Daily Archives: December 5th, 2014

အင်ဒိုနီးရှားမှာ တွေ့ရတဲ့ ကမ္ဘာ့ အစောဆုံး ရှေးဦး လူသား ရဲ့ လက်ရာ ဖြစ်နိုင်

အင်ဒိုနီးရှားမှာ တွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ယောက်သွားခွံပေါ်က ခြစ်ရာတွေဟာ ကမ္ဘာ့ အစောဆုံး ရှေးဦး လူသားရဲ့ လက်ရာ   ဖြစ်နိုင် တယ်လို့ လေ့လာမှု တစ်ခုက ပြောပါတယ်။

အဲဒီ ယောက်သွားခွံပေါ်က ခြစ်ရာတွေဟာ သက်တမ်းအားဖြင့် အနည်းဆုံး နှစ်ပေါင်း ၄ သိန်း ၃ သောင်း ရှိပြီ ဖြစ်တာကြောင့် ကမ္ဘာပေါ် မှာ ကွယ်ပျောက်သွားပြီ ဖြစ်တဲ့ Homo erectus ဆိုတဲ့ ရှေးဦး လူ့မျိုးနွယ်ဝင် တစ်ဦးရဲ့ လက်ရာ ဖြစ်နိုင်တယ်လို့ အဲဒီ လေ့ လာမှုက ဆိုပါ တယ်။

ဒီ့အရင်က တွေ့ရှိထားတဲ့ အစောဆုံး လူလုပ် လက်ရာကတော့ နှစ်ပေါင်း ၁ သိန်း ၃ သောင်း သက်တမ်း ရှိတဲ့ ခြစ်ရာတွေ ဖြစ်ပါတယ်။

အခု တွေ့ရှိမှုကို အတည်ပြုနိုင်မယ် ဆိုရင်တော့ လူသားတွေရဲ့ ယဉ်ကျေးမှုတွေ ဘယ်လို တိုးတက် ဖွံ့ဖြိုးလာသလဲ ဆိုတာနဲ့ ပတ် သက်ပြီး   ပြန်လည် သုံးသပ်ဖို့ လိုလာမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

http://www.bbc.co.uk/news/world-australia-30324599

ဂျပန်လူမျိုးနောင်မွတ်စလင်ဗလီဆရာ

ရှိုခ်နဲမသွလ္လာဟ် (Sheikh Niamatullah) ဆိုတဲ့ပုဂိုလ်နဲ့ဆုံအပြီးမှာ အစ္စလာမ်ဘာသာကိုကူးပြောင်းလာခဲ့တဲ့ ရှိုခ်အဗ်ဒွလ္လာဟ် တကီး တာကာဇာဝါ (Sheikh Abdullah Taqi Takazawa) ဆိုတဲ့ ဂျပန်လူမျိုးစစ်စစ်နောင်မွတ်စလင်ကတော့ တိုကျိုမြို့သားပါ။ အခုတော့ ကာဘူကီချို  (Kabukicho) ဆိုတဲ့ရပ်ကွက်မှာရှိတဲ့ ဗလီသေးသေးလေးတစ်လုံးမှာ ရှေ့ဆောင်အီမာမ် (ဗလီဆရာ)အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

ရှိုခ် တာကာဇာဝါကို သာမန်ဂျပန်မိသားစုတစ်စုကဖွားမြင်ခဲ့ပါတယ်။ သူက တက်တူး(ဆေးမင်ကြောင်) အနုပညာရှင်တစ်ယောက် လည်းဖြ စ်ပါသေးတယ်။ ၂၀၀၆ခုနှစ်မှာ အစ္စလာမ်ဘာသာကိုမကူးပြောင်းခင် ဘာသာတရားပေါင်းစုံ ကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာ ခဲ့ တယ်။ အစ္စလာမ်ဘာသာကိုကူးပြောင်းပြီးတဲ့နောက် မှာတော့ ဆော်ဒီအစိုးရရဲ့ ဖိတ်ခေါ် မှုနဲ့ ၂၀၀၈ခုနှစ်မှာ မက္ကာမြို့ကို ဟာဂ်ျ ဘုရားဖူး ခရီးစဉ်သွားရောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အစ္စလာမ်ဘာသာရေးပညာကိုအပတ်တကုတ်ကြိုးစားသင်ယူခဲ့ပြီး ဘွဲ့ရ ယူနိုင်ခဲ့ပါ တယ်။ ရှိုခ် တာကာဇာဝါကို လွန်ခဲ့တဲ့ ၁၂နှစ်တာကာအစ္စလာမ်ဘာသာအကြောင်းလမ်းညွှန်ပြသပေးခဲ့တဲ့ ရှိုခ်နဲမသွလ္လာဟ် ကပဲ  ကာဘူချီ ကိုရပ်ကွက် မှာရှိတဲ့ ဗလီမှာ ဗလီဆရာလုပ်ဖို့အတွက် တာဝန်ပေးအပ်ခဲ့တာလို့သိရပါတယ်။

သူ့အနေနဲ့အစ္စလာမ်ဘာသကို ဘယ်လိုလက်ခံခဲ့သလဲလို့မေးတဲ့အခါမှာတော့ ရှိုခ် အဗ်ဒွလ္လာဟ် တကီး တာကာဇာဝါက အခုလိုဖြေကြား ပါတယ်။

”ကျနော်မွေးဖွားတ့အချိန်ကတည်းက မွတ်စလင်တစ်ယောက်ဖြစ်နေပြီးသားပါ။ လွန်ခဲ့တဲ့ ၃၅နှစ်တာကာလက အိပ်ပျော်နေတဲ့ မွတ် စလင်တစ်ယောက်ပေါ့ အခုကျနော် အသက်၃၉နှစ်ရှိပါပြီ။ ဒီတော့ ကျနော်နိုးကြားနေတဲ့မွတ်စလင်တစ်ယောက် အဖြစ် လေးနှစ် တာဖြတ်သန်းပြီးပြီလို့ဆိုနိုင်ပါတယ်။

ကျနော့်အနေနဲ့ မေးခွန်းထုတ်ချင်ပါတယ်။ ခများမနက်အိပ်ယာထတဲ့အချိန် ခများကိုအိပ်ယာကနေထဖို့ ဘယ်အရာက တွန်းအားပေး ပါသလဲ (ဘယ်အရာကအိပ်ယာကနေနိုးစေသလဲ)။ ကျနော်အစ္စလာမ်ဘာသာကို ၂၀၀၆ခုနှစ်က လက်ခံခဲ့တာပါ။ အခုအချိန်ကနေ ဆိုရင် လေးနှစ်ရှိပြီပေါ့။ ဒါကညင်ညင်သာသာနဲ့ဖြစ်လာတဲ့ကိစ္စပါ။ အချိုးအကွေ့တစ်ခုကြုံတယ်။ ပြီးတော့ ကျနော်မွတ်စလင်ဖြစ် လာ တယ်။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်အရင်က ကျနော့်ကိုနှိုးမယ့်လူမရှိခဲ့ဘူး။ ဒီလိုအိပ်ပျော်နေတုန်း တစ်စုံတစ်ယောက်က ကျနော့်ကို အတင်းနှိုးခဲ့တယ်။ ကျနော်အိပ်ပျော်ရာကနေနိုးလာတယ်။ အင်မတန်ကိုကြည်နူးစရာကောင်းတဲ့နိုးထမှုတစ်ခုပါပဲ ” လို့ဖြေကြား ခဲ့ပါ တယ်။

(ယခုတွေ့ဆုံမေးမြန်းခြင်းကို ၂၀၁၀ခုနှစ်ကတည်းက လုပ်ထားခြင်းဖြစ်သည်)

ပုံထဲက ၀တ်စုံပြည့်၊ တောင်ဝှေးနဲ့ပုဂိုလ်ကတော့ ဒီပိုစ်ရဲ့ဇာတ်လိုက်ကျော်ကြီးပါဗျာ။

ကိုးကား – 日本でのイスラム

(စတီဗင်

အမျိုးသမီးအရေးတူရကီသမ္မတအာဒိုဂန်ပြောကြားမှု အပေါ် မွတ် စလင် မိခင်များ အမြင်

0,,18008139_303,00
– နိုဝင်ဘာ ၂၄ ရက်နေ့က အစ္စတန်ဘူလ်မှာပြုလုပ်တဲ့ `အမျိုးသမီးနဲ့ တရားမျှတမှု ထိပ်သီးအစည်းအဝေး´ မှာ တူရကီသမ္မတ အာဒိုဂန်က `အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ မတူညီဘူးလို့´ ပြောခဲ့ပြီး ဒီစကားဟာ ကမ္ဘာ့သတင်းစာတွေရဲ့ခေါင်းကြီးပိုင်းမှာ ပါလာခဲ့ပါတယ်။

အာဒိုဂန်ရဲ့ အဲဒီမှတ်ချက်က အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေနဲ့ အတိုက်အခံတွေကို  ယမ်းပုံမီးကျဖြစ်စေခဲ့ပြီး အတုံးလိုက် အတစ်လိုက်ဝေဖန်မှုတွေ ကို ဖြစ်ပေါ်စေခဲ့ ပါတယ်။ ဒီလိုမှတ်ချက်ပေးပြီး ၂ ရက်လောက်အကြာမှာတော့ အာဒိုဂန်က မီဒီယာတွေဟာ သူ့ရဲ့ပြောဆိုမှုကို မှားယွင်းဖော်ပြခဲ့တယ်လို့ အပြစ်တင်ခဲ့ပြီး အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့အမြင်ကိုလည်း   ပြန်လည်ပြောပြ ခဲ့ပါတယ်။

`အမျိုးသမီးတွေနဲ့ အမျိုးသားတွေကို တူညီတဲ့ အခြေအနေတစ်ခုအပေါ်မှာ သတ်မှတ်လို့မရပါဘူး။ တူညီမှုဆိုတာထက် တန်းတူညီ မျှဖြစ်မှု ကိုသာ အမျိုးသမီးတွေ လိုအပ်တာပါ´ လို့ သူက ဆိုပါတယ်။

အာဒိုဂန်ရဲ့ပြောကြားမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေထဲက အဓိက ဝေဖန်မှုတစ်ခုကတော့ `အမျိုးသမီးနဲ့ အမျိုးသားတွေကို တန်း တူညီ မျှစွာ ဆက်ဆံလို့မရဘူး၊ ဒါမှမဟုတ် သူတို့ရဲ့ မတူညီတဲ့သဘာဝကြောင့် တူညီတဲ့ အလုပ်တွေမှာ ပါဝင်ဆောင်ရွက်လို့ မရဘူး´ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်ပါပဲ။ အမျိုးသားတွေရဲ့ သာလွန်မှုကို အသားပေးခြင်းနဲ့ အတူ ကျား၊ မ မတူညီမှုနဲ့ပတ်သက်တဲ့ ဒီလိုအမြင်မျိုးဟာ တူရကီ နဲ့ အခြားသောနေရာတွေက ကွန်ဆာဗေးတစ် မွတ်စလင် (အမျိုသား၊ အမျိုးသမီး) တွေအကြားမှာ ကံမကောင်းအကြောင်း မလှစွာနဲ့ပဲ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတုန်းပါပဲ။

အစ္စလာမ်ကပြောသော အမျိုးသားနှင့် အမျိုးသမီးတို့၏ သဘာဝ

အာဒိုဂန်ရဲ့ ပေါ်လစီတွေကို သဘော မကျသူတွေထဲက တစ်ဦးဖြစ်ပြီး အစ္စလာမ့်ရေးရာတွေကို ရေးသားသူ နာမည်ကြီး ကွန်ဆာဗေးတစ် စာရေး ဆရာ အလီဘူတက်က အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ သဘာဝနဲ့ ပတ်သက်ပြီး အာဒိုဂန်ရဲ့ အဲဒီမှတ်ချက်အပေါ်မှာ လုံးဝဥဿုံ သဘော တူပါသတဲ့။ ဘူလ်တက်ဟာ `အိမ်မှုကိစ္စနိုင်နင်းပြီး မိခင်ကောင်း တစ်ယောက် ပါဝင်တဲ့ မိသားစု တည်ဆောက်ပုံ´ ကို တင်းပြည့် ကြပ်ပြည့် ထောက်ခံအားပေးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

`အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့အကြားက ယထာဘူတ ဖြစ်တည်မှု အနှောင်အဖွဲ့ဟာ မတူညီမှုကို ဖြစ်ပေါ်စေပေမယ့် ဖန်ဆင်းခြင်းမှာ မတူကွဲပြားစွာ ညီညွတ်မှုနဲ့ ခြားနာတဲ့ ရလဒ်တွေကိုလည်း ရရှိစေတယ်´ လို့ သူက ဆိုပါတယ်။

နောက်ပြီး အမျိုသားနဲ့ အမျိုးသမီးအကြားမှာရှိတဲ့ ဒီအနှောင်အဖွဲ့ ပျဉ်သုဉ်းမှုအတွက် ခေတ်ဆန်လွန်းမှုကို သူက အပြစ်တင်ခဲ့ပါတယ်။ ပြီးတော့ အမျိုးသမီးတွေထက်သာတဲ့ အမျိုးသားတွေရဲ့ သန်မာမှုနဲ့ အားသားချက်တွေကိုလည်း သူက အသားပေး ပြောခဲ့ပါတယ်။

ဒါပေမယ့် မွတ်စလင် အသိုင်းအ၀ိုင်းအတွင်းမှာပဲ သူ့ရဲ့ယူဆချက်နဲ့ မတူတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါသေးတယ်။ အမျိုးသမီး အခွင့် အရေး ဆိုင်ရာနဲ့ ကုရ်အာန်ဖွင့်ဆိုမှုဆိုင်ရာ ပညာရှင် အမျိုးသမီးတစ်ဦးဖြစ်တဲ့ အက်စ်မာ ဘာလက်စ်ကတော့ ယောက်ျား သားတွေကြီး စိုးရေး တွေးခေါ်မှုဟာ `ကျား၊ မ၊ ဒွန်တွဲမှု/မတူညီမှုတွေနဲ့ အတူ လိင်ပိုင်းဆိုင်ရာ/ဇီဝဗေဒဆိုင်ရာ ရှုပ်ထွေးနေတဲ့ အယူအဆ အအပေါ် အခြေခံ ထားတယ်´ လို့ ဆိုပါတယ်။

ကုရ်အာန် ကျမ်းတော်မြတ်ကို လေ့လာကြည့်တဲ့အခါ သာတူညီမျှ စနစ်ကို တွေ့ရတယ်လို့လည်း သူမကပြောပါတယ်။ `ကုရ်အာန် အရ ပြောရမယ်ဆိုရင်တော့ လူသားတွေဟာ ဇီဝဆိုင်ရာအရ ကွဲပြားကြသော်ငြားလည်း ယထာဘူတနဲ့၊ ကျင့်ဝတ်၊ ကိုယ်ကျင့် တရားပိုင်း ဆိုင်ရာမှာ တူညီကြတယ်၊ ညီမျှကြတယ်´ လို့ သူမက ပြောခဲ့ပါတယ်။

ုကုရ်အာန်ရဲ့ ပါဒတော်တစ်ခုဖြစ်တဲ့ `အမျိုးသမီးနဲ့ အမျိုသားဟာ (နာဖ့်စ်) ၀ိဥာဏ် တစ်ခုတည်းကနေ စတင်တယ်။ တူညီတဲ့ သဘာဝတွေ ကို အပ်နှင်းခြင်းခံရတယ်။ ပြီးတော့ တစ်ခုတည်းသော စုံတွဲရဲ့ အစိတ်အပိုင်း ၂ ခုအဖြစ် ပြုလုပ်ခြင်းခံရတယ်´ ဆိုတာကိုလည်း ဘာလက်စ်က ထောက်ပြခဲ့ပါတယ်။

အခြား အမျိုးသမီး အစ္စလာမ့်ပညာရှင် တစ်ဦးဖြစ်သူ ဟိုင်ဒါယတ် တက်ဆဲလ်ကလည်း ဒီလိုပဲ ပြောဆိုပါတယ်။ နောက်ပြီး အမျိုးသမီး အခွင့်အရေး အတွက်ဆောင်ရွက်နေတဲ့ တက်ဆဲလ်က အာဒိုဂန်ရဲ့ပြောကြားမှုကို ဒီလို မှတ်ချက်ပေးခဲ့ပါတယ်။

`သမ္မတကြီးဟာ ဘာသာရေးဆိုင်ရာ အမှတ်သညာကို လေးစားအားကျပြီး ပြောတာဖြစ်မှာပါ။ ဒါပေမယ့် ကုရ်အာန်ကျမ်းတော်မြတ် ထဲမှာ အမျိုးသမီးနဲ့ အမျိုးသားတွေရဲ့ သဘာဝကို ရှင်းရှင်းလင်းလင်း အဓိပ္ပါယ် သတ်မှတ်ထားတာမျိုး မပါပါဘူး။ ဒါပေမယ့် လူ့သဘာဝကို အဓိပ္ပါယ် ဖွင့်ဆိုထားတာကတော့ ထင်ထင်ရှားရှားကို ရှိနေပါတယ်´ လို့ ပြောခဲ့ပါတယ်

ဘယ်ဘာသာတရားမှာမဆို ကျား၊ မ ဆိုင်ရာကိစ္စနဲ့ ပတ်သက်ပြီး သေသေချာချာဖြေရှင်းရာမှာ ဘာသာရေး ယုံကြည်ပေါ်မှာ ရိုက်ခတ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြောင်းတွေကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ လူမှုရေးရာ လက်တွေ့ လုပ်ဆောင်မှုတွေကို ပုံဖေါ်ပေးတဲ့ တုံ့ပြန်မှု နည်းလမ်းတွေကိုလည်း နားလည်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် မွတ်စလင် အမျိုးသမီးတွေရဲ့ တွေ့ကြုံ ခံစားရ မှုဟာ နေရာဒေသ၊ မိသားစုရဲ့ သွန်သင်ဆုံးမမှု၊ အဆင့်အတန်းနဲ့ ပညာရေးတွေလို တစ်ကိုယ်ရေ တွေ့ကြုံခံစားရမှုကိုလိုက်ပြီး အတိုင်းထက်အလွန် ပြောင်းလဲတတ်ပါတယ်။

ယဉ်ကျေးမှုဓလေ့ထုံးတမ်းနဲ့ ဘာသာတရားရဲ့ကြားက ကွဲပြားခြားနားမှုကို မွတ်စလင်အများစုရှိရာ နိုင်ငံများက ခေါင်းဆောင်တွေနဲ့ လူ့အဖွဲ့အစည်းတွေက အမြဲတမ်းလိုလို လစ်လျူရှုတတ်ကြပါတယ်။

သူတို့တွေက ဖန်ဆင်းရှင်ဟာ အမျိုးသမီးတွေကို မတူညီတဲ့ တာဝန်ဝတ္တရားတွေနဲ့ အခွင့်အရေးတွေကို ပေးထားတယ်ဆိုတဲ့ အယူ အဆပေါ်မှာ ယောင်္ကျား၊ မိန်းမ မတူညီဘူးဆိုတဲ့ အချက်ကို အခြေပြုကြပါတယ်။ ဘာလက်စ်တို့လို တွေးခေါ်မျှော်မြင်ကြ သူတွေ ကတော့ ဒီမဟာဖိုဝါဒရဲ့ အကျိုးဆက်တွေကို ပယ်ချပါတယ်။

`အတိတ်အချိန်တွေက အမျိုးသားလွှမ်းမိုးတဲ့ ယဉ်ကျေးမှုကို အကြောင်းပြတာဟာ ပြီခဲ့တဲ့ရာစုက လူမှုသိပ္ပံပညာရှင်တွေ ထွင်ခဲ့တဲ့ အယူသည်းမှုပါပဲ။ ဒီလိုအတွေးအမြင်တွေကြောင့်ပဲ အစ္စလာမ်ကို မိန်းမမုန်းတဲ့အယူဝါဒအဖြစ် ဖော်ပြမှုတွေ ဆက်လက်ရှိနေတာပါပဲ´

ဘာလက်စ်က ကုရ်အာန်ကျမ်းတော်မြတ်ဟာ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ မတူညီမှုကို အသိအမှတ်ပြုပြီး မဟာဖိုဝါဒအတွင်းမှာ အမျိုးသမီးအခွင့်အရေးကို ကာကွယ်ပေးထားတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အစ္စလာမ့်ကပြောသော မိခင်ဘဝ

မိခင်တွေနဲ့ ပတ်သက်ပြီး အာဒိုဂန်က `ကျွန်တော်တို့ဘာသာတရားဟာ အမျိုးသမီးတွေအတွက် အဆင့်တစ်ခုသတ်မှတ်ပေးထားပြီ ဒါဟာ   မိခင်ဘ၀ဆိုတာပါပဲ´ လို့ ဆိုခဲ့ပြီး ဒီမှတ်ချက်ဟာလည်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေကြားမှာ ပေါက်ကွဲစေခဲ့ပါတယ်။

အစ္စလာမ့်ရှုထောင့် အရ ကြည့်မယ်ဆိုရင်တော့ အာဒိုဂန်ပြောတာ မှန်ပါတယ်။ မိခင်ဘ၀ကို အစ္စလာမ်မှာ မြှင့်တင်ပေးထားပါတယ်။ ကုရ်အာန် ကျမ်းတော်မြတ်မှာဆိုရင် မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတာတွေ၊ ကလေးတစ်ယောက်ကြီးပြင်းလာဖို့ အတွက် ဒုက္ခသုက္ခခံပြီး ပြုစုပျိုးထောင်ရတာတွေကို အထူးတလည်ဖော်ပြထားပြီး၊ သူမတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို သားသမီးတွေက ကျေးဇူး ဆပ်ဖို့ တာဝန်ရှိတယ်ဆိုတာကိုလည်း ဖော်ပြထားပါတယ်။

