေ့ ဖြစ်လေ့ရှိပါတယ်။ အကြမ်းဖျင်းသတ်မှတ်ချက်က သောကြာဂျုမ္မာဝတ်ပြုမှု မပြု လုပ် ခင်အရင် ရေချိုးရတယ်၊ အမွေးအကြိုင်သုံးရတယ်၊ သန့်ပြန့်လှပတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ရတယ်စတဲ့ ဓလေ့တွေ ရှိပါတယ်။ သောကြာဂျုမ္မာဝတ်ပြုမှုမှာ ဗလီဝတ်ပြုရာနေရာကို မ၀င်ခင် ၀ိုသွူ ခေါ် ရေသန့်စင်ခြင်းအမှုကို ပြုလုပ်ရပါတယ်။ ဗလီကို ယာဖက်ခြေထောက်နဲ့ စ၀င်ရတယ်။ မေတ္တာပို့ရပါတယ်။ မိမိအစီအစဉ်နဲ့ ၀တ်ပြုရတဲ့ ၀တ်ပြုမှု အနည်းငယ်ပြုလုပ်ပြီးချိန်မှာ ရှေ့ဆောင်အီမာမ်ဆရာရဲ့ မြန်မာဘာသာနဲ့ ဟောကြားမှု စတင်ပါတယ်။ အများအားဖြင့် အစ္စလာမ်ဘာသာတရားက သတ်မှတ်ပြဌာန်းထားတဲ့ ဆောင်ရန် ရှောင်ရန်အကြောင်းလေးတွေ၊
အစ္စလာမ့်သမိုင်းကြောင်းတွေ၊ တမန်တော်တွေရဲ့ အတုယူစံထားစရာ အဖြစ်အပျက်တွေကို နာရီဝက်လောက်ကြာအောင် ဟောကြားလေ့ရှိပါတယ်။ ဒီနောက်မှာ မင်မ် ဗာ လို့ခေါ်တဲ့ တရားဟောစင်မြင့်ငယ်ပေါ်သို့တက်ကာ အရဗီဘာသာစကားနဲ့ ရွတ်ဖတ်ဟောကြားပါတယ်။ ဒီဟောကြားမှုကို ခွသ်ဗာဟ်ဖတ်တယ်လို့ ခေါ်ပြီး ၁၀ မိနစ်လောက်သာ ကြာတတ်ကာ ဆုတောင်းတွေ၊ ရာသီအချိန်အခါအလိုက် ဆောင်ရှောင်လိုက်နာရမယ့် အဖြစ်အပျက်တွေ၊ ဘာသာရေးအကြောင်းအရာတွေ၊ တမန်တော်တွေကို မေတ္တာပို့မှုတွေ ပါဝင်တတ်ပါတယ်။ ခွသ်ဗာဟ်ဖတ်ခြင်းကို ရှေ့ဆောင်အီမာမ်ဆရာက ခေတ္တထိုင်ပြီး အပိုင်းနှစ်ပိုင်းခွဲကာ ဖတ်ရွတ်လေ့ရှိပါတယ်။ ခွသ်ဗာဟ် ဖတ်ပြီးနောက်မှာ စုပေါင်းဝတ်ပြုမှုအစီအစဉ် စတင်ပါတယ်။ ၀တ်ပြုမှုဟာ ၅ မိနစ်သာသာလောက်ပဲ ကြာမြင့်တတ်ပါတယ်။ ဒီနောက်မှာ စုပေါင်းတောင်း ဆုပြုမှု ပြုလုပ်ပါတယ်။ စုပေါင်းတောင်းဆုပြုမှုအပြီးမှာ မိမိဝတ်ပြုစရာအနည်းငယ်ကို ၀တ်ပြုပြီး အလိုရှိရာအရပ်ကို ပြန်နိုင်ကြပါပြီ။ တစ်ချို့ဗလီဝတ်ကျောင်းတော်တွေမှာ အကျွေးအမွေး အသီးအနှံဝေတာတွေ ရှိတတ်ပါတယ်။ တစ်ချို့ လူကြီး လူငယ်တွေဟာ ဗလီဝတ်ကျောင်းတော်ထဲမှာ ကျမ်းမြတ်ကုရ်အာန် ရွတ်ဖတ်တာ၊ ဇိကိရ်လို့ခေါ်တဲ့ ပုတီးစိတ်ပွားများတာတွေ ရှိတတ်ပါတယ်။ တစ်ချို့ဗလီတွေမှာ ညနေပိုင်း ၅ နာရီလောက်မှာ ကလေးတွေကို ဘာသာရေးအခြေခံပညာသင်ပေးတဲ့ အစီအစဉ်တွေရှိ တတ်ပါတယ်။ ဗလီတစ်လုံးနဲ့ တစ်လုံး ကွာခြားမှု ရှိကောင်းရှိနိုင်ပါတယ်။

