ပျံသန်းနေသော ရဟတ်ယာဉ်တစ်စီးပေါ်မှ ခရီးသည်တစ်ဦး ခုန်ချ
နိုဝင်ဘာ-၆ ၂၀၁၃
M-Media
Newport Beach ကမ်းခြေသို့ ပျံသန်းနေသည့် ရဟတ်ယာဉ်တစ်စင်းမှ ခရီးသည်တစ်ဦးမှာ ရဟတ်ယာဉ်တံခါးအားဖွင့်ကာ ခုန်ချခဲ့သည့် ဖြစ်ရပ်တစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ သည်ဟုသိရသည်။
ခုန်ချခဲ့သူမှာ အသက် ၆၀ အရွယ်ရှိသည့် အမျိုးသားတစ်ဦးဖြစ်သည်။ ထိုအမျိုးသားမှာ ၃၀-မိနစ်ကြာမြင့်သည့် ကမ်းခြေသို့သွားမည့် ရဟတ်ယာဉ် ခရီးစဉ်တွင် နှစ်ဦး လိုက်ပါရန် စာရင်းပေး ခဲ့သော်လည်း တစ်ဦးတည်း လိုက်ပါခဲ့ကြောင်း၊ ယမန်နေ့ ဒေသစံတော်ချိန် နေ့လည် ၁၂-နာရီ ၄၅-မိနစ်ခန့်က Fullerton လေယာဉ်ကွင်းမှ အဆိုပါရဟတ်ယာဉ်ပျံတက်ခဲ့ပြီး ၁၅-မိနစ်ခန့်ကြာပြီးနောက် လောယာဉ်ကြီးကြပ်သူမှ လူတစ်ယောက် ရဟတ်ယာဉ်ပေါ်မှ ခုန်ချသွားသည်ဟု သတင်းပေးခဲ့ကြောင်း ထို ရဟတ်ယာဉ်ကို မောင်းနှင် သည့် လေယာဉ်မှူးကပြေကြားခဲ့သည်။
အမြင့်ပေ ၅၀၀ ခန့်မှ ပယ်လယ်ထဲသို့ ခုန်ချခဲ့ခြင်းဖြစ်ပြီး၊ ထိုအမျိုးသားအား သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့သည်။ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု ယူဆရသည့် ထိုအဖြစ်အဖြစ်အပျက် အား စုံစမ်းစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Ref : Latimes
M-Media Website တွင်ဖတ်ရန်=>http://www.m-mediagroup.com/news/20080
သမ္မတဟောင်းမူရှာရက်(ဖ်)ကို တရားသူကြီးတွေချုပ်နှောင်ခဲ့မှုနဲ့ဖမ်းဆီး
၂၀၀၇ ခုနှစ်တုန်းက တရားသူကြီးတွေကို တရားမ၀င်ထိန်းသိမ်းခဲ့မှုအတွက် ပါကစ္စတန်နိုင်ငံ သမ္မတဟောင်း ပါဗက်(ဇ်)မူရှာရက်(ဖ်)ကို အကြမ်းဖက်မှုခင်းဆိုင်ရာ တရားရုံးကို ခေါ်ယူပြီးစစ်ဆေးခဲ့ပါတယ်။
စနေနေ့မှာ တရားရုံးကို ရုံးထုတ်လာတဲ့ မစ္စတာမူရှာရက်(ဖ်)ကို နောက်ထပ်ကြားနာ စစ်ဆေးမယ့် မေလ ၄ ရက်နေ့အထိ ဆက်လက် ထိန်းသိမ်းထားဖို့ တရားရုံးက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ သူ့အပေါ် စွပ်စွဲတဲ့အမှုမှာ လိုက်ပါထွက်ဆိုပေးမယ့် မျက်မြင်သက်သေ ၁၄ ယောက်ရှိပါတယ်။
မစ္စတာမူရှာရက်(ဖ်)ကို သောကြာနေ့မှာ ဖမ်းဆီးလိုက်ပြီးတဲ့နောက် သူ့ကို အစ္စလာမ်မာဘက်မြို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဌာနချုပ် အရာရှိရိပ်သာမှာ ထိန်းသိမ်းထားပါတယ်။
အသက် ၆၉ နှစ်အရွယ်ရှပြီဖြစ်တဲ့ မစ္စတာ မူရှာရက်(ဖ်)ဟာ သောကြာနေ့တုန်းက သူ့ရဲ့ Facebook အင်တာနက် လူမှုကွန်ယက်ပေါ်ကနေ သူ့အပေါ် စွဲဆိုထားချက်တွေဟာ နိုင်ငံရေးပရောဂ မကင်းတဲ့ ထိုးနှက်တိုက်ခိုက်မှုတွေဖြစ်ပြီး ပြန်လည် တိုက်ခိုက်သွားမယ်လို့ ရေးသားထားပါတယ်။
မူရှာရက်(ဖ်)ရဲ့ရှေ့နေ အာမက် ရာဇာ ကာဇူရီ က သူ့အမှုသည်ရဲ့အယူခံကို ဗဟိုတရားရုံးချုပ်မှာ အယူခံတင်သွင်းမှာ ဖြစ်တယ်လို့ ဗွီအိုအေ ကိုပြောပါတယ်။
http://burmese.voanews.com/content/pakistan-musharraf-04-20-13/1645553.html
မိတ္ထီလာေ၇ွဆိုင်ကိစ္စဖြစ်၇ပ်မှန် အပိုင်း(1)-ေ၇ွှဆိုင်ပိုင်ရှင်၏ညီမ မှ ပေးပို့ပါသည်။
20.3.2013 မနက်9:00 နာ၇ီခန့်တွင် မိတ္ထီလာမြို့ ဈေးအေ၇ှ့၇ပ် နယူးဝိန့်စိန်ေ၇ွဆိုင်တွင် ကိုခင်မောင်ဝင်း(46နှစ်)+မအေးအေးနိုင်(45နှစ်)လင်မယားနှစ်ဦးတို့သည်ေ၇ွကလစ်ေ၇ာင်းမည်ပြောသဖြင့် တွက်ကြည့်၇ာ ဆိုင်၇ှင်ကေ၇ွကောင်းလျှင် 1သိန်းခန့်၇မည်၊ေ၇ွညံ့လျှင် 1သိန်းအောက်၇မည် ပြောသည်၊ေ၇ွေ၇ာင်းသူမှေ၇ွ၇ည်စစ်ကြည့်၇န် ပြောသောအခါနှစ်ဦးသဘောတူေ၇ွ၇ည်စစ်ကြည့်၇န် သဘောတူခဲ့သည်၊မှတ်ကျောက်တင်ကြည့်သောအခါေ၇ွအ၇မ်းညံ့သောကြောင့်ေ၇ွကလစ်အူတိုင်မှ ပဲ့သွားခဲ့သည်၊ထို့နောက်ကလစ်အား 8သောင်းကျပ်၇မည်ဟုပြောသည်၊ သို့သော်အမတို့မေ၇ာင်းနိုင်လျှင်ေ၇ွကလစ်အားပြန်လည်ဆက်ပေးမည်ဟု ပြေလည်စွာပြောဆိုခဲ့သည်၊ေေ၇ွလာေ၇ာင်းချသူ ကိုခင်မောင်ဝင်းက “ဟဲ့ကောင်မ ပြန်ဆက်ပေးလို့မ၇ဘူး လီးဘဲထင်တယ်” ဟုပြောကာ ပုဆိုးတစ်ကွင်းလုံး လှန်ပြ၇ု ဆိုင်ကောင်တာအား ၇ိုက်ခွဲပြီးဆိုင်၇ှင်အမျိုးသမီး၏ ၇င်သားအားလှမ်း၇ု ဆွဲကာမဖွယ်မ၇ာပြုလုပ်၇ု ၇ိုက်နှက်နေစဉ်ေ၇ွကလစ်ဆက်၇ု ပြန်လာသော ဆိုင်၇ှုင်အမျိုးသားနှင့် အလုပ်သမားတို့သည် ထိုမြင်ကွင်းအား မြင်၇ု သူ့အမျိုးသမီး၏ အ၇ှက်နှင့်အသက်အား ကာကွယ်၇န် ခုခံလိုက်သည်။ အဖြစ်မှန်ကိုမသိသောသူတို့သည် ဆိုင်၇ှင်ကေ၇ွလာေ၇ာင်းချသူအား ၇ိုက်နေသည်ဟု အမြင်မှားကာ စည်သူ၇ပ်နေ ဦးကျော်ဦး၊ဈေးအေ၇ှ့၇ပ်နေ ဦးမော်ကြီး+ဒေါ်ခင်စိုးစိုး၇ီ၊ဦးထွန်းထွန်းညွန့်+ဒေါ်နှင်းနှင်း၇ီ(အောင်သ၇ဖူေ၇ွဆိုင်)၊မစုမိ (ခြသေ့်မင်းေ၇ွဆိုင်)၊ဦးမြသောင်း+ဒေါ်လှလှဌေး နှင့်သမီးဖြစ်သူ မလှလှဦး(မြ၇တနာလှကမ္ဘာေ၇ွဆိုင်)၊ဒေါ်ခင်စန်းနှင့်သမီးယမင်း(မြတ်ယမင်းေ၇ွဆိုင်)၊ဒေါ်စန်းစန်းတင့်(ထူး၇ဲ၇င့်ေ၇ွဆိုင်) ဒေါ်လှလှ ဒေါ်ပိုးပိုး (ဈေးတွင်းလက်ဖက်၇ည်ဆိုင်)၊ဈေးတွင်းမှ ၇ှမ်းခေါက်ဆွဲဆိုင်ပိုင်၇ှင်အမျိုးသမီးတို့က ကြိုတင်ကြံ၇ွယ်ပြီး ဦးဆောင်ကာ “ကုလားဗမာလုပ်၇အောင် လူတွေမပြန်ကြနဲ့၊ ကုလားဆိုင်တွေငါတို့ မျိုးဖြုတ်ပြစ်၇အောင်” ဟုပြောဆိုကြ၇ု လက်ခုပ်တီး၊ဖုန်းဆက်၇ု လူများလှမ်းခေါ်ပြီး လူစုကာ 15မိနစ်ခန့်အတောအတွင်းလူဦးေ၇မှာ 500ခန့်မျှ ရှိလာသောအခါ ဆိုင်ပိုင်၇ှင်နှင့် အလုပ်သမားတစ်ဦးတို့သည် ခဲများဖြင့်ပြစ်ပေါက်နေ၇ု အသက်အန္တ၇ယ် စိုး၇ိမ်၇သောကြောင့် ကြောက်လန့်ခြောက်ခြားကာ ဆိုင်များပိတ်ခဲ့ပြီး ၇ဲစခန်းသို့သွားခဲ့သည်၊ ထိုအချိန်တွင်ပင် ထိုလူ 3ေ၇ာက်အား အမှတ်(2) ၇ဲစခန်းမှ ခတ္တ ထိန်းသိမ်းပြီးေ၇ွကိစ္စပြီးဆုံးခဲ့သည်။သို့သော် ဦးမော်ကြီး၊ဦးကျော်ဦးနှုင့်ေ၇ွဆိုင်တန်းများဦးဆောင်ကာ လူဦးေ၇ 500ခန့်ကို “မင်းတို့တွေမပြန်ကြနဲ့ဦး မင်းတို့နောက်မှာ ငါတို့၇ှိတယ် ကုလားတွေမျိုးဖြုတ်ပြစ်၇မည်ဟု ကြိမ်းဝါး၇ု” သွေးထိုးလှုံ့ဆော်သောစ၇ားများအမျိုးမျိုးပြောနေကြသည်ေ၇ွဆိုင်7ဆိုင်နှု့် တိုက်များ၊ေ၇ွများအားဝိုင်းဝန်းလုယက် ဖျက်ဆီးပြစ်လိုက်ကြသည်၊မုဆလင်ေ၇ွဆိုင်ပိုင်၇ှင်များသည် မိမိတို့၏အသက်ကို မနဲလု၇ု ကိုလွတ်၇ုန်းကာ ထွက်ပြေးခဲ့၇သည်။ေ၇ွဆိုင်များပိုင်ဆိုင်သောေ၇ွ၊ငွေ၊ကျောက်များ၊ေ၇ွထည်အဟောင်းများ စသောေ၇ွဆိုင်နှင့်ပတ်သတ်သော ပစ္စည်းများနှင့်အိုးအိမ်ပ၇ိဘောဂများ အားလုံးဆုံး၇ှံးခဲ့၇သည်။ထိုကိစ္စများသာမက နောက်ထက်မလိုလားအပ်သောပြသနာများ ဖြစ်ပေါ်လှက်၇ှိပါသည်။မှတ်ချက် မှတ်ချက်။ ။လာေ၇ာင်းသောေ၇ွထည်သည် နယူးဝိန့်စိန်ေ၇ွဆိုင်မှ ၀ယ်ယူထားသောေ၇ွထည်လုံးဝမဟုတ်ပါ။
လာေ၇ာင်းသော ကိုခင်မောင်ဝင်းနှင့်ဇနီးကေ၇ွ၇ည်ကိုလုံးဝစစ်ကြည့်၇န်လက်
မခံ ဈေးတွက်ပြီးမှေ၇ွ၇ည်စစ်ကြည့်၇န်ပြောပါသည်။
အင်ဒိုနီးရှားသမ္မတ ရှေ့သီတင်းပတ် မြန်မာပြည် သွားမည်

အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono ဟာ လာမယ့် အင်္ဂါနေ့မှာ မြန်မာနိုင်ငံကို တရားဝင် အလည်အပတ် သွားရောက် ဖြစ်ပါတယ်။ ဒါဟာ သမ္မတ Susilo Bambang Yudhoyono အနေနဲ့ ၂ဝဝ၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံတော်ဧည့်သည် အဖြစ် ပြည်ပနိုင်ငံတခုကို သွားရောက် လည်ပတ်တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း လူမျိုးရေးနဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက် မှုတွေ ဖြစ်ပေါ်နေတဲ့အချိန် ကမ္ဘာ့ အစ္စလာမ်ဘာသာဝင် အများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှား သမ္မတတစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို အခုလို လာလည်တဲ့ အတွက် နှစ်နိုင်ငံအကြားရှိနေတဲ့ ဆက်ဆံရေးကို စမ်းသပ်မယ့် ခရီးစဉ်လည်း ဖြစ် ပါတယ်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ မနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်သွားတဲ့ လူမျိုးရေး ပဋိပက္ခတွေကြောင့် OIC – အစ္စလာမ်ဘာသာကိုးကွယ်တဲ့ နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဝန်ကြီးအဆင့် ကိုယ်စားလှယ် အဖွဲ့ ကို မြန်မာနိုင်ငံကို လာရောက် လေ့လာခွင့်ပြုဖို့ OIC အကြီးအကဲ Ekmeleddin Ihsanoglu က မကြာသေးခင် ရက်ပိုင်း အတွင်းကပဲ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အနေနဲ့လည်း အဲဒီ အကြမ်းဖက် ဆူပူမှုတွေနဲ့ပတ်သက်လို့ အချက်အလက် ရှာဖွေရေးအဖွဲ့ အမြန်ဆုံး စေလွတ်ဖို့လည်း OIC အဖွဲ့က တောင်းဆိုထားပါတယ်။
VOA
————————————-
အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယူနို (အလယ်)။
ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ပုံငွေနည်းနေပြီလို့ UNHCR ပြော
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေအတွက် မိုးတွင်းကာလမှာ အန္တရာယ်တွေကြုံနိုင်သလို ကူညီထောက်ပံ့ဖို့အတွက်လည်း ရန်ပုံငွေအတော်နည်းနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မနေ့ကပြောလိုက်ပါတယ်။ အဲဒီဒေသမှာ လူမှုဒုက္ခကပ်ဘေးတွေ ဆိုက်လာနိုင်တယ်လို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် အေဒရီယန် အက်ဒ်ဝပ်စ်(Adrian Edwards)က သတင်းထောက်တွေကို ပြောပါတယ်။
တချို့စခန်းတွေဆိုရင် ဒီရေရောက်နိုင်တဲ့ နေရာတွေမှာဖြစ်သလို၊ တချို့စခန်းတွေက လယ်ကွင်းတွေမှာဖြစ်တဲ့အတွက် ရေလွှမ်းနိုင်တဲ့ အခြေအနေတွေဖြစ်တယ်လို့ ဆိုပါတယ်။ လူအများစုဟာ တာပေါ်လင်ဖျင်နဲ့ဆောက်ထားတဲ့ တဲတွေမှာနေရသလို၊ တချို့ကဂုဏ်နီအိပ်တွေ၊ ကောက်ရိုးတွေကာပြီး ဆောက်ထားတဲ့တဲတွေနဲ့ နေထိုင်ရတာဖြစ်လို့ မိုးကြီးတာနဲ့အမျှ အဲဒီလူတွေအတွက် အန္တရာယ်ရှိတယ်လို့ပြောပါတယ်။
UNHCR အနေနဲ့ ဝါးဓနိနဲ့ဆောက်တဲ့ အိမ်ပေါင်း ၁ သောင်းခွဲလောက် ဆောက်လုပ်ပေးထားသလို၊ လူ ၃ သောင်းလောက်အတွက် ယာယီတဲတွေဖြန့်ဖြူးထားပေမယ့် ရန်ပုံငွေကုန်ခါနီးဖြစ်နေပြီလို့ဆိုပါတယ်။ အလှူရှင်နိုင်ငံတွေဆီကနေ အမေရိကန်ဒေါ်လာ ၇၁ သန်းခွဲလောက် တောင်းဆိုထားပေမယ့်၊ တကယ့်လက်တွေ့မှာ ၁၄ ရာခိုင်နှုန်းလောက်ပဲ လက်ခံရရှိတယ်လို့ပြောပါတယ်။
RFA
အစ္စလာမ်က အိမ်ထောင်ပြုပြီး သားဖောက် သာသနာပြုခိုင်း ထားတယ်တဲ့လား?
