Daily Archives: December 10th, 2014

နာမည်ကျော်ထိုင်းသရုပ်ဆောင်မင်းသမီး အစ္စလာမ် သာသနာသို့ ကူးပြောင်း သက်ဝင်

388897_thai-actress
– ထိုင်းနိုင်ငံ၏ နာမည်ကြီး အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် နွက် ဆူသီဒါမှာ အချိန်အတော်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စ လာမ်ဘာသာသို့ သက်ဝင်ယုံကြည်လာခဲ့သည်ဟု သိရသည်။

ဆူသီဒါ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ကြောင်းကို ဒီဇင်ဘာ ၄ ရက်နေ့တွင် ထိုင်းမီဒီယာများက ဖော်ပြခဲ့ကြပြီး သူမ၏ အမည်ကို လည်း အာဆီယဟ် ဟု ပြောင်းလဲလိုက်ကာ အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများကို သင်ယူရန်အတွက် ဘန်ကောက်မြို့ရှိ ကျောင်း တစ်ခု တွင် တက်ရောက်နေသည်ဟု သိရသည်။

လူကြိုက်များသည့် အဆိုပါ မင်းသမီးက မိမိအနေဖြင့် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ရန် ဆောင်ရွက်မှုအတွက် မိမိ၏ အ သိုင်း အ၀ိုင်းမှ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း နောက်ဆုံး မွတ်စလင် တစ်ယောက်ဖြစ်လာရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟု ပြောကြား ခဲ့သည်။ ထို့ပြင် မိမိမှာ အစ္စလာမ်သာသနာအား လေ့လာရန်အတွက် နိုင်ငံတော်တော် များများသို့ ခရီးထွက်ခဲ့သည်ဟု လည်း   ပြော ကြားခဲ့သည်။

သူမ၏ ထိုကဲ့သို့ ပြောင်းလဲသက်ဝင်မှု အတွက် ထိုင်းမီဒီယာများတွင် ဆွေးနွေးငြင်းခုံမှုများလည်း ရှိနေသည်။

ဆူသီဒါကမူ သူမနေဖြင့် တစ်နေ့ ငါးကြိမ် ၀တ်ပြုမှုကို အချိန်မှန်ဆောင်ရွက်နေကြောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်အား ဖတ်ရှုနား လည်နိုင် ရန်အတွက် အာရဗီဘာသာ စကားကိုလည်း လေ့လာသင်ယူနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

`ဟိဂျဘ်ကို ကြိုဆိုပါတယ် ဟိဂျဘ်မဲ့ခြင်း ဘိုင်ဘိုင်ပါ´ ဟုလည်း ဆူသီဒါက ပရိတ်သတ်များအား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ နာမည်ကျော်များ အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ယခင်ကလည်း ထို ကဲ့သို့   ပြောင်းလဲသက်ဝင်မှုများ ရှိခဲ့သည်။

ထိုင်းနိုင်ငံ၏ လူဦးရေ ၆၂.၅ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၁၂ ရာခိုင်နှုန်းခန့် ရှိသည်။ အစ္စလာမ် ဘာသာဝင် အများစုမှာ နိုင်ငံတောင်ပိုင်း ပြည်နယ်များဖြစ်သည့် နရာသီဝပ်၊ ပတ္တာနီ၊ ယာလာနှင့် စာတွန်ပြည်နယ်များ တွင်   နေ ထိုင်ကြသည်။

MS/HSN/SS

http://www.m-mediagroup.com/news/35023

ခံတွင်း(အပူကန်)နာများအတွက်အိမ်တွင်းကုထုံး

အထူးသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေနဲ့  ၀မ်းချုပ်/၀မ်းပုပ်ရှိသူများအဖို့  ယခုလို မိုးအကုန်ဆောင်းဦးစ ရာသီဥတု အကူး အပြောင်း မှာ အပြင်ကအပူအအေးနဲ့ ခန္ဓာကိုယ်တွင်းကအပူအအေးတို့ တိုက်ပွဲဖြစ်လေ့ရှိပါတယ်။ ထို့ နောက်မှာတော့ နှုတ်ခမ်း အတွင်း သာ အောက်ခြေ၊ လျှာအောက်ခြေ၊ နဲ့  နှုတ်ခမ်းအပေါ်တို့ မှာ ခံတွင်း(အပူကန်)နာတွေ ထွက်လာပါတော့တယ်။
ခံတွင်း(အပူကန်)နာတွေကို ယေဘုယျအားဖြင့်အဆင့် (၃)ဆင့်ခွဲခြားထားပါတယ်။ (၁) အသေးစားအပူကန်နာက ရာသီဥတုအ ပြောင်း အလဲမှာ ဖြစ်လေ့ရှိပြီး၊ ၁-ပတ် (သို့ မဟုတ်) ၁၀-ရက်လောက်အကြာမှာ သူ့ အလိုလိုပျောက်သွားတတ်ပါတယ်။ (၂) အကြီးစား အပူ ကန် နာ က ရံဖန်ရံခါမှဖြစ်တတ်ပြီး၊ သူက အသေးစာအနာထက်ပိုကြီးကာ ပိုလည်းနာကျင်လေ့ရှိပြီး ဆေးသိပ္ပံနည်း အရ stomatis အ နာ လို့ ခေါ်ကြပါတယ်။ (၃) herpetiform ulcers (ခေါ်)ရေယုန်နာတမျိုးကတော့ ကူးစက်ရောဂါပိုး ကြောင့်ဖြစ်လာကာ အလွန်နာကျင် ယားယံလေ့ရှိပါတယ်။
ခံတွင်း(အပူကန်)နာရဲ့ ရောဂါလက္ခဏာများမှာ ခံတွင်းထဲယားယံခြင်း၊ နီရဲရောင်ကိုင်းလာခြင်း၊ သွားတိုက်တဲ့အခါ (သို့ မဟုတ်) အစာ ၀ါးတဲ့ အခါ နာကျင်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း တို့ ဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့အဓိက အကြောင်းရင်းကတော့ ရာသီ ဥတုရုတ် တရက်ပြောင်းလဲလားခြင်းကြောင့် ခန္ဓာကိုယ်တွင်း အပူအအေးဓာတ်ဖောက်ပြန်လာခြင်းဖြစ်၍ ရာသီနာဖြစ်လို့ မစိုးရိမ် ရဘဲ    ရေ၀၀   သောက်   ၀မ်းနှုတ်ဆေးစားလိုက်ရုံနဲ့  အနာပျောက်ကင်းသွားပါတယ်။ အကယ်၍ ရာသီဥတုပြောင်းလဲခြင်းကြောင့် မဟုတ်ဘဲ သံဓာတ် -ဗီတာမင်စီ-ဗီတာမင်ဘီ၁၂ တို့  ချို့ တဲ့ခြင်း၊ အစာဓာတ် မတဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ခံတွင်း သန့် ရှင်း မှုအား နည်းခြင်း၊ မတော်တဆသွားနဲ့ ကိုက်မိခြင်း၊ ကူးစက် ရောဂါရခြင်း၊ သွားတိုက်စဉ် ထိခိုက်မိခြင်း စသည် တို့ ကြောင့်လဲ ခံတွင်းနာဖြစ် တတ်ပါတယ်။
(၁) အုန်းနို့ ရည်က ခံတွင်းအပူကန်နာများနဲ့  ခံတွင်းနာအမျိုးမျိုးတို့ အတွက် လွန်စွာဆေးဖက်ဝင်ပါတယ်။ အုန်းသီးကို ညှစ်၍ရ လာသော အုန်းနို့ လတ်တ်ဆတ်ဆတ်ဖြင့် တနေ့ ကို ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။
(၂) တရုပ်နံနံပင် လတ်လတ်ဆတ်ဆတ်ကိုပြုတ်၍ ခပ်နွေးနွေးအနေအထားမှာ တစ်နေ့ လျှင် ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။
(၂) တိုင်းရင်းဆေးသမားတော်ကြီးတွေရဲ့ အဆိုအမိန့် အရ၊ ပင်စိမ်းရွက်က ခံတွင်းပူနာများအတွက် အကောင်းဆုံးဆေးမြီးတို လေးပါ။ ပင်စိမ်းရွက်လတ်လတ်ဆတ်ဆတ် ၆-ရွက်ခန့် ကို တနေ့  ၄-ကြိမ်မျှဝါးစားပြီး ရေသောက်ပါ (သို့ မ ဟုတ်) ပဲနံ့ သာပင် အစေ့ နဲ့ ပင်စိမ်း ရွက်တို့ ကို ရော၍၀ါးစားပေးပါ (သို့ မဟုတ်) ထို ၂-မျိုးကို ပြုတ်၍ ရလာသော ပြုတ်ရည်နွေးနွေးဖြင့် တနေ့  ၄-ကြိမ်လောက် ပလုပ် (အာလုပ်) ကျင်းပေးပါ။ (ပဲနံ့ သာပင်အစေ့ ကို အိန္ဒိယ ပရဆေးဆိုင်တွေမှာ ရရှိနိုင်ပါတယ်)
(၃) ခံတွင်းအပူနာများအတွက် အနီရောင်ခရမ်းချဉ်သီး လတ်လတ်ဆတ်ဆတ်ကို အစိမ်းလိုက်ဝါးစားပေးပါ။ (သို့ မဟုတ်) ခရမ်း ချဉ်သီး သတ္တုရည်ဖြင့် အပူနာတို့ ကို လိမ်းပေးပါ။
(၄) နနွင်းမှုန့်  ၂-ဆကို အလှဆီရည် ၁-ဆ နဲ့ ခပ်ပျစ်ပျစ်ရောနယ်ပြီး ခံတွင်းနာပေါ်သို့ လိမ်းပေးပါ။ (သို့ မဟုတ်) နနွင်းမှုန့်  လ္ဘက်ရည်ဇွန်း ၁-ဇွန်းပမာဏကို ပျားရည်စစ်စစ် ဇွန်းဝက်ခန့် မျှ ရောနယ်ပြီးတော့ ခံတွင်းနာပေါ်သို့ လိမ်းပေးပါ။ (အလှဆီရည်ကို အလှကုန်ဆိုင်တွေမှာ အလွယ်တကူရရှိနိုင်ပါတယ်)
(၅) ဇီးဖြူသီးကို အစေ့ဖယ်ကျိတ်ချေ၍ ရလာတဲ့ ဇီးဖြူသီးသတ္တုရည်က အပူကန်ခြင်းကြောင့်ဖြစ်လာတဲ့ ခံတွင်းနာများကို အမြန်ဆုံး သက် သာစေတာကြောင့် ၄င်းသတ္တုရည်ဖြင့် တစ်နေ့  ၂-ကြိမ်ကျ လိမ်းပေးပါ။
(၆) ရေခပ်နွေးနွေး ၁-ဖန်ခွက်ထဲကို ဆား စားပွဲတင်ဇွန်း ၁-ဇွန်း ရော၍၊ ၂၅ -စက္ကန့် လောက် ခံတွင်းထဲ ငုံထားပါ။ ပြီးမှ ထွေးထုတ်ပေးပါ။ ဒီနည်းက အနာရောင်ကိုင်းခြင်းကို သက်သာစေတဲ့အပြင် ပိုးမ၀င်အောင်လဲ အထောက်အကူဖြစ်စေပါတယ်။
(၇) လ္ဘ္ဘက်ရွက်အဆီ(tea tree oil) ကို အပူကန်နာပေါ်သို့  အသာအယာပွတ်လိမ်းပေးခြင်းဖြင့် အနာနီရဲရောင်ကိုင်းခြင်းကို လျော့ပါး သွားစေ ပါတယ်။(tea tree oil တွေကို City Mart ဆိုင်များမှာ ရရှိနိုင်ပါတယ်)
(၈) cranberry (ခေါ်) အနီရောင်အချဉ်သီးဖျော်ရည်လေးက အပူကန်ခံတွင်းနာခြင်းတွေကို အချိန်တိုအတွင်းမှာ ပျောက်ကင်း သွား   စေနိင် လို့ ၊ cranberry သီးဖျော်ရည် ငုံပေးပါ။ (အသင့်သောက် cranberry သီးဖျော်ရည်ဗူးလေးတွေကို City Mart ဆိုင်များ မှာ ရရှိနိုင်ပါတယ်)