ဗလီဝတ်ကျောင်းတော်တစ်ခုမှာ အကြောင်းမဲ့ အမြဲတမ်းနေထိုင်လို့ မရပါဘူး။ ရှေ့ဆောင်အီမာမ်တစ်ဦးနဲ့ မုအ်ဇင်န် နိဗ္ဗာန်ဆော်တစ်ဦး ပေါင်းနှစ်ဦးသာ ဗလီအဆောက် အဦးရဲ့ ပြင်ပမှာ နေကြတာများပါတယ်။ ဗလီခန်းမထဲမှာ ဘယ်သူမှ အမြဲတမ်း ညအိပ်နေထိုင်ခြင်း မရှိရပါဘူး။ ရံဖန်ရံခါလာရောက်တတ်တဲ့ ဘာသာရေး အဖွဲ့တွေ စားဝတ်နေရေးအဆင်ပြေစေဖို့၊ အခါကြီးရက်ကြီး ရမသွာန်ဥပုသ်ကာလတွေမှာ ချက်ပြုတ်စားသောက်နိုင်စေဖို့ အိုးခွက်ပန်းကန်တွေ၊ ထင်းခွဲကြက်သွန်လှီးတဲ့ ဒါးအချို့ (အချို့) ကလွဲရင် တိုက်ခိုက်လို့ရတဲ့ လက်နက်တစ်စုံတစ်ရာ ဗလီဝတ်ကျောင်းတော်တွေမှာ ထားခွင့် သိုမှီးခွင့် အလျင်းမရှိပါဘူး။ ကြိုက်တဲ့ဗလီကို ကြိုက်တဲ့အချိန် မီဒီယာ သမားတွေ ခေါ်လာပြီး အများရှေ့မှာ ၀င်ကြည့်လေ့လာနိုင်ပါတယ်။ ဘယ်သူမှ မပါဘဲ ရဲအနည်းငယ်နဲ့ ဗလီကို ၀ိုင်း၊ အထဲဝင်လာပြီး လက်နက်တွေ့တယ်ဆိုတဲ့ ဘိန်း ထုတ် ချပြီး တမင်အကွက်ဆင် ဖမ်းပြတာကတော့ အစ္စလာမ်နဲ့ ဗလီဝတ်ကျောင်းတော်တွေကို စစ်စခန်းလို့ သမုတ်ချင်သူတွေရဲ့ ညစ်ပတ်အောက်တန်းကျတဲ့ လှည့် ကွက် သာဖြစ်ပါတယ်။ အခုထပ်ပြောပါမယ်။ ကြိုတင်စီစဉ်မထားဘဲ ကြိုက်တဲ့ဗလီကို ကြိုက်တဲ့အချိန်သာ ၀င်လာခဲ့ပါ။ ဗလီတိုင်းက ကြိုဆိုလျှက်ပါ။ ၀တ်ပြုတဲ့ ၀တ်ကျောင်းတော်တွေကို စစ်စခန်း၊ ခံတပ်လို့ မိုက်မဲစွာ သမုတ်လိုသူတွေ ဘာမှားနေသလဲဆိုတာ မြင်ရပါမယ်လို့ပဲ ရှင်းရှင်းလင်းလင်း ပြောပါမယ်။ (Seeing is believing) ဖြစ်ပါတယ်။ ကြက်သွန်လှီး ထင်းခုတ်တဲ့ အိမ်တိုင်း ဘုန်းကြီးကျောင်းတိုင်းမှာ ရှိနိုင်တဲ့ တိုက်ခိုက်တဲ့ ဒါးရှည်မဟုတ်တဲ့ လူ့အသုံးအဆောင်ဒါး တစ်ချောင်း   နှစ်ချောင်း ရှိတာကို လက်နက်မိတယ်ဆိုရင်တော့ မတတ်နိုင်ပါ။ ကိုယ်နဲ့ မတဲ့သူတိုင်း၊ မကျေနပ်သူတိုင်း၊ လူတိုင်းကို ဘိန်းထုတ်ချပြီး တမင်အကွက်ဆင် ဖမ်းပြနိုင်ပါတယ်။