အစ္စလာမ်သာသနာနှင့်စပ်လျဉ်း၍ မှိုင်းတိုက်ဝါဒဖြန့်ကြသည့် စွပ်စွဲချက်တစ်ရပ်မှာမွတ်စလင်မ်များက ၇၈၆ ကိန်းဂဏန်းအား အသုံးပြုကြခြင်းသည် ၂၁ရာစုတွင် အစ္စလာမ်သာသနာ မြန်မာတွင်လွှမ်းမိုးရန်ဖြစ်ပြီးထိုသို့ဖြစ်လာစေရန် အကောင်အထည်ဖော်သည့်အနေဖြင့် ဘာသာခြား တိုင်းရင်းသူတို့အား သိမ်းသွင်းဖြားယောင်း လက်ထပ်ကြကာ မယားအများအပြားယူလျက် သားဖောက်သာသနာပြုကြရန် အစ္စလာမ်သာသနာက ညွှန်ကြားထားကြောင်း၊လက်တွေ့ အကောင် အထည်ဖော်ကြသူများအား တိုင်းရင်းသူ အမျိုးသမီး၏ အဆင့်အတန်းအလိုက် ထောက်ပံ့ဆုကြေးများကို ဗလီများမှတဆင့် ချီးမြှင့်ကြကြောင်း အစရှိသည့် အိမ်ထောင်ရေးနှင့် ပတ်သက်သောစွပ်စွဲချက်ဖြစ်သည်။ တရားဟောစင်မြင့်ထက်မှ အသံချဲ့စက်သုံးကာ ကျယ်ကျယ်ပြန့်ပြန့် မတရား ဟောခြင်းဖြင့် လည်းကောင်း၊ DVDခွေများ ဖြန့်ဝေရောင်းချဖွင့်ကြခြင်းဖြင့်လည်းကောင်း၊ စာအုပ်စာတမ်းများ ယခင်ကလက်သိပ်ထိုးအဆင့်မှ ယခုအခါ ပေါ်ပေါ် ထင်ထင်ဖြန့်ဝေခြင်းဖြင့်လည်းကောင်း၊ အင်တာနက် စာမျက်နှာများမှလည်းကောင်း၊ တစ်ဆင့်စကားတစ်ဆင့်နား၊ သက်ကြီးစကား သက်ငယ်ကြား ကြရခြင်းဖြင့် လည်းကောင်းနေရာမျိုးစုံ ကဏ္ဍစုံမှ ဝေဝေဆာဆာ ဝါဒမှိုင်းတိုက်ကြလျက်ရှိရာ ထိုစွပ်စွဲချက်ကို စူးစမ်းဆင်ခြင်ခြင်း မပြုကြတော့ဘဲအမှန်ဟု ထင်မြင်မှတ် ယူထားကြသူများတွင် အသိတရားရှိသူ ခေတ်ပညာတတ်များ၊ စီးပွားရေးလူမှုရေး ဦးစီးဦးဆောင်ပြုနေကြသူများပင် အမြောက်အမြား ပါဝင်နေသည်ကို လက်တွေ့ကြားသိရတော့ သိပ်မထူးဆန်းမိတော့။ ဗမာပြည်သူပြည်သားများက ယုံလွယ်သည်ကို အခွင့်ကောင်းယူလျက် ကြိမ်ဖန်များစွာ ကြားရစေခြင်းဖြင့်နှလုံးသားထဲ အသိတရားထဲ နက်နက်နဲနဲတိုင်အောင် လိုသလို ပုံသွင်းခံခဲ့ကြရရှာလေပြီ။ ဘာသာခြားနှင့်လက်ထပ်သူ မွတ်စလင်မ် အနည်းငယ် တွေ့ကြုံကြားသိရတော့လည်း ထိုသူတို့၏မှိုင်းတိုက်မှုကို သံသယ ပါးပါးလေးပင်မဝင်မိတော့ဘဲဤအတိုင်းသာ ရာနှုန်းပြည့် အမှန်ဖြစ်ရမည်ဟု တစ်ထစ်ချ ယုံကြည်လိုက်ကြသည်။ ထို့အတွက် အစ္စလာမ်က လမ်းညွှန်ထားသော အိမ်ထောင်ရေးအကြောင်းကိုရှင်းပြလိုပါသည်။
(“၇၈၆” အကြောင်းတော့ အခြားနေရာများတွင် အသေးစိတ် ရှင်းလင်းထားကြပြီးဖြစ်ရာထပ်မံမပြောလိုတော့။ မသိသေးသူ ဖတ်နိုင်ရန်အတွက်ရည်ရွယ်လျက် အောက်ခြေတွင် link ပေးထားပါမည်။)
အစ္စလာမ့်ဘဝတည်ဆောက်မှုလမ်းစဉ်၏ သွန်သင်ချက်အရထိမ်းမြားလက်ထပ်ခြင်းသည် မလုပ်မနေရတာဝန်တစ်ရပ် မဟုတ်သော်လည်း လူ့အဖွဲ့အစည်းအတွက် အခြေခံလိုအပ်ချက်တစ်ရပ်အဖြစ်ရှုမြင်ပါသည်။ လက်ထပ်ထိမ်းမြားမှုမှတဆင့် တည်ငြိမ်အေးချမ်းခြင်း၊ အပြန်အလှန် တာဝန်ယူမှုနှင့်ကာကွယ်မှု ရယူပေးဝေနိုင်စေခြင်း၊ ရောင့်ရဲနှစ်သိမ့်တတ်ခြင်း၊ စိတ်နှင့်ဝိဥာဉ်အတွက် အင်အား၏အရင်းအမြစ်တစ်ရပ်ရစေခြင်း၊ သန့်စင်သောမျိုဆက် တည်ထောင်နိုင်ခြင်း စသည့် ကောင်းကျိုးများရနိုင်စေသည်ဟုရှုမြင်ပါသည်။ ထို့အတွက်ကြောင့် အရွယ်ရောက်ပြီးသူတိုင်း စိတ်ပိုင်းဆိုင်ရာ ပြည့်ဝသူတို့အားလူပျိုအပျိုများကိုသာမက အိမ်ထောင်ကွဲများ၊ မုဆိုးဖိုမုဆိုးမများကိုပင် အိမ်ထောင်သစ်ပြုကြရန်တိုက်တွန်းထားပါသည်။ (ကျမ်းမြတ်ကုရ်အာန် ၂း၁၈၇၊ ၄း၂၄-၂၅၊ ၇း၁၈၉၊ ၃၀း၂၁၊ ၄း၃၊ ၂၄း၃၂)
အစ္စလာမ်တွင် ဘုန်းကြီးစနစ်မရှိသောကြောင့်လူသားတိုင်း အိမ်ထောင်ပြုခွင့်ရှိပြီး မဟာလူသား ပုဂ္ဂိုလ်ကြီးများ အားလုံးသည်လည်း မိခင်ဝမ်းကြာတိုက်မှတစ်ဆင့်ပွင့်ပေါ်ရောက်ရှိခဲ့ရသည့်အတွက် သားအိမ်ရှင်မိခင်တို့၏ အဆင့်အတန်းနှင့် အိမ်ထောင်ပြုခြင်း၏အကျိုးဆက်ကိုတန်ဖိုးထားပါသည်။
ထို့အတွက်ကြောင့် အိမ်ထောင်ပြုခြင်းသည်လူ့အဖွဲ့အစည်းအတွက် ကောင်းရာကောင်းကျိုးဖြစ်ရာ မိသားစုများ ပူးပေါင်း၍ လောကကို အလှဆင်ကြစေရန်အတွက် ထိမ်းမြားလက်ထပ်မှုကြောင့်ဆွေမျိုးတော်စပ်မှုကို သွေးသားအရ ဆွေမျိုးတော်စပ်မှုကဲ့သို့ပင် အလေးထားရန် ညွှန်ကြားထားပါသည်။(ကျမ်းမြတ်ကုရ်အာန် ၂၅း၅၄)
(ကိုးကား – နိကာဟ် အစ္စလာမ့်ထိမ်းမြားခြင်း – အလ်ဟာဂ်ျမုဖ်သီ ဒေါက်တာ မြင့်သိန်း)
