Breaking News: မတရားဖြိုဖျက်ခံရသည့် ကန်ကြီး ဗလီနေရာ တွင်သာသနာ့ ဗိမာန်ဆောက်မည်ဟု ရမည်းသင်း မ.ဘ.သ ဥက္ကဌ ဆရာတော်ကြေညာ

အထက်ပါ ၃ ပုံ ကို  အလက်ဇန်း ဒရိုက် ဂျိမ်းစ်     မှကူားူဖေါ်ပြသည်။

အထက်ပါ ၃ ပုံ ကို  Kyaw Tun  နှင့်    မှကူားူဖေါ်ပြသည်။

ရမည်းသင်း မ.ဘ.သ အဖွဲ့ လမ်းညွန်မှုဖြင့်နေ့ချင်းပြီး ဖြိုဖျက်ခံခဲ့ရသည့် ရှေးဟောင်းအဆောက်အအုံဖြစ်သည့် ကန်ကြီးဗလီဝတ်ကျောင်းတော်နေရာတွင် “မဟာဝိဇယ သာသနာ့ ဗိမာန်တော်ကြီး”အား ဆောက်လုပ်လူဒါန်းမည်ဖြစ်ကြောင်း ဒေသခံ မ.ဘ.သ ဥက္ကဌဆရာတော် ဦးစန္ဒောဘာသက ဌင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ရေးသားဖေါ်ပြလိုက်သည်။

ဓာတ်ပုံ ။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ လမ်းညွန်မှုဖြင့် ကျူးကျော် ဗလီဟု စွပ်စွဲကာ ဖြိုဖျက်ခံခဲ့ရသည့် ကန်ကြီးဗလီ ဖြိုဖျက်ခံထားရပုံများ(မူရင်း ၊ မင်းကျောင်း စန္ဒော ဖေ့စ်ဘုတ်စာမျက်နှာ)

xxxxxxxxxxxxxxxxxxxxxxxxxxx

M-Media added 3 new photos.

ဖိအားပေး ဖြိုဖျက်ခံလိုက်ရသည့် ရမည်းသင်းမြို့မှ ကန်ကြီးဗလီ
==========================
နိုဝင်ဘာ ၂၁ ၊ ၂၀၁၄
M-Media
ချမ်းငြိမ်းအေး

ရမည်းသင်းမြို့ မ.ဘ.သ၏ တောင်းဆိုချက်ကြောင့် အာဏာပိုင်များက ဗလီဂေါပကများကို ဖိအားပေး ခြိမ်းခြောက်ပြီး ဖြိုဖျက်ခံလိုက်ရသည့် ရမည်းသင်းမြို့ ကန်ကြီး ဗလီသည် လွန်ခဲ့သော နှစ် ၅၀၀ ကျော်ကပင် ရမည်းသင်းမြို့တွင် တည်ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။

ကန်ကြီးဗလီ နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ကန်ကြီးဗလီ အကြောင်း ခေတ်အဆက်ဆက် သိလာသည့် ရမည်းသင်းမြို့ခံ တစ်ဦးက အောက်ပါ အတိုင်း   ပြောပြခဲ့ပါတယ်။

“ရမည်းသင်းမြို့ ဗမာမွတ်စလင်ရပ်ကွက်မှာ လွန်ခဲ့သောနှစ် ၅၀၀ ကျော်ကပင်တည်ရှိခဲ့သည့် ဗမကရပ်ကွက်နှင့် ကန်ကြီးဗလီ တို့သည် ရွှေစည်းခုံ ဘုရားဝန်းထဲသို့ ကျူးကျော်နေသည် ဟုဆိုကာ ထောက်လှမ်းရေး စစ်ဗိုလ်ချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွှန့် တူမ၏ ယောက်ျား ရန်ကုန် ထောက်လှမ်းရေးတပ်(၂၂)တပ်မှူး ဗိုလ်မှူးကျော်ကျော်ထွန်း   နှင့် ၁၅ တပ်မှူး၊ မန္တလေးတိုင်းမှူးတို့ ပူးပေါင်း လုပ်ကြံစွပ်စွဲပြီး ၁၉၉၄ ခုနှစ်က မွတ်စလင် ၄၄ အိမ်ကို ဖျက်ဆီးရွေ့ပြောင်း ခဲ့တယ်။ ထိုစဉ်က ကန်ကြီးဗလီနှင့် ကန်ကြီးရေကန် မပါဝင်ကြောင်း အာဏာပိုင်များက ပြောခဲ့တယ်။