`ထိုမှတစ်ပါး ငါအလ္လာဟ်အရှင်မြတ်သည် မနုဿလူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ (ဤသို့) လေးနက်စွာ အမိန့်ပေးတော် မူခဲ့၏။ ၎င်း၏ မိခင်မှာ အင်အားချိနဲ့မှုအပေါ်၌ အင်အားချိနဲ့မှုကိုခံစားလျက် ၎င်းအား (မိမိဝမ်းတွင်း၌) လွယ်ပိုက်ခဲ့လေ၏ ထိုမှတစ်ပါး ၂ နှစ်မြောက်သော အခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏။ (သို့ဖြစ်ပေရာ) အသင်သည် ငါအရှင်မြတ်အားလည်းကောင်း၊ အသင်၏ မိဘနှစ်ပါးတို့အားလည်းကောင်း ကျေးဇူးတင်လော့´ (ကုန်အာန် ၃၁၊ ၁၄)

`မိခင်ဖြစ်သူမှာ ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့် (မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခံ၏။ ထို့ပြင် ဆင်းရဲဒုက္ခပင်ပန်းကြီးစွာဖြင့် ၎င်းအား မွေးဖွားခဲ့၏´ (ကုန်အာန် ၄၆၊ ၁၅)

ဒါတင်မကသေးဘဲ မိခင်တွေကို `မိဘအခွင့်အရေး´ ဆိုတာမျိုးနဲ့ ကုရ်အာန် အခွင့်ထူးတွေ ချီးမြှင့်ထားပြီး၊ တမန်တော်မြတ်ရဲ့ သြ၀ဒ   တော်တွေမှာလည်း မိခင်အားပြုစုစောင့်ရှောက်ခြင်း အတွက် အံဖွယ် အကျိုးကျေးဇူးတွေရမယ်လို့လည်း ဖော်ပြထားပါသေးတယ်။

ဒါပေမယ့် ဒီမိခင်ဖြစ်မှုက အမျိုးသမီးတွေရဲ့ တစ်ခုတည်းသော လုပ်ငန်းနဲ့ တစ်ခုတည်းသော ထိုက်တန်ရာအဖြစ် အစ္စလာမ်က သတ်မှတ်ထားတယ်လို့ စဉ်းစားမယ်ဆိုရင်တော့ လုံးဝ မှားသွားပါလိမ့်မယ်။

ကလေးမရတဲ့အမျိုးသမီးတွေ၊ ဒါမှမဟုတ် ကလေးမယူချင်တဲ့ အမျိုးသမီးတွေ အတွက် ဘယ်လိုရှိမလဲ? ဖန်းဆင်းရှင်ရဲ့ အရှုနဲ့ သူတို့ဟာ မထိုက်တန်တော့ဘူးလား?

မွတ်စလင်တွေအနေနဲ့ ကိုယ်တော်မြတ်ရဲ့ ဇနီးကြင်ရာတစ်ပါးဖြစ်တဲ့ အာအေရှာသခင်မရဲ့ အကြောင်းကို ပြန်လည်တွေးတောရပါလိမ့် မယ်။ သခင်မကြီးဟာ ကလေးမွေးဖွားခြင်းမရှိပေမယ့် သူမရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်သိက္ခာနဲ့ လုပ်ရပ်တွေကြောင့် တမန်တော်မြတ်ကြီးနဲ့ လူ့အဖွဲ့အစည်းအတွက် အတိုင်းအထက်အလွန် အရေးပါတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ခဲ့ပါတယ်။

အစ္စလာမ်ကပြောတဲ့ မိခင်ဘ၀နဲ့ ပတ်သက်ပြီး မွတ်စလင်လောကမှာ အများဆုံးပြောကြတာကတော့ `ဂျန္နသ်သုခဘုံဟာ မိခင်ရဲ့ခြေ ဖ၀ါးအောက် မှာရှိတယ်´ ဆိုတဲ့ ကိုယ်တော်မြတ်ရဲ့ သြ၀ါဒတော်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီသြ၀ါဒတော်ကို အစ္စလာမ့် တွေးခေါ် ပညာရှင်တွေဟာ မိခင်ဘ၀ အမျိုးမျိုးသော တွေ့ကြုံခံစားရမှုတွေနဲ့၊ အမျိုးသမီးတွေရဲ့ ဘ၀မှာ ဒီမိခင်တွေရဲ့ ပြောင်း လဲမှု အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ကောင်းအောင် အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြတာမျိုးတော့ မရှိပါဘူး။

ကျား၊ မ ဆိုင်ရာ ပြဿနာတွေနဲ့ စပ်လျဉ်းပြီး မွတ်စလင်ကမ္ဘာရဲ့အဓိက ပြဿနာကတော့ အမျိုးသားကြီးစိုးတဲ့ ပတ်ဝန်းကျင်တွေကို ဖြစ်ပေါ်စေတဲ့ အလယ်ခေတ် ရေးသားချက်တွေ၊ ဇီဝဆိုင်ရာ အရေးပါမှုအပေါ်မှာ အခြေခံထားတာတွေဟာ အစ္စလာမ်နဲ့ ပတ်သက်နေတာပါပဲ။

မိမိတို့ရဲ့ အိမ်တွေမှာ၊ လုပ်ငန်းခွင်တွေမှာ တွေ့ကြုံရတဲ့ အမျိုးသမီးတွေရဲ့ ခက်ခဲမှုတွေကို ဖော်ပြခြင်းမရှိဘဲ မိခင်ဘ၀ကို သိဒ္ဓိတင်နေခြင်း ဟာ မွတ်စလင်အမျိုးသမီး အားလုံးရဲ့ တွေ့ကြုံခံစားရမှုကို လေးလေးနက်နက် မတွေးတောတာပဲလို့ ဆိုရပါလိမ့်မယ်။ မိခင်ဘ၀ဆို  တာ မွေးဖွားခြင်းဆီကို ဦးတည်သွားတဲ့ ဇီဝဖြစ်စဉ်တစ်ခုတည်း မဟုတ်ပါဘူး။ အရမ်းရှုပ်ထွေးတဲ့ အခန်းကဏ္ဍတွေလည်း ပါဝင်ပါတယ်။ ဥပမာအားဖြင့် တူရကီမှာဆိုရင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ ကလေး သတို့သမီး၊ နည်းလမ်းတကျမဟုတ်တဲ့ အလုပ်လုပ်ကိုင်မှု၊   မုဆိုးမဘ၀၊ ပြည်သူ့လုံခြုံရေးဝန်ဆောင်မှု စတဲ့ အခန်းကဏ္ဍတွေပါပဲ။

ဒါ့ကြောင့် အမျိုးသမီးတွေရဲ့ တွေ့ကြုံခံစားမှုတွေနဲ့ ပတ်သက်ပြီး အသိပေးတာမျိုးတွေကို ဆက်လက်ချဲ့ထွင် လုပ်ဆောင်သွား ရပါမယ်။   နောက်ပြီး အတွေ့အကြုံ အသစ်တွေကို ဖော်ပြရမှာဖြစ်သလို စိန်ခေါ်မှုအသစ်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းသွားရပါလိမ့်မယ်။ ဒါ့ကြောင့် ဘာသာရေး ပညာရှင်တွေဟာ မိခင်တွေရဲ့ ကိုယ်ကျိုးမဲ့မေတ္တာနဲ့ စံပြုထိုက်တဲ့ ပေးဆပ်အနစ်အနာခံမှုတွေကို အမွှမ်းတင် မှုတွေ  မှာပဲ ရပ်နေလို့မရတော့ပါဘူး။

ကွန်ဆာဗေးတစ်မွတ်စလင်အမျိုးသားတွေမှာရှိနေတဲ့ အယူအဆဖြစ်တဲ့ အာဒိုဂန်ရဲ့ မိန့်ခွန်းထဲက အဓိကပြဿနာတစ်ခုကတော့ အမျိုးသားအမျိုးသမီး တန်းတူညီမှုဝါဒဟာ ကျား၊ မ မတူသူတွေအကြားမှာ ရှိနေတဲ့ ဇီဝဆိုင်ရာ ခြားနားမှုကို လစ်လျူရှုထားတယ်ဆိုတာနဲ့ ဘာသာရေးဆိုင်ရာ ဓလေ့ထုံးတမ်းကို မလေးမစားလုပ်တယ်လို့ မှတ်ယူတာပဲဖြစ်ပါတယ်။

ဒါပေမယ့် မိမိကိုယ်ကိုယ် အစ္စလာမ့်မစ် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများလို့ ကြေညာတဲ့ (ဟီဒါယတ် တက်ဆဲလ်လို) လူတွေရှိနေပြီး သူတို့ကတော့ အမျိုးသမီးအခွင့်အရေး တန်ုးတူညီမျှမှုဝါဒဟာ ကျား၊ မ တန်းတူညီမျှမှုကို ပညာပေးတဲ့ လှုပ်ရှားမှုတစ်ခုသာ ဖြစ်တယ်ပြီး အမျိုးသမီးတွေရဲ့ ဘ၀နဲ့ အခွင့်အရေးတွေကို လေးစားခြင်းခြင်း၊ အစ္စလာမ်သာသနာကို တိုးမြှင့်လေ့လာမှုလည်း မျှဝေဆောင်ရွက်မယ်လို့ဆိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြရင် မိခင်တွေ၊ အဲဒီလိုပဲ မိခင်မဖြစ်နိုင်တဲ့၊ မဖြစ်ချင်ကြတဲ့ အမျိုးသမီးတွေရဲ့ အန္တရာယ်ကင်းမှုနဲ့   ကောင်းမွန် စွာအသက်ရှင်နေထိုင်နိုင်မှုဟာ ဘာသာတရား၊ ယဉ်ကျေးမှုအမြင်တွေနဲ့ မဆိုင်ဘဲ ကမ္ဘာတစ်ဝှမ်း နိုင်ငံအားလုံးက အစိုးရတွေရဲ့ စိုးရိမ်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ကျား၊ မ တန်းတူညီမျှမှု တိုက်ပွဲဟာ မိမိကိုယ်ကိုယ်တိုင် စဉ်းစဉ်းစားစားနဲ့ ဝေဖန်မှုတွေလုပ်ပြီး၊ ယဉ်ကျေးမှုတွေကြားထဲမှာ ဘယ်သူက ဘယ်သူ့ထက်သာတယ်ဆိုတာမျိုးတွေ မရှိမှသာ အောင်မြင်နိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲတစ်ပွဲပဲ ဖြစ်ပါတော့တယ်။

Al Jazeera Opinion ကဏ္ဍတွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Riada Asimovic Akyol ၏ “On Erdogan and Muslim mothers ” ဆောင်ပါးကို လေးမောင်(M-Media) မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

