Category Archives: အထွေထွေ

ပြည့်တန်ဆာ နဲ့ လိင်ဆက်ဆံတာထက် ပိုစိတ်ချရသည်ဟုဆိုကာ လူနဲ့ တိရိစ္ဆာန် တရားဝင် လိင်ဆက်ဆံခွင့်ပြဌာန်း

 ယင်းအငြင်းပွားဖွယ်ရာကိစ္စနဲ့  စပ်လျဉ်းပြီး ညဥ့်အတော်နက်သည်အထိ ဆွေးနွေးငြင်းခုန် ခဲ့ကြပြီးတဲ့နောက် ဗြိတိန် အစိုးရက လူနဲ့ တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင် ခွင့်ပြုချက်ကို ထုတ်ပြန်ရန် ဗြိတိန် အစိုးရက မဲဆန္ဒပေးခဲ့ကြောင်း သိရှိရပါတယ်။ ပါလီမန်လွှတ်တော် အမတ် အယောက် ၈၀ကျော်က ဗြိတိန် မှာ လူနှင့် တိရိစ္ဆာန် မေထုံမှီဝဲမှုကို တရားဝင်ခွင့်ပြုတဲ့ ပြဌာန်းချက်ကို ထောက်ခံခဲ့တဲ့ သမိုင်းတွင်မယ့် မဲပေးပွဲမှာ တက်ရောက်ခဲ့ကြပါတယ်။။ ပါလီမန် အမတ်များဟာ ကန့် ကွက်မဲ ၇ မဲနဲ့ ထောက်ခံမဲ ၇၈ မဲနဲ့  ယင်းပြဌာန်းချက်ကို မဲပေးခဲ့ကြပါတယ်။

မဲပေးဆုံးဖြတ်ချက်မတိုင်ခင်ထိ ယင်းကဲ့သို့ တိရိစ္ဆာန်နှင့် မေထုံမှီဝဲ မှုဟာ တရားမ၀င်ခဲ့ပါဘူး။သို့ သော် လူအများအပြားက ယင်းလုပ်ဆောင်ချက်ကို ဗြိတိန်မှာ တရားဝင်စေဖို့ အတွက် လူထုစည်းရုံးလှုံဆော်ပွဲတွေ လုပ်ဆောင်လာကြတဲ့အတွက် ဗြိတိန်အစိုးရက ယင်းနဲ့ ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့  မဲပေးဆုံးဖြတ်ခဲ့တာပါ။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံမှုဟာ သူတို့ ကို သတ်ဖြတ်တာနဲ့  ဘာမှမခြားဘူးလို့ ဆို-

လူနဲ့ တိရိစ္ဆာန် လိင်ဆက်ဆံမှုကို ဆန့်ကျင်တဲ့ အဆိုတစ်ရပ်ကတော့ တိရိစ္ဆာန်များဟာ လိင်ဆက်ဆံဖို့  သဘောတူညီချက် မပေးနိုင်တဲ့အတွက် ဒါဟာ တိရိစ္ဆာန်တွေကို ညှင်းပန်းနှိပ်ဆက်မှု တစ်ရပ်ပါပဲ လို့ ဆိုပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ ပြည့်တန်ဆာ နဲ့ လိင်ဆက်ဆံတာထက် ပိုပြီးလုံခြုံစိတ်ချရသည်ဟုဆို

-တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာကို ထောက်ခံချက်တစ်ရပ်ကတော့ သင်ဟာ ယင်းသတ္တ၀ါများနဲ့ လိင်ဆက်ဆံရာကနေ STD(လိင်ဆက်ဆံမှုမှတဆင့် ကူစက်သောရောဂါများ) ရောဂါမျိုးတွေ မရနိုင်တဲ့အတွက်ကြောင့် ပိုမိုဘေးကင်းစိတ်ချရတယ်လို့  ဆိုပြန်ပါတယ်။ သို့သော်လည်း အခြားကူးစက်နိုင်တဲ့ ရောဂါမျိုးတွေတော့ ရှိပြီး ပဋိဇီဝဆေးများနဲ့ ကုသလို့ တော့ရတယ်လို့  ဆိုပါတယ်။ တိရိစ္ဆာန်တွေနဲ့ လိင်ဆက်ဆံတဲ့ ဖြစ်ရက်အတောတွင်းမှာ သင့်ကို တိုက်ခိုက်နိုင်တဲ့ အန္တရာယ် တော့ ရှိပါတယ်။ အလားတူ သင့်ကို လူသား ပြည့်တန်ဆာ တစ်ဦးကလည်း သူစိတ်ဆိုးနေတဲ့ အခါ သင့်ကို တိုက်ခိုက်နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ။

ယင်းပြဌာန်းချက်ဟာ ပြည့်တန်ဆာလုပ်ငန်းနဲ့  လူကုန်ကူးမှုကို လျှော့ချပေးလိမ့်မယ်လို့ ဆို

နောက်ထပ် ထောက်ခံချက်တစ်ရပ်ကတော့ လူတွေဟာ လိင်ဆက်ဆံဖို့ တိရိစ္ဆာန်တွေဆီ ကူးကြတဲ့အခါ ပြည့်တန်ဆာလုပ်ငန်းတွေမှာ သုံးဖို့ လူကုန်ကူးမှုတွေကို လျော့ကျသွားစေမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ တိရိစ္ဆာန် တွေကို လက်ဆက်ဆံဖို့ အတွက် တရားမ၀င် ကုန်သွယ်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံတာဟာ နိုင်ငံအများစုမှာ တရားမ၀င် ဖြစ်နေတုန်းဆိုပေမယ့် အောက်ပါနိုင်ငံများမှာတော့ သင် တိရိစ္ဆာန်များနဲ့ လိင်ဆက်ဆံခွင့်ကို တရားဝင် ရရှိနိုင်ပါတယ်။ ယင်းနိုင်ငံများက ကမ္ဘောဒီယား၊ဒိန်းမတ်၊ဖင်လန်၊ဟန်ဂေရီ၊ ဂျပန်၊ မက္ကဆီကို၊ဆွီဒင်၊ထိုင်း၊ အမေရိကန်တွင် ၁၆ ပြည်နယ် ၁၆ ခု နဲ့ ယခု ဗြိတိန် တို့ ပဲဖြစ်ပါတယ်။

Ref:shockingtimes.co.uk

From:
Trend Myanmar

ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ် ခွင့် ပျက် ပြယ် ပြီ လား


ပုဒ်မ-၅၉ (စ) မပြင်ဆင်ရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီ ဆုံးဖြတ်

ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေများအတွင်းမှ ပြင်ဆင်ရန် ဥပဒေများတွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတတာဝန်ထမ်းဆောင်ရန် အတား အ ဆီးဖြစ်နေသော ပုဒ်မ- ၅၉(စ) အား ပြင်ဆင်ရန် မပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးက ဇွန် ၁၂ ရက်တွင် မွန်းတည့်နေသို့ အတည်ပြု ပြောကြား ခဲ့ခြင်းဖြစ် သည်။

ပုဒ်မ-၅၉(စ) ပါ ပြဋ္ဌာန်းချက်များအား ထည့်သွင်းပြင်ဆင်ခြင်း မပြုရန် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ကော်မတီက ဇွန် ၆ ရက်တွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

““ပြင်ဆင်မယ့်ပုဒ်မထဲမှာ အဲဒီပုဒ်မ မပါဘူး။ မပြင်တာနဲ့ ပတ်သက်လို့ အပြင်မှာ ပြောတာတော့ လူမျိုးခြားကိစ္စနဲ့ ပတ်သက်ပြီးပြောတယ်။ ဟံသာဝတီဦးဝင်းတင်နဲ့ ဦးဝီရသူနဲ့   တွေ့ခဲ့စဉ် ကလည်း ဦးဝီရသူက ဒေါ်စုသမ္မတဖြစ်ရေး ခြွင်းချက်မရှိ ထောက်ခံတယ်လို့ ပြောခဲ့တယ်။ လူမျိုးခြား ပါဝင်လာမှာ အကြောင်းပြတာတွေ ရှိတယ်။ ဒေါ်စုဟာ ဗုဒ္ဓဘာသာ၊ ဗမာမိဘများ က   မွေးဖွားလာတဲ့ မြန်မာအမျိုးသမီး ဖြစ်တယ်။ အခု ပုဒ်မ-၅၉(စ) ကို ဗိုလ်ချုပ်ရေးဆွဲခဲ့တဲ့ ၇၄ ဥပဒေမှာ ရှိခဲ့သယောင် ရည်ရွယ်ချက်ရှိရှိ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်တာ ဖြစ်တယ်””ဟု NLD ဗဟိုကော်မတီဝင် ဦးငြိမ်းသစ်က ဆိုသည်။ ကော်မတီမှ ထိုသို့ဆုံးဖြတ်ခဲ့သော်လည်း NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ပုဒ်မ-၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံပွဲ ဆန္ဒလက်မှတ်ခံယူပွဲများ တိုးမြှင့်ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဇော်မင်းက ““အခုက ပုဒ်မ-၄၃၆ ပြင်ဆင်ရေးကို ဦးတည်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်မေးလည်း ဒီအတိုင်းပဲ။ အခု ၁၄ ရက်နေ့ မှာ လည်း မွန်ပြည်နယ်မှာ ဟောပြောပွဲ ဆက်လုပ်ဦးမှာပဲ””ဟုဆိုသည်။ NLD ပါတီမှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကော်မတီဝင် ဦးကျော်ဟိုးကမူ ပုဒ်မ-၅၉(စ) မပြင်ရန် ဆုံးဖြတ်ခြင်းနှင့်ပတ်သက်၍ CEC ဆုံးဖြတ်ချက်သိရန် လိုကြောင်း၊ ကော်မတီမှ စာပို့ ခြင်း၊ ရုံးရောက်ခြင်း၊ မရောက်ခြင်း မသိရှိသေးကြောင်း ဆိုခဲ့သည်။

NLD ပါတီမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ဦးထွန်းထွန်းဟိန် (ရှမ်း၊ကယား)ကမူ ပုဒ်မ-၅၉(စ) ကို မပြင်ကောင်း ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင်ပေမယ့် သိပ် မသေ ချာသေးကြောင်း ဆိုခဲ့သည်။

ပုဒ်မ-၅၉(စ) မပြင်ဆင်ခြင်း၏ နောက်ကွယ်တွင် ဖြစ်ပေါ်လာနိုင်သည်များကို NLD ဗဟိုကော်မတီဝင် ဦးငြိမ်းသစ်အား မေးမြန်းရာ ““ဖြစ်လာနိုင်တာတွေက ၄၃၆ ပြင်ဆင်ဖို့ အဖွဲ့ချုပ်၊ ၈၈ မျိုး ဆက် တို့ အစဉ်တစိုက် ပါဝင်နေတယ်။ တိုင်းရင်းသားတွေ၊ ဒီမိုကရက်တွေ၊ ပြည်သူလူထုတွေ တောင်းဆိုနေတာတွေကို မပေးဘဲ လက်ဦးမှုရယူတယ်လို့ ယူဆတယ်။ သမ္မတ ဦးသိန်းစိန် က မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်တယ်ဆိုလား ပြောခဲ့ဖူးတယ်””ဟု ဦးငြိမ်းသစ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ အစဉ်တစိုက် ငြိမ်းချမ်းသောနည်းဖြင့်သာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ဖော်ဆောင်မည်ဟု သူ၏မိန့်ခွန်း တွင် ပြော ဆိုခဲ့ဖူးသည်။

မွန်းတည့်နေ (အတွဲ ၂၊ အမှတ် ၂၄)

ကျန်းမာရေးအတွက်ကောင်းစွာ အိပ် စက် သင့် ပါ တယ်

တစ်ညတာ အတွက် နှစ်ချိုက်စွာ အိပ်ပျော်ဖို့ဟာ အလွန်ပင် အရေးကြီးပါတယ်။ နှစ်ချိုက်စွာ အိပ်စက်ရင် ရနိုင်တဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ကတော့..

(၁) နှလုံးကျန်းမာရေး အတွက် အထူးကင် ကောင်းမွန်စေပါတယ်။

(၂) ကင်ဆာကို ကာကွယ်ရန် အထောက်အကူပြုပေး ပါတယ်။

(၃) ကိုလက်စရောဓာတ်တွေကို လျော့ချပေးပါတယ်။

(၄) သွက်လက် တက်ကြွပြီး အလုပ်လုပ်လို့ ကောင်းစေပါတယ်။

(၅) ဦးနှောက်အတွက် ကောင်းမွန်ပါတယ်။

(၆) ၀ိတ်မတက်စေနိုင်ပါဘူး။

(၇) ခွန်မားကိုလည်း များစွာရရှိစေနိုင် ပါတယ်။

(၈) စိတ်ဖိစီးမူ တွေကို ပြေလျော့စေပါတယ်။

လူတစ်ယောက် အတွက် ပျမ်းမျှအိပ်ချိန်ဟာ ၆ နာရီ သို့မဟုတ် ၈ နာရီ အိပ်စက်သင့်ပါတယ်။ အိပ်စက်ရန် အကောင်းဆုံး အချိန်ကတော့ ည ၁၀ နာရီမှ နံနက် ၄ နာရီပင် ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)