စစ်တွေမြို့ရှိ အောင် မင်္ဂ လာ ဒုက္ခ သည် စ ခန်း ရိက္ခာ ကား အား ပိတ် ပင်…

လတ်တလော ရခိုင်ပြည်နယ် စစ်တွေမြို့တ၀ိုက်ရှိ ဒုက္ခသည်စခန်းအချို့တွင် ဖြစ်ပေါ်နေသော ပြဿနာများကြောင့် အောင်မင်္ဂလာဒုက္ခသည်စခန်းသို့ သယ်ယူပို့ဆောင်ပေးနေသည့် ရိက္ခာ ယာဉ်အား ပိတ်ပင်လိုက်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ရိက္ခာယာဉ်အား ဒေသခံများက ဈေးကားဟု ခေါ်ဆိုကြကာ ရိက္ခာဝယ်ယူရန် လူ ခြောက်ဦး လိုက်ပါကြရပြီး လုံခြုံရေးအစောင့်အကြပ်များဖြင့် စစ်တွေမြို့မဈေးသို့ တစ် လနှစ်ကြိမ် ခန့် သွားရောက် ၀ယ်ယူကြရတယ်လို့ သိရပါတယ်။

သြဂုတ်လ (၉) ရက်နေ့က ဖြစ်ပွားခဲ့သော လုံထိန်းများ၏ မွတ်စလင်မ်ဒုက္ခသည်များအား အကြမ်းဖက်မှုဖြစ်စဉ်များနောက်ပိုင်း ယနေ့အခါတွင် ယင်း ဈေးကားအား သွားခွင့် မပေးတော့ ဘဲ ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အင်တာနက် လူမှုကွန်ယက်စာမျက်နှာအချို့တွင် ရခိုင်အမျိုးသားရေး အစွန်းရောက်များနှင့် အကြမ်းဖက်မှု ပေါ်ပေါက်ရေးအတွက် လှုံ့ဆော်နေသူများက ရခိုင်ပြည်နယ်အတွင်း ရှိ ဒေ သခံ မွတ်စလင်မ်များအား (စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး) ဖြတ်လေးဖြတ် စီမံကိန်းများ ချမှတ်၍ လုပ်ကိုင်သွားကြရန်အတွက် တိုက်တွန်းရေးသားမှု များ ပေါ်ထွက် လာပြီးနောက်ပိုင်း ယခုကဲ့သို့သောဖြစ်စဉ်များ ပေါ်ပေါက်လာနေတာ ဖြစ်ပါတယ်။

“ဒါတွေက မကြာမကြာ ဖြစ်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာ တစ်ခုခုဖြစ်ပြီဆိုရင် ကျနော်တို့ စခန်းရဲ့ ဈေးကားကို ပိတ်လိုက်တယ်။ ရမ္မသွာန် ဥပုဒ်လကဆိုရင် ပိတ်လိုက်တော့ ကြက်ဥတစ်လုံးကို ၈၀၀ ပေးတာတောင် ၀ယ်မရတော့ဘူး ဖြစ်သွားတယ်။ လုံခြုံရေးအရ ပိတ်တယ်လို့ အစောင့်တွေက ပြောပေမယ့် ခဏခဏဖြစ်နေတာက မကောင်းဘူးပေါ့။ အခုဆို ကျနော်တို့ဆီမှာ ဘာမှ မဖြစ်ဘူး၊ နောက် ဘာမှလည်း မသိကြပေမယ့် ဈေးကားပိတ်ပြီဆိုရင် တစ်ခုခု ဖြစ်နေလို့၊ ဒါမှမဟုတ် အရေးကြီးပုဂ္ဂိုလ် တစ်ယောက်ယောက် လာမယ်ဆိုတာ ဒီကလူတွေက ခန့်မှန်းတတ်ကြပြီ” ဒေသခံတစ်ဦးက အလင်းမျက်ဝန်းစီဂျေထံမှတဆင့် ပြောပြလာတာ ဖြစ်ပါတယ်။

ယခုကဲ့သို့သော ဖြစ်စဉ်များဟာ ရခိုင်ပြည်နယ်အနှံ့အပြားတွင် မကြာခဏဖြစ်ပေါ်နေကြကိစ္စဖြစ်နေပြီး အဓိကအားဖြင့် အမျိုးသားရေး အစွန်းရောက်ပါတီတစ်ခုဖြစ်သော RNDP ပါတီနှင့် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ဝင်အချို့၏ ဦးဆောင်စေခိုင်းမှုသာ ဖြစ်နိုင်ကြောင်း လေ့လာသူများကတော့ စွပ်စွဲပြောဆိုနေကြပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: