Daily Archives: December 2nd, 2014

တစ်သောင်းတန်ငွေစက္ကူ အတု သိန်း ၉ဝဝ ကျော် မွန်ပြည်နယ် ၌ သိမ်း ဆည်း ရ မိ

မွန်ပြည်နယ် ဘီးလင်းမြို့၌ နိုဝင် ဘာ ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရဲအုပ်အောင်သူနှင့် အဖွဲ့သည်သတင်းအရ သက်သေ များနှင့် အတူ ဘီးလင်းမြို့ အိုအေစစ် စား သောက်ဆိုင် အခန်းအမှတ် (၈ဝ၇) ကို ဝင်ရောက်ရှာဖွေရာ အခန်း အတွင်း သိန်းဇော် (၃၉)   နှစ်နှင့် သက် လွင်ဦး (၃၄) နှစ်တို့အား LEVIS စာတန်း ပါ အနက်ရောင် ကျောပိုး အိတ် တစ်လုံးနှင့် အတူ တွေ့ ရှိပြီး ကျော ပိုး အိတ် အတွင်းမှ ကမ္ဘောဇဘဏ် လီမိ တက်(ဘားအံဘဏ်ခွဲ) တံဆိပ်နှင့် 27 NOV 2014 တံဆိပ်ရိုက်နှိပ်ထား သည့် ကျပ်တစ်သောင်း တန် ငွေ စက္ကူ အတု ၁ဝဝ ရွက်ပါ အထုပ် ၉၁ ထုပ် စုစုပေါင်းကျပ်သိန်း ၉၁ဝ၊ လက်ကိုင် ဖုန်းသုံးလုံးနှင့်အတူ တွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သိန်းဇော်အား စစ်ဆေးရာ လွန်ခဲ့သော တစ်လခန့် က တောင်ကြီးမြို့ ဆိုင်ကယ်ပွဲစားတန်း တွင်တွေ့ရှိသည့် တင့်လွင်နှင့် ဆိုင် ကယ်ဝယ်ယူစဉ်ခင်မင်ခဲ့ပြီး တင့်လွင်က ၎င်းထံတွင် ငွေကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိန်းတစ်ရာကျပ်ကို ငွေစက္ကူအစစ် သိန်း ၃ဝ ပေးရမည် ဖြစ်ကြောင်းပြော ရာ နိုဝင်ဘာ၂၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် တောင်ကြီးမြို့ ဆိုင်ကယ်ပွဲစားတန်းရှိ လက်ဖက်ရည် ဆိုင် တွင် တင့်လွင်နှင့်တွေ့၍တစ်သောင်း ကျပ်တန်အတု ကျပ်သိန်း ၉၁ဝ အား ငွေကျပ် သိန်း ၃ဝ ပေး၍ ယူခဲ့ကြောင်း၊

တောင်ကြီးမြို့မှ ညနေ ၆ နာရီထွက် သည့် နယူးမန္တလာထွန်းယာဉ်ဖြင့် လိုက်ပါလာခဲ့ပြီး အမှတ်(၃)လမ်းဆုံသို့ နိုဝင်ဘာ ၂၈ ရက် နံနက် ၅ နာရီ တွင်ရောက်ရှိပြီး တိုက်ကြီးမြို့နယ် ဖလုံရွာနေ သက်လွင်ဦးထံသို့ နံနက် ၇ နာရီတွင်ရောက်ရှိကာ ထိုမှ သက်လွင်ဦး၊ မျိုးလှိုင် (၃၈)နှစ်၊ မင်း ထိုက် (၃၃) နှစ်တို့နှင့်အတူ ဆိုင် ကယ် နှစ်စီးဖြင့် မွန်ပြည်နယ် ဘီးလင်းမြို့သို့ ထွက်ခွာခဲ့ကြောင်း၊

သတင်းအရ မျိုးလှိုင် နှင့် မင်းထိုက်တို့ အား လိုက်လံရှာဖွေရာ မင်းထိုက်အား ညနေ ၅ နာရီ မိနစ် ၂ဝ တွင် ဘီးလင်းမြို့ အိုအေစစ် စား   သောက် ဆိုင်ရှေ့တွင် ၄ဝယ/–DAYUN အမျိုးအစား ဆိုင်ကယ်နှင့် အတူဖမ်း ဆီးရမိပြီး မျိုးလှိုင်အား ညနေ ၅ နာရီ မိနစ် ၄ဝ တွင် ငွေ လာမြိုင် လက်ဖက်ရည်ဆိုင်ရှေ့တွင် ၃၃ယ/ —- စမတ်ဆိုင်ကယ်ဖြင့် တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ငွေစက္ကူ အတုနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသူ သိန်းဇော်၊ သက်လွင်ဦး၊ မင်းထိုက်နှင့် တင့်လွင် (စုံစမ်းဖမ်း ဆီးဆဲ) တို့အား ဘီးလင်းမြို့မရဲစခန်းမှ(ပ)၁၄၅/— ၂ဝ၁၄၊ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁ဝ၅/၁ဝ၆/၁ဝ၇ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်နေမင်းအောင် | The Mirror Daily