သံဃာအတုနှင့်သာသနာ့အရေခြုံ အလှူ ခံသူများကို ဖမ်းဆီးမည့် စီမံချက် စတင်

သာသနာ့အရေခြုံ ယောဂီဝတ်အမျိုးသမီးတစ်ဦးကို ဆရာတော်များ ရှင်းလင်းမိန့်ကြားစဉ် (ဓာတ်ပုံ – ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်မြို့တွင် သံဃာ အတုအယောင်များနှင့် သာသနာ့ အရေခြုံပြီး အလှူခံတောင်းရမ်း နေသူများ ဖမ်းဆီးစစ်ဆေးမှုများကို ဒီဇင်ဘာ ၃ ရက်မှ စတင်ကာ စီမံချက်ဖြင့် လုပ်ဆောင်နေ ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သံဃမဟာနာယ က၏ စီမံချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ပြီး စတင်ဖမ်းဆီးသည့်နေ့ တွင် ကမာရွတ်မြို့နယ်၌ သီလရှင် အတု အယောင်နှစ်ပါးနှင့် သာသ နာ့အရေခြုံ၍ တောင်းရမ်းနေသူ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးမိခဲ့ သည်။

ဒီဇင်ဘာ ၃ ရက် နံနက်က ကမာရွတ်မြို့နယ်တွင် သံဃာ အတုအယောင်များနှင့် သာသနာ့ အရေခြုံပြီး အလှူခံတောင်းရမ်း နေသူများကို ကမာရွတ်မြို့နယ် ရှိ ကျောင်းတိုက်သံဃာတော်များ က အဖွဲ့လေးဖွဲ့ခွဲကာ နေရာလေး နေရာတွင် ဖမ်းဆီးစစ်ဆေးမှုများ စတင်ပြုလုပ် ခဲ့ သည်။

‘‘မနက်က ကျောင်းတိုက်မရှိ တဲ့ သီလရှင်တစ်ပါးတွေ့တယ်။ ညနေမှာလည်း သီလရှင်လေး တစ်ပါးတွေ့တယ်။ မေးကြည့် တော့   ကျောင်း တိုက်တွေ မပြော နိုင်ကြဘူး။ အဲဒါနဲ့ပြောဆိုပြီး ၀န် ခံချက်တွေတောင်းပြီး ပြန်လွှတ် လိုက်တယ်။ အခုက ပထမဆုံးအ ကြိမ် ဆိုတော့ ဖမ်းဆီးတာတွေမ လုပ်သေးပါဘူး။ ဒုတိယအကြိမ် ထပ်တွေ့ရင် ဖမ်းတော့မယ်။ နောက်ပြီး လမ်းမှာ မသင်္ကာတဲ့ သံဃာ   တွေတွေ့ရင်လည်း စစ် ဆေးသွားမယ်။ အချိန်မရှိ လက် ဖက်ရည်ဆိုင်တွေ ထိုင်နေတာ တွေလည်း စစ်ဆေးသွားမယ်’’ဟု သံဃာ အတုအယောင်များနှင့် သာသနာ့အရေခြုံများအား ဖမ်းဆီးစစ်ဆေးရေးအဖွဲ့ ကမာရွတ်မြို့နယ်ဥက္ကဋ္ဌ ထန်းတပင်ကျောင်း တိုက်၊ ဆရာတော် ဦးသောဘနက မိန့်သည်။

ထို့အပြင် လှည်းတန်းဈေး အနီး၌ အတွင်းတွင်ရှပ်အင်္ကျီဝတ် ထားသည့် သာသနာ့အရေခြုံ သင်္ကန်းဝတ်တစ်ဦးကို တွေ့ရှိ ခဲ့သော်လည်း ထွက်ပြေးလွတ် မြောက်သွားကြောင်း စစ်ဆေး ဖမ်းသည့် ဆရာတော်များက ပြောသည်။

သံဃာအတုအယောင်များ ဖမ်းဆီးစစ်ဆေးမှုကို နေ့စဉ် နေ့တိုင်း ရန်ကုန်တစ်မြို့လုံး၌ ပြုလုပ်သွားမည်ဟု ဆရာတော်က ဆက်လက် မိန့် သည်။

မန္တလေးမြို့ရှိ သံဃာအတု အယောင်များ ဖမ်းဆီးခြင်းကို ၂၀၁၂ အတွင်း စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပဲခူးမြို့တွင်လည်း သံဃာအတုအယောင်များက အရက် သောက်ပြီး ပိုက်ဆံတောင်းမှုများပြုလုပ်၍ မြို့နယ်သံဃဂိုဏ်းပေါင်းစုံအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က စက်တင်ဘာ ၁၄ ရက် ပဲခူးမြို့နေရာအများအ ပြားတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ သံဃာအတု အယောင် များ စစ်ဆေးဖမ်းဆီးခြင်းများကို ပဲခူးမြို့တွင် ယခုနှစ် ဇန်န၀ါရီအတွင်း စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သံဃာအတုအယောင် ၁၀ ပါး ဖမ်းဆီး မိကာ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

http://www.7daydaily.com/story/26241#.VIEigclBzcc

ဘာသာခြားကဝိကျော်ပညာရှင်တို့၏တမန်တော်မြတ် “မုဟမ္မဒ်” (PBUH) အပေါ် သဘော ထားများ

Non Muslim ကဝိကျော်တွေရဲ့ တမန်တော်မြတ် PBUH အပေါ် သဘောထားတွေပါ။

သမိုင်း၏ စောစွာသောကဏ္ဍ အခြေအနေများတွင် များစွာသော အသေးစိတ် အချက်အလက်များအရ သူ(“မုဟမ္မဒ်”)သည် ရိုးသား   ဖြောင့် မတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထို့ပြင် ရိုးသားဖြောင့်မတ်သော အခြားပုဂ္ဂိုလ်မွန်များ၏ ကျေးဇူးသစ္စာ စောင့်သိခြင်းကို ခံခဲ့ရ သူလည်း ဖြစ်ပေသည်။-

– “မုဟမ္မဒ်”သည် တမန်တော်များနှင့် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များအနက် “အအောင်မြင်ဆုံးပုဂ္ဂိုလ်”ဖြစ်သည်။

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

ဂျော့(ဂ်ျ)ဘားနဒ်ရှော (GEORGE BEANARD SHAW)ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒတစ်ခုသည် အင်္ဂလန်မဆိုထားဘိ ဥရောပနိုင်ငံများသို့တိုင် နောက်ထပ် နှစ်တစ်ရာအတွင်း လွှမ်းမိုးလာရန် အခွင့်အလမ်းရရှိခဲ့ပါလျှင် ၎င်းင်းသည် “အစ္စလာမ်” သာသနာပင် ဖြစ်နိုင်ပေမည်။

-ကျွန်ုပ်သည် အစဉ်အမြဲ မုဟမ္မဒ်၏သာသနာကို အထင်ကြီး လေးစားခဲ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသာသနာ၏ အံ့သြ   လောက်   အောင် ရှင်သန်ဖွံ့ဖြိုး တိုးတက်နေမှုကြောင့်ပင် ဖြစ်ပါသည်။

ကျွန်ုပ် မြင်ရသည်မှာ“အစ္စလာမ်”တစ်ခုတည်းကသာလျှင် သူ၏အထင်ကြီးလေးစား ထိုက်သော စွမ်းရည်ကြောင့် လက်ရှိ အခြေအနေ ၏ တိုးတက်ဖြစ်ပေါ်မှုအဆင့်ဆင့်ကို ထိန်းချုပ်နိုင်သည့် စွမ်းဆောင်ရည်ရှိပြီး ခေတ်တိုင်းနှင့်လည်း အံဝင်ခွင်ကျ ဖြစ်အောင် ထိန်းညှိ   ဆောင် ရွက်နိုင်လိမ့်မည်ဖြစ်သည်။-

ကျွန်ုပ်သူ့ကို (တမန်တော် မုဟမ္မဒ်ကို) လေ့လာပြီးဖြစ်ပါသည်။ သူသည် “ထူးဆန်း အံ့သြဖွယ်ကောင်းသူ” ပင် ဖြစ်ပေသည်။ အချိန်ကြာ မြင့် စွာ ကတည်းက ခရစ်တော်ကို လက်ခံခဲ့သူမဟုတ်သော ကျွန်တော်၏ ထင်မြင်ချက်ကို ပြောရပါလျှင် သူ့အား လူသားထု တစ် ရပ်လုံး ၏  “ကယ်တင်ရှင်”ဟုပင် ခေါ်ဆိုရပေမည်။-
အကယ်၍ သူ့ကဲ့သို့သော သူသာ ဤခေတ်သစ် ကမ္ဘာပေါ်တွင် ခေါင်းဆောင်ဖြစ်လာမည်ဆိုပါက ပြဿနာ ကြီးငယ်တို့ကို   ဖြေရှင်းဆောင် ရွက်နိုင်ပြီး လိုအပ်နေသော ငြိမ်းချမ်းရေးနှင့် ပျော်ရွှင်ချမ်းမြေ့မှု အ၀၀ကို အောင်မြင်စွာ ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်လိမ့်မည်ဟု ကျွန်ုပ် ယုံကြည်ပါသည်။

ကျွန်ုပ်သည် မုဟမ္မဒ်၏ ယုံကြည်ကိုးကွယ်ရာ “အစ္စလာမ်” ကို ကြိုတင် ဟောကိန်းထုတ်ခဲ့သည်မှာ မနက်ဖြန် (အနာဂတ်) အတွက် ဥရောပ တိုက် အဖို့ လက်ခံနိုင်ဖွယ်ရာ ဘာသာတစ်ရပ် ဖြစ်သလို ယနေ့(ပစ္စက္ခအခြေအနေ)တွင် အစပြု ကျင့်သုံးလျှင် လည်း လက် ခံနိုင် ဖွယ်ရာဘာသာ ဖြစ်ပါသည်။ –

Sir George Bernard Shaw

In ” the Genuine Islam – Vol-1 No.8-1936

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

ရဲဗ့်၊ ရဲန်ဒ်၊ ရီဂျင်နာလ်ဒ်၊ ဗောစ့်ဝါသ် စမစ် (REV. REGINALD BOSWORTH SMITH)သူ(“မုဟမ္မဒ်”)သည် တစ်ကိုယ်တည်းနှင့် “ဆီဇာ” လည်း ဖြစ်သကဲ့သို့၊ “သာသနာပိုင် ပုပ်ရဟန်းမင်းကြီး”ကဲ့သို့ လည်းဖြစ်ပါသည်။

– သာသနာပိုင်ဖြစ်လင့်ကစား ပုပ်ရဟန်းမင်းကြီးကဲ့သို့ သာသနာပိုင်အဆောင်အယောင်နှင့် ကိန်းခန်း ကြီးကျယ်ခြင်းမှကင်းသည်။

– “ဆီဇာ”ဖြစ်လင့်ကစား “စစ်ဘုရင်ဆီဇာ”ကဲ့သို့ တပ်တောင်တာ ဗိုလ်ထုမရှိ၊ အခိုင်အမာ အမြဲတမ်း စစ်တပ်ကြီးလည်း မရှိ၊ သက်တော်   စောင့် ကိုယ်ရံတော် တစ်ဦး တစ်ယောက်မျှပင်မရှိ၊ စံမြန်းရန် အဆောင် နန်းတော်တစ်ခုမျှမရှိ၊ အခွန်အတုပ် တစ်စုံတစ်ရာ စည်း ကြပ်ခြင်း လည်းမရှိ။

– လူတိုင်း အမှန်အတိုင်းပြောနိုင်သည့် အချက်မှာ မှန်ကန်သောကောင်းကင်ကျ လမ်းညွှန်ဥပဒေအတိုင်း တိကျစွာအုပ်ချုပ်သွားသူမှာ “မုဟမ္မဒ်”ပင်ဖြစ်သည်။

– မည်သည့်ကိရိယာတန်ဆာပလာ လက်နက်ယန္တရား ပစ္စည်းမျှမပါ။ မည်သည့် ထောက်ပံ့မှုမျှမပါရှိဘဲ အလုံးစုံ သော အချုပ် အခြာ အာဏာ ကို ပိုင်ဆိုင်ထားနိုင်ခဲ့သူမှာ သူ … “မုဟမ္မဒ်”ပင် ဖြစ်ပါသည်။

– (ရဲဗ့်၊ ရဲန်ဒ်၊ ရီဂျင်နာလ်ဒ်၊ ဗောစ့်ဝါသ်စမစ်)

REV. REGINALD BOSWORTH SMITH.

