အစ္စရေးကို “ဂျူးနိုင်ငံတော်”အဖြစ် ဘယ်တော့မှ လက်ခံမှာမဟုတ်ကြောင်း မာမွတ်အဘတ်စ် ပြောကြား

အစ္စရေးက “ဂျူးနိုင်ငံတော်”ဥပဒေပြဋ္ဌာန်းဖို့ ကြိုးစားလာတဲ့နဲ့ပတ်သက်ပြီး ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်က အစ္စရေးကို ဂျူုးနိုင်ငံအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ အစ္စရေးကို ဂျူးနိုင်ငံအဖြစ် ဘယ်တော့မှ အသိအမှတ်ပြုမှာပါ မဟုတ်ပါဘူး”လို့ အဘတ်စ်က ကိုင်ရိုတွေ့ဆုံပွဲအပြီးမှာ အစ္စရေးမီဒီယာကို ပြောဆိုလိုက်တာပါ။

တကယ်လို့ ကုလသမဂ္ဂက ပါလက်စတိုင်းကို နိုင်ငံအဖြစ်အတည်ပြုဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင်တော့ ပါလက်စတိုင်းအာဏာပိုင်တွေအနေနဲ့လည်း အစ္စရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်တာတွေကို ပြန်လည် သုံးသပ်ရပါလိမ့် မှာဖြစ်ကြောင်း၊ ပြီးတော့ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ အဖွဲ့အ၀င်ဖြစ်လာစေဖို့ ကြိုးစားရမှာဖြစ်ကြောင်း မာမွတ်အဘတ်စ်က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

ကိုင်ရိုမြို့မှာ ကျင်းပခဲ့တဲ့ အာရပ်အဖွဲ့ချုပ်နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးမှာ အဘတ်စ်က အစ္စရေးဟာ ငြိမ်းချမ်းရေးအလုပ်တွေကို လုပ်ရမယ့် အစား အသားရောင်ခွဲခြားရေးအစိုးရကိုသာ အားပေးနေတယ်လို့ စွပ်စွဲပြော ကြားခဲ့ပါတယ်။

အာရပ်လိဂ်မှာ ၀န်ကြီးတွေဟာ ပါလက်စတိုင်းနိုင်ငံထူထောင်ဖို့အတွက် အချိန်သတ်မှတ်ချက်ပါဝင်တဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို လုံခြုံရေး ကောင်စီကို တင်သွင်းဖို့ သဘောတူညီခဲ့ကြပါတယ်။

တကယ်လို့ ကုလဆုံးဖြတ်ချက်ဟာ မအောင်မြင်ခဲ့ရင်၊ ၁၉၆၇ ခုနှစ်က နယ်နိမိတ်စည်းမျဉ်းပေါ်မှာ အခြေခံပြီး စေ့စပ်ဆွေးနွေးပွဲ မလုပ်နိုင်ရင်၊ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုကို မဟန့်တားနိုင်ရင် ပါလက်စတိုင်းဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်ဖြစ်လာစေဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း အဘတ်စ်က ပြောပါတယ်။

ပါလက်စတိုင်းနဲ့ အစ္စရေးကြားက ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးဆက်ဆံမှုဟာ တစတစ လျော့ပါးလာပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီရဲ့ စည်းရုံးမှုနဲ့ ကြားပွဲစားလုပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အစ္စရေး-ပါလက်စတိုင်း စေ့စပ်ဆွေးနွေးပွဲဟာလည်း ပြီးခဲ့တဲ့ ဧပြီလမှာ ရပ်တန့်သွားခဲ့ပါတယ်။

“အမေရိကန်ကို ကျွန်တော်တို့ ဖြစ်နိုင်ချေအရှိဆုံး အခွင့်ရေးတွေ ပေးထားပြီး ပါပြီ။ လှောင်ပြောင်ခံဘ၀ရောက်ရတဲ့အထိ အရေးယူဆောင်ရွက်မှုတွေကို ထပ်ခါတလဲ ရွှေ့ဆိုင်းခံခဲ့ရတယ်”လို့ အဘတ်စ်ကပြောပြီး လုံခြုံရေးကောင်စီ တင်သွင်းမယ့် အစီအစဉ်ကို ထောက်ခံခဲ့ပါတယ်။

Myanmar Muslim Media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: