နာမည်ကျော်ထိုင်းသရုပ်ဆောင်မင်းသမီး အစ္စလာမ် သာသနာသို့ ကူးပြောင်း သက်ဝင်

388897_thai-actress
– ထိုင်းနိုင်ငံ၏ နာမည်ကြီး အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် နွက် ဆူသီဒါမှာ အချိန်အတော်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စ လာမ်ဘာသာသို့ သက်ဝင်ယုံကြည်လာခဲ့သည်ဟု သိရသည်။

ဆူသီဒါ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ကြောင်းကို ဒီဇင်ဘာ ၄ ရက်နေ့တွင် ထိုင်းမီဒီယာများက ဖော်ပြခဲ့ကြပြီး သူမ၏ အမည်ကို လည်း အာဆီယဟ် ဟု ပြောင်းလဲလိုက်ကာ အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများကို သင်ယူရန်အတွက် ဘန်ကောက်မြို့ရှိ ကျောင်း တစ်ခု တွင် တက်ရောက်နေသည်ဟု သိရသည်။

လူကြိုက်များသည့် အဆိုပါ မင်းသမီးက မိမိအနေဖြင့် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ရန် ဆောင်ရွက်မှုအတွက် မိမိ၏ အ သိုင်း အ၀ိုင်းမှ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း နောက်ဆုံး မွတ်စလင် တစ်ယောက်ဖြစ်လာရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟု ပြောကြား ခဲ့သည်။ ထို့ပြင် မိမိမှာ အစ္စလာမ်သာသနာအား လေ့လာရန်အတွက် နိုင်ငံတော်တော် များများသို့ ခရီးထွက်ခဲ့သည်ဟု လည်း   ပြော ကြားခဲ့သည်။

သူမ၏ ထိုကဲ့သို့ ပြောင်းလဲသက်ဝင်မှု အတွက် ထိုင်းမီဒီယာများတွင် ဆွေးနွေးငြင်းခုံမှုများလည်း ရှိနေသည်။

ဆူသီဒါကမူ သူမနေဖြင့် တစ်နေ့ ငါးကြိမ် ၀တ်ပြုမှုကို အချိန်မှန်ဆောင်ရွက်နေကြောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်အား ဖတ်ရှုနား လည်နိုင် ရန်အတွက် အာရဗီဘာသာ စကားကိုလည်း လေ့လာသင်ယူနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

`ဟိဂျဘ်ကို ကြိုဆိုပါတယ် ဟိဂျဘ်မဲ့ခြင်း ဘိုင်ဘိုင်ပါ´ ဟုလည်း ဆူသီဒါက ပရိတ်သတ်များအား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ နာမည်ကျော်များ အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ယခင်ကလည်း ထို ကဲ့သို့   ပြောင်းလဲသက်ဝင်မှုများ ရှိခဲ့သည်။

ထိုင်းနိုင်ငံ၏ လူဦးရေ ၆၂.၅ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၁၂ ရာခိုင်နှုန်းခန့် ရှိသည်။ အစ္စလာမ် ဘာသာဝင် အများစုမှာ နိုင်ငံတောင်ပိုင်း ပြည်နယ်များဖြစ်သည့် နရာသီဝပ်၊ ပတ္တာနီ၊ ယာလာနှင့် စာတွန်ပြည်နယ်များ တွင်   နေ ထိုင်ကြသည်။

MS/HSN/SS

http://www.m-mediagroup.com/news/35023

Leave a comment