Category Archives: အထူး

Masjid Al -Aqsa ရဲ့ အတွင်းအပြင်ဘက် ပုံရိပ်များ။

စွဗ်ဟားနလ္လားဟ် အလွန်တရာ လှပခန့်ညားသော အစ္စလာမ့် သမိုင်းဝင် အမွေအနှစ် ဖြစ်တဲ့ Masjid ကြီး ဖြစ်ပါတယ်။ ထို Masjid ရဲ့ သမိုင်းနဲ့ အရေးပါပုံဟာ အစ္စလာမ် ဘာသာဝင်တွေအတွက် အလွန် အရေးကြီးတဲ့ အခန်းကဏ္ဍ မှာ ဟိုးယခင် နှစ်ထောင်နဲ့ ချီနေတုန်းကလဲ ပါရှိခဲ့သလို နောင် ၁ ချိန်မှာလဲ ပါဝင်လာပါလိမ့်မယ်။

တမန်တော်မြတ်ကြီး ရစူလွလ္လားဟ် စွလ္လလ္လာားဟူအလိုင်းဟေ ၀စလ္လာမ် ကိုယ်တော်သည် Buraq ဆိုတဲ့ နတ်မြင်းပျံကြီးကို စီးပြီး မေ့ရားဂ်ျ ကောင်းကင် ခရီးကို သွားခဲ့တာလဲ Masjid Al- Aqsa ကနေပါပဲ။ တမန်တော် မြတ်ကြီးဟာ Buraq နတ်မြင်းပျံကို Masji al-aqsa ရဲ့ အနောက်ဘက် အုတ်တံတိုင်းမှာ ချည်နှောင်ပြီး Msajid ထဲမှာ နမားဇ် ၀င်ရောက် ဖတ်ခဲ့ပါတယ်။

မူဂျာဟေဒီးန်တို့နဲ့အတူ အစ္စလာမ် ဘာသာဝင်တွေဟာ ၁ နေ့ အီစာ အလိုင်းဟေစလ္လာမ်နှင့် အီမာမ် မဲဟ်ဒီ တို့ရဲ့ နောက်လိုက်တွေ အဖြစ်နဲ့ ရအောင် တက်သိမ်းယူမယ့် Masjid ဖြစ်ပါတယ်။

ယခင် ပါလက်စတိုင်းတွေရဲ့ နယ်မြေ ဖြစ်ပီး ခုလက်ရှိ အစ္စရေးတွေရဲ့ နယ်နမိတ်ထဲမှာ အသိမ်းခံထားရပါတယ်။ မူဂျာဟေဒီးန် တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဟာလဲ ၁ နေ့ ထို Masjid ကို သိမ်းယူပြီး အစ္စလာမ့်ရဲ့ Emperor ကို တည်ထောင်ဖို့ပါပဲ။

အင်န် ရှာ အလ္လာဟ် ၁ ရက် ကျနော်တို့ အစ္စလာမ် ဘာသာဝင်တွေရဲ့ ရည်မှန်းချက်တွေ ပြည့်စုံပါလိမ့်မယ်။

စအီးဒ်ခါးန်း

Advertisements

MH-17 ကို သူပုန်များ ပစ်ချခဲ့ခြင်းဟု ယူကရိန်း အခိုင်အမာစွပ်စွဲ

လေယာဉ်ပျက်ကျမှု ဖြစ်စဉ် အညွှန်းပုံ (Photo – Dailymail)

ယူကရိန်း လေပိုင်နက်ထဲတွင် ပျံသန်းနေသော မလေးရှား လေကြောင်းလိုင်းပိုင် MH-17 ခရီးသည်တင် လေယာဉ်ကို ပစ်ချခဲ့သည်မှာ ရုရှားလိုလားသည့် ခွဲထွက်ရေးသူပုန်များဖြစ်ကြောင်း ယူကရိန်းအစိုးရက အခိုင်အမာ စွပ်စွဲခဲ့သည်။

MH-17သည် ဇူလိုင် ၁၇ ရက်နေ့က နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့တော်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်သို့ ပျံသန်းနေစဉ် အမြင့်ပေ (၃၃၀၀၀) ဝန်းကျင်၌ ပစ်ချခံခဲ့ရပြီး နိုင်ငံအရှေ့ပိုင်းရှိ ယူကရိန်း သူပုန်တို့ ထိန်းချုပ်ထားသည့် ရှက်တက်စ်ခ် မြို့အနီးသို့ ပျက်ကျခဲ့သည်။


မီးလောင်ကျွမ်းနေဆဲဖြစ်သည့် လေယာဉ်ပျက် အစိတ်အပိုင်းများ

အမေရိကန်အစိုးရက Boeing 777 အမျိုးအစား ယင်းလေယာဉ်သည် ယူကရိန်းပိုင်နက်အတွင်းမှ ပစ်လွှတ်လိုက်သည့် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တစ်စင်း ထိမှန်၍ ပျက်ကျခဲ့ခြင်းဟု အတည်ပြုခဲ့သော်လည်း မည်သူမည်ဝါ ပစ်ခတ်ခဲ့ခြင်း ဆိုသည်ကိုမူ ကွဲကွဲပြားပြား မဖော်ထုတ်နိုင်သေးဟု ဆိုသည်။


ဆိုးဆိုးရွားရွား ပျက်စီးသွားသည့် လေယာဉ် အစိတ်အပိုင်းတစ်ခု

မလေးရှားလေကြောင်းလိုင်း အတွက်မူ မတ်လ(၈)ရက်က MH-370 လေယာဉ် အကြောင်းရင်းမသိ ထူးဆန်းစွာ ပျောက်ဆုံးသွားသည့် ဖြစ်စဉ်နောက်ပိုင်း လပိုင်းမျှ အတောအတွင်း နောက်ထပ် သတင်းဆိုးတစ်ခုနှင့် ကြုံရခြင်း ဖြစ်သည်။


လေယာဉ်ပျက် ကိုယ်ထည်မှ မလေးရှားနိုင်ငံ အလံပုံကို တွေ့မြင်ရစဉ်

သတင်းများက လေယာဉ်ပေါ် လိုက်ပါသွားသည့် ခရီးသည်နှင့် အမှုထမ်း (၂၉၈)ဦးလုံး သေဆုံးခဲ့ကြောင်း အတည်ပြု ဖော်ပြခဲ့သည်။ သေဆုံးသူများအနက် နယ်သာလန် နိုင်ငံသား အရေအတွက် (၁၅၄)ဦးဖြင့် အများဆုံးဖြစ်ပြီး မလေးရှား နိုင်ငံသား (၄၃)ဦး၊ ဩစတြေးလျ နိုင်ငံသား (၂၇)ဦး၊ အင်ဒိုနီးရှား နိုင်ငံသား (၁၂)ဦး၊ ဗြိတိန်နိုင်ငံသား (၉)ဦး၊ ဂျာမနီနိုင်ငံသား (၄)ဦး၊ ဘယ်လ်ဂျီယံ နိုင်ငံသား (၄)ဦး၊ ဖိလစ်ပိုင် နိုင်ငံသား (၃)ဦးနှင့် ကနေဒါ နိုင်ငံသား (၁)ဦးတို့ ပါဝင်ပြီး ကျန်(၄၁)ဦးမှာ မည်သည့်နိုင်ငံများမှဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးချေ။ အမှုထမ်းအားလုံးမှာမူ မလေးရှား နိုင်ငံသားများ ဖြစ်ကြသည်။


လေယာဉ်ပျက် အစိတ်အပိုင်းအနီး တွေ့ရှိရသည့် ယူကရိန်းခွဲထွက်ရေး သူပုန်များ

လေယာဉ်ပစ်ချခံရပြီးနောက် Social Media များတွင် ယူကရိန်းသူပုန်များက မိမိတို့သည် ယူကရိန်းအစိုးရ၏ စစ်ဘက်လေယာဉ် တစ်စင်းကို ပစ်ချလိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ခဏအကြာတွင် ပြန်လည် ဖျက်သိမ်းသွားခြင်းက MH-17ကို သူပုန်တပ်များ အမှန်တကယ် မှားယွင်းပစ်ချလိုက်ခြင်း ဖြစ်နိုင်ကြောင်း ပိုမို၍ သံသယဝင်စရာ ဖြစ်လာသည်။

VK Social Networking ဝက်ဘ်ဆိုက်တွင် ယူကရိန်းသူပုန်တပ်များ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် မိမိကိုယ်ကိုယ် ကြေညာထားသည့် အိုင်ဂေါ် စထရက်ကော့ဗ်က “တိုရော့ဇ်မြို့နားမှာ အခုလေးတင်ပဲ ကျွန်တော်တို့ အစိုးရဲ့ An-26 လေယာဉ်တစ်စီးကို ပစ်ချလိုက်ပါတယ်။ ဒီမှာ လေယာဉ်ပျက်ကျသွားတဲ့ ဗီဒီယို အတည်ပြုချက်လည်း ပါပါတယ်”ဟုဆိုကာ ဗီဒီယို မှတ်တမ်းဖိုင်ကိုပါ လွှင့်တင်ထားခဲ့သည်။ သို့သော်လည်း မိနစ်ပိုင်းမျှအကြာတွင် အဆိုပါ ကြေညာချက်နှင့် ဗီဒီယိုကို ပြန်လည် ပယ်ဖျက်သွားခြင်း ဖြစ်သည်။

လေယာဉ်၏ နောက်ဆုံးခရီးကို အမ်စတာဒမ် လေဆိပ်မှအတက်တွင် တွေ့မြင်ရစဉ်

လေယာဉ်ထံမှ မည်သည့် အရေးပေါ် အကြောင်းကြား သတင်းပေးပို့မှုကိုမျှ မရရှိခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျက်ဘ် ရာဇက်ခ်က ဆိုသည်။ ၎င်းက လေယာဉ်ပျက်ကျရာ နေရာတွင် သဲလွန်စ အထောက်အထား အားလုံးကို ထိန်းသိမ်းပေးထားရန် နိုင်ငံတကာ အသင်းအဖွဲ့များထံ အကူအညီ တောင်းခံထားသည်။

“ကျွန်တော်တို့အတွက် အရာရာက တန်ဖိုးရှိတယ်။ ကျောက်တုံးလေး တစ်တုံးတောင်မှ ရွှေ့ထားတာမျိုး အဖြစ်မခံနိုင်ဘူး”ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ မလေးရှား လေကြောင်းလိုင်းသည် လေယာဉ်ပျက်ကျမှုကို စုံစမ်းရန် ကျွမ်းကျင်ပညာရှင် အဖွဲ့တစ်ခုကိုလည်း ယူကရိန်းသို့ စေလွှတ်လိုက်ပြီ ဖြစ်သည်။


လေယာဉ်ကို ပစ်ချခဲ့သည်ဟု ယူဆရသည့် BUK အမျိုးအစား ဒုံးကျည်တင် ထရပ်ကားတစ်စီးပုံ

ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကိုက လေယာဉ်ကို ပစ်ချမှုသည် အကြမ်းဖက်မှုတစ်ခုဟု စွပ်စွဲ ပြောကြားခဲ့သည်။ “လေယာဉ်က ပစ်ချခံရတယ်ဆိုတာ ငြင်းစရာ မရှိဘူး။ ပြီးတော့ ယူကရိန်း လေတပ်ကလည်း ဘယ်ဝေဟင် ပစ်မှတ်ကိုမှ ပစ်ခတ်ခဲ့တာ မရှိဘူး”ဟု ပိုရိုရှန်ကိုက ပြောကြားခဲ့ပြီး ယင်းသည် သူပုန်များ၏ လုပ်ရပ်ဟု စွပ်စွဲထားသည်။ လေယာဉ်သည် ရုရှားလုပ် BUK ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဟု ယုံကြည်ရပြီး ယူကရိန်း ခွဲထွက်ရေးသူပုန်များကမူ မိမိတို့နှင့် မသက်ဆိုင်ကြောင်း တွင်တွင်ငြင်းဆိုနေဆဲ ဖြစ်သည်။


ပျက်ကျရာ နေရာမှ ထိုးထွက်လာသည့် မီးခိုးလုံးကြီးများ


ယူကရိန်း သူပုန်အဖွဲ့ခေါင်းဆောင် အလက်ဇန္ဒား ဘိုရိုဒိုင် ရောက်ရှိလာစဉ်

လေယာဉ်ပျက်ကျသည့် နေရာတွင် မီးခိုးလုံးကြီးများ ထွက်ပေါ်လာသည့် မှတ်တမ်းဗီဒီယိုကို ရုပ်မြင်သံကြား သတင်းဌာနများက ပြသခဲ့ကြသည်။ လေယာဉ်ပျက်ကျသည့် နေရာတွင် ရုပ်အလောင်း အများအပြား ပြန့်ကြဲနေခဲ့ပြီး လက်နက်ကိုင် ခွဲထွက်ရေး ပြောက်ကျားများနှင့်အတူ ဒေသခံများပါ အဆိုပါနေရာတွင် အသက်ရှင် ကျန်ရစ်သူများ ရှိ၊ မရှိ ကူညီရှာဖွေ စစ်ဆေးခဲ့ကြသည်။ ဒေသခံတစ်ဦးက “ဒီရွာနားမှာ ဘာအနိဋ္ဌာရုံမှ မဖြစ်ခဲ့တာ နှစ်ပေါင်း(၃၀)လောက် ကြာပြီ။ ဒါပထမဆုံးပဲ”ဟု ဆိုသည်။

မလေးရှား အစိုးရသည် လေယာဉ်ပျက်ကျမှု ဖြစ်စဉ်အသေးစိတ်ကို စစ်ဆေးနိုင်ရန် အမေရိကန် အစိုးရထံ အကူအညီ တောင်းခံခဲ့ကြောင်းနှင့် မိမိတို့က လက်ခံထားကြောင်း အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ပြောကြားထားသည်။

_Ref: Channelnewsasia


ကိယက်ဗ်မြို့ရှိ နယ်သာလန် သံရုံးရှေ့တွင် လွမ်းသူ့ပန်းစည်းများ လာရောက်ထားရှိနေသည့် ယူကရိန်း ပြည်သူများ

Prophet Roza Park: တမန်တော်မြတ် ရောင်ဇွာတော်ပါက် ဂူသချိုင်္င်းတော်

Sittwe, Arkan as tornado crossed:စစ်တွေ တွင် လေ မုန် တိုင်း ဒုက္ခ သည် စ ခန်း များ စွာ ပျက်စီး

လေဆင်နှာမောင် တိုက်ခံခဲ့ရတယ် အောက်ပါ ပုံများ

Total 37 shelters and a primary shool were broken and 5 Rohingya idps got injuries in Dar Paing (Rubber Garden) idp camp,Sittwe,Arkan as tornado crossed at 11:15 PM yesterday 16.7.2014.Injured people are been given treatment in That Key Pyin clinic,Sittwe,Arkan.

ရခိုင်ပြည်နယ် စစ်တွေမြို့ဒါးပိုင်းကျေးရွာ ရော်ဘာခြံ မှာရှိသောဒုက္ခသည်စခန်း စုစုပေါင်း ၃၂ ဆောင် လေဆင်နှာမောင် တိုက်ပြီးပျက်ဆီးသွားတယ်
ကလေး ၃ ယောက်နှင့်လူကြီး ၄ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။

အသက်ကြီးသော်လည်းအချိန်မစီးသော အယ်ဒီတာချုပ် တစ်ဦး (သို့မဟုတ်) မောင်သွေးချွန်

အသက်ကြီးသော်လည်းအချိန်မစီးသော အယ်ဒီတာချုပ်တစ်ဦး (သို့မဟုတ်) မောင်သွေးချွန်

ဇူလိုင် ၁၃ ၊ ၂၀၁၄
M-Media
.ပေးပို့သူ- ပဲပေါက်စီ Dh.P (Satire)

(၂၀၁၄) ဇူလိုင် (၁၁) ရက် သောကြာနေ့ထုတ် အောင်ဇေယျတုဂျာနယ် အမှတ်(၃၀) မျက်နှာဖုံးမှာ “မန္တလေး အဓိကရုဏ်း အတွက် ဆက်ရန်ရှိသေးသော ငြိမ်းချမ်းရေး စာမျက်နှာများ” စာတန်းကြီး တပ်ဆောင်း ပါးကို “ဂျိဟဒ်စစ်ပွဲ ချက်ခြင်းရပ်” ဗီနိုင်းကိုင် သင်္ကန်းခြုံတစ်စု ဓာတ်ပုံနဲ့ တစ်ကွ ဖော်ပြလာပါတယ်။ ဆောင်းပါးရှင်ကတော့ ဂျာနယ်ရဲ့အယ်ဒီတာချုပ် ဆရာကြီး မောင်တွန်းချွန် (အဲ့လေ) မောင်သွေးချွန်ပါခင်ဗျ။

ဘုရားသားတော်လို့ အမည်ခံပြီး ကုလားကုလားအော်နေတဲ့ ဦးပြည်းတုံးသင်္ကန်းခြုံတွေရဲ့ လမ်းပေါ်ထွက် ဗီနိုင်းကိုင် တောင်စဉ်ရေမရ ဆန္ဒပြမှုမြင်ကွင်းတွေကတော့ ဒီနှစ်များ အတွင်း   ပြည်သူတွေအဖို့ ရိုးအီနေပါပြီ။ သိပ်တော့မထူးဆန်းတော့ပါဘူး။ သို့သော်လည်း လတ်တစ်လော ပူပူနွေးနွေး မန္တလေး အရေးကို ခေါင်းစဉ် တပ်ထားတာကြောင့် ကျွန်တော် မောင်ပေါက်စီ အနေနဲ့ ကောက်ကိုင် ဖတ်ရှုလိုက်မိတယ်လေ။

Aung Zay Ya Tu3

မန္တလေးက ဗုဒ္ဓဘာသာဝင် ကိုထွန်းထွန်းဈာပနပို့ဆောင်နေသူတစ်ဦးရဲ့ အချိန်နဲ့တပြေးညီ ဖုန်းဆက်ပြောကြားချက်ဆိုပြီး ခပ်တည်တည်နဲ့ နိဒါန်းပျိုးထားတယ်။ စိတ်ဝင်စားစရာပေါ့။ အရေးအသားက ရိုမန်းတစ်ဘော့တ် ထက်တောင် သာသေးသဗျ။ စာ (၁၄)သို့ ဆိုလို့ အဲ့ဒီစာမျက်နှာကို ဒရောသောပါး ဆက်လက်လှန်ကြည့်လိုက်ပါတယ်။ လံကြုပ်ချွန်တွန်းတွေ လာတော့မယ်ဆိုတာ သိသိကြီးနဲ့ပေါ့ဗျာ။

လူ့စိတ်ကလည်း ခက်သား – ပေါက်လွှတ်ပဲစားတွေကိုပဲ ပိုဖတ်ချင်တာမဟုတ်လားကွယ့်။

အဲ့ – လာပါပြီဗျ။ စလျှင်စချင်း ကိုထွန်းထွန်း သေဆုံးရခြင်းဟာ မွတ်ဆလင်တွေ ခုတ်သတ်တဲ့ပုံစံမျိုး ဒဲ့ကြီးလွှတ်ထားပါလား ဟရို့။  နိုင်ငံတော်ကပင်လျှင် လူသတ်တရားခံကို လက်ပူးလက်ကြပ် ဖော်ထုတ်နိုင်စွမ်းမရှိသေးတာ သူက တပ်အပ်ဆိုနိုင်တယ်ဆိုတော့ ထူးထွေရာတည့်အံ့ရာသော်လို့ အော်ဟစ်ချင်ပါရဲ့။ (တစ်ခုခုတော့ တစ်ခုခုပါပဲနော့)။ ဈာပနအကြောင်းနဲ့ ဆက်စပ်ပြီး ဇာတ်နာအောင် ရေးသားပေမဲ့လို့ တိုင်းသိပြည်သိ အချက်နှစ်ခုကို လုံးဝရှောင်ထားပါတယ်။ ပထမတစ်ခုကတော့ အစ္စလာမ်ဘာသာဝင် ဦးစိုးမင်းလည်း သတ်ဖြတ်ခံရတဲ့ အကြောင်းပါ။ ဦးစိုးမင်းကို အစ္စလာမ်ဘာသာ ထုံးစံအရ နေ့ချင်းတွင်း သင်္ဂြိုလ်ခဲ့တယ်။ ဘာသံမှကိုမထွက် ပကတိအေးဆေးစွာ ပြီးဆုံးခဲ့ကြောင်း မန္တလေးတစ်မြို့လုံး အသိပါ။ ဒုတိယတစ်ခုကတော့ ကိုထွန်းထွန်းရဲ့ဈာပနလိုက်ပို့သူတွေဟာ ဒုတ်ရမ်းဓားကိုင်လို့ မြို့ပတ်သောင်းကျန်းပြီး ပျက်လို ဖျက်ဆီးလုပ်ခဲ့တဲ့ကိစ္စပါ။

ဒါတင်ဘယ်ကမလဲ၊ သေဆုံးကွယ်လွန်သူရဲ့ နောက်ဆုံးခရီးကို ကောင်းမွန်စွာ မပို့တဲ့အပြင် အသုဘယာဉ်ပေါ် လှုံ့ဆော် စာတန်းကြီးလည်း ပြူးပြူးပြဲပြဲ၊ မသာဗန်းပြပြီး ဝေးလေးဝါးလားနဲ့ အောင်သေအောင်သားစား အောင်ပွဲခံနေကြပုံနဲ့တူသေးတော့။ ဒါလည်း တစ်မြို့လုံး မျက်စေ့ရှေ့တင်ဖြစ်ယုံမက အွန်လိုင်း၊ အော့ဖ်လိုင်း မီဒီယာစာမျက်နှာတွေပေါ် ဓာတ်ပုံမှတ်တမ်းတွေ မမြင်ချင့်အဆုံး ငြင်း မရနိုင်တဲ့သက်သေ အထောက်အထားအဖြစ် ပလူပျံနေခဲ့တယ် မဟုတ်လား။ မျက်စေ့နှစ်လုံးရှိပါလျက် တစ်လုံးပဲ အသုံးပြုတတ်သူမို့လည်း အောင်ဇေယျတု ဂျာနယ် အယ်ဒီတာချုပ်အဖြစ် ယုံပုံခန့်အပ်ခံရတာပေါ့လေ။ (တော်ရုံအရည်အချင်းကြီး မဟုတ်ဘူးဆိုတာ … ပေါက် !)

ဆက်ဖတ်ကြည့်တော့ လားလား။ သူတို့မုန်းနေတဲ့ ကုလား(အိန္ဒိယ)နိုင်ငံက နိုင်ငံရေးကို သွားရည် တမြားမြားနဲ့ ဖော်ပြ ထားတာ တွေ့ရပြန်ရော။ ဘာတဲ့ … အမျိုးသားရေးဝါဒီ မိုဒီတို့ အပြတ်အသတ် အောင်ပွဲခံခဲ့ခြင်းဟာ ကမ္ဘာကြီးကိုမျက်လှည့်ပြလိုက်တာ မဟုတ်ပါ။ အမျိုးသားရေးကို မေ့လျော့နေသူတွေ အတွက် နားရွက်ကို တံတွေးဆွတ်ပြလိုက်တာ တဲ့လေ။ ပြီးတော့ မိုဒီဟာ မွတ်ဆလင် ရာနဲ့ချီ  အသတ်ခံရတဲ့ကိစ္စမှာ တာဝန်ရှိပါတယ်လို့ စွပ်စွဲခဲ့ကြပေမယ့်လည်း အမေရိကန်သမ္မတ အိုဘားမား ကိုယ်တိုင် အိမ်ဖြူတော်ကို ဖိတ်ခေါ်ရတဲ့ အမျိုးသားရေးခေါင်းဆောင် ဖြစ်နေပါပြီ တဲ့လေ။ မိုက်ပါ့ မောင်တွန်းချွန်ရယ်။ အမျိုးသားရေးဝါဒီမို့လို့၊ မွတ်ဆလင်ရာချီသတ်လို့ အိုဘားမားက လေးစားစွာနဲ့ ဂုဏ်ပြုပြီးဖိတ်ခေါ်သလိုမျိုး အများပြည်သူကို ယုန်ထင်ကြောင်ထင်ဖြစ်အောင် ရေးတတ် လိုက်တဲ့လက်။ အမေရိကန်ရဲ့ ပြည်ပ ဆက်ဆံရေးမူဝါဒတွေကို နကန်းတစ်လုံးမှ မသိကြောင်း ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတတ်လေခြင်း။ အတွင်းခံမပါပဲ မဏ္ဍပ်တိုင်တက်ပြတဲ့အခါ ခွေးတစီစီဖြစ်ပါလေရော။ (ပေါက်စီ မကြည့်ရက်ပါ၊ ဘဘတွန်းချွန်ရယ်)။

ပုဆိုးလေဟပ် (အဲ့လေ) ထင်တစ်လုံးနဲ့ဘ၀င်လေဟပ်ပြီး ထပ်ရေးလိုက်ပုံလေး – ကောင်းချက်ကတော့ ၉ ပဲဗျာ။ “ကျွန်တော်တို့ မွတ်ဆလင်တွေကို ရာတောင်ချီပြီး ဘယ်တုန်းကမှ မသတ်ဖြတ်ခဲ့ပါဘူး”တဲ့။ ရာဂဏန်းတောင် မသတ်ဘူးဆိုတော့ ဆယ်ဂဏန်းလောက် သတ်ပြီးကြောင်း ရိုက်မစစ်ဘဲ ဖြောင့်ချက်ပေးလိုက်တာပေါ့နော်။ “မွတ်ဆလင်တွေကသာ ဗုဒ္ဓဘာသာဝင် သုံးသောင်းခန့်ကို ရခိုင်မှာ ၁၉၄၂ က သတ်ဖြတ်ပစ်ခဲ့တာ ဖြစ်ပါတယ် ” တဲ့။ အောင်မလေးဗျာ။ ကြည့်လဲလုပ်ဦး ဘဘတွန်းချွန်ရဲ့။ ဘယ်သမိုင်းမှတ်တမ်းမှာမှ မရှိခဲ့တဲ့ အချက်တွေကို ဘယ်ဂျောင်ဂလောင်က ဆွဲထုတ်ရေးပြနေပါလိမ့်။ အဲ့ – ပေါက်စီ မှတ်မိသမျှတော့ အဲ့ဒီခုနှစ်သက္ကရာဇ်ကြီးက ဖက်ဆစ်ဂျပန်တွေ ၀င်ရောက် စိုးမိုးနေတဲ့ ခေတ်ကြီးလေဗျာ။ ခင်ဗျားကလောင်နဲ့ ဂျပန်တွေကို မွတ်ဆလင်ဇာတ်သွင်းပေးလိုက်တာ တယ်ပိရိသကိုး။ ဘဘ တွန်းချွန်တစ်ယောက် ထောက်လှမ်းရေး အကြီးအကဲသာဖြစ်ခဲ့ရင်ဖြင့် ကျုပ်တို့ရဲ့ အမိမြန်မာနိုင်ငံကြီး တွေးရဲစရာ မရှိအောင် ဗြောင်းဆန်ကုန်တာ ကြာလှပေါ့လေ။

မျက်မှောက်ကမ္ဘာ့ရေးရာနဲ့လည်း ကျွမ်းဝင်တဲ့ဗဟုသုတဟင်းလေးအိုးယောင်ယောင်လုပ်ပြီး မဆီမဆိုင် ပါလက်စတိုင်း-အစ္စရေးကိစ္စကိုလည်း ဆွဲခင်းပြလိုက်သေး။ သူတို့ဖာသာ ဟိုဖက်မှာဖြစ်ပျက်တဲ့ကိစ္စက မြန်မာ့ပြည်တွင်းရေးနဲ့ ဘယ်လိုပတ်သက်လို့ ဆွဲချိတ်နေရ ပါလိမ့်လို့ တွေးမိပါရဲ့။ ပလေးဘွိုင်း မဂ္ဂဇင်းကို ကြည့်ရင်း ပုတီးစိပ်ပြနေသလိုမျိုး ဖြစ်မနေဘူးလား ဘဘအယ်ဒီတာကြီးခင်ဗျား။ ဘဘရဲ့ပထွေးအစ္စရေးက ပါလက်စတိုင်းကို နင်းနေတဲ့ ဥပမာယူပြချင်လို့ အဓမ္မဆွဲခေါ်နေတာကို ဆက်ရေးလိုက်တာက “ဗုဒ္ဓဘာသာဝင်တွေရဲ့ တုံ့ပြန်မှုဟာ အစ္စရေးလောက် မပြင်းထန်သေးပါဘူး” ဆိုတော့ကာ “အစ္စရေးနီးပါးလောက် အနည်းငယ်လျှော့ပြီးပြင်းထန်မယ်” လို့ ဆိုလိုလိုက်တာပေါ့နော်။ ဘယ်သူဟာ “စစ်သွေးကြွ” ဆိုတာ စကားထဲက ဇာတိပြနေပါပြီ။

အဆုံးသတ်မှာတော့ သူခိုးလူဟစ်လိုက်ပုံများ ရိုးရိုးမဟစ်ဘူး၊ လော်စပီကာကြီး တပ်လိုက်သေးရဲ့။ “ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်တွေ အတူယှဉ်တွဲပြီး ငြိမ်းချမ်းစွာနေနိုင်ဖို့ ကျွန်တော်တို့ အမျိုးဘာသာ သာသနာကို ဘယ်တော့မှ မထိပါး မစော်ကားပါနဲ့” တဲ့လေ။ ဘဘတွန်းချွန်(သေကာနီး အရွယ်မို့လို့ ဘဘလို့ ခေါ်တာ စိတ်မဆိုးပါနဲ့ခင်ဗျာ) ပုဆိုးကွင်းသိုင်းအရွယ်တုန်းကတည်းက ခုထက်ထိ မြန်မာပြည်မှာ ဘာသာစုံလူမျိုးစုံ အတူယှဉ်တွဲ ငြိမ်းချမ်းစွာ နေတဲ့မြင်ကွင်းမျိုး မမြင်ခဲ့ဖူးလို့လား၊ ဒီလိုမြင်ကွင်းမျိုး ခုချိန်မှာရော မရှိလို့လား၊ ဒါမှမဟုတ် ခင်ဗျားတို့ လက်တစ်ဆုပ်စာလူစုက မမြင်တွေ့ချင်တာနဲ့ ကျန်သူတွေအားလုံးကို ကန်းခိုင်းနေတာလား လို့ မေးမြန်းလိုက်ပါရစေ။ တစ်ခါ – ထိပါးခြင်း၊ စော်ကားခြင်း ဆိုတဲ့ဝေါဟာရရဲ့ အဓိပ္ပာယ်ကို အယ်ဒီတာကြီး သိရောသိရှိပါသလား။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ် ပဲပေါက်စီဟာ ဒီနေ့ ဒီအရွယ်အထိ မူဆလင်ထဲကဖြစ်စေ၊ ခရစ်ယာန်ထဲကဖြစ်စေ၊ ဟိန္ဒူထဲကဖြစ်စေ (ခင်ဗျားတို့စကားအရ အခြားဘာသာဝင် တစ်ခုခုကဖြစ်စေ) ဗုဒ္ဓဘာသာကို မိုက်ရိုင်း ရုန့်ရင်းကြမ်းတမ်းသော အသုံးအနှုန်းစာသားတွေနဲ့ အများပြည်သူရှေ့မှောက်မှာ ဆိုင်းဘုတ်ထောင်ပြ၊ ဟစ်အော်ပြတာမျိုး တစ်သက်တစ်ကိုယ် မကြုံဖူးသေးလို့ပါ။

ဗုဒ္ဓဘုရား သားတော် အမည်ခံထားတဲ့ လူစုလူဖွဲ့များကသာလျှင် “သားဖောက်နှုန်းမြန် အစ္စလာမ်၊ တိရစ္ဆာန်ဝါဒ ဆန့်ကျင်ကြ” ဆိုတဲ့ စာသားကို မျောက် အုန်းသီးရသလို ဗီနိုင်းတကိုင်ကိုင်နဲ့ မြိန်ရည်ယှက်ရည် စားသုံးမှီဝဲပြလိုက်တာကတော့ ၂၁ ရာစုအတွင်း ကမ္ဘာအကျော်ဆုံး လုပ်ရပ်တစ်ခုထဲ အပါအ၀င် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒါ ဘဘတွန်းချွန် ရည်ညွှန်းရေးသားတဲ့ ထိပါး၊ စော်ကားမှုပဲ မဟုတ်ပေဘူးလား။ သို့မဟုတ် ခင်ဗျားတို့ ခံယူထားတဲ့ ယဉ်ကျေးမှုပဲလားဆိုတာ ဖြေကြားလိုက်ပါဦးလေ။

မသာတစ်ခုအရင်းပြုပြီး အမုန်းတရားအခြေတည်သွေးထိုးလှုံ့ဆော်စာတွေရေးရင်း အသက်ကြီးသော်လည်း အချိန်မစီးစွာနဲ့ ဘုံဘ၀ မပြောင်းသွားပါစေနဲ့လို့သာ ပြောကြားလိုက်ပါရစေတော့။

အလင်္ကာ အကြော်ဆရာ ပဲပေါက်စီ  Dh.P ( Satire )

မှတ်ချက်။   ။ M-Media သို့ စာရေးသူမှ ပေးပို့လာသောဆောင်းပါးဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သေတမ်းစာတဲ့…ဖတ်ပြီးမျက်ရည်တောင်ကျတယ်..

ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြ……..

(အလွန်လေးစားဂုဏ်ယူမိပါတယ် အမေရယ်..ကြီးမြတ်လွန်းတဲ့ စိတ်ဓါတ်ပါဘဲ) ချစ်မေမေဒေါ်စု ရဲ့သေတမ်းစာလေးကိုအားကြမိပါတယ်ခင်ဗျာ

 

*ဘဝ ဟူသည်

တိုတောင်း လှပေစွ.

ကန်ရေပြင်၌ တက်သော

ရေပွက်မျှသာ ဖြစ်တယ်။*

 

*ကွေးသောလက်များ

ဆန့် မသွားမီ

မတည် သော အသက်

ခန္ဓာ ဟူသည်

ဇာတိ ဇရာ မရဏ

သောက ပရိဒေ၀ အနိစ္စ

အမြဲမှန်ကန်သော အရာ

မမြဲခြင်းသာ ဖြစ်တယ်။

ဘုရားရှင်သော်မှ မလွှဲနိုင်တဲ့တရား.

အနိစ္စ သေဆုံးခြင်း၏ တရား။*

*တနေ့ တချိန်

လေမှာလွင့်သော..ပွင့်ချပ်ငယ်နှယ်

ကျွန်မ သေဆုံးပါလိမ့်မယ်။

ကျွန်မ အသက် လူကြီးအရွယ်

သွားရမဲ့လမ်း ပြင်ဆင်ခဲ့ပါတယ်။*

 

*ကျွန်မ ကိုယ် ကျွန်မ

ဖေဖေ့လို အာဇာနည်လို့ မယူဆပါဘူး။

အမှန်တရားနဲ့ တရားဥပဒေသာ

မြတ်နိုးပါတဲ့ သာမန်လူ

မြန်မာအမျိုးကောင်းစားရေးကို

ရှေးရှူသူသာဖြစ်တယ်။*

 

*အကယ်၍ ကျွန်မ သေလွန်တဲ့အခါ

မငိုပါနဲ့  မပူဆွေးကြပါနဲ့ 

ကြီးကြီးကျယ်ကျယ် ဈာပနပွဲ မလုပ်ကြပါနဲ့ ။

 

ကျွန်မ ကိုချစ်သူ မချစ်သူ

မည်သူမဆို လာရှူနိုင်တယ်

ပုပ်ပွ ဖူးယောင် လူသေကောင်၏

မျက်မြင်မုချ အသုဘ ကမ္မဌာန်း..

အိုနာ သေခြင်း၏ မမြဲသောလမ်း။*

 

*ကျွန်မ သေဆုံးပြီးနောက်

ချန်ထားခဲ့ပါရစေ။

ကျွန်မ၏ အထွဋ္ဋ်မြတ်သော ဆံပင်

ရွှေတိဂုံဆံတော်ရှင်သို့ လှူဒါန်းပါ။

 

ကျွန်မ၏ မျက်ကြည်လွှာ..

အလင်းမရသူကို လှူဒါန်းပေးပါ။

 

ကျွန်မ၏ နှလုံးသား..ကျောက်ကပ်

အသည်း ကလီဇာများ

ကောင်းသေးပါက လိုအပ်သူများအားလှုဒါန်းပေးပါ။*

*မသာတစ်ခေါက် ကျောင်းဆယ်ခေါက်

နာရေးကူညီသော စေတနာရှင်

စင်ကြယ်သောကုသိုလ်နဲ့ ကိုကျော်သူ

ကျွန်မ အသက်မဲ့ ခန္ဓာ ကို လှူပါတယ်။

ဖုတ်ကျည်းသင်္ဂြိုလ်ပေးပါ။*

 

*ပုပ်ပွလာမဲ့ ခန္ဓာအား

မီးသင်္ဂြိုလ်ပြီး..

ရလာသောခန္ဓာ၏ ပြာမြေဇာ

အပင်တို့ အတွက် မြေသြဇာကြွေးပေးပါ။*

 

*နောင်လာနောက်သားများအတွက်

ကျွန်မ၏ နေအိမ် (သို့ ) ကျမ၏အကျဉ်းထောင်

အင်းစိန် ထောင်ခွဲ

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း

အောင်ဆန်းစုကြည်၏ ပြတိုက်အဖြစ်

ကျွန်မ၏ အသုံးအဆောင်..စာအုပ်

တီးသူမဲ့သော စန္ဒယား

ကျွန်မ၏ မြန်မာ အ၀တ်အစား

ရိုးသားသော မြန်မာအမျိုးသမီး၏တန်ဖိုးများ.

နောင်လာနောက်သားများရှူမြင်စေ။*

 

*ကျွန်မ၏ ကျန်ရစ်သော ဘဏ်ငွေသားအနည်းငယ်။

ကျွန်မ၏ ဈာပန စရိတ် နှင့်

ဆင်းရဲသော သံဃာအိုများ အတွက်ကျန်းမာရေး

ဇီဝိတဒါန ဆေး အလှု

ကွယ်လွန်သူ မိဘများ အမှုထား၍

ကျွန်မနှင့် ကွယ်လွန်သော ခင်ပွန်းအတွက်

သားများမှရေစက်ချ..အမျှဝေစေချင်ပါတယ်။*

 

ကျွန်မ ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုငွေသား

$1.3 million အား

ကိုယ်ကျိုး အတွက် မသုံးစွဲ

တပြားမချန် မြန်မာပြည်သူများအတွက်

ကျမ်းမာရေးနဲ့ ပညာရေး ရံပုံငွေ

လှုဒါန်းခဲ့ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာကြပါစေ။

 

ကြား ကြားသမျှ အမျှ အမျှ အမျှ ယူတော်မူ။*

 

*အမျိုးအတွက်ထားတဲ့ အမေ့ရဲစေတနာကို

နားလည် ပါရမီဖြည့်ပေးသူ သားများ

အမေဘ၀မှာ မွေးရကျိုးနပ်ပါတယ်။

အမေ့ဘ၀အတွက်အကောင်းဆုံး

ဘုရားပေးသောဆုလာဒ်

ဒီသားများသာ ဖြစ်ပါတယ်။*

 

*ဒီ သားများ အတွက်..

အမေ မွေးခဲ့သောဇီဝိတ အသက်

အဖေပေးခဲ့သော ပညာ မှတပါး

အခြားပေးရန် စည်းစိမ် အမွေ မရှိ။

စိတ်ဓါတ်နှင့်ကြံ့ခိုင်သောမျိုးရိုး၏အမွေ

အောင်ဆန်းမျိုးရိုး..ဆက်ကျန်နေပါစေ။*

 

*အတူနေ မမဒေါ်ခင်ဝင်းနှင့် သမီးများ

ကျွန်မအား စောင့်ရှောက်သောကျေးဇူး

အထူး မမေ့ပါ။ ကျေးဇူးတင်ပါတယ်။*

 

*ဆေးဝါး ကုသပေးသော

မောင်ငယ် ဒေါက်တာတင်မျိုးဝင်း

သမားစိတ်ရင်း ကြောင့် ကျမ အသက်ရှည်..

ကျေးဇူးဆပ်စရာ ပစ္စည်းမဲ့သူ ကျမ

ဦးချပြီး.ဆပ်ပါရစေ။*

 

*ပြည်တွင်းပြည်ပ..

ကျွန်မကို ချစ်ခင်ကြသော

ကျွန်မကို အားပေးကြသော..

မိတ်ဆွေ သင်္ဂဟ

သိသူ မသိသူ မှန်သမျှ

ကျွန်မပြုသောကုသိုလ် အဖို့ ဘာဂ ဝေမျှပါတယ်။

ရွှင်လမ်းကြစေ။*

 

*ကျွန်မ၏ တဦးတည်းသော ချစ်ရသောအကိုကြီး.

သွေးသားစပ်သူ ဦးအောင်ဆန်းဦး အတွက်..

ကျွန်မ အဖေ၏ ပန်းချီတချပ်..

သူမသေခင်..ခေါင်းရင်းမှာ ချိပ်ဖို့ ပေးအပ်ခဲ့တယ်။*

 

*အနှစ် ၂၀ သက်တမ်းရ.သက်တော်ရှည်

အဝေးရောက် ၀န်ကြီးချုပ်

ကျွန်မ၏ တ၀မ်းကွဲမောင် ဒေါက်တာစိန်ဝင်း..

ကျွန်မရဲ့ အနှစ် (၂၀) အချုပ်ကာလအတွင်း

ကျွန်မ ရတဲ့ဆုတွေလက်ခံတဲ့အခါ စင်ပေါ်တက်

မျက်နှာပြ ဖော်ရပေးတာ

အထူးကျေးဇူး တင်ပါတယ်။*

 

*ဖေဖေ့မျက်နှာနဲ့ 

ကျွန်မအပေါ်..မရှိတဲ့ အပြစ်ကိုတင်.အကွက်ဆင်

အတင်းထောင်ချ..သပ်သျှို ပြန်ကယ်ပြတဲ့

အတုယူ ချီးမွမ်းထိုက်ပါသော

မှုးကြီးသန်းရွှေရဲ့ မေတ္တာ စေတနာ

မှတ်ကျောက် စာထိုးခဲ့ပါတယ်။

ကလိမ်ခြုံ နအဖ၏ ဂန္ဓ၀င်မိချောင်းမျက်ရည်။*

 

*ကျွန်မ မခေါ်ဘဲ အလည်တဲ့ဧည့်သည်.

ကျွန်မ အသက်ဘေးအတွက် သူ စိုးရိမ်တယ်။

မောပမ်း မေ့လဲနေသော ဆီးချိုလူနာသည်သူ

ပုတုဇ္ဇနော ဥမ္မတကော အဆိုရှိ

တကယ်မှန် မှန် မမှန် မှန်..

ဟုတ်သော်ရှိ မဟုတ်သော်ရှိ

ခမြာ..စေတနာနဲ့ သတိပေးရန်ကြံတဲ့အတွက်

သူ၏ ထားရှိသော ဂရုဏာ စေတနာ

ကျေးဇူးတင်ပါထိုက်ပါတယ်။*

 

*ကျွန်မ သွားတဲ့အခါ..

တရား သံဝေဂရ..

မျက်ရည် မကျုကြပါနဲ့ ။

မပြီးဆုံးသေးတဲ့ ကျွန်မရဲ့ဝတ္တရား

ကျရာနေရာ ကူညီပါဝင် ဖြည့်ဆည်းပေးကြပါ။

 

ကျွန်မ အတွက်ထားတဲ့ ချစ်မေတ္တာ

တိုင်းပြည်အမျိုးအတွက်

လက်ဆင့်ကမ်းကြိုးစားပေးပါ။

 

အဖေ ပေးခဲ့တဲ့ လွတ်လပ်ရေး

ကျွန်မ လက်ထက်မှာ မရသေးခင်

ကျွန်မ သေလွန်ခဲ့ပါလျှင်

ကျွန်မ ကိုယ်စား တာဝန်ဆက်ယူပေးနိုင်စေ.

 

တနေ့ မှာ..ဒေါင်းမျိုးနွယ်ဆက်

ပြန်ခေါင်းထောင်ထကြပါစေ

ဒို့  မြန်မာအမျိုး..သိက္ခာ မျိုးနွယ်ဆွေ။

မွတ်စလင်တွေဘာလုပ်သင့်လဲ

ဒေါ်စုကို ကျနော်တို့ မွတ်စလင်တော်တော်များများ စိတ်နာနေကြပါတယ်။ဒေါ်စုကို ကျနော်တို့ စိတ်နာနေတဲ့အချက်တွေထဲမှာတော့ …

(၁) ဒေါ်စုဟာ မွတ်စလင်တွေ အသတ်ခံရတဲ့အရေးနဲ့ ပတ် သတ်ပြီးရေငုံနှုတ် ပိတ်နေခဲ့ပါတယ်။ မွတ်စလင်အရေးတစ်ခုထဲနှုတ်ပိတ်နေခဲ့တာမဟုတ်ပဲ ကချင့်အရေးမှာလည်း နှုတ်ပိတ်နေခဲ့ပါတယ်။ ဒါကြောင့် ဒေါ်စုကို ကျနော်တို့ ထောက်ခံလိုစိတ်မရှိကြဘူး။

(၂) ဘီဘီစီ အင်တာဗျူးမှာဒေါ်စုဟာ ကမ္ဘာတစ်ခုလုံးကိုတုန်လှုပ်သွားစေတဲ့ စကားမျိုးပြောခဲ့တယ်။ တစ်ကမ္ဘာလုံးက မီဒီယာတော်တော်များများနဲ့ လူ့ အခွင့်အရေးအဖွဲ့ အစည်းအများအပြားဟာ မြန်မာနိုင်ငံမှာ မွတ်စလင်တွေ အပေါ်လူမျိုးသုဉ်းသတ်ဖြတ်နေတယ်လို့ ဖော်ပြနေတဲ့အချိန် ဒေါ်စုဟာ ဘီဘီစီနဲ့ အင်တာဗျူးမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုမရှိဘူးလို့ ဗြောင်ငြင်းဆန်ခဲ့တယ်။ လူနည်းစုအခွင့် အရေးနဲ့ ပတ်သတ်ပြီး   ဒေါ်စုဟာ အများကြီးပျက်ကွက်ခဲ့တယ်။ အသံမထွက်ခဲ့တာတွေရှိတယ်။ ဒါပေမယ့် အသံထွက်ခဲ့တာတွေလည်းရှိပါတယ်။