(၉) ရေအေး နဲ့  ရေခပ်နွေးနွေးတို့ ကို တလှည့်စီ အာလုပ်(ပလုပ်)ကျင်းပါ။ လတ်ဆတ်တဲ့နွားနို့ အစိမ်း(သို့ မဟုတ်)အုန်းစိမ်းရည် တို့ ဖြင့် တနေ့ လျှင် ၄-ကြိမ် လောက် အာလုပ်(ပလုပ်)ကျင်းပါ။
(၁၀) အပူကန်နာအပေါ် ရေခဲတုံးလေး ကပ်ပေးခြင်းက နာကျင်မှုကို သက်သာစေတဲ့အပြင်၊ ရောင်ကိုင်းခြင်းတို့ ကိုပါ ပြေလျော့ သွားစေပါတယ်။
(၁၁) အပူကန်နာများအတွက် ရှားစောင်းလက်ပပ်က လွန်စွာကောင်းကျိုးပြုပါတယ်။ ရှားစောင်းလက်ပပ်အနှစ်(ဂျယ်လီ) စားပွဲ တင်ဇွန်း ၂-ဇွန်းကို ခံတွင်းနာပေါ်သို့  အုံပေးလိုက်ရုံပါဘဲ။
(၁၂) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ဥပမာ…ဟင်းနုနယ်/ကန်စွန်းရွက်/ပဲသီး(ခေါ်)ပဲတောင့်ရှည်/ပဲစောင်းဝါးသီး.. စတာတွေကို ကြက်သွန်နီများများထဲ့၍ သုပ်စားခြင်းက အပူကန်ခြင်းကြောင့်ဖြစ်တဲ့ ခံတွင်းနာတွေကို သက်သာစေပါတယ်။
(၁၃) ဗီတာမင်စီ ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က သွားဖုံးနဲ့ ခံတွင်းနာအမျိုးမျိုးတို့ အတွက် အကောင်းဆုံး ဆေးတစ်ခွက်ပါဘဲ။
(၁၄) ပင်စိမ်းရွက်အဆီကို အနာပေါ်သို့  ခပ်ဖွဖွစိမ့် ဝင်အောင် မကြာမကြာလိမ်းပေးခြင်းဖြင့် ထိုအပူနာ ရောင်ကိုင်း၍နာကျင်   ခြင်း တို့ ကို ကောင်းစွာကုသပေးနိုင်ပါတယ်။
(၁၅) နွယ်ချို နဲ့ သလဲသီးတို့ ကလည်း အပူကန်ခြင်းကို ကုသပေးနိုင်ပါတယ်။ ၄င်း တမျိုးစီကို စား၍သော်လည်းကောင်း၊ တမျိုး စီကို ခံတွင်းနာပေါ်သို့ အုံပေး၍သော်လည်းကောင်း (သို့ မဟုတ်) ၄င်း နှစ်မျိုးစလုံးကို ခပ်ပျစ်ပျစ်ရောနယ်၍ ခံတွင်းနာပေါ်သို့  အုံပေး၍သော် လည်းကောင်း စသည်ဖြင့် အဆင်ပြေသလို ပြုလုပ်ပေးပါ။
(၁၆) အပူရှပ်၍ ဖျားချင်ချင်ခံစားနေရသူများအတွက် ကြံရည်ကကိုယ်တွင်းအပူငြိမ်းစေပြီး၊ ပရိုတင်းအားဖြည့် ဓာတ်စာအဖြစ် အသုံးဝင်တဲ့ အပြင်၊ ခံတွင်းထဲမှာ ကြံရည်ငုံပေးခြင်း အပူနာတွေကို အချိန်တိုအတွင်းမှာ ချပ်ရပ်သွားစေနိုင်ပါတယ်။
အထက်ဖော်ပြပါ အိမ်တွင်းကုထုံးလေးတွေက ခံတွင်းအပူကန်နာဖြစ်ခြင်းကို ၈-ရက် (သို့ မဟုတ်) ၁၀-ရက်ခန့် အကြာမှာ ပျောက်ကင်း သွားစေပါတယ်။ ကုထုံးလေးတွေသုံးနေတာတောင် ၁၀-ရက်ကြာတဲ့အထိ မပျောက်တဲ့ အပြင် အခြေအနေပိုဆိုး လာပါက၊ ဆရာဝန် နဲ့ ဆေးကုသမှုခံယူသင့်ပါတယ်။ “အပ်နဲ့ ထွင်းရမယ့်အနာကို ပေါက်ဆိန်နဲ့ ထွင်းမခံရလေအောင် ” ကျမ္မာရေးအမြင်ရှိ ဖို့ လို ပါကြောင်း။
<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>
(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)