ဆိုလိုသည်ကား အိမ်ထောင်ပြုခြင်းသည်သက်ဆိုင်သူ နှစ်ဦးနှစ်ယောက်တည်းအရေးမဟုတ်ဘဲ ဆွေမျိုးသားခြင်းလူ့အဖွဲ့အစည်းနှစ်ရပ်ပူးပေါင်းသည့်အရေးဟု ရှုမြင်ပါသည်။ ထို့အတွက် ဆွေမျိုးစုနှစ်စု တစ်စည်းတစ်ပေါင်းတည်းစုပေါင်းနိုင်ရေး အခြေခံလမ်းညွှန်များ ချမှတ်ပေးထားပါသည်။
အစ္စလာမ့်သွန်သင်ချက်အရ အိမ်ထောင်ပြုခြင်း မင်္ဂလာအထမြောက်ရန်
၁)ကမ်းလှမ်းခြင်း၊ သဘောတူလက်ခံခြင်းရှိရပါမည်။
၂)ခင်ပွန်းမှ ဇနီးသည်သို့ မင်္ဂလာဦးလက်ဆောင် ပေးရပါမည်။
၃)အသိသက်သေ အနည်းဆုံးနှစ်ဦး ရှိရပါမည်။
ထို့ကြောင့်
၁)ကာယကံရှင်ဆန္ဒမပါဘဲ အဓမ္မ လက်ထပ်ခွင့်မရှိပါ။
၂)မိမိဇနီးသည်အား တန်ဖိုးထားရာရောက်ပါသည်။
၃) နှစ်ဦးသဘောတူ ကြည်ဖြူရုံ သက်သက်ဖြင့် လူ့အသိုင်းအဝိုင်းက အသိအမှတ်ပြုခြင်းမရှိဘဲတိတ်တဆိတ်ပေါင်းသင်းခွင့်မရှိပါ။ အမျိုးသမီးတို့အတွက် အခွင့်အရေးများ ဖြစ်ပါသည်။
မယားလေးယောက် ကိစ္စ
လူပြောများသည့် အချက်တစ်ချက်မှာ အစ္စလာမ်ကမယားလေးယောက် ယူခွင့်ပြုခြင်းနှင့် စပ်လျဉ်း၍ဖြစ်သည်။ ပထမဆုံးအနေဖြင့် ထိုသည်နှင့် သက်ဆိုင်သောကျမ်းမြတ်ကုရ်အာန်လာ သွန်သင်ချက်ကို ဖော်ပြပါမည်။
“အသင်တို့သည် ဖမဲ့မိန်းကလေးများနှင့်စပ်လျဉ်း၍ တရားမျှတမှုမရှိမည်ကို စိုးရိမ်ကြသော် မိမိတို့နှစ်သက်ရာ အမျိုးသမီးများအနက် နှစ်ဦးဖြစ်စေ၊ သုံးဦးဖြစ်စေ၊လေးဦးဖြစ်စေ ထိမ်းမြားကြလေကုန်။ ထိုသို့ထိမ်းမြားရာတွင် တရားမျှတမှု ပြုနိုင်ကြမည်မဟုတ်ဟုစိုးရိမ်မကင်းသော် တစ်ဦးတည်းကိုသာ လက်ထပ်ကြကုန်” (ကျမ်းမြတ်ကုရ်အာန် ၄း၃)
ဤသွန်သင်ချက်၏ အလိုသဘောမှာ မလုပ်မနေရ တိုက်တွန်းထားခြင်းမဟုတ်ဘဲအခြေအနေအရ လိုအပ်ပါက လေးဦးအထိ အများဆုံး အိမ်ထောင်ပြုပိုင်ခွင့်အား ခွင့်ပြုပေးထားခြင်းသာဖြစ်ပါသည်။
အစ္စလာမ်သာသနာ စတင်ထွန်းကားစဉ်က မွတ်စလင်မ်တို့အားကျန်အာရဗ်များက နည်းမျိုးစုံဖြင့် နှိပ်စက်စော်ကားသည်ဖြစ်ရာ နောက်ဆုံး မတတ်သာသည့် အဆုံးတွင် ကျူးကျော် တိုက်ခိုက်လာသူများအား ပြန်လည်ခုခံသည့် ခံစစ် ဆင်နွှဲခဲ့ရလေရာ စစ်ပွဲတို့၏ထုံးစံအတိုင်း စစ်သည်များ အသေအပျောက် ရှိခဲ့ပါသည်။ ထိုကွယ်လွန်သူ စစ်သည်တို့၏ ကျန်ရစ်သူသမီးများ၊မုဆိုးမဇနီးများ၏ အနာဂတ်လုံခြုံရေးအတွက် မွတ်စလင်မ်အမျိုးသားများက ကာကွယ်စောင့်ရှောက်နိုင်စေရေး အတွက် ချွင်းချက်အနေဖြင့် ဇနီးလေးဦးအထိ လက်ထပ်ပိုင်ခွင့်ပြုပေးခြင်းဖြစ်ပါသည်။ ထိုအခြေအနေတွင်ပင် တရားမျှတမှုကို ရှေ့တန်းတင်ရပါမည်။ နောက်ထပ်လည်း အောက်ပါအတိုင်း သွန်သင်ထားပါသေးသည်။
ထိုမှတစ်ပါးတုံအသင်တို့သည် မည်မျှပင် ဆန္ဒထားရှိကြကုန်သော်လည်း ဇနီးမိန်းမတို့၏စပ်ကြားဝယ် အဖက်ဖက်မှတရား မျှတအောင် ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ (ဇနီးမိန်းမတို့အနက်) တစ်ဦးတစ်ယောက်ထဲဘက်သို့ လုံးဝတစ်ဘက်သတ် မယိမ်းယိုင်ကြကုန်လင့်။
(ကျမ်းမြတ်ကုရ်အာန် ၄း၁၂၉)
ထို့အတွက်ကြောင့် ဇနီးလေးယောက်အထိ ယူခွင့်ပြုထားခြင်းသည်
(က)မယူမနေရတာဝန်ပေးထားခြင်းမဟုတ်ဘဲ အခြေအနေတစ်ရပ်အရလိုအပ်ပါက ယူပိုင်ခွင့် ပြုထားခြင်းသာဖြစ်သည်။အချိန်တိုင်းအတွက်မဟုတ်ပါ။ “အကယ်၍”ဟူသည်နှင့်အစချီသည့် conditional approval သာ ဖြစ်ပါသည်။
(ခ)အစ္စလာမ့်သွန်သင်ချက်အရ လိုအပ်လွန်းသည့်အခြေအနေတွင်တောင် မယား လေးယောက်အထိသာ အများဆုံးယူပိုင်ခွင့်maximum upper limit ရှိပါသည်။ အစ္စလာမ်က ယောက်ျားကောင်း မောင်းမတစ်ထောင်ဆိုသည်မျိုးကိုလုံးဝ ခွင့်မပြုထားပါ။ နှစ်ဦးနှစ်ဖက် ကြည်ဖြူပါသည်ဆိုလျင်တောင် ကန့်သတ်မှုထက် ပိုပိုင်ခွင့်မရှိပါ။တိတ်တိတ်ပုံး အမြောင်မယားလည်း ထားခွင့်မပြုပါ။ ဤလေးဦးအထိခွင့်ပြုချက်ကို ဝေဖန်သူတို့အား မေးခွန်းတစ်ခုထုတ်လိုပါသည်။ အစ္စလာမ်မှလွဲ၍ကျန် ဘာသာ သာသနာများတွင် ဇနီးမယား အများဆုံးယူပိုင်ခွင့်အရေအတွက် ကန့်သတ်မှု ရှိပါသလား။
(ဂ)ကမ္ဘာ့လူဦးရေအချိုးအစားအရ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် အနည်းငယ်ပိုသော်လည်းမည်သည့်လူ့အစုအဝေးတွင်မှ ကျားမအချိုး ၁း ၄ ရှိမနေပါ။ လေးဦးစီအထိယူချင်ကြပါသည်ဆိုဦးတော့ လက်တွေ့အားဖြင့် ယူ၍မရသည်ကို ဦးနှောက်နည်းနည်းသုံးရုံဖြင့်သိနိုင်ပါသည်။
(ဃ)မိမိတို့ဝန်းကျင်ရှိ အစ္စလာမ်ဘာသာဝင်များ အများစုအား လေ့လာကြည့်ပါ။ ဇနီးတစ်ဦးထက် ပိုယူထားသောသူမည်မျှရှိပါသနည်း စာရင်းကောက်ကြည့်ပါ။ ချွင်းချက်အားဖြင် အနည်းငယ် ရှိနိုင်သော်လည်းအများစုသည် တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးသည်ဆိုသည်ကို စာရှုသူ လက်တွေ့ တွေ့ရပါလိမ့်မည်။မြန်မာပြည်တွင် သာမက ကမ္ဘာတစ်လွှားတွင်လည်း အများစုက ဇနီးတစ်ဦးသာ ယူထားကြပါသည်။ Exceptions do not make rules! ချွင်းချက်များကိုကြည့်ကာ ကောက်ချက်မချသင့်ပါ။ အခြားဘာသာဝင်တွင်လည်းမယားတစ်ဦးထက် ပိုယူထားသူ၊ တိတ်တိတ်ပုန်း ကီပင်ထားသူ ရှိပါသည်။ ထိုသူတို့ကိုကြည့်ကာထိုသူတို့ ကိုးကွယ်သည့်သာသနာကို ကောက်ချက်ချ၍ မရပါ။
အထက်ပါအချက်များအရ မွတ်စလင်မ်တို့သည် မယားအများအပြားယူ၊ သားသမီး တစ်ြပုံတစ်ခေါင်းမွေးကာ သားဖောက် သာသနာပြုကြသည်ဆိုခြင်းမှာ အခြေအမြစ်လုံးဝမရှိသည့်စွပ်စွဲချက်သက်သက်သာ ဖြစ်ပါသည်။
ဘာသာမတူသူနှင့် အိမ်ထောင်ပြုခြင်း
ဒုတိယအချက်မှာ မွတ်စလင်မ်အမျိုးသားများကဘာသာမတူသူ အမျိုးသမီးများအား သွေးဆောင်လက်ထပ်ကာ အစ္စလာမ်ဘာသာဝင်အဖြစ် သွတ်သွင်းနေကြသည်ဆိုသည့်စွပ်စွဲချက်ဖြစ်သည်။ တကယ်တမ်းကျတော့ အစ္စလာမ့်သွန်သင်ချက်အရ ဘာသာမတူလျင် ပေါင်းဖက်ခွင့်လုံးဝမရှိပါ။
“မွတ်ရှ်ရစ်က်(အခြားကိုးကွယ်ရာ၊ အခြားသာသနာကိုကိုးကွယ်သူ) ဘာသာခြား အမျိုးသမီးတို့သည် အစ္စလာမ်ကိုလက်ခံယုံကြည်ခြင်း မရှိသမျှကာလပတ်လုံး အသင်တို့သည် ထိုအမျိုးသမီးများနှင့် လက်မထပ်ကြကုန်လင့်။ထိုဘာသာခြား အမျိုးသမီးသည် သင်တို့အထင်တွင် နှစ်သက်ဖွယ် ဖြစ်ငြားသော်လည်း ထိုအမျိုးသမီးထက်စာလျင်အစ္စလာမ်ကို ယုံကြည်သော ကျွန်အမျိုးသမီးက မုချ သာပိုကောင်းမွန် သင့်တော်ပေသည်။ ထိုနည်းတူစွာပင်ဘာသာခြား အမျိုးသားတို့သည် အစ္စလာမ်ကို လက်ခံယုံကြည်ခြင်း မရှိသမျှကာလပတ်လုံး အသင်တို့သည်ထိုသူများနှင့် မွတ်စလင်မ်အမျိုးသမီးများကို လက်ထပ်ထိမ်းမြား မပေးကြကုန်လင့်။ ထိုဘာသာခြားအမျိုးသားသည် သင်တို့အထင်တွင် နှစ်သက်ဖွယ် ဖြစ်ငြားသော်လည်း ထိုအမျိုးသားထက်စာလျင်အစ္စလာမ်ကို ယုံကြည်သော ကျွန်အမျိုးသားက မုချ သာပိုကောင်းမွန် သင့်တော်ပေသည်။” (ကျမ်းမြတ်ကုရ်အာန် ၄း၁၂၉)
အထက်ပါဆုံမသြဝါဒတော်အရ မွတ်စလင်မ်တို့အိမ်ထောင်ပြုရန်အတွက်ဘာသာတူ ကျွန်ကပင် ပိုမိုသင့်လျော်ကြောင်း သွန်သင်ထားပြီး ဘာသာမတူက လက်ထပ်ခွင့် မရှိပါ။ဤသြဝါဒတော်လာ သာလွန်မှုဟူသည် မြင့်မြတ်ကောင်းမွန်မှုကိုမဟုတ်ဘဲအိမ်ထောင်ဘက်အဖြစ် ပိုမိုသင့်လျော်မှုကို ရည်ညွှန်းပါသည်။ အစ္စလာမ့်သွန်သင်ချက်အရ လူသားအားလုံးသည်တစ်မိတစ်ဖတည်းမှ ဆင်းသက်လာပြီး အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အမြင့်မြတ်ဆုံးလူသားမှာမျိုးနွယ်၊ အသားအရာင်၊ ဇာတိတို့ကို အခြေမခံဘဲ သက္ကဝါခေါ် ကိုယ်ကျင့်စာရိတ္တ အမြတ်ဆုံးလူသာဖြစ်ပါသည်။ (ကျမ်းမြတ်ကုရ်အာန်၄၉း၁၃)
အကယ်၍ အဆိုပါ ဘာသာခြားပုဂ္ဂိုလ်သည် တစ်စုံတစ်ရာသွေးဆောင်မှုကြောင့်မဟုတ်ဘဲ မိမိ စိတိဆန္ဒအလျောက် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင် လက်ခံယုံကြည်လာခြင်းမှအပ ထိုသူနှင့်မွတ်စလင်မ်တစ်ဦးလက်ဆက်ပိုင်ခွင့်မရှိပါ။
အစ္စလာမ်သာသနာသို့ ဘာသာပြောင်းခြင်းဆိုသည်ကလည်းနှလုံးသားမှထဲထဲဝင်ဝင် နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ကာ လက်ခံခြင်းဖြစ်ရပါမည်၊ အိမ်ထောင်ပြုနိုင်ရန်ရည်ရွယ်ချက်ဖြင့် မဖြစ်ရပါ။
မည်သည့်ဘာသာ သာသနာတွင်မဆို သာသနာပြုဖိတ်ခေါ်ဖြန့်ချိခြင်း ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း တောင်တန်းသာသနာပြုစီမံကိန်းထင်ရှားပါသည်။ ထို့အတွက် မည်သူမဆို မိမိယုံကြည်ရာ၊ မိမိကမှန်သည်ထင်ရာကိုကျန်သူတို့ထံဖိတ်ခေါ်ဖြန့်ချိပိုင်ခွင့် ရှိရမည်ဟု ယုံကြည်ပါသည်။ ထိုသို့ ဖိတ်ခေါ်ဖြန့်ချိရန် အစ္စလာမ်ကချမှတ်ထားသောနည်းစနစ်ရှိပါသည်။
“အသိပညာဥာဏ်အလိမ္မာ၊ သာယာလှပသော ဆုံးမစကားဖြင့် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောသာသနာသို့ဖိတ်ခေါ်ပါလေ။” (ကျမ်းမြတ်ကုရ်အာန် ၁၆း၁၂၅)
အထက်ပါညွှန်ကြားချက်နှင့်အညီ ဖိတ်ခေါ်ခြင်းမှအပ၊အစ္စလာမ်အကြောင်း ရှင်းလင်းတင်ပြ ကျင့်သုံးဆောက်တည်ပြခြင်းမှတစ်ပါး အခြား အောက်လမ်းနည်းသုံးကာပိုင်းလုံးလုပ်လျက် သာသနာပြုရန် လုံးဝအကြောင်းမရှိပါ။
အစ္စလာမ်သာသနာတွင် အဓမ္မစနစ်ကို လုံးဝခွင့်မပြုပါ။
“ဖြောင့်မတ်မှန်ကန်သောတရားလမ်းစဉ်သည် မမှန်ကန်သောလမ်းစဉ်နှင့် ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနားလျက် ရှိနေပြီဖြစ်ရာသာသနာရေးတွင် အနိုင့်အထက် အလျဉ်းမပြုရ” (ကျမ်းမြတ်ကုရ်အာန် ၂း၂၅၆)
ထို့အတွက်ကြောင့် အစ္စလာမ်၏ မည်သည့်နေရာတွင်မှဘာသာမတူသူကို လက်ထပ်ကာ ဘာသာကူးပြောင်းစေရန် ညွှန်ကြားခိုင်းစေထားရန် မဆိုထားဘိ ထိုသို့လုပ်ရန်ကိုပင်လုံးဝ ခွင့်မပြုပါ။ နှလုံးသားမှမပါဘဲ အပေါ်ယံကူးပြောင်းလာမည့် အယောင်ဆောင်လည်း အလိုမရှိပါ။သူတို့ထံမှလည်း အစ္စလာမ့်အတွက် တစ်စုံတစ်ရာ ကောင်းကျိုးမဖြစ်နိုင်ပါ။ နှစ်နှစ်ကာကာ ကူးပြောင်းသက်ဝင်ယုံကြည်သူဆိုလျင်မူ လှိုက်လှဲစွာ ကြိုဆိုပါသည်။
ထို့အတွက်ကြောင့် မျိုးဖောက်သာသနာပြုရန်ဘာသာတရားက ခိုင်းစေထားပါသည်ဆိုကာ အမုန်းမီးပွားစေရန် ဝါဒမှိုင်းတိုက်သည်ကို မှားယွင်းကြောင်းပြတ်ပြတ်သားသား ဆန့်ကျင်ပါသည်။ အစ္စလာမ်က ထိုသို့ လုံးဝ မသွန်သင်ထားပါ။
သို့သော် …… သို့သော် …..။
ဝါဒနှင့်ဝါဒီကို ခွဲခြား ရှုမြင်စေလိုပါသည်။သာသနာက ခွင့်မပြုပါ ဆိုထားပါလျက်နှင့် ပိုးဖလံမျိုး မီးကို တိုးကြသူများလည်း အဟုတ်အမှန်ရှိပါသည်။
အိမ်ထောင်ရေး၏ အစသည် နီးစပ်မှုသံယောဇာဉ်တွယ်ငြိမှုဖြစ်ရာ အမြဲအတူ ထိတွေ့ဆက်ဆံနေကြရသူ အသိုင်းအဝိုင်းများအတွင်း ဘာသာရေးအရ ခွင့်ပြုချက်မရှိသော်လည်းမိမိတို့ကိုယ်ကျိုးဆန္ဒနောက်ကိုလိုက်လျက် ဘာသာမတူသူနှင့် လက်ထပ်ကြသူ မွတ်စလင်မ်များလည်းရှိခဲ့ပါသည် …… ရှိနေပါသည်။ မဖြစ်ခင်က ကြိုတင်သိရှိသောကြောင့်ရှေ့မဆက်ကြရန် မွတ်စလင်မ် အသိုင်းအဝိုင်းက နည်းမျိုးစုံနှင့် တားမြစ်ကြသော်လည်း မိမိတို့ဆန္ဒနောက်ကို လိုက်ကြသူများလည်းရှိပါသည်။ နောက်ကျပြီးမှ သိလိုက်ကြရသည်တို့လည်း ရှိပါသည်။ ထိုအခြေအနေတွင် မိဘနှစ်ဖက်အသိုင်းအဝိုင်းကကြည်ဖြူလက်ခံလိုလှ၍ မဟုတ်သော်လည်းအကြောင်းကြောင်းကြောင့် လက်ခံပေးလိုက်ရသည်လည်း ရှိပါသည်။ ထိုနေရာတွင် မွတ်စလင်မ်တစ်ချို့က“ဖြစ်သွားပြီးတဲ့နောက် နိကဟ် (အစ္စလာမ့်နည်းကျ ထိမ်းမြားမှု) လုပ်ပေးလိုက်ကြတာပေါ့ …မွတ်စလင်မ်လို လိုက်နေရမယ်” ဟု ဆိုလာခြင်းမှာလည်း ကျွန်တော့်အမြင်အရမူ ဖိနပ်နှင့်မတော်သောကြောင့်ခြေထောက်ဖြတ်သကဲ့သို့သာ ဆိုချင်ပါသည်။ သို့သော် လွန်ခဲ့ပြီးသော ကိစ္စရပ်အတွက် ရေရှည်စိတ်ဆင်းရဲကြရခြင်းမှလွဲ၍အဖြေမရှိပါ။
သေချာပါသည်။ မည်သည့်မွတ်စလင်မ် မိဘဆွေမျိုး၊ဘာသာရေးအသင်းအဖွဲ့ကမှ ထိုသို့သော မွတ်စလင်မ်မဟုတ်သူနှင့် လက်ထပ်ခြင်းကို အားပေးအားမြှောက်မပြုပါ။ဘာသာမတူသူ တိုင်းရင်းသူအမျိုးသမီး၏ အဆင့်အတန်းအလိုက် ထောက်ပံ့ဆုကြေးများကို ဗလီများမှတဆင့်ချီးမြှင့်သည် ဆိုလာခြင်းကိုမူ ပျက်လုံးတစ်ခုအနေဖြင့်သာ ရယ်လိုက်ချင်ပါတော့သည်။ သက်သေပြပါဟုသာပြန်မေးချင်ပါသည်။ မြန်မာပြည်ရှိ အစ္စလာမ့် အဖွဲ့အစည်းများ၊ ဗလီများတွင် ထိုမျှလောက်ငွေပိုလည်း ရှိမနေပါ။ ဘာသာခြားနှင့ိမ်ထောင်ပြုထားပြီး မွဲတေနေသူမွတ်စလင်မ်တို့ကိုလည်းမြင်နေရပါသည်။ ဝါဒဖြန့်စာစဉ်များတွင် ပါသည့် မွတ်စလင်မ်တို့၏ လျှို့ဝှက်ဖြန့်ဝေစာ ဆိုသည်မှာလည်းအမှန်တကယ်မရှိသည့်၊ မွတ်စလင်မ်စစ်စစ်တို့က ရေးသားခြင်းမဟုတ်သည့် လုပ်ကြံစာသာ ဖြစ်ပါသည်။ အစ္စလာမ်သာသနာကို ကျမ်းမြတ်ကုရ်အာန်နှင့်တမန်တော် မုဟမ္မဒ်၏ စစ်မှန်ခိုင်လုံသော သြဝါဒတော်များကသာ ကိုယ်စားပြုပါသည်။ ထိုသည်တို့တွင်အဆိုပါ ညွှန်ကြားချက်မျိုး အရိပ်အငွေ့ပင် မပါရှိပါ။