ရခိုင်ပြည်နယ်အစိုးရက ရိုဟင်ဂျာတွေအပေါ်မှာ တစ်အိမ်ထောင်ကလေးနှစ်ယောက်မူဝါဒချမှတ်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည်က ဒီမူဝါဒဟာ လူ့ အခွင့်အရေးချိုးဖောက်တဲ့ မူဝါဒဖြစ်ကြောင်း   ပေါ်ပေါ် ထင်ထင်ဝေဖန် ခဲ့ပါသေးတယ်။ ထားပါလေ ဒါဟာ ဒေါ်စုကိုအားကိုးရလောက်တဲ့ လေသံမျိုး ပြောစကားမျိုးတော့မဖြစ်ခဲ့ပါဘူး။ဒါပေမယ့် ဒီအချိန်နိုင်ငံရေးလမ်းကြောင်းမှာ မွတ်စလင်တွေ အနေနဲ့ ဒေါ်စု အပြင် တခြား ဘယ်သူနဲ့ မဟာမိတ်ဖွဲ့ စရာရှိလဲ။ ကျနော်စဉ်းစားမိပါတယ်။ ရွေးကောက်ပွဲနီးလာတာနဲ့ အမျှ ကြံ့ဖွတ်ကလည်း စည်းရုံးမှုတွေရှိနေပါပြီ။ ဗလီတွေပြင်ပေး မယ်၊ ကျောင်းတွေဖွင့်ခွင့်ပေးမယ်၊ ပိတ်ထား တဲ့ဗလီတွေဖွင့်ပေးမယ် စသင်ြ့ဖင့် မဲဆွယ်စည်းရုံးတာတွေရှိနေပါပြီ၊ ရှိလဲရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကတိအတိုင်း အတိအကျလုပ်ပေးခဲ့ တာတော့ဘာ မှမရှိခဲ့ဘူး။ ပြီးတော့ ဒေါ်စုက ကျနော်တို့ ဘက်က ဘယ်လိုမှမပါခဲ့ပဲ ရေငုံနှုတ်ပိတ်နေခဲ့ပေမယ့် ကျနော်တို့ အပေါ်ယုတ်မာခြင်းတော့မရှိသေးဘူး။ကြံ့ဖွတ်ရဲ့ ယုတ်မာရက်စက်ခြင်းကတော့ ကျနော်အထူး အထွေမပြောတော့ဘူး။

ဒီပိုစ်ရေးရခြင်းဟာ ဒေါ်စုကိုထောက်ခံဖို့ ပြောနေခြင်းမဟုတ်ဘူး။ ကျနော်တို့ တွေအများစုဟာ ဒေါ်စုကိုခါးခါးသီးသီးနဲ့ ကြံ့ဖွတ်တွေ၊ မဘသတွေ၊ ၉၆၉တွေကို မုန်းသလိုတစ်တန်းတစ်စား ထဲထားနေ လို့ ပြောနေတာပါ။ ၄၃၆ပြင်လိုက်ရင် ဒေါ်စုသမ္မတဖြစ်သွားလိမ့်မယ်ဆိုတဲ့ အတွေးကလည်းရှိနေတယ်။ ဒါနဲ့ ပတ်သတ်ပြီး ၄၃၆ကိုမွတ်စလင်တွေ ဘာကြောင့်ပြင်ဖို့ လက်မှတ်ထိုး သင့်သလဲဆိုတာလဲ ကျနော်ရှင်းပြခဲ့ပြီးပါပြီ။ http://goo.gl/TXfNx7ကျနော့်အတွေးကတော့ဗျာ၊ ကြိုက်တဲ့လူသမ္မတဖြစ်၊ လက်သင့်ခံလိုက်မယ်။

ကြံ့ဖွတ်နဲ့ စစ်ဝတ်စုံချွတ်ထဲကလူ သမ္မတဖြစ်လို့ တော့မရဘူး။ ကြံ့ဖွတ်သာသမ္မတဆက်ဖြစ်ခဲ့ရင် ကျနော်တို့ တွေ ဒီအကြမ်းဖက်ခံရခြင်းဝင်္ကဘာထဲကလွတ်မြောက်ဖို့ မရှိဘူး။ ပုံစံအမျိုးမျိုးနဲ့ ဖန်တီးနေဦး မှာပဲ။ ဒေါ်စုသမ္မတဖြစ် ဖို့ အတွက်ထောက်ခံဖို့ လည်း အချက်သုံးချက်အပေါ်မှာ မူတည်ပြီးလက်ခံဖို့ စဉ်းစားထားပါတယ်။(၁) တရားဥပဒေစိုးမိုးရေး(၂) လူမျိုးစုံ၊ ဘာသာစုံ တန်းတူညီမျှ အခွင့် အရေး/ နိုင်ငံသားအခွင်းအရေးပြည့်ဝစွာ ရရှိရေး (အခြေခံဥပဒေမပြင်ဆင်ပဲ မဖြစ်နိုင်)(၃) အလုပ်အကိုင်အခွင့်အလမ်းများ လူတိုင်းစေ့နီးပါးရရှိရေး… ဆိုတာပါပဲ။

ဒီအာမခံချက်မျိုးဟာ ကျနော်တို့ မွတ်စလင်တွေအတွက်အရေးအကြီးဆုံးလိုအပ်တာပါပဲ။ မွတ်စလင်မှမဟုတ်ပါဘူး၊ လူနည်းစုတိုင်းအတွက်အရေးကြီးပါတယ်။ဒေါ်စုကိုခြေစုံပစ်ထောက်ခံဖို့ မဟုတ်ဘူး။ လက်ရှိအချိန်မှာ ဒေါ်စုရွှေ့ နေတဲ့နိုင်ငံရေးအရွေ့ ထဲကို ပါးပါးနပ်နပ်နဲ့ ကျနော်တို့ မွတ်စလင်တွေလိုက်ပါသွားဖို့ လိုအပ်တယ်။ ကျနော်အမြဲတမ်းသတိပေးသလို ဘယ်သူ့ ကိုမှမထောက်ခံရင်နေပါစေ၊ ကြံ့ဖွတ်ကိုတော့ လုံးဝ လုံးဝမထောက်ခံမိစေနဲ့ ၊ မယုံမိစေနဲ့ ဗျာ။ ကြံ့ဖွတ်နဲ့ အပေးအယူမလုပ်မိစေနဲ့ ၊ ကြံ့ဖွတ်လက်ကိုင်ဒုတ်မဖြစ်မိစေနဲ့ ။(စတီဗင်)

Posted 13 hours ago by anwarmobarak

” အို…အိုမ္မာခရမ် ( Omar Khayyám ) ( ၁ )”

https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-xpf1/t1.0-9/p320x320/10511146_679245835458549_9054153749263211477_n.jpg

“တရုတ်လူမျိုးတွေ မတ်မတ်ရပ်ကြ၊ အင်အားရှိအောင် ကြိုးစားကြ”ဟု မော်စီတုန်း က ကမ္ဘာကို အသိပေးလိုက်သကဲ့သို့ အယာတိုလာကလည်း ခေတ်သစ် မွတ်စလင်ထုကို ရှေ့ဆောင် လမ်းပြသူ ဖြစ်ခဲ့
လေသည်။

“ဘုရားသခင်၏ နိမိတ်” ဟု အဓိပ္ပယ်ရသော ” အယာတိုလာ” ဘွဲ့ချီးမြှင့်ခြင်းခံရသည့် ထိုပုဂ္ဂိုလ်မှာ ၁၉၇၉ ခုနှစ်မှာ အီရန် တော်လှန်ရေး( Iranian Revolution ) ကို ဦးဆောင်ခဲ့သူ ဓမ္မဆရာ တဦးဖြစ်သည့်
“အယာတိုလာ ရူဟိုလာ ခိုမေနီ” ( Ayatollah Ruhollah Khomeini 24 September 1902 – 3 June 1989) ပင် ဖြစ်ပေတော့သည်။ကမ္ဘာပေါ်ရှိ ရှီယာ မွတ်စလင် သန်းပေါင်းများစွာက သူ့ကို ကိုးကွယ်ခဲ့ကြသလို အစ္စလာမ် အခြေခံဝါဒအား ပြန်လည် ထူထောင်သူ ပရောဖက်( prophet ) ဟုလည်း သတ်မှတ်ကြသည်။

စည်းကမ်းတင်းကျပ်သည့် ဘာသာရေး ခေါင်းဆောင်တဦးဟု အများကသိထားသလို အနောက်အုပ်စုကတော့ နိုင်ငံရေးသမား မဟုတ်ဟုယူဆထားသူဖြစ်သည်။ သို့သော် သူ့အကြောင်း သေသေချာချာလေ့
လာထားသူတွေကတော့ အခြေအနေရ တင်းကျပ်မှုအချို့ရှိခဲ့သော်လည်းလွတ်လပ် အတွေးအခေါ်ရှိ ဖီလိုဆိုဖာ ပလေတို ( Plato ; 424/423 BC – 348/347 BC) ၏ ဒဿ န တွေကို ကြေညှက် စွာ လေ့ လာထားသူဖြစ်သလို နိုင်ငံရေး မှာလည်း ဩဇာတိက္ကမ ကြီးမားသည့် နိုင်ငံရေး သန္ဓေ ရှိနေပြီးသားဖြစ်သည်ကို သိကြသည်။

ဒီနေရာမှာ အလျင်းသင့်လို့ ပါရှန် ( Persian ) လူမျိုးတို့၏ ဘာသာရေးခံယူချက် တစေ့တစောင်း နှင့် ရာဇဝင် အနည်းအကျဉ်းကို ပြောပြမှ ပြည့်စုံမှာမို့ ရှင်းပြပါရစေ။

တခါက ရေးခဲ့ဘူးသလို “ဘီဒူဝင် အာရပ်” တို့ဟာ ဘာသာရေးအကြောင်းပြပြီး စစ်ပွဲများ ဆင်နွှဲခဲ့ကြသော်လည်း အုမ္မေယာဒ် မင်းဆက်( Umayyad Dynasty ) ကို တည်ထောင်သည်က စ၍ ဘာသာရေး
ကိစ္စသည် အဓိက မဟုတ်တော့ နိုင်ငံရေး ကိစ္စသည်သာ အဓိက ဖြစ်လာတော့သည်။ သို့ဖြစ်သောကြောင့်လည်း ဘာသာရေးထက် ငွေ နှင့် အာဏာသည် ဘီဒူဝင် အာရပ် ကမ္ဘာမှာ ရှေ့တန်း သို့ ရောက် ရှိခဲ့ကြပြီး အမေရိကန် ကို ပထွေးတော်နေရသည့် ဘဝ ယနေ့ကျရောက်နေခြင်းဖြစ်သလို “အာရပ် နွေဦး” လှိုင်း တိုက်ခံရသည့် အခါ အခြေမခိုင်သည့် အခြေ အနေကြောင့် တနိုင်ငံပြီး တနိုင်ငံ ကျဆုံး သွားရခြင်းဖြစ်သည်။

တကယ်တန်းပြောရရင် ဘီဒူဝင် အာရပ်တွေထက် စာလျင် ပါရှန်တို့ကဘာသာရေး ကိုင်းရှိုင်းကြသည်ဟု မြင်သည်။ ပါရှန်များ အစ္စလာမ်ဘာသာဝင် ဖြစ်လာပြီးနောက် သူတို့ အစ္စလာမ် ဘာသာကို ခံယူကြပုံ
မှာ ပိုပြီး စိတ်ဝင်စားဖွယ် ကောင်းသလို ကိုင်းရှိုင်းရာတွင်လည်း အာရပ်များထက်သာသည်။ အစ္စလာမ် ဘာသာကို ခံယူရာတွင်လည်း အာရပ်တွေလို နိုင်ငံရေး အသုံးချလိုမှုထက် ဒဿ န ဆန်ဆန် လက်ခံခဲ့ကြသည်။

အေဒီ ၆၆၁ ခုနှစ်တွင် မုဟာမ္မာဒ် သခင်၏ သမက် ဖြစ်သူ အလီ ( Alī ibn Abī Ṭālib (Arabic: علي بن أبي طالب ၊September 20, 601 or July 17, 607 or 600 – January 27, 661 ) ကွယ်လွန်
ပါသည်။ ဤတွင် အစ္စလာမ် ဘာသာနှစ်ခြမ်း ကွဲလေသည်။ ဆွန်နီ နှင့် ရှီယာ ဟူ၍ ဖြစ်လာသည်။ ဆွန်နီ မွတ်စလင်များက လူများစု၊ ရှီယာ ( ရှအာ ဟုလည်း ခေါ်သည် ) များက လူနည်းစုဖြစ်သည်။ ရှီယာ များမှာ အလီ သခင်၏ နောက်လိုက်များ ဖြစ်ကြပြီး ပါရှန် ပင်လယ်ကွေ့ကိုရှီယာများက စိုးမိုးခဲ့ကြသည်။ ပါရှန်များက အုမ္မေယာဒ် မင်းဆက်ကို တွန်းလှန်လိုက်ကြပြီးနောက် အဘာဆစ် မင်းဆက် ( Abbāsid Dynasty ) ကို ထူထောင်ခဲ့ကြသည်။မြို့တော်ကို ဒမတ်စကတ်မြို့မှ ဘဂ္ဂဒတ်မြို့သို့ ရွှေ့ပြောင်းစဉ်က စခဲ့သည်။ဤ မင်းဆက်သည် အေဒီ ၁၂၅၈ ခုနှစ် “မွန်ဂို” ကျူးကျော်မှုဖြစ်မှ ပျက်သုဉ်းခဲ့သည်။

အဘာဆစ် မင်းဆက် များအနက် အထင်ရှားဆုံး ခေါင်းဆောင်မှာ ဟာရွန် အာလ် ရာရှစ်( Harun al-Rashid ၊ Arabic: هارون الرشيد}; Hārūn ar-Rashīd) (17 March 763 or February 766 — 24
March 809) ဖြစ်သည်။ သူသည် အင်္ဂလန် ဘုရင် ချားလ်မိန်းနှင့် မိဖုရား အိုင်းရင်းတို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ သူ့ အကြောင်းကို အာရေဗျ ညများဆိုသည့် “တစ်ထောင့် တစ်ည” ပုံပြင်များကြောင့်  လူသိများ သည်။ သူ့ လက်ထက်တွင်အစ္စလာမ် အင်ပိုင်ယာ ကြီးပွါးတိုးတက် ခဲ့သည်။ အနောက်ဘက် ဂျီဘရော်တာ အငူ မှအရှေ့ဘက် အိန္ဒု မြစ်ဝှမ်း အထိ ကျယ်ဝန်းခဲ့သည်။ သို့သော် သူသည် ဘုန်းကြီးသော်လည်း အသက်မရှည်ခဲ့ပါ။ အဘာဆစ် မင်းဆက်မှ နောက်ဆုံး ခါလီဖာခေါင်းဆောင်ကို ၁၂၅၈ တွင် မွန်ဂို လူမျိုးများ သတ်၍ သေဆုံးခဲ့ရသည်။

အာရပ်တို့၏ နယ်ချဲ့ စစ်သမိုင်းတွင် ဆီးရီးယားကို အောင်နိုင်သောအခါ ထိုသူတို့သည်ဆီးရီးယား လူမျိုးများထံမှ တဆင့် ဂရိ အတွေးအမြင်များကို သိရှိခွင့် ရကြလေသည်။ အာရပ်တို့သည် ပလေတို ၏ အတွေးအခေါ်ထက် အာရစ္စတိုတယ် ( Aristotle 384–322 BCE) ၏ အတွေးအခေါ်ကို ပိုပြီး အဆင့်မြင့်သည်ဟု လက်ခံခဲ့ကြသည်။

နောက်နေ့ဆက်ရေးပါဦးမည်။

*( ဤ ဆောင်းပါး အချက်အလက် မှတ်တမ်းအား တောင်းဆိုသူ မိတ်ဆွေ အချို့ ကြောင့် ရေးပါသည်။)

.စာရေးသူ Andrew Soe ၏ Int’l ရှုဒေါင့်ဖြင့် ရေးထားသော ဆောင်းပါးအား မြန်မာမွတ်စလင်မ်မီဒီယာမှ ပြန်လည်ကူးယူဖေါ်ပြပါသည်။ ဆောင်းပါးပါ အကြောင်းအရာများသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်

ရိုဟင်ဂျာကို ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှု အဆုံးသတ်ဖို့ မြန်မာအစိုးရကို OIC တောင်းဆို

Friday, June 20, 2014

RFA Burmese: – ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေဖြစ်ပွားခဲ့တာ ၂ နှစ်ကျော် ကြာခဲ့ပြီဖြစ်ပေမယ့် နှစ်ဘက်ဒုက္ခသည်တွေရဲ့ အခြေအနေတွေ တိုးတက်မှု မရှိသေးဘူးလို့ မြန်မာနိုင်ငံ ဆိုင်ရာ   ပြင်သစ်သံအမတ်ကြီး Mr. Thierry Mathou က ပြောပါတယ်။

– မြန်မာနိုင်ငံဟာ ဒုက္ခသည် ၅ သိန်းနီးပါးနဲ့ ကမ္ဘာ့ဒုက္ခသည် အများဆုံးနိုင်ငံစာရင်း အဆင့် (၆) မှာ ရှိ၊

VOA Burmese: – မန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ IDP၊ IDP လို အခြေအနေမျိုး မှာ နေထိုင်နေရသူ၊ နိုင်ငံမဲ့၊ IDP လို အခြေအနေမှာ နေထိုင်နေရ သူတွေ အပါအ၀င်   နေရပ်ပြန်သွားတဲ့ IDP နဲ့ ထိုင်းနိုင်ငံက ပြန်ဝင်လာတဲ့ ဒုက္ခသည် စသည်အားဖြင့် စုစုပေါင်း အရေအတွက် ၁.၂ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

– ရခိုင်ပြည်နယ်တွင်း ရိုဟင်ဂျာ မူဆလင်တွေအပေါ်မှာ ခွဲခြား ဆက်ဆံမှုတွေနဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေတယ်လို့ဆိုပြီး အဲဒါ တွေကို အဆုံးသတ်ဖို့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က မြန်မာအစိုးရ ကို တောင်းဆိုလိုက်ပါတယ်။

မွတ်စလင်နှင့် အာရဗ်ကမ္ဘာအတွက် ပထမဆုံးဖြစ်လာမည့် ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး ဂျော်ဒန်မင်းသား ဇိုက်ဒ်အလ်ဟူစိုင် ၏ အတ္ထုပ္ပတ္တိအကျဉ်း …

ဇွန် ၁၈၊ ၂၀၁၄| စိုင်ဖုလ္လာဟ်(Myanmar Muslim Media )တင်ပြသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ဂျော်ဒန်မင်းသား ဇိုက်ဒ်အလ်ဟူစိုင်ကို အတည်ပြုရွေးချယ်တင်မြှောက်သည်။

လက်ရှိ မဟာမင်းကြီးဖြစ်သူ တောင်အာဖရိကနိုင်ငံမှ နာဗီပီလေး၏ နေရာတွင် တာဝန်ဆက်ခံရမည်ဖြစ်ပြီး လာမည့် စက်တင်ဘာ ၁ရက်နေ့မှစ၍ သက်တမ်း ၄ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

ထို့ကြောင့် ဇိုက်ဒ်သည် မွတ်စလင်နှင့် အာရဗ်ကမ္ဘာတွင် ပထမဆုံးသော ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးဖြစ်လာသည်။ ထို့ပြင် အာရှတိုက်သားများအနက်လည်း ပထမဆုံး ဖြစ်သည်။

ဇိုက်ဒ်သည် ဘန်ကီမွန်းနှင့်အပြိုင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရာထူးအတွက် အမည်စာရင်း ပေးသွင်းခံရသူဖြစ်ပြီး အာရှသား နှစ်ဦးအနက် တောင်ကိုရီးယားမှ ဘန်ကီမွန်းက အတွင်းရေးမှူးချုပ်ဖြစ်လာ သည်။ ယခုအခါ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း၏ အမည်စာရင်းပေးသွင်းမှုဖြင့် ဇိုက်ဒ်ကို လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

မင်းသား ဇိုက်ဒ်အလ်ဟူစိုင်၏ profile အကျဉ်း
——————————————-
မင်းသား ဇိုက်ဒ်ဘင် ရအဒ်ဇိုက်ဒ်အလ်ဟူစိုင်ကို အီရတ်နှင့် ဆီးရီးယားတော်ဝင်မိသားစုမှ မင်းသား ဇိုက်ဒ်ဘင် ရအဒ်နှင့် ဆွီဒင်လူမျိုး မိခင်ဖြစ်သူတို့မှ ၁၉၆၄ ခုနှစ် ဇန်န၀ါရီ ၂၆ ရက်နေ့တွင် ဂျော်ဒန်နိုင်ငံ အမ္မန်မြို့၌ မွေးဖွားသည်။

ဗြိတန်တွင် ကျောင်းတက်ပြီး ၁၉၈၇ တွင် အမေရိကန်နိုင်ငံရှိ ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ B.A ဘွဲ့ရခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ကမ်းဘရစ်ဂ်ျတက္ကသိုလ်မှ Ph.D ဘွဲ့ရခဲ့သည်။

မင်းသားဇိုက်ဒ်သည် ဂျော်ဒန်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ဖြစ်ပြီး ယင်းရာထူးကို ၂၀၀၀-၂၀၀၇ ခုနှစ်တွင် ခြောက်နှစ်ခွဲ တာဝန်ထမ်းခဲ့ဖူးသည်။ ၁၉၉၆-၂၀၀၀ ခုနှစ်များတွင် သံအမတ်အဆင့်ဖြင့် ကုလသမဂ္ဂလက်ထောက်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၂၀၀၇-၂၀၁၀ ခုနှစ်တွင် အမေရိကန်နိုင်ငံဆိုင်ရာ ဂျော်ဒန်သံအမတ်ဖြစ်ခဲ့ပြီး ဌာနေမဟုတ်သော မက္ကဆီကို နိုင်ငံဆိုင်ရာ သံအမတ်အဖြစ်ပါ ပူးတွဲထမ်းဆောင်သည်။

၂၀၁၄ ဇန်န၀ါရီလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ပိတ်ဆို့ပြစ်ဒဏ်ခတ်ခံရသော ကွန်ဂိုနှင့် လိုင်ဘီးရီးယား နှစ်နိုင်ငံအရေးဆောင်ရွက်သော ၁၅၃၃ နှင့် ၁၅၂၁ ကော်မတီ၏ အကြီးအကဲအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ၎င်းသည် နျူကလီးယားလုံခြုံရေးအဖွဲ့တွင် ဂျော်ဒန်နိုင်ငံ၏ ကိုယ်စားလှယ်လည်းဖြစ်သည်။

၂၀၁၀ စက်တင်ဘာ ၁၆ ရက်နေ့မှ ၂၀၁၂ မတ်လ ၇ ရက်နေ့ထိတွင် လိုင်ဘီယားနိုင်ငံ ဖွဲ့စည်းတည်ဆောက်ပုံအစီအစဉ်အတွက် ကုလသမဂ္ဂငြိမ်းချမ်းရေးတည်ဆောက်မှုကော်မရှင်၏ အကြီးအကဲဖြစ်သည်။

၂၀၁၁ ခုနှစ်တွင်လည်း နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ တရားလိုရှေ့နေ ရွေးချယ်ရေးကော်မတီ၏ သဘာပတိဖြစ်ခဲ့သည်။ ထို့ပြင် ၁၉၉၆ -၂၀၁၀ ခုနှစ်အတွင်း နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) တွင်အောက်ပါကဏ္ဍများတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

၂၀၀၂-၂၀၀၅ တွင် အဖွဲ့ဝင်နိုင်ငံများ ညီလာခံတွင် သဘာပတိအဖြစ်ဆောင်ရွက်သည်။
၁၉၉၉-၂၀၀၀ ခုနှစ်တွင် ဂျီနိုဆိုက်၊ စစ်ရာဇ၀တ်နှင့် လူသားဖြစ်တည်မှုအပေါ်ကျူးလွန်သော ရာဇ၀တ်မှုများအပါအ၀င် လူစုဖြင့် တစ်ဦးချင်း ကျူးလွန်မှုများကိစ္စ တရားမ၀င်ညှိနှိုင်းဆောင်ရွက်ခြင်းကဏ္ဍတွင် သဘာပတိအဖြစ်ဆောင်ရွက်သည်။
၂၀၁၀ ဇွန်လတွင် ကမ်ပလာမြို့ရှိ ရောမဥပဒေ၏ ကျူးကျော်ရန်စမှုဆိုင်ရာရာဇ၀တ်ဥပဒေနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်သည့် အစည်းအဝေး၌် သဘာပတိအဖြစ်ဆောင်ရွက်သည်။

၁၉၉၆-၂၀၀၆ ခုနှစ် ကုလသမဂ္ဂတွင်ရှိစဉ်က ကုလသမဂ္ဂအမျိုးသမီးများဖွံ့ဖြိုးရေးရန်ပုံငွေကော်မတီ(UNIFEM)၏ အကြံပေးကော်မတီတွင် သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၂၀၀၄-၂၀၀၆ ခုနှစ်များတွင်လည်း ကုလသမဂ္ဂငြိမ်းချမ်းရေး တပ်ဖွဲ့၏ ဆောင်ရွက်မှုများတွင် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှုနှင့် စော်ကားမှုရေးရာအတွက် အတွင်းရေးမှူးချုပ်၏ အကြံပေးဖြစ်ခဲ့သည်။

၁၉၉၄-၁၉၉၆ ခုနှစ်တွင် ယူဂိုစလားဘီးယားနိုင်ငံရှိ ကုလသမဂ္ဂလုံခြုံရေးတပ်ဖွဲ့ရုံး၌ နိုင်ငံရေးဆိုင်ရာအရာရှိအဖြစ် ထမ်းဆောင်ခဲ့သည်။

၂၀၀၈ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သော “နိုင်ငံတကာဥပဒေအတွင်းမှ အမေရိကန်အသိုင်းအ၀ိုင်း”၏ ၁၀၂ကြိမ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် “တိုင်းပြည်နှင့် နိုင်ငံတကာဥပဒေကို ချစ်မြတ်နိုးရန်”အကြောင်း မိန့်ခွန်းပြောကြားခဲ့သည်။

မင်းသားဇိုက်ဒ်သည် ကမ္ဘာ့ဘဏ်၏ ၂၀၁၁ ခုနှစ် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာအတွက် အကြံပေးကောင်စီဝင်တစ်ဦးဖြစ်ခဲ့ပြီး သမိုင်းဆိုင်ရာတရားမျှတမှုနှင့် ပြန်လည်သင့်မြတ်ရေးအင်စတိကျူ၏ အကြံပေးကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

၂၀၁၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ဂျနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးအဖြစ် နာဗီပီလေး၏ ရာထူးနေရာတွင် တာဝန်ထမ်းဆောင်ရန် အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ်းလှမ်းခဲ့သည်။ လူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီး ရာထူးကို လာမည့် စက်တင်ဘာ ၁ရက်နေ့မှ စတင် ထမ်းဆောင်မည်ဖြစ်သည်။

မင်းသားသည် UNICEF တွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်အမျိုးသမီး ဆာရာဘတ္တလာနှင့် ၂၀၀၀ ခုနှစ်၌ အိမ်ထောင်ကျပြီး သားသမီး (၃)ဦး ထွန်းကားခဲ့သည်။

– စိုင်ဖုလ္လာဟ်(Myanmar Muslim Media )တင်ပြသည်။
Ref : Wikipedia & News