၂ နှစ် အတွင်း ဖွင့်လှစ်မည့် စင်္ကာပူမှ ဒေါ်လာ ၁၈ သန်းတန် Jurong ဗလီဝတ်ကျောင်း

စင်ကာပူနိုင်ငံ Jurong အရပ်တွင် နေထိုင်ကြသည့် မွတ်စ်လင်မ်များ၊ မွတ်စ်လင်မ် လုပ်သားများ အတွက် ဗလီဝတ်ကျောင်းတော် တစ်လုံးကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် အချောသတ်ဆောက် လုပ်နိုင်ရန် ခန့်မှန်းထားကြောင်းသိရသည်။

ဒေါ်လာ ၁၈ သန်းကုန်ကျမည့် မအ်ရုဖ် ၀တ်ကျောင်းတော်မှာ Jalan Bahar လမ်းကြောတွင် တည်ရှိပြီး လွန်ခဲ့သည့် ၂ ရက်က အုတ်မြစ်ချပွဲ အခမ်းအနားကို သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ဝန်ကြီး (နှင့်) မွတ်စ်လင်မ်ရေးရာဝန်ကြီး ပူးတွဲ တာဝန်ယူထားသူ ဒေါက်တာ ယအ်ကူးဗ် အိဗ်ရာဟီမ်မှ ဦးဆောင် ကျင်းပခဲ့သည်။

ဝတ်ပြုသူဦးရေ ၄၅၀၀ ၀င်ဆန့်မည့် လေးထပ်ဆောင် ၀တ်ကျောင်းတော်သည် အနောက်ပိုင်း Jurong စက်မှုဇုံ၊ Tuas နှင့် Wenya လျာထား စက်မှုဇုံမှလုပ်သားများ အပြင် နန်ယန် စက်မှုတက္ကသိုလ်နှင့် အနီးတစ်ဝိုက် စာသင်ကျောင်းမှ ကျောင်းသားများအဖို့ အဆင်ပြေစွာ လာရောက် ၀တ်ပြုနိုင်ကြမည်ဖြစ်သည်။

လတ်တလော၌ ထိုဒေသတွင်းမှ ၀တ်ပြုသူများသည် Yung An လမ်းရှိ Assyakirin ဗလီ သို့မဟုတ် ဂျူရွန်အရှေ့ပိုင်း ၂၁ လမ်းရှိ Almukminin ဗလီဝတ်ကျောင်းသို့ သွားရောက်နေကြရသည်။

တိုးပွားလာသော မွတ်စ်လင်မ် လူဦးရေကြောင့် လက်ရှိဝတ်ကျောင်းများတွင် လူလျှံနေကြသဖြင့် ၀တ်ကျောင်းသစ် တစ်လုံး တိုးမြင့် တည်ဆောက်ရန် ဒေါက်တာ ယအ်ကူးဗ်က ၂၀၁၀ ခုနှစ်တွင် ကြေငြာခဲ့သည်။

ယမန်နှစ် ဒီဇင်ဘာလတွင် ၀တ်ကျောင်း တည်ဆောက်ရေးကော်မတီကို ခန့်အပ်ဖွဲ့စည်းခဲ့ပြီး ၀တ်ကျောင်းတော် ပုံစံကြမ်းကို ယခုနှစ် ဇွန်နှင့် ဇူလိုင်လက ခင်းကျင်းပြသ၍ မွတ်စ်လင်မ်လူ့အဖွဲ့အစည်းထံမှ အချောသတ် ပုံစံအတွက် ဝေဖန်အကြံပြုချက်များ တောင်းခံခဲ့ကြသည်။

ကော်မတီအဖွဲ့သည် လူ့အဖွဲ့အစည်း၏ စိတ်ဝင်စားမှု၊ အထွေထွေလိုအပ်ချက်များနှင့် ကုန်ကျစားရိတ်များကိုပါ ကရုတစိုက် တာဝန်ယူဆောင်ရွက်နိုင်ခြင်းအပေါ် ၀မ်းမြောက် ၀မ်းသာဖြစ်မိကြောင်း ဒေါက်တာ ယအ်ကူးဗ်က ပြောကြားသည်။

ထပ်တိုးဖြည့်ဆည်းချက်များအနက် ကြီးကျယ်ခမ်းနားသော ၀တ်ပြုဖိတ်ခေါ်မျှော်စင် တည်ဆောက်မှုတစ်ခု ပါဝင်မည်သာမက ၀တ်ပြုခမ်းမဆောင်အတွင်း သက်ကြီးရွယ်အိုများ အတွက် သီးသန့်နေရာထိုင်ခင်းများလည်း ပိုမိုထားရှိသွားမည်ဖြစ်၏။

ကနဦးလျာထားချက်ထက် ပိုမိုကျယ်ဝန်းသည့် လူထု လှုပ်ရှားမှုနေရာများကိုလည်း ဖန်တီးသွားမည့် အပြင် စက်ဘီးထားရန်နေရာများ ကိုလည်း ဆောက်လုပ်ပေး သွားရန်ရှိသည်။

ဝတ်ကျောင်း တည်ဆောက်ရေးကော်မတီမှ အတွင်းပိုင်း အဆင်အယင်များ အတွက် ဒေါ်လာ ၂.၅ သန်း ထပ်မံ အသုံးပြုရန် လျာထားပြီး ယခုချိန်ထိ မ,တည်ငွေ ဒေါ်လာ ၁.၈ သန်းအထိ ရရှိထားပြီဖြစ်ကြောင်း သိရသည်။

စင်္ကာပူနှင့် ရင်းနှီးစွာ ထိတွေ့ဆက်ဆံမှုရှိပြီး အိမ်နီးချင်းဒေသတွင်းနိုင်ငံ တစ်ခုလည်းဖြစ်သော မြန်မာနိုင်ငံတွင်မူ လွတ်လပ်စွာယုံကြည် ကိုးကွယ်ကျင့်သုံးခွင့် ရှိသည်ဟု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ တရားဝင်ပြဋ္ဌာန်းထားသော်လည်း တိုးပွားလာသည့်လူဦးရေနှင့် မျှတအောင် ဗလီဝတ်ကျောင်းသစ်များ ထပ်မံ ဆောက်လုပ်နိုင်ခြင်း မရှိယုံမျှမက ရှိပြီးသား ဗလီဝတ်ကျောင်းများ အကြမ်းဖျက်ဆီးခံရပြီးနောက် ပြန်လည် ပြုပြင်ခွင့်မရခြင်း၊ ဝတ်ပြုခွင့်မရခြင်း၊ သမိုင်းဝင်ရှေးဟောင်း ဗလီဝတ်ကျောင်းတော်များမှာ မခိုင်လုံသော အကြောင်းပြချက်များဖြင့် တစ်စစ ဖျက်ဆီးခံနေရပေသည်။

