ဘရာဇီးတွင်ဖြစ်ပွားခဲ့သည့်မုဒိန်းမှုသတင်းအားမလေးရှား တွင် မြန်မာ မိန်းကလေး မုဒိန်းကျင့် ခံရ သည် ဟု လုပ်ကြံ ၀ါဒ ဖြန့်

JAPAM-Media's photo.
ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကိုတာဘာရူး နယ်မြေတွင် မြန်မာ မိန်းကလေး တစ်ယောက်အား ဘင်္ဂလီများမှ မုဒိန်းကျင့်ကာ ရက် ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သတင်းတပုဒ် ဓါတ်ပုံများဖြင့် ဆိုရှယ်မီဒီယာ ထပ်တွင် ပြန့်နှံ့လျက်ရှိပါတယ်။

အဆိုပါသတင်းမှာ လုပ်ကြံထားသော သတင်းသာဖြစ်ပြီး အဖြစ်မှန်မှာ ဘရာဇီးနိုင်ငံ မြောက်ပိုင်း ရှိ Pará ပြည်နယ် Parauapebas တွင် အသက် ၁၃ နှစ် အရွယ် Barbara Pereira Lira ဆိုသည့် မိန်းကလေးငယ် မုဒိန်းကျင့်ခံရပြိး ရက်စက်စွာ သတ်ခံရသည့် သတင်းဖြစ်   ကြောင်း ကို ဘရာဇီး အင်တာနက် သတင်းဌာနများရဲ့ ဖော်ပြချက် အရ သိရပါတယ်။

အဆိုပါ သတင်းကို လုပ်ကြံပြီး ဆိုရှယ် မီဒီယာများတွင် လူမျိုးရေး ဘာသာရေး မုန်းတီးမှုများဖြစ်စေရန် ရည်ရွယ်ချက် ရှိရှိ ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း လေ့လာတွေ့ ရှိပါတယ်။

၎င်း လူမျိုးရေး၊ဘာသာရေး မုန်းတီးမှုဖြစ်ပေါ်စေမည့် လှုံ့ဆော်သည့် သတင်းအား မြန်မာပြည်တွင်း မွတ်စလင် မုန်းတီးရေး လုပ်ဆောင်   နေ သူ ဦးဝီရသူ ဦးဆောင် လှုပ်ရှားနေသော ၉၆၉ အဖွဲ့၏ အွန်လိုင်းမီဒီယာမှ တခု ဖြစ်သည့် “၉၆၉ မီဒီယာ” နှင့် ပြည်တွင်းမှ တရား ဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဥက္ကဌ ဖြစ်သူ ဦးနေမျိုးဝေတို့မှ ၄င်းတို့၏ ဆိုရှယ်မီဒီယာ စာမျက်   နှာ များမှ ထပ်ဆင့် ဖြန့်ဝေခဲ့တာကို တွေ့ပါတယ်။

ဦးနေမျိုးဝေ၊ ၉၆၉ မီဒီယာ နှင့် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) အမည်ဖြင့် သတင်းများ ထုတ်ပြန်သည့် ဆို ရှယ် မီဒီယာ စာမျက်နှာများတွင် နိုင်ငံတော် ဖွဲ့စည်း အုပ်ချူပ်ပုံ အခြေခံ ဥပဒေ၊ တည်ဆဲ ဥပဒေများ ကို ဆန့်ကျင့်ဖောက်ဖျက်ပြီး မတူညီ   သော လူမျိုး၊ ဘာသာဝင်များအကြား အမုန်းပွားစေရန် လှုံ့ဆော်သည့် သတင်းနှင့် ဓါတ်ပုံများ အမြောက်အများဖြန့်ချိ လုပ်ဆောင်   နေ   သော် လည်း သက်ဆိုင်ရာ အုပ်ချူပ်ေ၇း အာဏာပိုင်များနှင့် သက်ဆိုင်ရာ နိုင်ငံတော် သံဃာနာယက အဖွဲ့များမှ တားဆီး အရေး ယူခြင်း တစုံတရာမ၇ှိသေးပါ။

ဖြစ်ရပ်မှန် သတင်းဓါတ်ပုံ လင့်ခ်များ
———————————————-
http://www.portilhoonline.com.br/giro-de-noticias-adolesce…/

http://ariquemes.yesmania.com.br/…/adolescentes-de-13-anos-…

လှုံဆော်ဝါဒဖြန့်နေသည့် လင့်ခ်များ
—————————————
https://www.facebook.com/permalink.php…

https://www.facebook.com/nay.kamar.9/posts/1504317993166207

Leave a comment