၂၀၀၇ ခုနှစ်မှာ ကန်ကြီးဗလီနှင့် ရေကန်ကို သာသနာ့မြေ (အစိမ်းရောင်)မြေပုံအား တစ်ဖက်သက် ပယ်ဖျက်ပြီး ကန်ကြီး ဗလီကို ချိတ်ပိတ်ခဲ့သည်။

ယခု ၂၀၁၄ ခုနှစ်တွင် ၉၆၉ အင်အားစု၊ သမ္မတကြီး ဦးသိန်းစိန် ဖွဲ့ပေးထားသော ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ လူမှုအထောက်အကူပြု အဖွဲ့များ ပါဝင်ပြီး ရမည်းသင်း  မယက၊ ခယက တို့က ကန်ကြီး ဗလီဂေါပကနဲ့ အိုလမာ အဖွဲ့ကို ဗလီကို စွန့်လွှတ်ကြောင်းနှင့် ဖျက်ဆီးမှုကို ခွင့်ပြုကြောင်း မှတ်တမ်းတွင် ခြိမ်းခြောက်ကာ အဓမ္မ လက်မှတ်ရေးထိုးခိုင်း ခဲ့ပါတယ်။ မဘသ မှ တောင်းဆိုတဲ့ အတိုင်း ၂၀-၁၁-၂၀၁၄ နေ့မှာ ဖျက်ဆီးဖြိုချလိုက်တယ်။”

ကန်ကြီးဗလီ ပြီးလျှင် မွတ်စလင်သင်္ချိုင်းကို ဆက်လက်ဖြိုဖျက်မည်ဖြစ်ပြီး သင်္ချိုင်းမြေနေရာကိုလည်း ရောင်းစားမည်ဖြစ်ကြောင်း၊ ထို့နောက် ရမည်းသင်းမြို့ရှိ ကျန်ရှိဗလီ များ ကို ဆက်၍ ဖြိုဖျက်ပြီး ရမည်းသင်းတွင် အစ္စလာမ်ဘာသာဝင်များ နေလို့မရအောင်ဆက်လုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် သမ္မတကြီး နှင့်အစိုးရအဖွဲ့   မည်ကဲ့သို့ ဆက်လက်လုပ်ကိုင်မည်ကို မြန်မာပြည်သား အစ္စလာမ်ဘာသာဝင်များက ရင်တမမနဲ့ စောင့်ကြည့်နေသလို နှင့် ဤကဲ့သို့ ဘာသာရေးဆိုင်ရာ အဆောက် အအုံများကို အတင်းအဓမ္မ ခြိမ်းခြောက် ဖိအားပေးကာ ဖြိုဖျက်စေမှုများရှိနေကြောင်းကို ဒေသခံ မွတ်စလင်များ စိုးရိမ်နေကြောင်း ရမည်းသင်းဒေသခံ အစ္စလာမ် ဘာသာဝင် တစ်ဦးမှ ပြောကြားခဲ့ပါတယ်။

မ.ဘ.သ နှင့် ၉၆၉ အမည်ခံ ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် ကန်ကြီးဗလီအား ကျူးကျော်ဗလီဖြစ်၍ ဖျက်သိမ်းခြင်းဖြစ်ကြောင်း တဖက်သတ်ဝါဒဖြန့်ကာ ဗလီ ဖြိုဖျက်မှု အား အောင်ပွဲတရပ် အနေဖြင့် ရေးသားဖြန့်ဝေ လျက်ရှိပြီး ဖြိုဖျက်ခံလိုက်ရတဲ့ ရှေးဟောင်း အဆောက်အအုံ ကန်ကြီးဗလီ နေရာတွင် “မဟာဝိဇယ သာသနာ့ ဗိမာန်တော်ကြီး” အား ဆောက် လုပ်မည်ဖြစ်ကြောင်း ဒေသခံ မ.ဘ.သ ဥက္ကဌ ဆရာတော် ဦးစန္ဒောဘာသက ၄င်းရဲ့ Facebook စာမျက်နှာမှာ ရေး သားဖော်ပြခဲ့ ပါတယ်။

ဓါတ်ပုံ-၊ မင်းကျောင်း စန္ဒော Facebook ,MMM

http://www.m-mediagroup.com/news/34435

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: