လူသားချင်းစာနာထောက်ထားမှုကူညီရေးတွင် တူရကီ ကမ္ဘာအဆင့် ၁ သတ်မှတ် ခံရ

M-Media
Turkish Cooperation နှင့် Nationa Coordination Agency ၏ တနင်္ဂနွေနေ့ ထုတ်ပြန်သော ၂၀၁၃ ခုနှစ်အစီခံစာအရ တူရကီနိုင်ငံ သည် ဌာနဆိုင်ရာများမှ တစ်ဆင့်အားဖြင့်လည်းကောင်း၊ ကမ္ဘာတစ်ဝှန်းရှိ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများမှ တစ်ဆင့် လည်း   ကောင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးခြင်း ကဏ္ဍ၌ အများဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့ပထမအဆင့် သတ်မှတ်ခံ ရကြောင်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၄.၃ ဘီလီယံအထိ ရှိနေကြောင်း သိရသည်။ ၎င်းမှာ တူရကီနိုင်ငံ၏ Gross National Product – GNP ပေါ် မူတည် တွက်ချက်ထားခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်သည့် Economic Co-operation and Development Organisattion စာရင်းအရ တူရကီနိုင်ငံသည် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၏ နောက်တွင် ကမ္ဘာ့စတုတ္ထဆင့် အလှူရှင်နိုင်ငံဖြစ် လာကြောင်း ဖော်ပြသည်။ OECD ကမူ လူသား ချင်းစာနာထောက်ထားရေး ကူညီမှုကို ၂၀၁၃ ခုနှစ်၏ GNP ၀.၂၁ ရာခိုင်နှုန်းပေါ် မူတည်ပြီး တူရကီနိုင်ငံအား ပထမနေရာအဖြစ် သတ် မှတ်လိုက်သည်။

တူရကီ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဒေသဆိုင်ရာ အလိုက် ပိုင်းခြားထားသည်။ အရှေ့အလယ်ပိုင်းတွင် ၅၅.၉ ရာခိုင်နှုန်း၊ အာဖရိကတွင် ၂၄.၇ ရာခိုင်နှုန်း၊ ဗဟိုအာရှနှင့်တောင်အာရှတွင် ၁၅.၃ ရာခိုင်နှုန်း၊ ဘော်လကန်ဒေသများတွင် ၁၅.၃ ရာခိုင်   နုန်းနှင့် အရှေ့ဥရောပတွင် ၃.၁ ရာခိုင်နှုန်းတို့ဖြစ်ကြသည်။

ထိုကူညီကယ်ဆယ်ရေးအထောက်အပံ့များသည် အာဖဂန်နစ္စတန်၊ ယီမင်၊ ဟေတီ နှင့် ဖိလစ်ပိုင် အပါအ၀င် နိုင်ငံပေါင်း ၁၂၀ အထိ ၂၀၁၃ ခုနှစ်အတွင်း ရောက်ရှိခဲ့သည်။

၎င်းတို့ကို အများဆုံးရရှိခံစားရသည့်နိုင်ငံများမှာ ဆီးရီးယား၊ အီဂျစ်နှင့် ကိုင်ဂျစ္စတာန်တို့ ဖြစ်သည်။ ဆိုမားလီယား၊ အာဖဂန်နစ္စတန်၊ ပါလက်စတိုင်း၊ ပါကစ္စတန်၊ ကာဇက်စတန်၊ တူနီးရှား၊ အဇာဘိုင်ဂျန် တို့သည်လည်း အများဆုံးရရှိခံစားရသော နိုင်ငံများစာရင်းတွင် ပါဝင်သည်။

အဆိုပါစာရင်း၌ တူရကီ၏နောက်တွင် ဂျပန်နှင့် ဂျာမဏီတို့မှ ကပ်လိုက်နေသည်။

World Bulletin

Leave a comment