ဒီလောက်ဖတ်မိရင် စာရှုသူမိတ်ဆွေအနေနဲ့ ဗလီဝတ်ကျောင်းတော်တွေထဲမှာ ဘာတွေရှိသလဲ၊ ဗလီတွေမှာ မွတ်ဆလင်တွေ ဘာလုပ်ကြသလဲ ဆိုတဲ့ အကြောင်း အရာ ကို  အကြမ်းဖျင်း သိလောက်ပြီ တီးမိခေါက်မိပြီလို့ ယူဆမိပါတယ်။ ဗလီတွေကို အလည်အပတ်သဘောမျိုး ၀င်ရောက်လေ့လာချင်တယ်၊ ကြည့်ချင်တယ်ဆိုရင် တစ်ကိုယ်လုံး သန့်ပြန့်အောင် ရေချိုးခဲ့ပါ။ ဗလီကို ခြေထောက်လောက် ဆေးပြီး ၀င်ပါ။ ဂေါပကတာဝန်ရှိသူတွေကို ပြောပြပါ။ အခန်းစေ့   ထောင့်စေ့ကြည့်ချင်သေး တယ်ဆိုလည်း မိတ်ဆွေကို ပြုံးစိစိနဲ့ တစ်ဗလီလုံး နေရာမကျန်အောင် လိုက်ပြပါလိမ့်မယ်။ လျှို့ဝှက်ခန်း ရှိ မရှိလည်း အားနာပြီး မမေးဘဲ မနေပါနဲ့။ နံရံတွေကို စိတ်တိုင်းကျ အားမနာတမ်း ခေါက်ကြည့်ပါဦး။ အပေါက်တွေ၊ လှိုဏ်ခေါင်းတွေ ရှိ မရှိ သိရအောင်ပါ။ ဘယ်လိုဝတ်ပြုသလဲ၊ ဘာတွေဟောကြားသလဲ သိချင် လို့    စောင့်ကြည့် ချင်ရင်လည်း ရနိုင်ပါတယ်။ ထိုင်ခုံတစ်လုံးတောင်းပြီး ၀တ်ပြုဆောင် နောက်နားလေးမှာ စိမ်ပြေနပြေ ထိုင်ကြည့်ခွင့်မပေးစရာ အကြောင်း မရှိပါဘူး။   ဂေါပကကို မေးမြန်းပြီးသာ ခွင့်ပြုချက်ကလေးတောင်းပြီး လုပ်ပါ။ အဆင်မပြေစရာ မရှိပါဘူး။ လေ့လာဖြစ်အောင် လေ့လာစေချင် ပါတယ်။ မ၀င်ရဲ၊ မ၀င်ချင်တဲ့စိတ် ကို ဖျောက်ကာ ရဲရဲဝံ့ဝံ့ဝင်ရောက်လေ့လာကြဖို့သာ ဖိတ်ခေါ်ပါရစေ။ ဒါမှ တစ်ဦးနဲ့ တစ်ဦး သံသယတွေပျောက်ကာ အမှန်ဘ၀တွေ ရောက်လာမှာပါ။