The Straits Times

http://www.m-mediagroup.com/news/35045

လူသားချင်းစာနာထောက်ထားမှုကူညီရေးတွင် တူရကီ ကမ္ဘာအဆင့် ၁ သတ်မှတ် ခံရ

M-Media
Turkish Cooperation နှင့် Nationa Coordination Agency ၏ တနင်္ဂနွေနေ့ ထုတ်ပြန်သော ၂၀၁၃ ခုနှစ်အစီခံစာအရ တူရကီနိုင်ငံ သည် ဌာနဆိုင်ရာများမှ တစ်ဆင့်အားဖြင့်လည်းကောင်း၊ ကမ္ဘာတစ်ဝှန်းရှိ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများမှ တစ်ဆင့် လည်း   ကောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း ကဏ္ဍ၌ အများဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့ပထမအဆင့် သတ်မှတ်ခံ ရကြောင်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၄.၃ ဘီလီယံအထိ ရှိနေကြောင်း သိရသည်။ ၎င်းမှာ တူရကီနိုင်ငံ၏ Gross National Product – GNP ပေါ် မူတည် တွက်ချက်ထားခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်သည့် Economic Co-operation and Development Organisattion စာရင်းအရ တူရကီနိုင်ငံသည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၏ နောက်တွင် ကမ္ဘာ့စတုတ္ထဆင့် အလှူရှင်နိုင်ငံဖြစ် လာကြောင်း ဖော်ပြသည်။ OECD ကမူ လူသား ချင်းစာနာထောက်ထားရေး ကူညီမှုကို ၂၀၁၃ ခုနှစ်၏ GNP ၀.၂၁ ရာခိုင်နှုန်းပေါ် မူတည်ပြီး တူရကီနိုင်ငံအား ပထမနေရာအဖြစ် သတ် မှတ်လိုက်သည်။

တူရကီ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဒေသဆိုင်ရာ အလိုက် ပိုင်းခြားထားသည်။ အရှေ့အလယ်ပိုင်းတွင် ၅၅.၉ ရာခိုင်နှုန်း၊ အာဖရိကတွင် ၂၄.၇ ရာခိုင်နှုန်း၊ ဗဟိုအာရှနှင့်တောင်အာရှတွင် ၁၅.၃ ရာခိုင်နှုန်း၊ ဘော်လကန်ဒေသများတွင် ၁၅.၃ ရာခိုင်   နုန်းနှင့် အရှေ့ဥရောပတွင် ၃.၁ ရာခိုင်နှုန်းတို့ဖြစ်ကြသည်။

ထိုကူညီကယ်ဆယ်ရေးအထောက်အပံ့များသည် အာဖဂန်နစ္စတန်၊ ယီမင်၊ ဟေတီ နှင့် ဖိလစ်ပိုင် အပါအ၀င် နိုင်ငံပေါင်း ၁၂၀ အထိ ၂၀၁၃ ခုနှစ်အတွင်း ရောက်ရှိခဲ့သည်။

၎င်းတို့ကို အများဆုံးရရှိခံစားရသည့်နိုင်ငံများမှာ ဆီးရီးယား၊ အီဂျစ်နှင့် ကိုင်ဂျစ္စတာန်တို့ ဖြစ်သည်။ ဆိုမားလီယား၊ အာဖဂန်နစ္စတန်၊ ပါလက်စတိုင်း၊ ပါကစ္စတန်၊ ကာဇက်စတန်၊ တူနီးရှား၊ အဇာဘိုင်ဂျန် တို့သည်လည်း အများဆုံးရရှိခံစားရသော နိုင်ငံများစာရင်းတွင် ပါဝင်သည်။

အဆိုပါစာရင်း၌ တူရကီ၏နောက်တွင် ဂျပန်နှင့် ဂျာမဏီတို့မှ ကပ်လိုက်နေသည်။

World Bulletin

ဘရာဇီးတွင်ဖြစ်ပွားခဲ့သည့်မုဒိန်းမှုသတင်းအားမလေးရှား တွင် မြန်မာ မိန်းကလေး မုဒိန်းကျင့် ခံရ သည် ဟု လုပ်ကြံ ၀ါဒ ဖြန့်