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

မိုက်ကယ် အိပ်ခ်ျ ဟာတ်(MICHAEL . H . HART)မိုက်ကယ်အိပ်ခ်ျဟာတ်က (ကျော်စွာတစ်ရာ စာအုပ်တွင်) မုဟမ္မဒ်အား အဆင့် (၁)ပေး ရခြင်း မှာ သူသည် လူ့ဘ၀၏ ကောင်းစားရေး အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့မှုနှင့် လူသားထုတစ်ရပ်လုံးဖွံ့ ဖြိုးတိုးတက်စေ ရန်ဆောင်ရွက်ခဲ့သည့် အတွက် ဖြစ်သည် ဟုဆိုသည်။

– ကျွန်ုပ်က“မုဟမ္မဒ်”ကို ကမ္ဘာပေါ်တွင် သြဇာတိက္ကမ အကြီးမားဆုံးထိပ်သီးပုဂ္ဂိုလ်ကျော် မှတ်တမ်းတွင် အဆင့်(၁) ပေးခြင်းနှင့် ပတ် သက်ပြီး   စာရှုသူအချို့တို့အဖို့အံ့သြကောင်း အံ့သြမိပေမည် ဘ၀င်မကျဘဲစောဒက တက်ကောင်းတက်ကြပေမည်။

-လူ့သမိုင်းကြောင်းတစ်ခုလုံးကို ကျနစွာဆန်းစစ် သုံးသပ် ကြည့်ပါလျှင်သူ(မုဟမ္မဒ်)တစ်ဦးတည်းသာလျှင် “ဘာသာရေး”နှင့် “လောကီ   ရေး ရာ” နှစ်ပိုင်းစလုံး၌ “အအောင်မြင်ဆုံးပုဂ္ဂိုလ်”တစ်ဦးဖြစ်ခဲ့ခြင်းကြောင့်လည်း ဤကဲ့သို့အဆင့်(၁)ပေးရခြင်းဖြစ်ပါသည်။

– M.H.Hart In his book, THE 100

A RANKING OF THE MOST INFLUENTIAL PERSONS IN HISTORY,New York 1978.P.33

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

နပိုလီယံဗိုနာပတ် (NGPOLEAN BONAPARTE)ကျွန်ုပ်မျှော်လင့်သည်မှာ နိုင်ငံအသီးသီးရှိ အတွေ့အကြုံ အမြော်အမြင် အသိဉာဏ် ပညာကြွယ်ဝသည့် ပုဂ္ဂိုလ်များ၊ပညာရှင်များကို စုစည်း၍ တစ်ပြေးညီ၊ မပြောင်းလဲသော အုပ်ချုပ်မှု၊ လူနေမှုစနစ်တစ်ခုကို ကျမ်းမြတ် ကုရ်အာန် ၏ လမ်းညွှန်ချက်များ အတိုင်း အခြေခံရေးဆွဲ ပြုစုတည် ဆောက်ရန်အချိန်မှာ သိပ် မဝေးကွာတော့ပြီဖြစ်သည်။

ကျမ်းမြတ်ကုရ်အာန်၏လမ်းညွှန်ချက်များသာလျှင် တစ်ခုတည်းသောမှန်ကန်မှု၊လူသားထုတစ်ရပ်လုံး လူမှုဘ၀ ချမ်းမြေ့ သာယာပျော်ရွှင် မှုအတွက် ဦးဆောင်နိုင်မှုကို ပေးစွမ်းနိုင်မည် ဖြစ်ပေသည်။

-နပိုလီယံဗိုနာပတ် (NGPOLEAN BONAPARTE)

QUOTED IN CHRISTIAN CHERFILS’ BONAPARTE ET ISLAM (PARIS.1914)

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

ကျော်ကြားသည့်သမိုင်းပညာရှင် လာမာတင် LAMARTINE -လူ့ဂုဏ်သိက္ခာကြီးမား ထည်ဝါမှုအတွက် လိုအပ်သော အရည်အချင်း များကို   ဆွေးနွေးခြင်းနှင့် အလေးအနက် ဆင်ခြင် သုံးသပ်ခြင်း

-အနည်းဆုံးသောစွမ်းဆောင်နိုင်မှုအရင်းအနှီးကိုသာလက်ဝယ် ပိုင်ဆိုင်ထားပြီး အကြီးမားဆုံးသော လုပ်ငန်းကြီးကို အံ့အား သင့်   လောက်   အောင် ထမြောက်အောင်မြင်စေရန် စွမ်းဆောင်ချက်ကို လူသားထု၏ ထူးချွန်မှုပါရမီကို တိုင်းတာသည့် စံနှုန်း (တစ်နည်း) မှတ်ကျောက်သုံးချက်ဟု သတ်မှတ်ခဲ့ပါ လျှင် ထင်ရှားကြီးကျယ်သူ မည်သူမဆို ခေတ်သစ်သမိုင်း၏ စာမျက်နှာတွင်ရှိသော “မုဟမ္မဒ်” ကို ယှဉ်ပြိုင်နိုင်အံ့နည်း။

– ထင်ပေါ်ကျော်ကြားဆုံးသော ပုဂ္ဂိုလ်များသည် လက်နက်ဆန်းများထုတ်လုပ်ခြင်း၊ ဥပဒေနှင့် အင်ပါယာများကိုသာ ထုတ်လုပ် ရေးဆွဲ ဖန်တီးတည်ဆောက်နိုင်ခဲ့ကြသည်။ ၎င်းပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များသည် ရုပ်ဝတ္ထုစွမ်းအားများသာ ဖြစ်၍ အချို့သောသူတို့၏ သြဇာအရှိန်အ၀ါ ဆောင်ရွက်ချက် များသည် ၎င်းင်းတို့၏ မျက်မှောက်တွင်ပင် ကျဆုံးပြိုပျက် သွားကြကုန်သည်။
– ဤပုဂ္ဂိုလ်(မုဟမ္မဒ်)သည် စစ်တပ်များ၊ တရားဥပဒေ ပြုပြင် ရေးဆွဲ အတည်ပြုပြဋ္ဌာန်းခြင်း၊ အင်ပါယာနိုင်ငံများ (ဧကရာဇ် မင်း တစ်ပါး ၏ပိုင်နက်)၊ လူသူအများနှင့် နန်းဆက် မင်းဆက် နိုင်ငံများ၏ ပြုပြင်ပြောင်းလဲမှုများကိုသာ ပြုလုပ်ခဲ့သည် မဟုတ်၊ ထိုစဉ်က ရှိခဲ့သော (သုံးပုံတစ်ပုံ)ရှိ ကမ္ဘာ့ လူဦးရေ၏ သန်းပေါင်းများစွာသော လူအုပ်စုကြီးကိုပါ ပြုပြင် ပြောင်းလဲပေါ်ထွန်းစေခဲ့သည်။ ထိုမျှပင်မ ကသေး ထိုခေတ် ကာလများတွင်ရှိခဲ့ သော ဘာသာအယူဝါဒများ ယုံကြည် စွဲလန်း ရာ (၀ိညာဉ်ပိုင်း ဆိုင်ရာ)အတွေး အခေါ် အယူ အဆများ ကိုပါ ပြောင်းလဲစေခဲ့သည်။

-သူ၏ အောင်နိုင်မှုအတွက် သည်းခံထိန်းချုပ်ဆောင်ရွက် နိုင်ခြင်း၊ ဖြစ်မြောက်အောင် ပြုလုပ်ဆောင်ရွက်လိုသော ဆန္ဒအလုံးစုံ တို့သည် တစ်ခုတည်းသော အတွေးအခေါ် ဒဿနကိုသာ အာရုံ စူးစိုက်ဆောင်ရွက်အသုံးချခြင်းဖြစ်ပြီး အင်ပါယာ တစ်ခု တည်ထောင်ရန် အလျဉ်း မဟုတ်ပါပေ။-သူ၏စွဲမြဲစွာ ၀တ်ပြုမှု၊ ဗျာဒိတ်ရ၍ အလ္လာဟ် အရှင်မြတ်နှင့် ဆက်သွယ်မှု ၊သူ၏ ကွယ်လွန် ခြင်းနှင့် သူကွယ် လွန်ပြီး   နောက် အောင်မြင်မှုတို့ကပင် သူသည် အယောင်ဆောင် အလိမ် အညာမဟုတ်ကြောင်း ထင်ရှား ပေါ်လွင်စေပြီး ခိုင်မာပီပြင်   သော ယုံကြည်ချက်ကပင် သူ့အား ကိုးကွယ်ယုံကြည်ရာ အယူဝါဒတစ်ခုကို ရှင်သန် လာစေခဲ့သည်။

-ဤကိုးကွယ်ယုံကြည်ရာ အယူဝါဒတွင် အပိုင်းနှစ်ပိုင်း ပါရှိပြီး တစ်ပိုင်းက အရှင်တစ်ဆူဝါဒ(The unity of God)နှင့် ကျန်တစ်ပိုင်းက အလ္လာဟ်အရှင်၏ ရုပ်သဘောကင်းလွတ်မှု (The immateriality of God)ကိုပြသည်။ ပထမအပိုင်းသည် တုနှိုင်းမဲ့ ထာဝရ ကိုးကွယ်ရာ “အလ္လာဟ်”ဘာလဲ ဆိုသည် ကို ရှင်းပြ၍ ဒုတိယပိုင်းသည် ကိုးကွယ်ရာအရှင်သခင် မဖြစ် ထိုက်သည်တို့က ဘာလဲဆိုသည်ကိုပြသည်။ ဘုရားတု ဘုရား ယောင်များကို ဖြိုခွင်းပြီး ယုံကြည်ရာ အစစ်အမှန် တုနှိုင်းမဲ့ ကိုးကွယ်ရာအရှင်သခင်ကို တွေးခေါ် သည့် ဒဿန များဖြင့်   ဝေဆာစွာ အစပြုခဲ့သည်။