တကယ်တမ်း လေ့လာကြည့်ပါက ဘာသာခြားနှင့်အိမ်ထောင်ပြုသွားသူများတွင် မွတ်စလင်မ်အမျိုးသားများနည်းတူ မွတ်စလင်မ်အမျိုးသမီးများလည်းအမြောက်အများ ပါ ပါသည်။ စာရှုသူလည်း တွေ့ဖူးပါလိမ့်မည်။ စိုးရိမ်နေကြရသည့်သူများတွင်မွတ်စလင်မ်မိဘများကလည်း ထိပ်ဆုံးက ရှိနေရပါသည်။ ဘာသာခြားနှင့် အိမ်ထောင်ကျကာ နောက်ဆုံးတွင်ထိုဘာသာဘက်သို့ ကူးပြောင်းသွားကြသော မွတ်စလင်မ်များလည်း တစ်ပုံတစ်ပင်ပါ။ သို့သော် သူတို့နှင့်စပ်လျဉ်းလျင်မူဝါဒမှိုင်းတိုက်ဆရာတို့ မသိချင်ယောင် ဆောင်နေကြပါသည်လား။
မည်သို့ပင် ဆိုစေကာမူ အများစုသော မွတ်စလင်မ်တို့သည်ကားဘာသာတူသူ အချင်းချင်းသာ လက်ထပ်ကြသည်ကိုလည်း မိတ်ဆွေတို့ လက်တစ်ကမ်းရှိသူများကို လေ့လာရုံနှင့်ပင်တွေ့ပါလိမ့်မည်။ ပမာဏနည်းလှသော လူအချို့ကို မီးမောင်းထိုး highlight လုပ်ကာ လိုရာ ခြောက်လှန့်ဝါဒဖြန့်ကြလျက် အမုန်းတရား ပုံဖော်နေကြခြင်းသာဖြစ်ပါသည်။
နိဂုံးချုပ်ပါမည်။
အိမ်ထောင်ရေးတွင် ခုရှုပ်မှ နောင်ရှင်းလုံးဝမဟုတ်ပါ …. ခုရှင်းမှသာ နောင်ရှင်းပါမည်။ ဘာသာမတူသော အသိုင်းအဝိုင်းနှစ်ခုသည်မိတ်ဆွေအဖြစ် လက်တွဲနိုင်သော်လည်း “အသွင်မတူ အိမ်သူမဖြစ်” လေရာ ရာသက်ပန် ရိုးမြေကျဆွေမျိုးအသိုင်းအဝိုင်းများကပါ ပါဝင်သည့် ဘဝလက်တွဲဖော်အဖြစ်ကတော့ လက်တွေ့မဖြစ်နိုင်ပါ။ထို့အတွက်ကြောင့် မည်သည့်ဘာသာ သာသနာအနေနှင့်မဆို မိမိတို့ သာသနာဝင်များအား ဘာသာမတူသူနှင့်လက်ထပ်ခြင်း မပြုကြရန် တိုက်တွန်းကြခြင်းအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ ဘာသာတိုင်းအနေဖြင့်ယခုထက်ပင် အရှိန်အဟုန်ဖြင့် တိုက်တွန်းကြရန် မရှိမဖြစ်လိုအပ်သည်ဟုလည်း ယုံကြည်ပါသည်။
သို့သော် ဤအကြောင်းချင်းရာကို ဆုံးမသွန်သင်ရာတွင် ဘာသာခြားနှင့် လက်ဆက်ခြင်းကြောင့်ရေရှည် အဆင်မပြေ ဖြစ်နိုင်ကြောင်းကို အဓိက မပြောဘဲ အခြားဘာသာတရားတစ်ခုအား အခြေမမြစ်မရှိပုတ်ခတ်စွပ်စွဲ အမုန်းပွား အထင်အမြင်လွဲစေမည့် အကြောင်းချင်းရာများကိုမူ ရှောင်ရှားအပ်ပါကြောင်းယုံကြည်ပါသည်။
ယခုနှစ်သစ်ခါသမယမှစတင်ကာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော၊ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးကြသော ပဋိပက္ခကင်းသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် မြင်ချင်လှပါသည်။ လက်တွေ့ဖြစ်လာစေရန် ကျွန်တော်တို့တွင် တာဝန်ရှိပါသည်။ နောင်မျိုးဆက်တွင်အမုန်းတရားများ မကျန်စေလိုတော့ပါ။ အုတ်တစ်ချပ် သဲတစ်ပွင့် ကြိုးပမ်းကြပါဦးစို့။
ရွှေဈေး တစ်ကျပ်သားလျှင် ငွေကျပ် ရှစ်သောင်း ဈေးထိုးကျသွား
ကမ္ဘာ့ရွှေဈေးနှုန်းများ ထိုးကျနေမှုကြောင့် သင်္ကြန်ကာလအပြီး ယနေ့ပြန်လည်ဖွင့်လှစ်လိုက်သော မြန်မာ့ရွှေ ဈေးကွက်တွင် အခေါက်ရွှေ တကျပ်သားလျှင် ငွေကျပ် ၈၀,၀၀၀ (ရှစ်သောင်း) ကျော် ဈေးကွာ ထိုးဆင်းသွားပြီး ၀ယ်သူ ရောင်းသူ များဖြင့် ဈေးကွက်လှုပ်
ရှားနေကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။
သင်္ကြန်ကာလမတိုင်ခင်က ၁၆ ပဲရည် အခေါက်ရွှေတကျပ်သားလျှင် ကျပ်ငွေ ၇၄၀,၀၀၀ ခွန်နှစ်သိန်းလေးသောင်း ကျော်ရှိခဲ့ပြီး အရောင်း အ၀ယ် မရှိဖြစ်ခဲ့ကြောင်း၊
ယနေ့ နှစ်ဆန်း ၂ ရက်နေ့ ရွှေဈေးကွက်များ ပြန်လည်ဖွင့်လှစ်ချိန် အခေါက်ရွှေ တကျပ်သားလျှင် ၆၆၈,၅၀၀ ခြောက်သိန်းခြောက်သောင်း ရှစ်ထောင့်ငါးရာကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး
ညနေပိုင်းတွင် ၆၇၃,၀၀၀ ခြောက်သိန်းခွန်နှစ်သောင်းသုံးထောင် ဈေးပေါက်သောကြောင့် သင်္ကြန်မတိုင်မီ ပေါက်ဈေးနှင့် ယှဉ်လျှင် မြန်မာ့ရွှေဈေးနှုန်းသည် တကျပ်သားလျှင် ငွေကျပ် ၈၀.၀၀၀ ကျော် ထိုးဆင်းသွားခဲ့သည်။
“ပြည်တွင်းရွှေဈေးနှုန်းက ကမ္ဘာ့ရွှေဈေးကို မူတည်ပြီးဖြစ်ပေါ်နေတာ။ အခု ကမ္ဘာ့ရွှေဈေးတွေ ထိုးဆင်းတော့ မြန်မာ့ရွှေဈေးလည်း လိုက်ဆင်းတယ်။ အခေါက်ရွှေတကျပ်သားကို ၈၀၀၀၀ လောက်ထိကို ထိုးဆင်းသွားတာ။
