‘‘ရေရာသေချာတဲ့သဘောတူညီချက်အာမခံချက် ဘာ မှ မ ရ ခဲ့ ဘူး’’

ဒီတွေ့ဆုံပွဲက ပါဝင်ဆွေးနွေးသူအယောက် ငါးဆယ်နီးပါးဆိုတော့ တကယ်ကော ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့ပါသလား။

တွေ့ဆုံပွဲက သိပ်အားရစရာမကောင်းဘူး။ အလုပ်ဖြစ်တယ်လို့ တော့ပြောဖို့ခက်တယ်။ ယေဘုယျအားဖြင့်တော့ တွေ့ဆုံဆွေးနွေးမှုကို ကြိုဆိုပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ ပြည်တွင်းစစ်ရပ်ဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ဖို့တွေကို ဆောင်ရွက်တဲ့အခါမှာ ဒီလိုပဲတွေ့ဆုံဆွေးနွေး အဖြေရှာရင်းနဲ့ အဖြေတစ်ခုရလိမ့် မလားမျှော်လင့်ချက်တွေ ကျွန်တော်တို့မှာရှိတယ်။ ဒါကြောင့် ဘယ်လိုတွေ့ဆုံမှုမျိုးကိုမဆို   ကြိုဆိုတယ်။ တွေ့ဆုံရုံ သက်သက် မဟုတ် ဘဲ နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့  အစည်းအဝေး စစ ချင်း ကျွန်တော်တို့ပြောပါတယ်။ ကျွန်တော်တို့ အတော် အတန်ဆွေးနွေး ခွင့်ရလိမ့်မယ်လို့ထင်ခဲ့တယ်။  ဒါပေမဲ့ လူအယောက်ငါးဆယ်နီးပါးဆိုတော့ တစ်ယောက်ကို ငါးမိနစ်လောက်ပဲရတယ်။ တချို့တင်ပြ ချက်တွေဆွေးနွေးချက်တွေက တော့ ကောင်းပါတယ်။ ဒါပေမဲ့ သဘောတူဆုံးဖြတ်ချက်မရပါ ဘူး။ ဒါကလည်း ပြည့်ပြည့်၀၀ ဘယ်သူ မှ ဆွေးနွေးခွင့်မရလို့ပဲဖြစ် ပါတယ်။ ဒါပေမဲ့ သမ္မတ၊လွှတ်တော်ဥက္ကဋ္ဌနဲ့ကာချုပ်တို့လို အဓိက ကျတဲ့လူတွေပါဝင်တဲ့တွေ့ဆုံမှု တွေ လုပ် တာတော့ကောင်းပါ တယ်။ ပါဝင်ဆွေးနွေးတာနဲ့ပတ် သက်လို့တော့ နောက်ထပ်လိုအပ် ရင်လိုအပ်သလို သမ္မတက ဖိတ် ကြား ပြီး  တွေ့မယ်ဆိုတဲ့ထုတ်ပြန် ချက်တစ်ခုတော့ထုတ်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကကော ဘာတွေများဆွေးနွေးပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးတာမရှိဘူး။ သူ့ CEC က ပေးလိုက်တဲ့ သဘောတူညီတဲ့အ ကြံပြုချက်တွေကိုပဲ ဖတ်ပြတယ်။  ဒီမို ကရေစီပြုပြင်ပြောင်းလဲရေး ကိစ္စ၊ ၂၀၁၅ရွေးကောက်ပွဲနဲ့ပတ် သက်တဲ့အကြံပြုချက်တွေကို ဖတ် ပြတာပဲရှိတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လည်းပါတယ်။ ဒါပေမဲ့ သူက မ ဆွေးနွေးဘူး။

၂၀၁၅ရွေးကောက်ပွဲအတွက် သမ္မ တအပါအ၀င်     တက်ရောက်လာသူတွေက  ဘယ်လိုအာမခံချက်တွေပေးပါသလဲ။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တော့ အာမခံချက်ပေးတာက ကော်မရှင်ဥက္ကဋ္ဌနဲ့ လွှတ်တော်ဥ က္ကဋ္ဌသူရဦးရွှေမန်းရယ်အသေး စိတ်   ဆွေးနွေး ပြီးတော့ မှပြောတာ။ တချို့တွေက ၂၀၁၀တုန်းက ဖြစ် ခဲ့တာတွေကို တင်ပြကြတယ်လေ။အဲဒီတုန်းက မဲမသမာမှုတွေဖြစ် ခဲ့တာကိုး။ ၂၀၁၀တုန်းကလို မဖြစ်စေရဘူး။ အဲဒါကို သင်ပုန်းချေ လိုက်တော့။ ၂၀၁၅မှာ လွတ်လပ် ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပပေး မှာဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကပြော တယ်။

ပုဒ်မ ၄၃၆အပါအ၀င် ဒေါ်အောင် ဆန်းစုကြည်သမ္မတဖြစ်ခွင့်ကို ကန့်သတ်ခံထားရတဲ့ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးနဲ့ပတ်သက်လို့ကော ထည့်သွင်းဆွေးနွေးကြတာရှိပါ သလား။

အဲဒီလိုတော့ အသေးစိတ် ဆွေးနွေးတာမရှိဘူး။ တချို့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ကတော့ တင် ပြကြတယ်။ အဲဒီမှာ ကျွန်တော်   ပြော ခဲ့ တာတစ်ခုရှိတယ်။ တချို့က လွှတ်တော်တွင်းကပြင်တယ်။ တ ချို့က အပြင်ကပြင်မယ်။တချို့က ၄၃၆ကို ပြင်မယ်။ တချို့က ၂၀၁၅ မတိုင် ခင် ပြင်သင့်ပြင်ထိုက်တဲ့ပုဒ်မတွေကို ပြင်မယ်ဆိုတာရှိ တယ်။ ကျွန်တော့် သဘောထားက တော့ ဘယ်လိုပဲပြင်ပြင် အဓိက ကျတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းခေါင်း ဆောင်တွေက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ဆန္ဒရှိဖို့ပဲ။ ဆန္ဒမရှိရင် ပြင် ဖို့မဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်။

သမ္မတကကော အန်ကယ့်ပြော ကြားချက်အပေါ် ဘယ်လိုတုံ့ပြန် ပါသလဲ။

သမ္မတကတော့ သူက ပြင် ရေးကိုပြောပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နဲ့ ကိုက်တဲ့စံနှုန်းတွေနဲ့ ပြင်ဖို့လိုတယ်ပြောတယ်။ ဒါပေမဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲကရလာ တဲ့ အချက်တွေကိုလည်းအခြေခံ ပြီး ပြင်သင့်တယ်လို့ပြောတယ်။

ဒီကနေ့ဆွေးနွေးပွဲက နိုင်ငံရေး ဆွေးနွေးပွဲပြုလုပ်နိုင်လောက်တဲ့ သဘောတူညီချက်မျိုးရခဲ့ပါသ လား။

