စစ်တပ်ကိုယ်စားလှယ်တွေကိုဒေါ်အောင်ဆန်းစုကြည် ထမင်း စား ဖိတ် ခေါ်ဦး မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့် လွှတ်တော် အစည်းအဝေးပြန်လည် စတင်မယ့်အချိန်အတွင်းမှာ သီးသန့် ထမင်းစားဖိတ်ခေါ်တွေ့ဆုံမယ်လို့ သိရပါတယ်။

လက်ရှိဟာ လွှတ်တော်နားနေတဲ့အချိန်ဖြစ်တာကြောင့် လာမယ့်လွှတ်တော် အစည်းအဝေးကာလရောက်မှ သီးသန့်တွေ့ဆုံမယ့် အ   ကြောင်း   တပ်မတော် သားတွေဘက်က စာပြန်ပေးပို့ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ က ပြောပါတယ်။

“သူတို့ကတော့ ဒီပြီးခဲ့တဲ့လွှတ်တော်မှာ မဖြစ်နိုင်တဲ့အကြောင်းပေါ့လေ သူတို့လည်း စီစဉ်ထားပြီဖြစ်တဲ့အကြောင်း စာနဲ့တကွ အ   ကြောင်း   ပြန်ပြီး ဖြစ်ပါတယ်၊ လာမဲ့လွှတ်တော်ပြန်စမှပဲ အပြန်လှန်ပေါ့လေ ထမင်းစားဖိတ်တာတွေ၊ ဆောင်ရွက်တာတွေပေါ့ဖြစ်မှာပါ၊ သူတို့က ဘက်လည်း အဲ့အချိန်ကျရင် ညှိနှိုင်းပြီးမှ အပြန်အလှန် ညစာစားပွဲတွေ ခင်မင်ရင်းနှီးတာတွေ ဆောင်ရွက်ချင်ပါတယ်၊ ဒါကြောင့် လာမဲ့လွှတ်တော်မှာ ဆောင်ရွက်ဖို့ကိုတော့ ညှိနှိုင်းတိုင်ပင်မှ အချိန်ပေးပြီးမှပေါ့လေ၊ အချိန်သက်မှတ်ပြီးမှ ဆောင်ရွက်ဖို့ အကြောင်း ပြန်ကြား ခဲ့တာ ရှိပါတယ်”

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမပြီးဆုံးခင်အချိန်တုန်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ကို ဒေါ်အောင် ဆန်း စု ကြည် က နေ့လည်စာဖိတ်ကြားပြီး တွေ့ဆုံကြဖို့ စီစဉ်ခဲ့ပေမဲ့ တပ်မတော်သားတွေဘက်က မဖြစ်နိုင်သေးကြောင်း စာနဲ့တရားဝင်   ပြန် လည် အကြောင်းပြန်ခဲ့ပါတယ်။

နောက်ပြန်လည်စတင်မယ့် လွှတ်တော်အစည်းအဝေးအချိန်အတွင်းမှာ အချိန်ပေးပြီးတွေ့ဆုံကြဖို့ကို တပ်မတော် သားလွှတ်တော်ကိုယ် စား လှယ်တွေရဲ့ အကြောင်းပြန်ကြားချက်ထဲမှ ပါရှိတဲ့အတွက် ထပ်မံစီစဉ်မှာ ဖြစ်ကြောင်းလည်း ဦးမင်းသူက ပြောပါတယ်။

Leave a comment