JAPAM-Media's photo.
ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကိုတာဘာရူး နယ်မြေတွင် မြန်မာ မိန်းကလေး တစ်ယောက်အား ဘင်္ဂလီများမှ မုဒိန်းကျင့်ကာ ရက် ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သတင်းတပုဒ် ဓါတ်ပုံများဖြင့် ဆိုရှယ်မီဒီယာ ထပ်တွင် ပြန့်နှံ့လျက်ရှိပါတယ်။

အဆိုပါသတင်းမှာ လုပ်ကြံထားသော သတင်းသာဖြစ်ပြီး အဖြစ်မှန်မှာ ဘရာဇီးနိုင်ငံ မြောက်ပိုင်း ရှိ Pará ပြည်နယ် Parauapebas တွင် အသက် ၁၃ နှစ် အရွယ် Barbara Pereira Lira ဆိုသည့် မိန်းကလေးငယ် မုဒိန်းကျင့်ခံရပြိး ရက်စက်စွာ သတ်ခံရသည့် သတင်းဖြစ်   ကြောင်း ကို ဘရာဇီး အင်တာနက် သတင်းဌာနများရဲ့ ဖော်ပြချက် အရ သိရပါတယ်။

အဆိုပါ သတင်းကို လုပ်ကြံပြီး ဆိုရှယ် မီဒီယာများတွင် လူမျိုးရေး ဘာသာရေး မုန်းတီးမှုများဖြစ်စေရန် ရည်ရွယ်ချက် ရှိရှိ ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း လေ့လာတွေ့ ရှိပါတယ်။

၎င်း လူမျိုးရေး၊ဘာသာရေး မုန်းတီးမှုဖြစ်ပေါ်စေမည့် လှုံ့ဆော်သည့် သတင်းအား မြန်မာပြည်တွင်း မွတ်စလင် မုန်းတီးရေး လုပ်ဆောင်   နေ သူ ဦးဝီရသူ ဦးဆောင် လှုပ်ရှားနေသော ၉၆၉ အဖွဲ့၏ အွန်လိုင်းမီဒီယာမှ တခု ဖြစ်သည့် “၉၆၉ မီဒီယာ” နှင့် ပြည်တွင်းမှ တရား ဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဥက္ကဌ ဖြစ်သူ ဦးနေမျိုးဝေတို့မှ ၄င်းတို့၏ ဆိုရှယ်မီဒီယာ စာမျက်   နှာ များမှ ထပ်ဆင့် ဖြန့်ဝေခဲ့တာကို တွေ့ပါတယ်။

ဦးနေမျိုးဝေ၊ ၉၆၉ မီဒီယာ နှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) အမည်ဖြင့် သတင်းများ ထုတ်ပြန်သည့် ဆို ရှယ် မီဒီယာ စာမျက်နှာများတွင် နိုင်ငံတော် ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံ ဥပဒေ၊ တည်ဆဲ ဥပဒေများ ကို ဆန့်ကျင့်ဖောက်ဖျက်ပြီး မတူညီ   သော လူမျိုး၊ ဘာသာဝင်များအကြား အမုန်းပွားစေရန် လှုံ့ဆော်သည့် သတင်းနှင့် ဓါတ်ပုံများ အမြောက်အများဖြန့်ချိ လုပ်ဆောင်   နေ   သော် လည်း သက်ဆိုင်ရာ အုပ်ချူပ်ေ၇း အာဏာပိုင်များနှင့် သက်ဆိုင်ရာ နိုင်ငံတော် သံဃာနာယက အဖွဲ့များမှ တားဆီး အရေး ယူခြင်း တစုံတရာမ၇ှိသေးပါ။

ဖြစ်ရပ်မှန် သတင်းဓါတ်ပုံ လင့်ခ်များ
———————————————-
http://www.portilhoonline.com.br/giro-de-noticias-adolesce…/

http://ariquemes.yesmania.com.br/…/adolescentes-de-13-anos-…

လှုံဆော်ဝါဒဖြန့်နေသည့် လင့်ခ်များ
—————————————
https://www.facebook.com/permalink.php…

https://www.facebook.com/nay.kamar.9/posts/1504317993166207