မရခဲ့ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်သုံးဆင့်ဖြစ်တဲ့ အပစ်ရပ်ဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးဖို့နဲ့ ဆွေးနွေးလို့ ရလာတဲ့အချက်တွေကိုအကောင် အထည်ဖော်ဖို့ပေါ့။ အခုဟာက ပထမအဆင့်ဖြစ်တဲ့ အပစ်ရပ်ဖို့ တောင် တစ်နိုင်ငံလုံးအပစ်ရပ်စာ ချုပ်လက်မှတ်ထိုးဖို့က ရပ်တန့် သွား တယ်။ ဒါတွေအားလုံးဟာ ၂၀၀၈ဖွဲ့စည်းပုံပြင်ဆင်ရေးပေါ် မှာ တည်နေတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာလည်း ပြည်တွင်းစစ်နဲ့ ပတ်သက် ရင် နိုင်ငံရေးသဘောတ ရားကွဲလွဲလို့ဖြစ်တဲ့ ပြည်တွင်းစစ် က ချုပ်ငြိမ်းသလောက်ရှိနေပြီ။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း   တွေ နဲ့ ဖြစ်နေတဲ့ပြည်တွင်း စစ်ကတော့ ချုပ်ငြိမ်းဖို့အတွက် ခေတ်အဆက်ဆက်ကကြိုစားခဲ့ တယ်။ ကာချုပ်နဲ့ သမ္မတ၊ နိုင်ငံ   ရေးပါတီ   ခေါင်းဆောင်တွေ၊တိုင်း ရင်းသားလက်နက်ကိုင်ခေါင်း ဆောင်တွေအားလုံးကလည်း ငြိမ်း ချမ်းရေးကိုလိုလားတယ်လို့ပြော တယ်။ ဒါဆိုဘာကြောင့်လက်မှတ် မထိုးနိုင်တာလဲဆိုရင် အဓိကက ယုံကြည်မှုပဲ။ ယုံကြည်မှုတည် ဆောက်ရမယ်။ သံသယတွေကြောင့် လက်မှတ်ထိုးပွဲမဖြစ်တာ။ယုံကြည်လောက်တဲ့ နိုင်ငံရေး၊စစ်ရေးအခြေအနေဖန်တီးဖို့လိုတယ်။ ဒါမှတစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ်ထိုးပွဲဖြစ်နိုင်မယ်။ ဒါတွေဖန်တီးပေးဖို့ ကျွန်တော်တိုက်တွန်းပါတယ်။

အဓိကကျတဲ့တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေ မပါတဲ့ဒီနေ့လို တွေ့ဆုံမှုမျိုးက အပစ်ရပ်လက် မှတ်ထိုးဖို့ အထောက် အကူ ဖြစ်နိုင် ပါသလား။

တစ်ဖက်ကအပစ်ရပ်ဖို့ဆွေး နွေးနေတုန်း တစ်ဖက်မှာနိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ တင်ပြကြ တာတွေလည်းရှိတယ်။ ဒါပေမဲ့ ငြိမ်း ချမ်းရေးဆိုတာ နိုင်ငံရေးအရ မဆွေးနွေးဘဲ အပစ်ရပ်ရုံနဲ့တင် တော့ မဖြစ်နိုင်ဘူး။ နိုင်ငံရေးဆွေး နွေးပွဲဖြစ်ဖို့ လက်နက်ကိုင် တိုက် ပွဲ   ဖြစ်နေလို့မရဘူး။ အဟန့်အတား ဖြစ်မယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ဖို့ ဆွေးနွေးပွဲတွေအဓိကကျသလို တစ် ချိန် တည်းမှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးပွဲတွေ လုပ်တာလည်းလိုအပ်တယ်။ အ ပစ်ရပ်မထိုးခင် ဖွဲ့စည်း ပုံပြင် ဆင် ရေးအတွက် ကြိုတင်စာနဲ့လက် မှတ်ထိုးထားဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တင်ပြ တယ်ဆိုပြီး အခုအစည်းအဝေးမှာ ဦးခွန်ထွန်းဦးကပြောတယ်။ ဒါပေ မဲ့ တိကျတဲ့ဆွေးနွေးမှုတော့ ပြန်မရဘူး။

ဒီနေ့ဆွေးနွေးမှုဟာ သမ္မတက လွှတ်တော်ကို ပေးပို့ရမယ့် သ၀ဏ် လွှာကိုရှောင်ချင်လို့ လုပ်တယ်ဆို တဲ့ ဝေဖန်မှုပေါ်ပေါက် လာတယ် လို့ပြောကြပါတယ်။ အဲဒီအတိုင်းပဲလား။

ရေရာသေချာတဲ့ သဘောတူ ညီချက်၊ အာမခံချက်ဘာမှမရခဲ့ ဘူး။ အပွင့်တွေနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေကိုလည်း သူတို့ (သမ္မတ၊ ကာချုပ်) တို့ဆီက ဘာမှ အာမခံချက်မရခဲ့ပါဘူး။

ကျေးဇူးတင်ပါတယ်။

Leave a comment