အရင် အခေါက်တကျပ်သားကို ခုနစ်သိန်းခွဲလောက်ရှိနေရာ ကနေ ခြောက်သိန်းခြောက်သောင်းလောက် အထိကို ဈေးတွေ ထိုးဆင်းတာ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်း ရေးမှူး ဦးဝင်းမြင့် က ပြောသည်။
ဧရာဝတီ News
ချီကာဂိုမြို့လမ်းမပေါ်က ကား(၃)စီး အရှင်လတ်လတ်မြေမြိုသွားပုံ
ချီကာဂိုမြို့လမ်းမပေါ်က ကား(၃)စီးမှာ မိုးရွာသွန်းမှုကြောင့် မြေအောက်တွင် ရေစိမ့်စီးဆင်းမှုကြောင့် ကားလမ်းမပေါ်တွင် အပေါက်ကြီးဖြစ်ပေါ်သွားပြီး လမ်းပေါ်ရပ်ထားသော ကား (၃)စီး ကျင်းထဲ ဆင်းသွားပုံဖြစ်ပါသည်။
Movie သတင်းကြည့်ချင်သူများဒီမှာ ကြည့်ပါ။
http://myfox8.com/2013/04/18/video-sinkhole-swallows-three-cars-in-chicago/
CNN News
ီ၉၆၉ အကြမ်းဖက် တရားပွဲ သင်္ဃန်းကျွန်းမြို့ နယ် ဆ/က ရပ်ကွက်တွင်ကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့ နယ် ဆ/က ရပ်ကွက် ရတနာသုခလမ်းတွင် ၂၁/၄/၂၀၁၃ ရက်နေ့မှ စတင် ၍ိ ၅ ရက်တိုင် တိုင် ဦးပညာဝရ အပါအဝင် ၉၆၉ အကြမ်းဖက်သမား ဘုန်းကြီး ၄ ယောက်တို့သည် တရားပွဲ ဟုခေါ်သော မတရားပွဲ ကျင်းပမည်ဟု ယ နေ့ (18/4/2013)နေ့လည် အချိန်တွင် 12 နာရီနောက်ပိုင်း တွင် ကားနံပါတ် ၈ဃ/၄၈၅၄ ဖြင့်လိုက်လံ နှိုးဆော် နေပါသည်။နိုင် ငံတော် မှလည်း ၉၆၉ နှင့်ပတ်သက်ဆက်နွယ်သည့် တရားပွဲခေါ်မတရားပွဲ အကြမ်းဖက်မှူများအားအ ရေးယူ ဆောင် ရွက်နေသည်ဟုပြော ဆိုနေ သော်လည်း ၄င်းတို့မှာ ထင် ထင် ပေါ် ပေါ် နှူိးဆော ဟောကြာ်းနေသည်ကိုတွေ့ရှိနေရ ပါသည်။ထိုအတွက်ကြောင့် သင်္ဃန်းကျွန်းမြို့ နေပြည်သူများ အထူးစိုးရိမ်နေပါသည်။နိုင် ငံတော်မှလည်း ထိုကိစ္စ များကို ပြင်းပြင်းထန်ထန် အ ရေးယူသင့် ကြောင်း လေးစားစွာပန်ကြားအပ်ပါသည်
တောင်ကုတ် မြို့က အကြမ်းဖက်လူသတ်ပွဲ တရားခံများကို တမင်မဖမ်းဘဲ ထားခြင်းလော

တောင်ကုတ်လူသတ်မှုတွင် ပါဝင်ကျူးလွန်သူတစ်ဦးချင်း၏ ရှင်းလင်းပြတ်သားသော ဓါတ်ပုံများကို မြန်မာထောက်လှမ်းရေးမှ ရိုက်ယူထားရှိသည့်အပြင် မျက်မြင်သက်သေများကိုလည်း ထောက်လှမ်းရေးက ထိုဓါတ်ပုံများကို တစ်ခုချင်းပြပြီး အတည်ပြုချက် ရယူထားပြီးဖြစ်တယ်ဆိုတဲ့ အထောက်အထားများ ရှိနေပါတယ်။ ပြသနာတွေကို ပိုကြီးထွား ရှုပ်ထွေးစေရန် ရည်ရွယ်ချက်ရှိရှိ တမင် မဖမ်းဘဲ လွှတ်ထားခြင်းဖြစ်တယ်လို့ ယူဆတယ်။
တရားမျှတမှု လိုလားသည်ထွေရာလေးပါး
(၅.၆.၂၀၁၂) နေ့ထုတ် နိုင်ငံပိုင် သတင်းစာများမှ ဖေါ်ပြချက်အရ ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မွတ်စလင်မ် ခရီးသွား (၁၀)ဦးအား လူ (၃၀၀)ခန့်မှ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခဲ့ကြောင်း ဖေါ်ပြ ပါရှိပါသည်။
ဤဖြစ်စဉ်နှင့် ပက်သက်၍ (၆.၆.၂၀၁၂) ရက်စွဲဖြင့် ပြည်ထောင်စု ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း သိရှိရသည်။
ယခု ၂၀၁၃ ဖေဖော်ဝါရီလ ရောက်သည့်တိုင် ထိုအဖွဲ့မှ တရားခံတစ်ဦးကိုမျှ ဖေါ်ထုတ် အရေးယူသည်ကို မကြားသိရပါ။
သို့သော်လည်း (၂၄.၉.၂၀၁၂) နေ့ထုတ် (Voice) ဂျာနယ်တွင်(ကျောက်တော်လူသတ်မှု တရားခံဟု ယူဆရသူ ဘင်္ဂါလီခြောက်ဦးကို ဖမ်းဆီး) ဟူသော ခေါင်းစဉ်ဖြင့် ဖေါ်ပြရာတွင် “ရခိုင် အမျိုးသား ဦးကျော်မောင်ချေ အား သတ်ဖြတ်မှုဖြင့် (၁၁.၉.၂၀၁၂) နေ့၌ ကျူးလွန်သူဟု ယူဆရသူများကို ပုဒ်မ ၃၀၂ ဖြင့် အရေးယူ စစ်ဆေးလျှက်ရှိကြောင်း ဖေါ်ပြပါရှိပါသည်။”
ဤဖြစ်စဉ်နှစ်ခုအား လေ့လာသုံးသပ်ရာတွင် တောင်ကုတ်မြို့ပေါ်တွင် လူ (၃၀၀)ခန့်က လူ (၁၀) ဦးအား အကြမ်းဖက် သတ်ဖြတ်သော တရားခံကို ယခု (၈)လတာ ကြာသည်အထိ တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိပါဘဲ….
ကျောက်တော်နယ်ရှိ လယ်ကွက်တစ်ခုအတွင်း ဓါးဒဏ်ရာဖြင့် သေဆုံးနေသော အမှုတွဲနှင့် ပက်သက်၍ တရားခံဟု ယူဆရသူ (၆) ဦးအား (၁၃) ရက်အတွင်း ဖမ်းဆီးနိုင်သော ဖြစ်စဉ်နှင့် နှိုင်းယှဉ်ပါက အသိဥာဏ်ရှိသူတိုင်း အခြေအနေအမှန်ကို တွက်ဆ ခန့်မှန်းနိုင်မည်ဟု ယူဆပါသည်။