အကြမ်းဖက်သမားများကို ခုခံသည့် ကမန်မွတ်စလင်မ်များကို ပြင်းထန်သည့်ထောင်ဒဏ်ချမှတ်

ရခိုင်အကြမ်းဖက်သမားတို့၏ ရန်ကိုခုခံကာကွယ်ခဲ့သည့် လင်းသီရွာမှ ကမန်တိုင်းရင်းသားများအနက် ၁၀ ဦးအား နှစ် ၃၀ ထောင်ဒဏ်အပါအ၀င် ထောင်ဒဏ်အသီးသီးကို ယမန်နေ့က သံတွဲမြို့နယ် ခရိုင်တရားရုံးကချမှတ်ခဲ့ကြောင်း ဒေသခံများက Myanmar Muslim Media သို့ပြောသည်။

ရခိုင်အကြမ်းဖက်သမားများက ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အစ္စလာမ်ဘာသာဝင်ကမန်တိုင်းရင်းသားများနေထိုင်သည့် သပြုချိုင်ရွာ၊လင်းသီရွာတို့အား အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ခဲ့စဉ်က လင်းသီရွာခံ ကမန်တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်အချို့က ပြန်လည်ခုခံမှုများပြုလုပ်ခဲ့သဖြင့် အထက်ပါအတိုင်းပြစ်ဒဏ်ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
“မွတ်စလင်မ် ဆိုရင်ပုံမှန်အတိုင်းအခွင့်အရေးတောင်မရတာ တရားရုံးမှာဆိုတော့ပိုဆိုးတာပေါ့။ပြည်နယ်အဆင့်ကို အယူခံတက်ရင်လည်း မထူးနိင်ပါဘူး။ဗဟိုအထိတက်မှရမယ်ထင်တယ်။အဓိကကတော့ အယူခံတင်ဖို့အတွက် အခက်အခဲပေါင်းစုံရှိနေတယ်”ဟုဒေသခံတစ်ဦးက Myanmar Muslim Media သို့ပြောသည်။

အကြမ်းဖက်တိုက်ခိုက်လာသူများအား ခုခံကာကွယ်ခဲ့သူများဖြစ်သည့် ခင်မောင်လွင်၊ငတာ၊အာမက် တို့အား တသက်တစ်ကျွန်းနှင့် ထောင်ဒဏ် ၁၀နှစ်ကို သီးခြားစီကျခံစေရန်လည်းကောင်း၊ ဇော်မင်းထွန်း အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆၊ ၃၂၄၊ ၂၀၁ တို့အရ ထောင်ဒဏ် ၁၀ နှစ်ကိုလည်းကောင်း၊ ကျော်သူလင်း(ခ)မောင်လေး၊တင်ရွှေ၊ရဲထွဋ်အောင်(ခ)ဆရာလေး၊ အောင်သိန်း(ခ)တင်မြင့် တို့အား ထောင်ဒဏ် ၇ နှစ် ကိုလည်းကောင်း၊ တင်နောင်ထွန်း အား ထောင်ဒဏ် ၃ နှစ်ကိုလည်းကောင်း၊ ခင်မေသန်း(ခ)မနီအား ထောင်ဒဏ် ၁ နှစ်ကိုလည်းကောင်း အသီးသီးကျခံစေခဲ့သည်။

အသက် ၉ ၀ ကျော်အရွယ်အဖွားအိုအပါအ၀င် ၅ အစ္စလာမ်ဘာသာဝင် ၅ ဦးသတ်ဖြတ်ခံခဲ့ရသည့် သပြုချိုင်နှင့် လင်းသီရွာအကြမ်းဖက်မှုဖြစ်စဉ်တွင် အကြမ်းဖက် ရခိုင် ၂ ဦးသေဆုံးခဲ့သည်။
ဖမ်းဆီးမှုများအနေဖြင့် ရခိုင်အကြမ်းဖက်သမား ၂၇ ဦးကိုကနဦးဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး ၁၃ ဦးကို စွဲချက်မခိုင်လုံဟုဆိုကာပြန်လည်လွတ်ပေးခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူ ၁၄ ဦးအနက် တစ်ဦးကို သာ တစ်သက်တစ်ကျွန်းပစ်ဒဏ်ပေးခဲ့ပြီး ၉ ဦးကို ထောင်ဒဏ် ၅ နှစ်စီချမှတ်ကာ အချို့မှာတရားဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်းလည်းသိရသည်။

အကြမ်းဖက်ခံခဲ့ရသည့် ကမန်မွတ်စလင်မ် အမျိုးသမီးတစ်ဦး ငိုကြွေးနေပုံ(ဓာတ်ပုံ ခင်မောင်ဝင်း ၊ အေပီ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: