Category Archives: Technique

မွတ်စလင် အွန်လိုင်းအသုံးပြုသူတွေအတွက် သီးသန့် လွှင့်တင်လိုက်တဲ့ “Halalgoogling Search Engine”

အင်တာနက်အသုံးပြုပြီး အွန်လိုင်းမှာ သိရှိလိုတဲ့ အချက်အလက်တွေကို ရှာဖွေနိုင်ဖို့ “Search Engine” တွေကို လူတိုင်းမဖြစ်မနေ သုံးရလေ့ရှိပါတယ်။ “Search Engine” တွေဟာ ဝဘ်ဆိုဒ်တွေရဲ့ သတင်းအချက်အလက် လိပ်စာတွေ ကို စုစည်းဖော်ပြပေးပေမဲ့လည်း တစ်ချို့ အချက် အလက်တွေဟာ အစ္စလာမ်သာသနာရဲ့ လမ်းညွှန် ချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ အတွက် မွတ်စလင် တွေ အတွက် ဝင်ရောက်ကြည့်ရှုဖို့ရာ မသင့်တော် ပါဘူး။

ဒီလိုမသင့်တော်တဲ့ သတင်းအချက်အလက်တွေကို ဖယ်ရှားပေးပြီး သန့်ရှင်းတဲ့ ဝဘ်ဆိုဒ်တွေကိုသာ “Search Result” တွေအဖြစ် ဖော်ပြဖို့ရာ “Halalgoogling” လို့ အမည်ပေးထားတဲ့ အစ္စလာမ်မစ် “Search Engine” တခုပေါ်ထွက်လို့ လာပါပြီ။ ဒီ “Search Engine” ဟာ မွတ်စလင်တွေ အတွက် သီးသန့် ရည်ရွယ်ထားတာဖြစ်ပြီး နာမည်ကြီး ”Search Engine” တွေဖြစ်တဲ့ “Google” နဲ့ “Bing” တို့သကဲ့သို့ “Web Interface” ကနေတဆင့် လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ “Halalgoogling Search Engine” ကို ဤ Link ကနေ စမ်းသပ်အသုံးပြု နိုင်ပါတယ်။ အားကစားသတင်းတွေ၊ ဈေးဝယ်လမ်းညွန် သတင်းအချက်အ လက်တွေ အပြင် ကလေးသူငယ်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကိုလွယ်ကူ စွာရှာဖွေနိုင် မှာ ဖြစ်ပါတယ်။

မွတ်စလင် အွန်လိုင်းအသုံးပြုသူတွေကို ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ အခြား “Search Engine” တွေ ရှိခဲ့သော်ငြားလည်း အားလုံးမှာ လိုအပ်ချက်တွေ အသီးသီးရှိခဲ့တာကြောင့် လူသိမများခဲ့ ပါဘူး။ “Halalgoogling”ကတော့ အဲဒီလိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ပေးထားတယ်လို့ဆိုပါတယ်။ မွတ်စလင်တွေအတွက် မသင့်တော်တဲ့ သတင်းအချက်အလက်ပါ ဝဘ်ဆိုဒ်တွေကို “Search Result” တွေကနေဖယ်ထုတ်ပေးမဲ့ အလိုအလျှောက် (ဉာဏ်ရည်တု) စနစ်ကို “Haram Filtering System” လို့ အမည်ပေးထားပါတယ်။

ခရစ်ယာန်သာသနာဝင် တွေအတွက် ChristianGo.com အမည်ရှိ “Search Engine” နဲ့ ဂျူးတွေအတွက် လည်း သူတို့အတွက် သီးခြား “Search Result” တွေထုတ်ပေးနိုင်တဲ့ www.jewogle.com အမည်ရှိ “Search Engine” တွေရှိကြောင်းလည်း သိရှိရပါတယ်။

 

Advertisements

AIDS ရောဂါပိုးထက် ပို၍ ကြောက်စရာ ကောင်းသော ရောဂါပိုးသစ် တစ်မျိုး ဆရာဝန်များ ရှာဖွေ တွေ့ရှိ

လိင်မှတစ်ဆင့် ကူးစက်တတ်သော Gonorrhoea HO41 ပိုးသစ်တစ်မျိုးသည် ဆေးမတိုးတော့သော ရောဂါပိုးသစ် တစ်မျိုးဖြစ်ပြီး AIDS ရောဂါပိုးထက် ပို၍ ဆိုးရွားစေနိုင်သည့် အလားအလာ ရှိကြောင်း အမေရိကန်ပြည်ထောင်စုမှ ဆရာဝန်များက သတိပေးပြောကြား ထားသည်။
အဆိုပါ ရောဂါပိုးကို လွန်ခဲ့သော နှစ်နှစ်က ဂျပန်နိုင်ငံရှိ ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးထံမှ ပထမဆုံး ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ပြီး ၎င်းရောဂါပိုးသည် ခုခံအားကျဆင်းမှုကို ပို၍ဖြစ်ပွား နိုင်ခြေ ရှိကြောင်း အမေရိကန် အမျိုးသား လိင် ကျန်းမာရေး ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့မှ ဝီလျံစမစ်က သတိပေး ပြောကြားခဲ့သည်။

၎င်းရောဂါပိုးသစ်ကို ပျောက်ကင်းအောင် ကုသနိုင်မည့် ဆေးဝါးတစ်မျိုးကို ယခုထိတိုင်အောင် ဖော်ထုတ်နိုင်ခြင်း မရှိသေး သော်လည်း စမ်းသပ် စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင် သွားရန်လို အပ်ကြောင်း မစ္စတာ စမစ်က ပြောကြား ထားသည်။

အဆိုပါ ရောဂါပိုးသစ်သည် အမေရိကန် နိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ကြောင်း၊ အကယ်၍ ရောဂါပိုးကူးစက် ပျံ့နှံ့ လာပြီးနောက် ထိရောက်စွာ ကာကွယ်နိုင်စွမ်းမရှိပါက ၎င်းရောဂါပိုးကို ကုသရန် အမေရိကန် ဒေါ်လာ သန်း ၇၈ဝ ကုန်ကျနိုင်ဖွယ်ရှိကြောင်း မစ္စတာ စမစ်က အခိုင်အမာ ပြောကြား ထားသည်။

၎င်းရောဂါပိုးသည် လူအများအပြားကို လျင်မြန်စွာ ကူးစက် နိုင်သောကြောင့်AIDS ရောဂါပိုး ထက်ပို၍ ကြောက်မက် ဖွယ်ကောင်းကြောင်း naturopathic ဆေးဝါးဌာနမှ ဆရာဝန် တစ်ဦးဖြစ်သူ အလန်ခရစ် စတင်းစန်းက CNBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ ရောဂါပိုးသစ် ကူးစက်ခြင်းကြောင့် သားအိမ် မျိုးဥပြွန်နှင့် မျိုးဥအိမ် လတ်တလော နာတာရှည် ရောဂါပိုးဝင် ရောက်ခြင်း၊ သားအိမ်တွင် မဟုတ်သော အခြားနေရာ တစ်ခုတွင် သန္ဓေ တည်ခြင်းနှင့် သားသမီး မရနိုင်ခြင်း စသော ရောဂါများကို ဖြစ်စေနိုင်သည်။