ပြည်သူတစ်ဦးချင်းစီအတွက်ကျန်းမာရေးအသုံးစရိတ် ကျခံသုံးစွဲမှုသည်တစ်နှစ်လျှင်(၁၁)ဒေါ်လာနှုန်း ရှိကြောင်း ကျန်းမာရေးဒုဝန်ကြီး ပြောကြား

ရန်ကုန်ပြည်သူဆေးရုံကြီး၏ လူနာဆောင်တစ်ခုကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ပြည်သူတစ်ဦးချင်းစီအတွက် ကျန်းမာရေးအသုံးစရိတ် ကျခံသုံးစွဲမှုသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၁ ဒေါ်လာနှုန်းရှိကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

ဒေါက်တာဝင်းမြင့်က နေပြည်တော်တွင် နိုဝင်ဘာ ၂၅ ရက်ကပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်း အဝေး ၃၄ ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာနေလင်း၏မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနေ လင်းက “နိုင်ငံတော်သမ္မတ၏ ကျန်းမာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ မူဝါဒများအနက် သာ တူညီမျှ ကျန်းမာရေးလွှမ်းခြုံစနစ် အကောင်အထည်ဖော်   ဆောင် ရွက်ပြီးစီးမှု အခြေအနေအား သိရှိလိုကြောင်း” ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

“လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကျန်းမာရေးဘဏ္ဍာငွေလုံးငွေရင်းသည် ကျန်းမာရေး ဝန်ကြီးဌာန၏ ကျန်းမာရေး ဘတ် ဂျက် ဖြစ်ပါတယ်။ အဆိုပါ ဘတ်ဂျက်သည်ပင်လျှင် ပြည်သူလူထု၏ ကျန်း မာရေးစောင့်ရှောက်မှုအတွက် တိုက်ရိုက်ကုန်ကျခြင်း မျိုး အပြင် လစာ၊ ဝန်ထမ်းနေအိမ်၊ လျှပ်စစ်မီတာ၊ စက် သုံးဆီ အစရှိသည့် Operational cost များ ပါဝင်နေသေးပြီး ထိုအရာများ မပါဝင် လျှင် ပြည်သူတစ်ဦးချင်းစီ အတွက် ကျန်းမာရေးအသုံးစရိတ် ကျခံသုံးစွဲမှုသည် တစ်နှစ်လျှင် ၁၁ ဒေါ်လာနှုန်း ရှိပါတယ်” ဟု ကျန်း မာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောကြားသည်။

စိတ်ကျေနပ်ဖွယ်ကောင်းသည့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ပြည်သူ့ကျန်းမာရေး ကျခံသုံးစွဲမှုသည် အနည်းဆုံးတစ်နှစ်လျှင် အမေ ရိကန်ဒေါ်လာ ၃ဝ မှ ၄၅ ဒေါ်လာအထိ ရှိသင့်ကြောင်း WHO မှ အကြံပြု ထားသည်ဟု ဒေါက်တာဝင်းမြင့်က ဆက်လက်   ပြော ကြား သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က “၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွက် ကျန်းမာရေးဘတ်ဂျက်မှာ ဘီလျံ ၆၅၂ ကျပ်ဖြစ်ပြီး အစိုးရဘတ်ဂျက်၏ ၃ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ကာ ဂျီဒီပီ၏ ဝ ဒသမ ၉၄ ရာခိုင်နှုန်းဖြစ်ပါတယ်။ စုစုပေါင်း ကျန်းမာရေး အသုံးစရိတ်တွင် ပြည်သူလူထု၏ ကိုယ့်ငွေကိုယ်သုံး တိုက်ရိုက်ကျခံမှုမှာ ၆၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၈ဝ အထိ ရှိနေပါတယ်” ဟု   ပြော ကြားသည်။

ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းအတွက် ပြည်သူ့ဆေးရုံပေါင်း ၁ဝ၆၈ ရုံ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ကျန်း မာရေး ဦးစီးဌာနများအပြင် ကျေးလက်ကျန်းမာရေးဌာန ၁၆၉၆ ခုနှင့်ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း ၈၇ဝဝ ကျော်တို့ဖြင့် ဖွဲ့စည်း    ဆောင် ရွက်နေသော်လည်း population coverage အနေဖြင့် ချိန်ထိုးကြည့်မည်ဆိုပါက ကျေးလက်နေ ပြည်သူများအတွက် ကျန်းမာ   ရေးစောင့်ရှောက်မှုဆိုင်ရာ လိုအပ်ချက်များ ရှိနေသေးသည်ကို တွေ့ရှိရကြောင်း ၎င်းကပြောကြားသည်။

ကျေးလက်ကျန်းမာရေးဌာနသည် ရှိနေသည့်ကျေးရွာစု အားလုံး၏ ၁၂ ရာခိုင်နှုန်းသာရှိပြီး ကျေးလက်ကျန်း မာရေးဌာနခွဲမှာ စုစုပေါင်း    ကျေး ရွာ အားလုံး၏ ၁၃ ရာခိုင်နှုန်းသာရှိကြောင်း ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် က ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ကျေးရွာတိုင်းတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ထားရှိမည်ဆိုပါက လက်ရှိတွင် ရှိပြီးသား အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မည်သို့မျှမလောက်ငကြောင်း ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြည်သူတစ်ဦးချင်းစီအတွက် ကျန်းမာရေးအသုံးစရိတ် ကျခံသုံးစွဲမှုမှာ အာဆီယံဒေသတွင်းနိုင်ငံများနှင့်ယှဉ် လျှင် များစွာ နည်း ပါးနေသေးကြောင်း WHO ၏ နှိုင်းယှဉ်ထုတ်ပြန်ထားချက်များအရ သိရ သည်။ ၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံအလိုက် လူဦးရေနှင့်   ပြည်သူတစ်ဦးချင်းစီအတွက် တစ်နှစ်လျှင် ကျန်းမာရေးအသုံးစရိတ် ကျခံသုံးစွဲထားမှုကို နှိုင်းယှဉ်ထားရာတွင် လာအို၊ ကမ္ဘောဒီးယား စသောနိုင်ငံများမှာ မြန် မာနိုင်ငံ၏ အထက်တွင် ရှိနေ ပြီး လူဦးရေအချိုးအရ နှိုင်းယှဉ်လျှင်လည်း နိုင်ငံလူဦးရေ ၉၆ သန်းကျော်ရှိသော ဖိလစ်ပိုင်မှာ ပြည်သူတစ်ဦးချင်းအတွက် ကျန်းမာရေး အသုံးစရိတ် တစ်နှစ်လျှင်ဒေါ်လာ ၂ဝဝ ဝန်းကျင်ရှိပြီး သန်း ၆ဝ ကျော်ရှိသည့် ထိုင်းမှာ ၃၈၆ ဒေါ်လာ၊ သန်း ၉ဝ ကျော်ရှိသည့် ဗီယက် နမ် မှာ ၂၃၄ဒေါ်လာ အသီးသီးအသုံးပြုထားကြောင်း သိရသည်။

WHO က အာဆီယံဒေသတွင်း နိုင်ငံများ၏ ကျန်းမာရေးအသုံးစရိတ် ထုတ်ပြန်ထားမှုနိုင်ငံ တစ်နှစ်လျှင် တစ်ဦးချင်းစရိတ်(ဒေါ်လာ)

ဝေယံဖြိုးဦး၊ မျိုးမင်းထက် | EMG

http://www.lwinpyin.com/2014/11/blog-post_776.html

အကြမ်းဖက်မှုဖြစ်စဉ်များအတွင်းမပါဝင်ရန် အာရှ ၅ နိုင်ငံ သံဃာ တော် များ သဘောတူ

အကြမ်းဖက်မှုများ, သံဃာတော်များ, alodawpyei@gmail.com

ဘာသာရေးနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက သံဃာတော်များ အနေဖြင့် ပါဝင်ခြင်း၊ ၀င်ရောက် စွက်ဖက်ခြင်း မပြု လုပ်ရန် တတိယ အကြိမ်မြောက် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ပဋိပက္ခ ဖြေရှင်းခြင်း ဆိုင်ရာ ဆွေးနွေးပွဲတွင် အာရှ ၅ နိုင်ငံမှ ဘုန်း တော် ကြီး များက သဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၅ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Swissotel Nai Lert Park ၌ အာရှ ၅ နိုင်ငံ မှ သံဃာတော်များ စုပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖြစ် ဆရာတော် ၇ ပါး တက်ရောက်ခဲ့ကြောင်း   ဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သည့် အလိုတော်ပြည့် ကျောင်းတိုက်မှ လက်ထောက် ဆရာတော် အရှင်ကုမာရက မိန့်သည်။