-“မုဟမ္မဒ်”သည်–သဘာဝတ္ထပညာရှင် (PHILOSOPHER)၊
-တရားပို့ချသူ၊အပြောအဟောကောင်းသူ(ORATOR) ၊
-အယူဝါဒပြုပြင်ရေး လှုပ်ရှားမှုခေါင်းဆောင် (APOSTLE)၊
– ဥပဒေပြုပြဋ္ဌာန်းသူ (LEGISLATOR) ၊
– စစ်သူကြီး (WARRIOR) ၊
-တွေးခေါ်မြှော်မြင်မှုဒဿနများကို ဟောကြားပို့ချအောင်နိုင်သူ (CONQUEROR OF IDEAS) ၊
ဆင်ခြင်တုံတရားနှင့်ဆိုင်သော ကိုးကွယ် ယုံကြည်ရာ အယူဝါဒ ပြန်လည်ရှင်သန်စေသူ၊(RESTORER OF RATIONAL DOGMAS )   နှင့်  ဘာသာရေးအယူဝါဒကို စွဲစွဲမြဲမြဲ ကိုးကွယ်ကျင့်သုံးမှုကို ရုပ်ထု(IMAGES) များ မပါဘဲ တည်ထောင်နိုင်သူဖြစ်သည်။
-ဤကမ္ဘာမြေပေါ်တွင် အင်ပါယာပိုင်နက် (၂၀)ကို တည်ထောင် ခဲ့သူနှင့် တစ်ခုတည်းသော နာမ်အင်ပါယာကြီး(SPIRITUAL EMPIRE)ကို တည်ထောင်သူမှာ “မုဟမ္မဒ်” ပင် ဖြစ်သည်။-လူ့ဂုဏ်သိက္ခာ၏ ကြီးကျယ်မြင့်မြတ်မှုကို တိုင်းတာသည့် စံနှုန်းများနှင့် ချိန် စက်တိုင်းတာမည်ဆိုလျှင် ကျွန်ုပ်တို့ မိမိကိုယ်မိမိ ကောင်းစွာမေးမြန်းထားရမည်မှာ –

-“သူ”( မုဟမ္မဒ်)ထက်သာ ပိုကြီးကျယ်မြင့်မြတ်သူ ရှိပါသလား? ဟူ၍ပင်ဖြစ်ပါသည်။

-အဲလ်ဖွန်စီ၊ ဒီ ၊ လာမာတင်

-HISTORIES DE LA TURQUIE Paris 1854 VOL-II P.P 276-277

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

ဒီ ၀မ်းချမ်ဒ်း သျှရမား DIWAN CHAND SHARMAဒီ ၀မ်းချမ်ဒ်း သျှရမားကရေးသည်မှာ –

-သူ(မုဟမ္မဒ်)၏ညှာတာထောက်ထား ကြင်နာသောစိတ်နေသဘောထား နှင့် သူ၏အကြင်နာတရားများက ပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်တို့တွင် ဘယ်သော်အခါမျှ မမေ့နိုင်ကြပေ။

-D.C Sharama.

THE PROPHETS OF THE EAST

Calacutta 1935. PP-12

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

အက်ဒ၀ါဒ်၊ဂစ်ဘွန်နှင့်ဆိုင်မွန်အောက္ကလေး EDWARD GIBBON AND SIMON OCKLEY

“ကျွန်ုပ်သည်ကိုးကွယ်ရာအရှင်တစ်ပါးတည်းကိုသာ ယုံကြည်ကိုးကွယ်ပါ၏။ မုဟမ္မဒ်သည် ထိုအရှင်၏ တမန်တော်ဖြစ်သည်”ဟု ဆိုခြင်း သည် အစ္စလာမ်၏ ရိုးစင်း၍ ပြောင်းလဲမရနိုင်သော ယုံကြည်ချက် သဒ္ဓါတရားဖြစ်သည်။

– အစ္စလာမ်၏ မြင့်မြတ်သည့် ဂုဏ်သိက္ခာနှင့် စပ်လျဉ်း၍ တွေးခေါ်ဆင်ခြင်မှုပုံရိပ်များကို မည်သည့်အခါမဆို မြင်နိုင်စွမ်း ရှိသော အရာ များဖြင့် နှိုင်းယှဉ်နှိမ့်ချပြောဆိုလေ့မရှိပါ။

– တမန်တော်မြတ်ကို ဂုဏ်ပြု ချီးမြှောက်ရာတွင်လည်း လူသားတစ်ဦး၏ ကောင်းမြတ်သော ဂုဏ်၊ သမာဓိ သစ္စာတရားကို တိုင်းတာ သည် ထက် သာပိုလွန်ကျူး၍ မည်သည့် အခါမျှ တိုင်းတာ ခြင်း မရှိပါ။

– သူ၏ ရှင်သန်လျက်ရှိသော ပညတ်ချက်၊ ၀ိနည်း၊ ကျင့်ဝတ်များကို သူ၏တပည့်နောက်လိုက် အဆွေတော်များ က ကျေးဇူးတရား ကို   စောင့်သိမှုဖြင့် ကျိုးကြောင်း ဆင်ခြင်တုံတရား ဆင်ခြင်ဉာဏ်ကိုအသုံးပြု၍ အစ္စလာမ့်စည်းဘောင်များအတွင်းမှ ထိန်းချုပ် ထားနိုင် ခဲ့ သည်။

-Eward Gibbon and Simon Ockley, HISTORY OF THE SARACEN EMPIRE , London, 1870.p.54

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

THE FAMOUS POETESS OF INDIA.(SAROJINI NAIDU) အိန္ဒိယနိုင်ငံ၏ထင်ပေါ်ကျော်ကြားသောကဗျာဆရာမကြီး ဆရိုဂျင်နီနိုင်ဒူး ကိုးကွယ်ယုံကြည်ရာ ဘာသာအယူဝါဒတစ်ခုအနေဖြင့် ဟောကြားပို့ချပြီး “ဒီမိုကရေစီ”စနစ်ကို လက်တွေ့ အကောင် အထည်ဖော် ကျင့်သုံးသော ပထမဦးဆုံးသော ဘာသာမှာ “အစ္စလာမ်” ဖြစ်ပါသည်။

– အဘယ်ကြောင့်ဆိုသော် ၀တ်ပြုရန်အချိန် ကျရောက်၍ သံတော်ဆင့်မှ ၀တ်ပြုရန် ဖိတ်ခေါ်ကြွေးကြော်သံကို ကြားရသည့်အခါ ၀တ်ပြုသူများအားလုံး အတူတကွ စုရုံး၍ ၀တ်ပြုမည့်နေရာသို့ရောက်ကြရပါသည်။

– အစ္စလာမ် က ကျင့်သုံးနေသည့် နေ့စဉ် (၅)ကြိမ် ၀တ်ပြုမှုတိုင်းတွင် “တောင်သူလယ်သမား”နှင့် “ဘုရင်”ပင် ဖြစ်ပါစေ၊ ပခုံးခြင်း ယှဉ် လျက် “ထာဝရကိုးကွယ်ရာ တုနှိုင်းမဲ့ အရှင် သာလျှင် အကြီးကျယ်ဆုံး”ဟု အထင်အရှား သိမြင် ကြစေရန် တစ်ညီတည်း၊ တစ်စိတ် တစ် ၀မ်းတည်း၊ တစ်တန်းတည်း၊ ကြွေးကြော်နေခြင်းသည် “အစ္စလာမ်၏ ဒီမိုကရေစီစနစ်”ကို ပီပြင်စွာ သရုပ်ဖော်နေခြင်း ပင်တည်း။– ကျွန်မ ၏ စိတ်အသွင်ဝယ် ထပ်တလဲလဲ သိသာထင်ရှား လာစေသည့်အချက်မှာ အစ္စလာမ်သာသနာ၏ လူမျိုး ဘာသာ မခွဲခြား၊ အသွေး အရောင်   မပိုင်းခြားနိုင်သော တစ်အူတုံဆင်း ညီရင်းအစ်ကိုပမာ တစ်ဦးနှင့်တစ်ဦး သွေးစည်းညီညွတ်စေမှုပင် ဖြစ်သည်။

-ဆရိုဂျင်နီနိုင်ဒူး

– (S.Naidu IDEALS OF ISLAM; Vide Speeches & Writings . Madras 1918 . P. 169)

-≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

ပါမောက္ခ ဟာရွန်ဂျီ (PROF. HURGRONJE)“ပဋိညာဉ်စာချုပ်ကြီး” (The League of Nations)ကို အစ္စလာမ်သာသနာ၏ တမန်တော် ကြီး က တည်ထောင်ခဲ့ရာတွင် တစ်ကမ္ဘာလုံးဆိုင်ရာ ညီညွတ်ပေါင်းစည်းမှုနှင့် လူသားထုတစ်ရပ်လုံးညီရင်းအစ်ကို ပမာချစ် ခင် တွယ် တာ ရန် စည်းကမ်း ဥပဒေသများကို ထည့်သွင်းရေးဆွဲခဲ့သည်။

– ထိုသို့ စကြ၀ဠာ ကမ္ဘာတစ်လောကလုံးနှင့်ဆိုင်သော အခြေခံ အုတ်မြစ်တွင် ဤကဲ့သို့ ထည့်သွင်းခဲ့သည်မှာ အခြားသောနိုင်ငံ များ အား အလင်းဆောင် လမ်းညွှန်ရန် ဖြစ်သည်။ Prophet’s Constrtution (Meesaaq-al-Madinah or sahifat-alMadinah)သည် ထိုစဉ် က ကျယ်ဝန်းလှသော (ယခုဆိုလျှင် အာရှတိုက် ဒေသ အတွင်းရှိ) နယ်မြေဒေသများရှိ လူမျိုးစုံ ကိုးကွယ် ယုံကြည်ရာ၊ ယဉ်ကျေးမှုဓလေ့စရိုက် အစုံစုံ သော လူ့အဖွဲ့ အစည်းကို စုစည်းညီညွတ်သော လူ့အစုအဝေးတစ်ရပ် ပီပြင်စွာ ပေါ်ပေါက်လာစေရန် ဦး တည် တည်ထောင်သောLeague of Nations ဖြစ်သည်။ ခေတ်သစ်ဝေါဟာရအရ လူ့သမိုင်းစဉ်တွင် ပထမဦးဆုံးရေးဆွဲသည့် ဖွဲ့ စည်း အုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဥပဒေဖြစ်သည်။အကြောင်းခံမှာ အစ္စလာမ်က ဆောင်ရွက်ခဲ့သော ဤဖွဲ့စည်း အုပ်ချုပ်ပုံ စနစ် တည်ဆောက် ခဲ့ရခြင်း၏ သဘောထား အယူအဆ ကဲ့သို့ အလားတူ ကမ္ဘာပေါ်ရှိ မည့်သည့်တိုင်းပြည် နိုင်ငံ ကမျှယှဉ်ပြိုင်ဆောင် ရွက်နိုင်မှု မရှိသေးပေ။