ဗလီဝတ်ကျောင်းတော်တွေနဲ့ ပတ်သက်ပြီး တီးတိုးသံသယတွေပျောက်ပါစေကြောင်း၊ မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာ ဝေးကွာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ဆွေမွန်
၁၄ သြဂုတ် ၂၀၁၄

Ref: https://www.facebook.com/photo.php?fbid=1514224502122986&set=pcb.1514227672122669&type=1&theater

(31-12-2014)ရက်နေ့နောက်ဆုံးထား၍မလေးရှားတွင် တရားမဝင် နေထိုင်သူများ ထွက်ခွာရန် ကြော်ငြာ

မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနနှင့် လဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့မှ လက်ရှိအသစ် စတင်အမှုထမ်းသော ညွန်ကြားရေးမှုးများမှ မနေ့က သတင်းစာ ရှင်းလင်းပွဲ တွင် နိုင်ငံတွင်းရှိနေသာတရားမဝင်နေထိုင်သူများ ၊ Overstay နေထိုင်သူများသည် မလေးရှားနိုင်ငံ၏ ပစ်မှုမှုခင်းများအတွက် ကိုင်တွယ်ရန် ခက်ခဲသကဲ့ သို့ နိုင်ငံ၏ တရားစီရင်ရေးစရိတ်စကအတွက် များစွာကုန်ကျနေသည့်အတွက် အဆိုပါညွန်ကြားရေးမှုးချုပ်လက်ထက်တွင် အထူးကိုင်တွယ် ရှင်းလင်းသွား မည်ဖြစ်ကြောင်း ကို မနေ့က နှင့် ယနေ့ထုတ်သတင်းစာများတွင် တရားဝင်ဖော်ပြသွားခဲ့သည်။

အဆိုပါ director-general Datuk Mustafa Ibrahim မှ ပြီးခဲ့သည့် အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် လာမည့် ဒီဇင်ဘာ 31 ရက်နေ့နောက်ဆုံးထားကာ တိုင်းပြည် မှ ရှင်းလင်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ။ အလုပ်ရှင်များ အနေဖြင့် တရားမဝင် နေထိုင်သူ အလုပ်သမားများ ဌားရမ်းထားမည်ဆိုပါက သက်ဆိုင်ရာ ဌာနများ သို့သတင်းပို့ကာ အပ်နှံရမည်ဖြစ်ကြောင်း တရားမဝင် အလုပ်သမားများ နှင့် တရားမဝင်နေထိုင်သူများသည် ယနေ့ မလေးရှားနိုင်ငံအတွက် အထူး ပြဿနာ တစ်ခုဖြစ် လာနေကြောင်း တို့ကို ယနေ့ထုတ် Thestar သတင်းဌာနတွင် ထပ်မံဖော်ပြထားသည်။

ထို့အတူ မလေးရှားနိုင်ငံတွင်းသို့ တရားမဝင် လူတင်သွင်းနေသော အေးဂျင်းများ ၊ ကြားလူများ အား အထူးစီမံချက်ဖြင့် ဖော်ထုတ်အရေးယူနေကြောင်း ကိုလည်း ညွန်ကြားရေးမှုးချုပ်မှ ပြောကြားသွားခဲ့သည် ။

ဆက်လက်ပြီး တနင်္လာနေ့ တွင် ပြုလုပ်သော ဖမ်းဆီးမှုတွင် တရားမဝင်နေထိုင်သူများရှိသည်ဟု ယူဆရာ နေရာများသို့ ဝင်ရောက်စစ်ဆေးမှုစတင်ခဲ့ကာ နိုင်ငံခြားသား 178 ဦးအား ၂ နာရီအတွင်း စစ်ဆေးနိုင်ခဲ့ကြောင်း ။

ပြီးခဲ့သည့် အင်္ဂါနေ့က Sentul Raya တွင်ပြုလုပ်သော ဖမ်းဆီးမှုတွင် အင်ဒိုနီးရှားနိုင်ငံသား 35 ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား 16 ဦး ၊ မြန်မာနိုင်ငံသား 1 ဦးနှင့် အန္ဒိယနိုင်ငံသားတစ်ဦး စုစုပေါင်း 53 ဦးအား တရားမဝင်နေထိုင်မှု ဥပဒေ Section 15(1)(c) of the Immigration Act 1959/63 အရ အရေးယူပစ် ဒဏ်ပေးပြီးဖြစ်ကြောင်း ။

ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Datuk Seri Dr Wan Junaidi Tuanku Jaafar မှ သံသယရှိသူ တရားခံများအပါအဝင် 2014 ဇန်နဝါရီလမှ ယနေ့ထိ တရားမဝင် နိုင်ငံသား 14 ရာခိုင်နှုန်း အထိ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ။

ယနေ့အထိ ပစ်မှုဆိုင်ရာ သံသယရှိသူတရားခံများကို ဖမ်းဆီးနေပြီး အဆိုပါဖမ်းဆီးမှုအတွက် ကုန်ကျငွေ မလေးရှားရင်းဂစ် 22.875 မီလီယံအထိ အသုံးပြုထား ခဲ့ရကြောင်း ကိုယနေ့ထုတ်သတင်းစာများတွင် ကြော်ငြာသွားခဲ့သည်။

မြန်မာနိုင်ငံသားများအတွက်မူ ယနေ့အထိ မြန်မာနိုင်ငံသာမျးားအတွက် အထူးအစီအစဉ်အဖြစ် ပြုလုပ်နေသော osc သည် ယနေ့အထိ ရှိနေပြီး တဖန် တ၇ား မဝင်ဖြစ်နေသူများအတွက်Amnesty ဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့်တရားဝင် ပြန်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်းလည်း မြန်မာနိုင်ငံသားများသိရှိရန် လိုအပ်သည် ။

မိမိအစီအစဉ်ဖြင့် မိမိပြန်မည်ဆိုပါကလည်း ပထမဦးစွာ မြန်မာသံရုံးတွင် CI လျှောက်ထားကာ လဝက တွင် Special Pass အတွက်ကုန်ကျငွေ မလေးရင်းဂစ် 100 – Compound ကြေး 400 ရင်းဂစ် ကို ဆောင်ကာ ပြန်နိုင်ပြီဖြစ်သည် ။

ထိုသို့ပြန်လိုသူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ နေရပ်မှ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ မိမိတို့လက်ဝယ်ရှိ ပတ်စပို့ စာအုပ်တို့ဖြင့် မြန်မာသံရုံးတွင် CI လျှောက် ရမည်ဖြစ်သည် ။

CI ရရှိပါက လေယာဉ်လက်မှတ်တစ်ကြောင်းစာ ဝယ်ကာ လဝကသို့ သွား၍ တုံကင်ယူရမည်ဖြစ်သည် ။

ထိုသို့လဝကတွင် သတ်မှတ်ရက်ရပါက ဒဏ်ငွေ 400 + Special Pass 100 ဆောင်ကာ ၅ ရက်အတွက် မြန်မာပြည်သို့ ပြန်ထွက်ရမည်ဖြစ်သည် ။

ဆက်လက်သတင်းများရှိပါကလည်း မလေးရှားရောက်မြန်မာနိုင်ငံသားများ သိရှိစေရန် ဖော်ပြပေးသွားပါမည်။

မလေးရှားရောက်ုမြန်မာများ Facebook Official Page
www,facebook.com/mmrinmy

Ref : Thestar , Bernama , Metro.
Photo : Thestaronline