အရှင်ကုမာရက “ပုထုဇဉ်တွေကို ငြိမ်းချမ်းရေး ဆောင်ရွက်ကြဖို့ မတူကွဲပြားတဲ့ ယုံကြည်မှုတွေ၊ ယဉ်ကျေးမှု ဓလေ့ထုံးထမ်း စဉ်လာ တွေ ကို ပိုနားလည်အောင် လုပ်ဖို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက နီးစပ်ရာလူထုကို တိုက်တွန်းဖို့လည်း သဘောတူ ခဲ့ကြတယ်” ဟု လည်း မိန့်ကြားသည်။

ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိပက္ခ များ   အပေါ်တွင် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟုလည်း ဆိုသည်။

ဆွေးနွေးပွဲသို့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ သီရီလင်္ကာ နိုင်ငံတို့မှ ထေရ၀ါဒ ဘုန်းတော်ကြီးပေါင်း ၂၉ ပါးနှင့် ပဋိပက္ခ   ဖြစ်ပွား ရာ နေရာများတွင် ပဋိပက္ခဖြေရှင်းရေး ကိစ္စရပ်များ၊ အကြံဉာဏ်များ ကူညီမှု ပေးနေသည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် The Center For Humanitarian Dialogue (HD Center) မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးမှု အပြီးတွင် “ဘာသာရေးနှင့် စပ်လျဉ်းသည့် အကြမ်းဖက်မှုများတွင် သံဃာတော်များ မပါဝင်ရေး”ကို သဘော တူညီ   ဆွေးနွေး   နိုင် ခဲ့ပြီး နိုဝင်ဘာလ ၂၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဗုဒ္ဓဘာသာ မဟုတ်သည့် အခြား ဘာသာဝင်များ၊ မတူကွဲပြားသည့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့များအား အပြန်အလှန် ဖလှယ်ခြင်းအားဖြင့် လူမှု အဖွဲ့အစည်းများတွင် ငြိမ်းချမ်းမှုနှင့် သဟဇာတရှိမှုများ ရရှိလာမည်ကို ယုံကြည်သဖြင့် ထိုလမ်းစဉ်အတိုင်း ကျင့်သုံးကြရန်   ဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့သည့် ဘုန်းတော်ကြီးများက သဘောတူညီခဲ့သည်ဟု သိရသည်။

ပဋိပက္ခများ ငြိမ်းချမ်းစေရန် လုပ်ဆောင်ရမည့် ကိစ္စရပ်များတွင် ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများ အနေဖြင့် တတ်နိုင်သည့် နေရာများမှ ကူညီမှု ပြုရန်၊ ဗုဒ္ဓဘာသာကို ခုတုံးလုပ်သည့် အကြမ်းဖက်မှုများနှင့် ကင်းကင်းကွာကွာ နေရန်၊ ဘာသာရေး ခုတုံးလုပ်သည့် ဖြစ်ရပ်များ ထပ်မံ ရှိလာပါက လက်ရှိတွင် သဘောတူညီထားသည့် နိုင်ငံ ၅ နိုင်ငံမှ ဆရာတော်များ ပူးပေါင်းပြီး ထိန်းသိမ်း လုပ်ဆောင်မည်ဟု ဆုံး ဖြတ်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ရွှေည၀ါ ဆရာတော် အရှင်ပညာသီဟက “ဒီဆုံးဖြတ်ချက်တွေကို လက်ခံတယ်၊ အပြန်အလှန် နား လည်ပြီး အတူငြိမ်းချမ်းစွာ နေဖို့ကို ထောက်ခံတယ်၊ ဗုဒ္ဓရဲ့ သားတော်တွေ ဖြစ်တဲ့ သံဃာတွေမှာ သေးသိမ်တဲ့ အမြင်တွေ အယူ အဆ   တွေ လက်ခံနေတာကို မဖြစ်စေချင်ဘူး၊ ကိုယ့်လူမျိုးမှ ကိုယ့်ဘာသာမှ စွဲနေလို့ မရဘူး၊ စွဲနေရင် ဒီမိုကရေစီကို သွားနိုင်မှာ မဟုတ် ဘူး”  ဟု မိန့်ကြားသည်။

http://burma.irrawaddy.org/news/2014/12/01/67973.html