– ဤကမ္ဘာလောကကြီးသည် ပုံပြင်ဆန်လှ၍ ဒဏ္ဍာရီပမာ ရှိသည့်အတိုင်း လူပုဂ္ဂိုလ်အသီးသီးတို့၏ ဘ၀နှင့် ဒဿနများ ဆုံးရှုံးပျက်စီး ခဲ့ရမှုဖြစ်ရပ်များအစား ထူးကဲမြင့်မြတ်သော ဂုဏ်အဆင့်အတန်း မျှဝေရရှိရန် မြှင့်တင်တောင်း ဆုချွေပေးသည့် လုပ်ဆောင်မှုတွင်လည်း အလျှဉ်း တုံ့ဆိုင်းမှု မရှိပေ။

– သမိုင်းအခြေခံဖြင့်ပြောရပါလျှင် မည်သည့် ပုံပြင်၊ ဒဏ္ဍာရီပမာ ရှိသည့်ဖြစ်ရပ်များကမှ တမန်တော်မုဟမ္မဒ်ဆောင်ရွက် ပြီးမြောက်   အောင်မြင်ခဲ့သည့် အစိတ်အပိုင်းများ၏ အပိုင်းအစငယ်မျှ အကျိုး ရလာဒ်ရရှိအောင် မဆောင်ရွက်နိုင်ခဲ့ပေ။ သူ၏ ကြိုးစား ရုန်းကန် လှုပ်ရှားမှု အလုံးစုံတို့သည် လူသားထု တစ်ရပ်လုံးအား စုစည်း၍ ထာဝရ တူနိုင်းမဲ့ ကိုးကွယ်ရာအရှင် သခင်တစ်ဆူတည်း ကိုသာ စိတ်စေတနာ ကြည်ဖြူစွာနှင့် အကျင့်သိက္ခာမြင့်မား စွာဖြင့် ထားရှိကိုးကွယ်ရန်သာဖြစ်သည်။– မုဟမ္မဒ် (သို့မဟုတ်) သူ၏ နောက် လိုက် တပည့် အဆွေတော်များက မည်သည့် အချိန်ကမှ မည်သို့မှ သူ( မုဟမ္မဒ် )သည် ဘုရား၏ သားတော်ဖြစ်ကြောင်း (သို့မဟုတ်) ဘုရား ၀င်စားသူဖြစ်ကြောင်း (သို့မဟုတ်) ထူးကဲ မြင့်မြတ် တော်မူသောသူဖြစ်ကြောင်း၊ မကြွေးကြော်ခဲ့ပါပေ။ သို့သော်လည်း သူ (မုဟမ္မဒ်) သည် အစဉ်အမြဲ ယနေ့တိုင် အများ လက်ခံယုံကြည်ထားသည်မှာ ထာဝရ ကိုးကွယ်ရာ တုနှိုင်းမဲ့ အရှင်သခင်၏ ရွေးချယ်ခံ တမန်တော် ပင်ဖြစ်သည်ဟူသော အချက်ဖြစ်သည်။

– ယနေ့နှစ်ပေါင်း (၁၄၀၀)ကျော်မျှ အချိန်များ ကုန်လွန်ခဲ့ငြားလည်း မုဟမ္မဒ်၏ ဘ၀နှင့် ဒဿန သွန်သင် ဆုံးမ သြ၀ါဒ များမှာ အနည်းငယ် စိုးစဉ်းမျှ ဆုံးရှုံးမှုမရှိဘဲ ပြောင်းလဲခြင်း တစ်စုံ တစ်ရာ ဖြည့်စွတ်ချက် မရှိဘဲ မပျက်မစီး တည်တံ့နေသည်။

– အစ္စလာမ်သာသနာဝင်တို့သည်လည်း ၄င်း သက်တော် ထင်ရှား ရှိစဉ် ကာလက ဆောင်ရွက်ခဲ့ကြသကဲ့သို့ပင် အစဉ် ထာဝရ ဖြစ် တည်နေသော မျှော်လင့်ချက်နှင့် လူသားထု တစ်ရပ် လုံး၏ လူမှုကိစ္စဒုက္ခဆင်းရဲ ခြင်းအ၀၀ကို အကောင်းဆုံး ဖြည့်ဆည်း လျက် ရှိကြ သည်။-ဤအရာသည် မုဟမ္မဒ်၏နောက်လိုက်တပည့်အဆွေတော်များက တောင်းဆိုခဲ့ခြင်းမဟုတ်သလို မလွှဲမရှောင်သာသော မလွတ် ကင်း နိုင်သည့် အဆုံးနိဂုံးချုပ် အခြေအနေ ကျရောက်လာသည့်အခါ လူ့သမိုင်းစဉ်၏ ဘက်လိုက်မှုကင်း   သော ဖြစ်စဉ် အရသာဖြစ် ရ လေသည်။

-မုဟမ္မဒ်သည်ကျယ်ဝန်းနက်ရှိုင်းပြီးမတူကွဲပြားခြားနားသည့် လူ့ဘ၀နယ်ပယ်၏ တွေးခေါ် မြော်မြင်ခြင်းနှင့် ပြုမူနေထိုင်သည့် စည်းကမ်း ကို   စွမ်းအား ပြည့်ဖြင့် စံနမူနာပြုကာ ရှေ့ဆောင်လမ်းပြ အဖြစ် လူ့သမိုင်းစဉ်တွင် စွမ်းစွမ်းတမံဆောင်ရွက် အကောင် အထည်   ဖော်ခဲ့ သည်။

– သူ၏ ကိုယ်ရေးကိုယ်တာ အသေးစိတ်နှင့် ဘ၀အခြေ အနေများ လူထုပရိတ်သတ်ရှေ့ဝယ် ပြောကြားသည့် မိန့်ခွန်းများကို သေချာ တိကျစွာ စာပေများဖြင့် ရေးသားမှတ်တမ်း ပြုပြီး ယနေ့အထိ သိမ်းဆည်းထားရှိခဲ့ပါသည်။ သူ၏ မှတ်တမ်း မှတ်ရာများသည် တိကျ မှန်ကန် ခိုင်မာပြီး နဂိုမူလအတိုင်း ရှိပေသည်။ ထိုသို့ သစ္စာရှိစွာဖြင့် ခိုင်လုံစွာ သိမ်းဆည်းထားခြင်းကို သူ၏ နောက်လိုက် တပည့် အဆွေတော် များကသာ ပြုလုပ်ထားရှိကြသည် မဟုတ်ဘဲ သူ့အား အာဃာတဖြင့် အပြစ်ရှာ တတ်သူ ဝေဖန်ရေးသမား များကလ ည်းပြုစုသိမ်းဆည်းထားရှိကြပေသည်။-မုဟမ္မဒ်သည်

သင်ကြားပို့ချသူဆရာတစ်ပါး(A teacher)၊
လူမှုရေးပြုပြင်မှုဝါဒီ (A Social Reformer) ၊
ကျင့်ဝတ်သိက္ခာ ကိုယ်ကျင့်တရားကိုလမ်းညွှန်သူ (A Moral Guide) ၊
အလွန် ကြီးမားသော အုပ်ချုပ်မှု ယန္တယား၏ အလုံးစုံဗျူဟာကို ချမှတ်သူ (An Administrative Colossus) ၊
သစ္စာစောင့်သိသော မိတ်ဆွေကောင်း (A Faithful Friend) ၊
အံ့သြလောက်သည့် မိတ်ဆွေ အပေါင်းအဖော် (A Wonderful Companion) ၊
တာဝန်ကျေပွန်သော ခင်ပွန်း (A Devoted Husband) ၊
ခင်တွယ်စရာကောင်းသော ဖခင်တစ်ဦး(A Loving Father)
စသည့်ဂုဏ်ပုဒ်များ အားလုံးနှင့် ပြည့်စုံစွာ ရှိသူဖြစ်သည်။-သူ့ဘ၀၏ ကွဲပြားခြားနားသော ဤကဲ့သို့စွမ်းဆောင်ချက် များတွင် သာလွန် ကောင်းမွန်အောင်မဆိုထားဘိ၊ သူနှင့် သာတူညီမျှပင် သမိုင်းတွင် မည်သူတစ်ဦးတစ်ယောက်မျှ မစွမ်းဆောင်နိုင်ချေ။

-သို့ဖြစ်ရသည်မှာ မုဟမ္မဒ်၏ ကိုယ်ကျိုး အတ္တကင်းသော ဆောင်ရွက်နိုင်မှု စွမ်းရည် ကြောင့် မယုံကြည် နိုင် ဖွယ်ရာ ဖြစ်သော အထူး   ပြည့်စုံ ကောင်းမွန် သည့် အကျိုး ရလဒ် များကို ရရှိခဲ့ခြင်းဖြစ်သည်။

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

မဟတ္တမ ဂန္ဒီ (MAHATMA GANDHI)ကျွန်ုပ်သိလိုခဲ့သည်မှာ သန်းပေါင်းများစွာသော လူသားတို့၏ နှလုံးသားတွင် တိမ်းညွှတ် စွဲငြိစေပြီး   အငြင်းပွားဖွယ်ရာ အလျဉ်းမရှိ အကောင်းဆုံးပါဟု လက်ခံထားရသူ တစ်ဦးသည် မည်သူပါလဲဟူ၍ပင်ဖြစ်သည်။

– ကျွန်ုပ်ပို၍ သိရှိနားလည် သဘောပေါက်လာသည်မှာ ထိုခေတ် အခြေအနေများအရ လူနေမှုဘ၀အစုစုတို့၏ စီမံကိန်း (စနစ်) အတွက် အစ္စလာမ်သာသနာအနေဖြင့် နေသားတကျ ဖြစ်ခဲ့ရသည်မှာ“ဓား”လက်နက်ကြောင့် မဟုတ်ကြောင်းပင်ဖြစ်သည်။

-မုဟမ္မဒ်၏ –

-တည်ကြည်ခိုင်မာသော ရိုးသားဖြူစင်မှု၊
-အတ္တစွဲကို ခြေဖျက်တတ်မှု ၊
-သဘောတူညီမှုကတိက၀တ်များကို စောင့်ထိန်းလိုက်နာမှု ၊
-မိတ်ဆွေ၊ တပည့်များအပေါ် ပြည့်ဝစွာတာဝန်ကျေပွန်မှု၊
– ရဲစွမ်းသတ္တိရှိမှု ၊
– ကြောက်ရွံ့ခြင်းကင်းရှင်းသောစိတ်ဓာတ်၊
-“ကိုးကွယ်ရာထာဝရတုနှိုင်းမဲ့အရှင်သခင်” ကို အကြွင်းမဲ့ယုံပုံလွှဲအပ်ထားရှိသည့် ယုံကြည်ချက်သဒ္ဓါတရားရှိမှုနှင့်
-သူကိုယ်တိုင်ဦးဆောင်ခဲ့သော အစ္စလာမ်သာသနာပြု လုပ်ငန်းတို့ကြောင့်သာဖြစ်ပေသည်။
-ဤအရာများကသာ သူရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲအကျပ်အတည်းများကို လွယ်ကူစွာ ကျော်လွှားသွားစေနိုင်ခဲ့ပါသည်။ “ဓား”ကြောင့် မဟုတ်ပါ။

-တမန်တော်မြတ်၏ အတ္ထုပ္ပတ္တိ ဒုတိယတွဲကို ဖတ်ပြီး သောအခါ ဤမျှ ကြီးကျယ်သော ပုဂ္ဂိုလ်မွန်၏ အတ္ထုပ္ပတ္တိကို ဖတ်ရန် ကျွန်ုပ်တွင် စာအုပ် နောက်ထပ် မရှိတော့၍ ၀မ်းနည်းမိပါသည်။

-မဟတ္တမ ဂန္ဒီ

≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈≈

သောမတ်(စ)ကာလိုင်း THOMAS CARLYLECARLYLE in his HEROES AND HERO-WORSHIP, was simply amazed as to:

– သောမတ်(စ)ကာလိုင်း၏ သူရဲကောင်းများနှင့် သူရဲကောင်းဆည်းကပ်ခြင်းဝါဒ စာအုပ်တွင်-

-အကူအညီမပါဘဲ မည်သို့သော လူသားတစ်ဦးတည်းက ဖက်ပြိုင်စစ်ခင်းနေသော လူမျိုးစုများနှင့် ခရီးလှည့်လည် သွားလာနေသော (Bedouins ) အရဗ်ကျေးတောသားတို့ကို ပေါင်းစပ် ညီညွတ်စေပြီး အင်အား အတောင့်တင်းဆုံးနှင့် ယဉ်ကျေးသော လူအစုအဝေး တစ်ရပ်၏ တိုင်းနိုင်ငံ တစ်ခုအဖြစ် ရာစုနှစ် နှစ်ခုအတွင်း ဆောင်ရွက်နိုင်မည်နည်း ?

– စိတ်ရင်းစေတနာကောင်းဖြင့် စိတ်အားထက်သန်သူ ဤပုဂ္ဂိုလ်မုဟမ္မဒ်နှင့်စပ်လျဉ်း၍ အနောက်နိုင်ငံများက အလိမ်အညာအတင်း အဖျင်း များစု ပုံပြောဆိုနေခြင်းမှာ ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ဂုဏ်သိက္ခာကျဆင်းစေအောင် လုပ်ဆောင်နေခြင်းသာဖြစ်သည်။

-နှုတ်ဆိတ်ပြီး ကြီးကျယ်မြင့်မြတ်သူတစ်ဦးဖြစ်သော်ငြားလည်း စိတ်အားထက်သန်၍ အလေးအနက် သဘောဆောင်သူဖြစ်ခြင်းကြောင့် ဤ ကမ္ဘာ လောကကြီးအား ပြုစုပျိုးထောင်သောဖန်ဆင်းရှင်က သူ့အား ဤကမ္ဘာကြီးကို လှုပ်ရှား နိုးထလာစေရန် တာဝန် ပေးအပ် ခဲ့ သည်။

စစ်တပ်ကိုယ်စားလှယ်တွေကိုဒေါ်အောင်ဆန်းစုကြည် ထမင်း စား ဖိတ် ခေါ်ဦး မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့် လွှတ်တော် အစည်းအဝေးပြန်လည် စတင်မယ့်အချိန်အတွင်းမှာ သီးသန့် ထမင်းစားဖိတ်ခေါ်တွေ့ဆုံမယ်လို့ သိရပါတယ်။

လက်ရှိဟာ လွှတ်တော်နားနေတဲ့အချိန်ဖြစ်တာကြောင့် လာမယ့်လွှတ်တော် အစည်းအဝေးကာလရောက်မှ သီးသန့်တွေ့ဆုံမယ့် အ   ကြောင်း   တပ်မတော် သားတွေဘက်က စာပြန်ပေးပို့ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က ပြောပါတယ်။

“သူတို့ကတော့ ဒီပြီးခဲ့တဲ့လွှတ်တော်မှာ မဖြစ်နိုင်တဲ့အကြောင်းပေါ့လေ သူတို့လည်း စီစဉ်ထားပြီဖြစ်တဲ့အကြောင်း စာနဲ့တကွ အ   ကြောင်း   ပြန်ပြီး ဖြစ်ပါတယ်၊ လာမဲ့လွှတ်တော်ပြန်စမှပဲ အပြန်လှန်ပေါ့လေ ထမင်းစားဖိတ်တာတွေ၊ ဆောင်ရွက်တာတွေပေါ့ဖြစ်မှာပါ၊ သူတို့က ဘက်လည်း အဲ့အချိန်ကျရင် ညှိနှိုင်းပြီးမှ အပြန်အလှန် ညစာစားပွဲတွေ ခင်မင်ရင်းနှီးတာတွေ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြောင့် လာမဲ့လွှတ်တော်မှာ ဆောင်ရွက်ဖို့ကိုတော့ ညှိနှိုင်းတိုင်ပင်မှ အချိန်ပေးပြီးမှပေါ့လေ၊ အချိန်သက်မှတ်ပြီးမှ ဆောင်ရွက်ဖို့ အကြောင်း ပြန်ကြား ခဲ့တာ ရှိပါတယ်”

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမပြီးဆုံးခင်အချိန်တုန်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဒေါ်အောင် ဆန်း စု ကြည် က နေ့လည်စာဖိတ်ကြားပြီး တွေ့ဆုံကြဖို့ စီစဉ်ခဲ့ပေမဲ့ တပ်မတော်သားတွေဘက်က မဖြစ်နိုင်သေးကြောင်း စာနဲ့တရားဝင်   ပြန် လည် အကြောင်းပြန်ခဲ့ပါတယ်။

နောက်ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးအချိန်အတွင်းမှာ အချိန်ပေးပြီးတွေ့ဆုံကြဖို့ကို တပ်မတော် သားလွှတ်တော်ကိုယ် စား လှယ်တွေရဲ့ အကြောင်းပြန်ကြားချက်ထဲမှ ပါရှိတဲ့အတွက် ထပ်မံစီစဉ်မှာ ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောပါတယ်။

လစ်ဗျားတွင် IS တပ်ဖွဲ့၏ အခြေစိုက် လေ့ကျင့်ရေး စခန်း တစ်ခု ရှိလာကြောင်း အမေရိကန် ပြောကြား

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့သည် နောက်ထပ် ခြေကုပ်စခန်းအဖြစ် လစ်ဗျားနိုင်ငံ အတွင်းသို့ ခြေဆန့် ဝင်ရောက် လာပြီဖြစ်ကြောင်း အမေရိကန်၏ အာဖရိကဆိုင်ရာ စစ်ဌာနချုပ်က ကြေညာခဲ့သည်။

အာဖရိက အခြေစိုက် အမေရိကန် စစ်ဌာနချုပ်မှ ဗိုလ်ချုပ်ကြီး ဒေးဗစ်ရိုဒရီဂွတ်ဇ်က လစ်ဗားနိုင်ငံ အရှေ့ပိုင်းတွင် IS တပ်ဖွဲ့ ၏ လေ့ကျင့်ရေး အခြေစိုက် စခန်းတစ်ခု ရှိနေပြီဖြစ်ပြီး IS တပ်ဖွဲ့ဝင် ရာဂဏန်းမျှသည် ထိုနေရာတွင် စစ်သင်တန်းများ တက်ရောက်   လေ့ကျင့်နေကြောင်း ပြောကြားခဲ့သည်။

ရိုဒရီဂွတ်ဇ်က အဆိုပါ စခန်းသည် လက်ရှိတွင် အစောပိုင်းအဆင့် လည်ပတ်မှုမျိုးသာ ရှိနေဆဲဖြစ်ပြီး ယင်းစခန်း၏ တိုးတက် ကျယ်ပြန့် လာမှုကို အမေရိကန်က သတိကြီးစွာ စောင့်ကြည့်နေကြောင်းလည်း ဆိုသည်။

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဒေသတွင် အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့အစည်း အများအပြားသည် အာဏာဖြန့်ကျက်မှုအတွက် အားပြိုင်မှုများ ရှိနေပြီး အချို့က ၎င်းတို့သည် IS တပ်ဖွဲ့နှင့် မဟာမိတ်အဖြစ် ရပ်တည်ကြောင်း ကြေညာထားသည်။

နိုဝင်ဘာ ၃ ရက်တွင် ဝါရှင်တန် ဒီစီ၌ သတင်းထောက်များကို တွေ့ဆုံရာတွင် ရိုဒရီဂွတ်ဇ်က “လောလောဆယ် လစ်ဗျားမှာ စတင် အခြေစိုက်နေတဲ့ IS စစ်သင်တန်းကျောင်းဟာ စစ်သွေးကြွတွေ ရောက်လာပြီး လေ့ကျင့် သင်ကြားတဲ့ နေရာတစ်ခုပါ။   လောလော ဆယ်တော့ စခန်းအရွယ်အစားက သေးငယ်နေတုန်းပါ။ လက်ရှိ အချိန်ထိတော့ ဒါဟာ လေ့ကျင့်ရေးအတွက် ရည်ရွယ်အခြေစိုက်တဲ့ စခန်းတစ်ခုအဖြစ် ကျွန်တော်တို့ မှတ်ယူပါတယ်”ဟု ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါ စစ်ရေးလေ့ကျင့်မှု စခန်းတွင် ရှိနေသည်မှာ IS အဖွဲ့သားများချည်း ဟုတ်၊ မဟုတ် အခြားသော အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်ခြင်း ရှိမရှိ မကွဲပြားသေးကြောင်း ၎င်းက ဝန်ခံသည်။ IS တပ်ဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တွင် နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ထားသည့်အပြင် ယခုအခါ လစ်ဗျားရှိ ဒေသခံ စစ်သွေးကြွ အဖွဲ့များနှင့် ပူးပေါင်းပြီး နယ်ပယ်ချဲ့ထွင်လာသည့် သဘောဟုလည်း ရိုဒရီဂွတ်ဇ်က သုံးသပ်ခဲ့သည်။

လစ်ဗျားတွင် မူအမ်မာ ကဒါဖီအစိုးရ ပြုတ်ကျပြီး ကတည်းက နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်နေပြီး ဗဟိုအစိုးရသည် လစ်ဗျားရှိ အဓိက မြို့ကြီးသုံးခုကို လက်လွှတ်ထားရပြီး အစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များက သိမ်းယူထားသည်။

လစ်ဗျား၏ ဒုတိယ အကြီးမားဆုံး မြို့တော်ဖြစ်သည့် ဘန်ဟာဇီသည် ယခုအခါ အစ္စလာမ်မစ် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လက်အောက် တွင် ကျရောက်နေပြီး နိုင်ငံတကာက အသိအမှတ်ပြုသည့် လစ်ဗျားလွှတ်တော်သည် ယခုအခါ အရှေ့ပိုင်းဒေသရှိ တိုဘရက်ခ်မြို့တွင် အခြေစိုက်နေသည်။

အမေရိကန် ပြည်ထောင်စုသည် နိုင်ငံတကာ မဟာမိတ် တပ်ဖွဲ့များကို ဦးဆောင်ကာ အီရတ်နှင့် ဆီးရီးယားတို့ရှိ IS တပ်ဖွဲ့များကို   လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

_Ref: BBC